တစ်နေ့ကို ငွေတစ်သိန်းဝင်တယ်ဆိုတဲ့လျှော်ဖြူပင်အကြောင်းလေ့လာလိုသူများအတွက်

မင့်ဟုတ်မှလည်းလုပ်ပါကွာ၊တစ်နေ့ငွေတစ်သိန်းဆိုတာဖြစ်နိုင် ါ့မလားကွမိမိပြောစကားအပေါ်စိုက်ပျိုးရေး မိတ်ဆွေ အစ်ကိုကြီး တစ်ဦး၏ စူးစမ်းသံဖြစ်၏သူ့အသံတွင မယုံတစ်ဝက်၊ယုံတစ်ဝက်ဖြစ်နေသည်ကို

မှန်းဆ နိုင်သကဲ့သို့ သူ့မျက်နှာပေါ်တွင် လည်းအားတက်သည့်အမူအယာအပိုင်းအစကိုတွေ့မြင်နေရ၏မိမိအနေဖြင့်ထိုစကားမှာ ဟုတ်မှန်ကြောင်း၊ လက်တွေ့လုပ်ကိုင်နေ ကြသည့်အသိုင်းအဝိုင်းမသယ်ဆောင်လာသည်ဖြစ်၍ သံသယဖြစ်ရန် မလိုကြောင်း ရှင်းလင်းတင်ပြ လိုက်၏

ထိုအခါမှငါ့အဖို့ကတော့ကွာတစ်နေ့တစ်သိန်း မဟုတ် ပါဘူး၊ တစ်နေ့တစ်သောင်း ရတယ် ဆိုလည်းကျေနပ် တယ်မောင်”ဟုသူ၏ အနိမ့်ဆုံ တစ်နေ့တာလျာထားဝင်ငွေကို ဖွင့်ဟလေ တော့၏

ဒါဆို ဒီလိုလုပ်ကွာ၊ မင်း ပြောတဲ့နေရာ ကိုသွား၊ ပျိုးပင်ဘယ်မှာရမယ်၊ဘယ်လိုစိုက်ပျိုး ပြုစုရတယ်၊ဘယ်လိုထုတ်လုပ်ရတယ် ဆိုတာတွေကို ကိုယ်တိုင် သွားလေ့လာပြီး ဓာတ်ပုံရိုက်ခဲ့၊ပြီးရင် မင်းပြောတဲ့အကျိုးအမြတ်ဆိုတာနဲ့ ဈေးကွက် အခြေအနေတွေကို ပါစုံစမ်းပေး”ဟုပင် အားတက်သရောတိုက်တွန်းနေလေ ၏မိမိအနေဖြင့်လည်းကိုယ်တင်ပြသည့်ကိစ္စကိုစိတ်ဝင်စားမှုတွေ့ရသည်

ကတစ်ကြောင်းကိုယ်တိုင်သွားရောက်လေ့လာလိုသည်က တစ်ကြောင်းထိုနှစ်ကြောင်းမျှဖြင့် ဤလေ့လာရေးခရီးကိုစတင်ဖြစ်ခဲ့ပါ၏ ဤလေ့လာရေး ခရီးကို လျှော်ဖြူ (ခေါ်)ဆေးကုလားမစိုက်ပျိုး ထုတ်လုပ်ရေး လုပ်ငန်းခွင်လေ့လာရေးခရီးဟုဆိုကြပါစို့

နေပြည်တော်မှမန္တလေး ထိုမှပုဂံပြည့်ရှင် အနော်ရထာ မင်း၏ မိဖုရားစောမွန်လှ၏ ကောင်းမှုတော် ရွှေစာရံဘုရားတည် ရှိရာ အုန်းချောရွာ၊ ထိုမှတဆင့် ဆည်တော်လေးရွာကို ကျော်လိုက်သည်နှင့် လေ့လာရန် ချိန်းဆိုထား ပြီးဖြစ်သည့် ခြံသို့ ဆိုက်ြမြိုက်စွာရောက် ခဲ့လေ၏

ဆည်တော်လေးရွာ ကျော်သည်နှင့် သရက်ခြံ၊ ဆီးခြံဟူသည့်ဥယျာဉ်ခြံကြီးများကိုအားကျဖွယ်တွေရ၏ ထိုခြံတို့ကိုကြည့်ရင်းစိုက်ပျိုးရေး ဝါသနာပါသည်ဆိုသူတို့သည်ကိုယ်အား န်သည့်အပင်တို့ကိုသာရွေးချယ် စိုက်ပျိုးခဲ့ ကြသည်ဟူသည့်အသိကိုရလိုက်၏

