မိမိတို့ ခြံဝင်းထဲ ကျွန်းပင်စိုက်ထားရင် အစိုးရပိုင်ဖြစ်သလား

မိမိတို့ ခြံဝင်းထဲ ကျွန်းပင်စိုက်ထားရင် အစိုးရပိုင်ဖြစ်သလား

“ကျွန်း၊ ပျဉ်းကတိုး ်၊ အင်ကညင် စတဲ့ အဖိုးတန်သစ်တွေကို မိမိိတို့ ကိုယ်ပိုင် ခြံတွေမှာ စိုက်ပျိုးထားရင် အစိုးရက လာသိမ်းလိမ့်မယ်၊ မစိုက်ရဲဘူး” ဆိုတဲ့ လူအတော်များများ ရှိကြပါတယ်။ပူမယ်ဆိုရင်လည်း ပူစရာပါပဲ။

၂၀၁၈ ခုနှစ်် သစ်တော ဥပဒေမှာ “မည်သူမဆို ခွင့်ပြုမိန့်မရရှိဘဲ တစ်တန်ထက်ပိုသော ကျွန်းသစ်ကို ထုတ်ယူခြင်း၊သယ်ယူရွှေ့ပြောင်းခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်းပြုလျှင် ထိုသူအား အနည်းဆုံး ၅နှစ်မှ အများဆုံး ၁၅ နှစ် အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ်သိန်း ၃၀ ထက်မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်သည်” လို့ ဆိုထားတော့ နည်းနည်းတော့ စိုးရွံံ့ကြတာပါပဲ။

တကယ်တော့ ခေတ်တွွေ စနစ်တွေပြောင်းခဲ့ပါပြီ။ အရင်လို ကိုယ့်အိမ်ယာဝင်းထဲ စိုက်ထားတဲ့ကျွန်း အစိုးရကျွန်း ဆိုပြီး အမြစ်က လှန်တူးယူသွားတဲ့ခေတ် မဟုတ်တော့ပါဘူး။ကိုယ့်ဖက်က ဥပဒေနည်းလမ်းတစ်ကျ လုပ်ထားဖို့တော့ လိုတာပေါ့။

လက်ရှိိအခြေအနေမှာ မြန်မာ့သစ်တောတွေ ပြုန်းနေတာများပါပြီ။ ဒီတောပြုန်း ဧရိယာတွေကို အစိုးရပိုင်းကလည်း နိုင်ငံတော် ဘတ်ဂျက်နဲ့ ပြန်စိုက်ကြပါတယ်။စိုက်လိုက်၊ သစ်ခိုးသမားတွေက ခိုးလိုက်နဲ့ အရာမထင်တာတွေရှိလေတော့ နိုင်ငံတော်က စီးပွါးရေး လုပ်ငန်းရှင်တွေကို ကျွန်းစိုက်ခင်း၊ သစ်မာစိုက်ခင်း၊ စက်မှုကုန်ကြမ်းသီးနှံစိုက်ခင်း ဥပဒေနဲ့အညီ အဖြစ် မြေနေရာ လျှောက်ထားရင် အစိုးရက ချထားပေးနေပါပြီ။

အဲ့ဒီီ သစ်တောစိုက်ခင်းတွေက ထွက်လာတဲ့ ကျွန်း၊ သစ်မာ နဲ့ အခြား စက်မှုကုန်ကြမ်း သီးနှံတွေကို သယ်ယူခွင့်၊ ပြည်တွင်းသာမက၊ နိုင်ငံတကာကို အထိ ရောင်းချခွင့်တွေပါ ပေးနေပါပြီ။လုပ်ငန်းရှင်တွေ အပိုင်းကလည်း ဒါတွေကို မျက်ခြေမပြတ်ဖို့ လိုပါတယ်။ အရင်လိုပဲ သစ်တောထဲက သစ်သယ်ရင် ဖမ်းတယ် စိိုက်မရဘူး ဆိုတဲ့ အတွေးတွေကို Upgrade လုပ်ဖိို့ လိုပါပြီ။အဲ့ဒီတော့ ကိုယ့်ခြံထဲ ကိုယ့်ဝင်းထဲမှာစိုက်ထားတဲ့ အပင်တွေကိို ရော တရားဝင် ဖြစ်အောင်ဘယ်လို လုပ်ရမလဲ ဆိုတာလည်း သိဖို့ လိုပါတယ်။

