မြန်မာ့တောတောင်များအတွင်းရှိ တန်ဖိုးကြီးမား ရှားပါးသည့်အရာများ (မသိသူကျော်သွား သိသူဖော်စား)

မြန်မာ့တောတောင်များ အတွင်းမှာရှိတဲ့ တန်ဖိုးကြီးမားပြီး ရှားပါးထူးဆန်းတဲ့ အရာများကို ဖော်ပြပေးလိုက်ပါတယ်။

အဆိုပါ ပစ္စည်းတွေဟာ တဖက်နိုင်ငံက တရားမဝင် ကုန်သွယ်ရောင်းဝယ်မှုတွေကြောင့် အတော်များများ ပျက်စီး ပျောက်ဆုံး ကုန်ပြီ ဖြစ်ပါတယ်။

ယင်းပစ္စည်းများကို ထိန်းသိမ်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပုံမမြင်ဘူးသူများ မြင်ဖူးစေရန်အတွက် ပုံနှင့်တကွ ဖော်ပြလိုက်ရပါတယ်-

ညောင်နီပင်

မြန်မာနိုင်ငံမှာရှိတဲ့ တောထဲတွင် ရံဖန်ရံခါ တွေရလေ့ ရှိသော ညောင်ပင်နီဖြစ်သည်။ သစ်ပင်ကိုင်းအား ဓါးဖြင့် ခုတ်လျှင် လူကဲ့သို့ သွေးများထွက်သည်။

တရုတ်နိူင်ငံမှ အဓိကထား ဝယ်သည်ဟု သိရသည်။ ၁၉၆၈ ခုနှစ်တွင် ပဲခူးရိုးမတွင် ကွန်မြူနစ် ခေါင်းဆောင်တစ်ဦးမှ ထိုအပင်ကို တွေ့ရှိ၍ အပင်လိုက်ခုတ်ကာ တရုတ်နိူင်ငံသို့ ရောင်းချခဲ့သည်ဟု သိရသည်။

ယခုခေတ်တွင်လည်း ထိုအပင်ကို လိုက်လံရှာဖွေ ဝယ်ယူနေသော ထိုင်းလူမျိုး အချို့နှင် တရုတ်လူမျိုးတို့ကို တွေ့ဖူးသည်။

ဒေသခံအချို့ တွေ့ဖူးလျှင် လမ်းပြကြေးပေးကာ လိုက်လံ ရှာဖွေတက်ကြသည်။ ထိုအပင်သည် ကျောက်မျက်အတု လုပ်သည့် လုပ်ငန်းနှင့် ဆေးဝါးဖော်စပ်သည့် နေရာတွင် အလွန်အသုံးဝင်သည်ဟု ကြားဖူးသည်။ ယခုအခါ ထိုအပင်မှာ မရှိသလောက် ရှားပါးသွားသည်။

ကျွန်းနက်

မြန်မာနိုင်ငံရှိ ရေနံမြေနှင့် ဆက်စပ်နေသော ဒေသအချို့တွင် ပေါက်ရောက်သည်။ ကျွန်းနက်သည် မူလအစက ကျွန်းဖိုပင် ဖြစ်သော်လည်း

ရေနံမြေ၏ အောက်ခံမြေဆီလွာနှင့် ကျောက်အလွာကြောင့် သက်တမ်း ရင့်လာသည့်အခါ ကျွန်းနက် အဖြစ်သို့ပြောင်းလဲသွားသည်။

ကျွန်းနက်အား အဂ္ဂရိတ် ထိုးသည့်နေရာတွင် အလွန်အသုံးဝင်သည်။ ကျွန်းနက်အား အဆီအနှစ် ထုတ်ကာ အဂ္ဂရိတ်ပညာဖြင့် သံလုံးရအောင် လုပ်သည်။ ကျွန်းနက်၏ မူလအသားမှာလဲ မီးရှို့၍ ပြာချလျှင် သံလိုက် သယောင်ရှိသည်။

အဂ္ဂရိတ်ပညာဖြင့် ဓါတ်လုံးရအောင် ထိုးနိုင်လျှင် ပီယသီဒ္စီ၊ ကာယသိဒွီတို့၌ အလွန်ထူးခြားသည်။ ဂမ္ဘီရအနွယ်ဝင် သစ်ပင် ဖြစ်သောကြောင့် တော်ရုံတန်ရုံ တွေ့ရှိဖို့ မလွယ်ကူသလို တွေ့ရှိသည့်ကျွန်းနက်ပင် အချို့မှာလဲ ဘုရားဆင်းထု ထုပ်လုပ်ရန်သာ အသုံးဝင်သည်။ ကျွန်းနက်သားအစစ်အား ပိသာချိန်ဖြင့် ချိန်တွယ်ကာ သိန်းဂဏန်းကျပ်ဖြင့် ဝယ်ယူကြောင်း သိရသည်။