မည်သည့်အပင်မျိုးကိစိုက်ပျိုးခဲ့ကြ သည်ဖြစ်စေကာလတစ်ခုကိုသည်းခံဖြတ်ကျော်ပြီး ချိန်တွင်သီးချိန်ပွင့်ချိန်ဆိုသည်ကိုမျက်မှောက်ပြုကြရသည်ဆိုသည့် အတွေးစကိုလည်းဆုပ်ကိုင်မိသလိုဖြစ်၍မိမိလုပ်ကိုင်ထားသည်များ အပေါ်အားတက်မိပြန်၏

ကြိုတင်ချိန်းဆို ထားသည်ဖြစ်၍ ခြံရှင်မှာ ဝတ်ကောင်းစားလှတို့ဝတ်ဆင်လျကအဖန်ရည်နှင့် မြည်းဖွယ်ရာတို့နှင့် ကြိုလင့်၏။သို့ရာတွင်ထိုခြံရှင်နှင့်မိမိတို့မှာယခင်ကရင်းနှီးကျွမ်းဝင်သူများမဟုတ်ကြ

ဤလုပ်ငန်းဆောင်ရွက်နေ သည့် ညီငယ်တစ်ဦး၏ ကြိုတင် ညှိနှိုင်း မိတ်ဆက်ပေးမှုကြောင့်သာ ရောက်လာရခြင်း ဖြစ်၏။ သို့အတွက်တွေ့စတွင် ခြံရှင်၏ မျက်နှာမှာ အိုးတိုး အမ်းတမ်းဖြစ်နေ လေ၏

စကားပြောကြရင်းဖြင့် စိုက်ပျိုးရေးသမား အချင်းချင်းရင်းနှီး သွားကြ၏။ ထိုအခါ မှလျှော်ဖြူ စိုက်ခင်းအတွင်း ဝင်ရောက်လေ့လာ လိုကြောင်း၊ သိလိုသည်များကို မေးမြန်း လိုကြောင်း၊ လေ့လာမှုမှတ်တမ်းဓာတ်ပုံရိုက်ခွင့်ပြုစေ လိုကြောင်း စကားလမ်းခင်းရင်းနှစ်

ယောက်သား ခြံအတွင်းလှည့်လည်လေ့လာဖြစ် ခဲ့လေ၏ပင်ခြားစိပ်ပြီး တန်းခြားကျဲထားတဲ့ ရည်ရွယ်ချက် ကလေးသိ ပါရစေ လျှော်ဖြူပင်တို့၏ အစိပ်အကျဲကိုကြည့်၍ မိမိမှဤသို့ စကားဦးသန်း

လိုက်၏မည်သည့်ရည်ရွယ်ချက်မျှမရှိကြောင်းယခင်ကဘရာဇီးငှက်ပျောကို ပင်ခြား ၉ ပေ၊ တန်းခြား ၂၀ ပေစိုက်ခဲ့ရာကငှက်ပျောပင် များကြားတွင် လျှော်ဖြူပင်များကို တစ်ပင်ခြား

စိုက် ခဲ့သဖြင့် ယခုကဲ့သို့ပင်ခြား စိပ် ပြီးတန်းခြားကျဲနေတာဖြစ်ကြောင်းရှင်းပြ၏ငှက်ပျောပင်တို့ကားမရှိတော့၊ ၂နှစ်အကြာ တွင်လျှောဖြူပင်တို့ကဖုံးလွှမ်းသွားသဖြင့်ရှင်းပစ်ခဲ့ခြင်းဖြစ်ကြာင်းသိရ၏ ဤသို့ ပင်ခြားစိပ်

သဖြင့် အပင်တို့၏ သဘာဝအတိုင်းအလင်းလုခဲ့ကြရာက ဘေးကိုင်းဖြာမှုနည်း၍ ပင်ဖြောင့်များ အဖြစ်တွေ့ရ ၏ခြံအတွင်းရှိ ၇ နှစ်သားအရွယ် ဒေသမျိုးအပင် ၄၅၀ မှာပင်စည်လုံးပတ် ပျမ်းမျှ ၃ ပေခန့်ရှိနေပြီဖြစ်၏