၂၀၁၈ ခုနှစ် သစ်တောဥပဒေ ပုဒ်မ ၈၊ အပိုဒ်ခွဲငယ်် (က)အရ “နိုင်ငံတော်အတွင်း မည်သည့်နေရာဒေသတွင်မဆို ပေါက်ရောက်နေသော ကျွန်းပင်သည် နိုင်ငံတော်ပိုင်ဖြစ်သည်။” လို့ ဆိုထားတော့ ဒါလေးပဲ သိတဲ့သူတွေရဲ့ တဆင့်စကားကြောင့် အားလုံးက လန့်ကုန်ကြတာပါ။ဒါပေမယ့် ပုဒ်မ ၈၊ အပိုဒ်ခွဲ (ခ)မှာ “ဝန်ကြီးဌာနသည် အောက်ပါနေရာဒေသများတွင် စိုက်ပျိုး ထားသော ကျွန်းပင်များနှင့် စပ်လျဉ်းသည့် သီးခြားအမိန့် ညွှန်ကြားချက်များ ထုတ်ပြန်၍ ပိုင်ဆိုင်ခွင့်ပြုနိုင်သည်-“ ဆိုတာကို သိဖို့ လိုပါတယ်။

“(၁) သစ်တောနယ်မြေအတွွင်း ခွင့်ပြုချက်ရယူပြီး တည်ထောင်ထားသော ပုဂ္ဂလိက ကျွန်းစိုက်ခင်းရှိ ကျွန်းပင်များ

(၂) သစ်တောနယ်မြေပြင်ပတွင် တည်ထောင်ပြီး သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ပုဂ္ဂလိက ကျွန်းစိုက်ခင်းရှိ ကျွန်းပင်များ၊

(၃) ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအဖြစ် တည်ထောင်ထားသည့် နယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ

(၄) နေအိမ်ခြံဝန်းများအတွင်း စိုက်ပျိုးပြီး သက်ဆိုင်ရာနယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ” လို့ ဆိုထားပါတယ်။

အဲ့ဒီတော့ ကျွန်တော်တို့ စိိုက်ပျိုးရေး သမားတွေအနေနဲ့ စိုက်ပျိုးထားတဲ့ ကျွန်းအပင်အဝင် သစ်မာပင်တွေကို စတင်စိုက်ပျိုးပြီး ၁နှစ် ၂ နှစ်အတွင်းလောက်ကစပြီး သက်ဆိုင်ရာ မြို့နယ် သစ်တောရုံးမှာသွားပြီး မှတ်ပုံတင်ဖို့ လိုအပ်ပါတယ်။ပထမဆုံး အချက်အနေနဲ့ မှတ်ပုံတင်ရမယ့်် မြေဟာ မိိမိတရားဝင် ပိုင်ဆိုင်တဲ့မြေ ဖြစ်ရပါတယ်။အဲ့ဒီမြေ ပိုင်ဆိုင်မှု အထောက်အထားတွေနဲ့အတူ ကိုယ်တိုင်ရေး လျှောက်လွှာတစ်စောင်ရေးပြီး မြို့နယ်သစ်တောဦးစီးဌါနမှာ လျှောက်ထားရပါမယ်။

လျှောက်ထားပြီးရင် မြို့နယ်သစ်တော ဦးစီးမှူးက သက်ဆိုင်ရာ တောအုပ်ကြီး၊ ဘိိနယ် တာဝန်ခံတွေကို ကွင်းဆင်း စစ်ဆေးစေပြီး ကွင်းဆင်းစစ်ဆေးအစီရင်ခံစာကိို သက်ဆိုိင်ရာအထက်ကို အဆင့်ဆင့်တင်ပြပေးပြီးမှ မှတ်ပုံတင် ထုတ်ပေးမှာ ဖြစ်ပါတယ်။မန်ဂျန်ရှားပင်တွေလည်း ဒီလိုပဲ မှတ်ပုံတင်ထားသင့်ပါတယ်။အဲ့ဒီတော့ ကျွန်းအပါအဝင် မိမိိတို့ စိုက်ခင်းမှာ စိုက်ထားတဲ့ သစ်တောသစ်ပင်တွေ တစ်ချိန်မှာ တစ်ရားဝင် ထုတ်လုပ် ရောင်းချခွင့်ရဖို့အတွက် သစ်တောရုံးမှာ အမြန်ဆုံး မှတ်ပုံတင်ကြပါလို့ စေတနာရှေ့ထား တိုက်တွန်းရေးသားလိုက်ရပါတယ်ခင်ဗျာ။

အဆင််ပြေ ချမ်းသာကြပါစေ။