ဝါးအမြူတေ

ဝါးအမြူတေသည် ဝါးတောများထဲတွင် တစ်ပင်တည်း ထူးခြားစွာ ပေါက်သည်။ ဝါးများထဲတွင် သန္ဓေ တည်သည်။ ပုံစံမှာ အလုံး သို့မဟုတ် နွယ်ပင်ကဲ့သို့ ပုံစံမျိုးဖြစ်သည်။

ဝါးအမြူတေသည် လပြည့်၊ လကွယ် ညများတွင် ထိုဝါးထဲမှ စကားပြောသံများ သီချင်းဆိုသံများ ဝါးကြိတ်သံများ ကြားရတက်သည်။

ပုဂံခေတ်က ဝါးထဲမှ မွေးဖွား၍ ဘုရင့်မိဖုရား ဖြစ်သွားသော ဝေဠုဝတီ မိဖုရားသည် ထိုအမြူတေမှ ပေါက်ဖွားသည့်ဟု ကြားဖူးသည်။

ထိုဝါးအမြူတေအား အိမ်၌ ဆောင်ထားလျှင် စီးပွားတက်ခြင်း၊ လာဒ်လာဘပွင့်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိသည်။ အထူးသဖြင့် စုန်း၊ ကဝေ အောက်လမ်းတို့ မပြုစားနိုင်သောကြောင့် စုန်းယုံကြည်သော အာရှနိုင်ငံအချို့နှင့် အာဖရိကနိုင်ငံအချို့က ဈေးကောင်းပေး၍ ဝယ်တက်သည်။

သစ်ကွင်း

တောကြီး တောင်ကြီးများတွင်သာ တွေ့ရတက်သည်။ ပုံပါ သစ်ကွင်းများကို အိမ်၌ ဆောင်ထားလျှင် မီးကွင်းသည်။ လူ၊နတ် ချစ်ခင်သည်။ စုန်း၊ အောက်လမ်းတို့ ပြုစားခြင်းကင်းလွတ် သည်။ စုန်းယုံကြည်သော မြန်မာလူမျိုးများနှင့် ထိုင်းလူမျိုး၊ မလေးလူမျိုးတို့က ဈေးကောင်းပေး၍ ဝယ်တက်သည်။

သံစားကျောက်

ရှေးဟောင်းပစ္စည်း ပွဲစားများနှင့် ထိုင်းလူမျိုးများ အလွန်လိုချင်နေသော ကျောက်တစ်မျိုးဖြစ်သည်။ ထိုကျောက်ကို ရေတံခွန်များ ပေါများရာ ဒေသနှင့် မီးတောင်များရှိရာ ဒေသတို့တွင်သာ တွေ့ရတက်သည်။ ထိုကျောက်၏ ကာလပေါက်ဈေး တန်ဖိုးမှာ သိန်းတစ်ထောင်အောက်သာ ဖြစ်သည်။

ထိုကျောက်သည် မိုးရေ၊ အောက်ဆီဂျင်နှင့် အိုင်းယွန်းဆာလဖြူရစ်တို့နှင့် ထိတွေ့ပြီး ဓါတ်ပြုကာ အက်ဆစ်ဓါတ် ဖြစ်ပေါ်သောကြောင့် သံအရည်ပျော်ခြင်း ဖြစ်သည်။ အရည်ပျော်သည်မှာလဲ ချက်ချင်းပျော်သွားခြင်း မဟုတ်ဘဲ နှစ်ရက် သုံးရက် ခန့်မှသာ အရည်ပျော်ခြင်း ဖြစ်သည်။

ခြသံ

အဂ္ဂရိတ်ပညာရှင်များ တောထဲရှိ ခြတောင်ပို့များအား ဖြို၍ ရှာသော ကျောက်တစ်မျိုးဖြစ်သည်။ ခြသံစစ်လျှင် ကျောက်ပျဉ်၌ သွေးလျှင် နို့ကဲ့သို့ အဖြူရောင်အရည်များ ထွက်တတ်သည်။ ပုဂံခေတ် ရှင်အဇ္ဇဂေါဏ၏ မုဆိုးမ ဘုရားတည်နိူင်သော ရွှေဖြစ်၊ ငွေဖြစ်လမ်းစဉ် အောင်မြင်ရခြင်းသည် ခြသံ၏ အရေးပါမူကြောင့်လဲ ဖြစ်သည်။

ကျောက်လိပ်၊ ကျောက်ခရုနှင့် ကျောက်ငါး

ထို ကျောက်ဖြစ်နေသော ရေနေသတ္တဝါများအား ကျောက်ဆောင် ထူထပ်၍ ရေနှင့်နီးသည့် နေရာများတွင် တွေ့ရတက်သည်။

ထိုကျောက်သတ္တဝါများ၏ အသုံးဝင်ပုံမှာ ရေဖလားထဲတွင် ထည့်၍ ပြဒါးကျွေးထားလျှင် ရက်အတန်ကြာသည့်အခါ ထိုကျောက်သတ္တဝါများ စွန့်ပစ်သော အညစ်ကြေးမှာ ရွှေဖြစ်နေတက်သည်ဟု ကြားဖူးသည်။

Credit