၂၀၁၆ ခုနှစ်၊ ၆ နှစ်သားအရွယ်တွင် အစေးစတင် ထုတ်လုပ် ခဲ့ရာ မတ်လမှ နိုဝင်ဘာလအထိ အစေးထုတ်ရာသီ ၉ လအတွင်း တစ်ရက်ခြားအစေး ထုတ်ခဲ့ရာ ရောင်းရငွေ ကျပ် သိန်း ၃၀၀ ကျော်ရရှိခဲ့ကြောင်း ခြံရှင်က သွားရင်း လာရင်းပြောပြ လေ၏

ယခင်ထိုစကားကိုတဆင့်ကြားဖြင့် သိခဲ့ ရခြင်းသာဖြစ်ပြီးယခုမူကားခြံရှင် ကိုယ်တိုင်ပြောကြားသည့်စကားကို နားနှင့် ဆတ်ဆတ်ကြားနေ ရခြင်းဖြစ်၏

သို့ရာတွင် မိမိအနေဖြင့် ထိုငွေကြေးပမာဏကိုအပြောနှင့် မယုံနိုင်သေး၍ ဆက်လက်ဆွေနွေးခြင်း မပြုသေးဘဲ တေး၍ ထားလိုက်၏စိုက်ခင်းအတွင်း အခြားစပ်စုရန်ကိစ္စများကားဒုနှင့်ဒေးရှိသေးသည်မဟုတ်ပါလော။ အပင်တိုင်း လိုလိုတွင် မြေပြင်၏ အထက် ၃ပေခွဲ
ခန့်မှအပေါ်သို့ ဆာလာအိတ် ဖြင့် ပင်စည်ကိုပတ်၍ ကြိုးချည် ထားသည် ကိုတွေ့ရ၏အကြောင်းမှာ ပင်စည်မှ အစေးယူရန် အပေါက်ဖောက် ထားသည့် နေရာများကို မိုးရေထိ မှန်ခြင်းမရှိစေရန်နှင့် ထွက်ရှိ လာသည့်

အစေးသန့်ရှင်းစေရန် အကာအကွယ် လုပ်ပေး ထားခြင်းဖြစ်ကြောင်း သိရ၏ခြံအတွင်း အမျိုးသမီး ၃ဦးက ပင်စည်ကို ပတ်ထားသည့် ဆာလာအိတ် များကို ဖယ်၍ အပေါက်များအတွင်းမှအစေးများကို လက်ဖြင့်

ကော် ထုတ်ကာ စတီးလင် ဗန်းများ အတွင်းသို့ဖြန့်၍ ထည့်နေကြသည်ကိုတွေ့ရ၏ဤသို့ဖြန့်ထည့်ရင်း တစ်ဗန်းပြည့်လျင် နောက်တစ်ဗန်း သို့ပြောင်းထည့် ၏

ပြီးလျင် ထိုဗန်းလိုက်ပင် အမိုးအကာအောက်၌ အစေးအိပ် ရန်လေသလပ် ခံရန်သယ်ဆောင် သွားကြ၏မိန်းကလေး ၃ ဦးကရှေ့မှ ထိုသို့ပြုလုပ် သွားချိန်တွင် အမျိုးသား ၂ ဦးက နောက်မှ ဆောက်ခုံးတစ်လက်စီကိုင်၍ အစေးများထုတ်

ယူသွားသည့် အပေါက်များကို မျက်နှာ သစ်ပေးကြလေ၏။ ဤသည်ကိုလျှော်ဖြူသမား တို့က မန်းပြင်ပေးသည်ဟု ဆိုကြ၏အလွယ်ပြောရလျင် အခေါက်အတွင်းမှ အစေးမျာ းတစ်စိမ့်စိမ့်ထွက်နေစေ ရန် အပေါက်အတွင်းရှိ အခေါက်၏ မျက်နှာပြင်ကို ဖွင့်

ပေးသည့် သဘောဖြစ်လေ ၏ ထိုသို့ပြုလုပ်ရင်း ထွက်ပေါ်လာသည့် အညစ်အကြေးအမိုက် သရိုက်တို့ကို အဝတ်ဖြင့် သန့်ရှင်းရေးပြုလုပ်ြပြီး ပင်စည်ကို ဆာလာ အိတ်ဖြင့်ပြန်ပတ်ပေးကြ ၏

ဤသို့ အပင်အားလုံးကိုဆောင်ရွက်ပေးပြီး ချိန်တွင် ထိုနေ့အတွက် အစေးထုတ်ခြင်း အလုပ် ပြီးစီးသည်ဟူသတည်း။ ဤနေရာတွင်လျှော်ဖြူပင်မှ အစေးထုတ်နည်း ၂ နည်းရှိကြောင်းကိုထည့်သွင်း ဖော်ပြလိုသေး၏ အထက်တွင် တင်ပြ ခဲ့သည်မှာ ပင်စည်ကို

အပေါက်ဖောက်၍ ထုတ်ယူ နည်းဖြစ်၏နောက်တစ်နည်းမှာ ပင်စည်နှင့် အကိုင်းကို ဓားဖြင့်ထစ်၍ အစေးယူနည်းဖြစ်၏။ စတင်စိုက်ပျိုးသည့်အချိန်တွင် ပင်ခြားတန်းခြားကို၁၅ပေနှင့် အထက်ခြား ထားပေးပါက ကိုင်းဖြာမှု အားကောင်းသဖြင့်

ပင်စည်က သာမက ကိုင်းများကပါ အစေးထုတ်လုပ် နိုင်ကြောင် းသိရ၏။ ဓားထစ် အစေးထုတ် ရန်နေရာ ကျယ်ဝန်းစွာ ရနိုင်သည့်အခြေအနေကို မျှော်မှန်း၍ ဤသို့စိုက်ပျိုးကြကြောင်း သိရ ၏

မိမိလေ့လာခဲ့သည့်ခြံမှာ အပင်စိပ်သဖြင့် ကိုင်းဖြာမှု အားနည်းကာ ပင်စည်မှသာ အစေးထုတ်နိုင်သည့် အနေအထားဖြစ်ကြောင်းတွေ့ရ၏။ မည်သည့် နည်းဖြင့် ထုတ်သည်ဖြစ်စေ အစေးထွက် အားနည်းသွားပါက အစေးယူ မည့်နေရာကို လွှဲပေးရ၏

နေရာဟောင်းတွင်မန်းတက်၍ ပိတ်သွား သော်လည်း ထိုနေရာဟောင်းကို ၂နှစ်ကြာမှသာ ဓားထစ်ခြင်း၊အပေါက်ဖောက်ခြင်း ပြုရသည် ဆို၏။ သို့မဟုတ်လျင် ထွက်ရှိ လာသည့် အစေးမှာ အရောင်နောက်တတ်သည်ဟု သိရ၏

အပေါက်ဖောက်ရာတွင် တစ်ပင်လျှင် ငါးမူးစေ့အရွယ် အပေါက် ၃ ပေါက်ကို တစ်ပေခြားဖြင့် အတွင်းသားထိရုံဖောက်ရ၏ အပေါက်လွှဲ သည့် အခါ ယခင်ဖောက် ထားသည့် တစ်ပေခြား၏ အလယ်တည့်တည့်မှဖောက်ရ သည် ဆို၏။နေရာလွဲ သွားသော်လည်း

အကွာအဝေး တစ်ပေခြားမှာပြောင်း လည်းမှုမရှိပေဤသို့ဖြင့် ခြံအတွင်း လှည့်လည်၍ ခြံရှင်းအား သိလိုသည်များ ကိုမေးခဲ့ ၏။ခြံရှင် ကလည်း တကယ်လုပ်တော့မည့်သူဟု သုံးသပ် မိဟန်တူ၏။ မေးသမျှကို စိတ်ရှည်လက်ရှည် ပြန်လည်ဖြေကြားနေလေတော့သတည်း

သွားရောက်လေ့လာ ခိုင်းသူအား အထောက်အထားနှင့် တင်ပြနိုင်ရန် ဓာတ်ပုံများလည်းရိုက်ဖြစ်၏ဤနေရာတွင် တင်ပြရန်ကျန်နေသေးသည်မှာ မျိုးကိစ္စနှင့် စိုက်ပျိုးပြုစု ပုံဖြစ်၏။ ခြံအတွင်းစိုက်ပျိုးထားသည်မှာ ဒေသမျိုး များဖြစ်ကြောင်း တင်ပြ ခဲ့ ပြီးဖြစ်၏

သို့ဖြစ်၍ စိုက်ပျိုးလိုသူများအဖို့ နိုင်ငံခြားမျိုး ဆိုသည်ကို ရှာပုံတော်ဖွင့်နေရန် မလိုအပ်တော့ပေ လျှော်ဖြူလောက တွင် လူပြောများလျက်ရှိသည့် ရိုးစိမ်း၊ ရိုးနီကိစ္စ ကိုလည်း မေးဖြစ်ခဲ့သေး၏။ ရိုးစိမ်းကပိုထွက်သည့် အပင်လည်း ရှိ၏

ရိုးနီက အထွက်ပိုသည် လည်းရှိ၏ဟု အဖြေရ ခဲ့၏။ ရိုးစိမ်း၊ ရိုးနီ ဒွိဟဖြစ်ကြ သူများလည်း ဤအဖြေကိုကြည့်၍ သင့်မြတ်သင့် ကြနေပြီပျိုးပင်အတွက် မျိုးစေ့ကို ခြံရှင် ကိုယ်တိုင် တစ်ပြည်လျင် ကျပ်တစ်သောင်းခွဲနှင့် ရောင်းပေးနေသည် ကိုတွေခဲ့ ရ၏

ဒီဇင်ဘာတွင် အပွင့်လိုက်၍ ဖေဖော်ဝါရီလတွင် မျိုးစေ့ရသည်ဆို၏ ထိုအချိန်တွင် အစေးထုတ်လုပ်မှုရပ်နားပေးထား ၏။မျိုးခံပုံမှာအသီး ရင့်မည့် ချိန်တွင် အပင်အောက်၌ တာလ ပတ်စခင်းထား၍ အသီးမှကွဲကျ လာသည့် အစေ့ကို ခံယူထား သည်ဖြစ်၍ အပင်မ

ပေါက်မှာ မပူရဟူ၍ ဝယ်သူကိုညွှန်းနေလိုက်သေး၏။ စိုက်ပျိုးပြုစုပုံ အတွက်ဖြေကြား ပုံမှာ စိုက်ပျိုးရေးသမား ပီသလှပေ၏အပင်တစ်မျိုးဖြစ်သည့် အတွက် အခြားသော အပင်များ စိုက်ပျိုးပြုစု သကဲ့သို့သာဆောင်ရွက်ပါ

ဟူသတည်း။ခြံအတွင်းလေ့လာရန် ရှိသည်များ စုံသလောက်ဖြစ်သည့် အချိန်တွင် ခြံရှင်က အစေးများအခြောက်ခံထားသည့် အဆောက်အအုံအတွင်း သို့ခေါ်ဆောင် ပြသလေ၏မိမိသွားရောက်လေ့လာ ချိန်တွင်

ယခင်တစ်နေ့စာ အခြောက်ခံ ပြီးဖြစ် သည့် လျှော်ဖြူ စေးခြောက် ၄ ပိဿာခန့်နှင့် လေ့လာနေစဉ်ထုတ်ယူထားသည့် အစေးစို များခွဲခြားထား သည်ကိုတွေ့ ရ၏

တစ်နေ့စာ အစေးခြောက် မည်မျှ ထုတ်လုပ် နိုင်သည် ကိုမေးမြန်းရာ အနည်းဆုံး ၃ပိဿ ာနှင့် အများဆုံး ၉ပိဿာ ရရှိကြောင်းဖြေကြားလေ၏။ တစ်ရက်ခြားပျမ်းမျှ ၆ ပိဿ ာရ သည် ဟုဆို၏

ထိုအချိန်တွင် ဤကိစ္စနှင့် ပတ်သက်၍ ဆက်ဆွေးနွေးခြင်း မပြုဘဲ တေးထား ခဲ့သည်ကို ပြန်ဆက်ကြည့်မိတော့၏ တယ်လီဖုန်းရှိဂဏန်းပေါင်းစက်ဖြင့် ကိန်းဂဏန်း တို့ကို ဖော်ပြထား သည့်အတိုင်း တွက်ချက်ကြည့်လေ၏

အစေးထုတ်လုပ်သည့်ကာလမတ်လမှ နိုဝင်ဘာလအထိ လပေါင်း ၉ လ၊ရက်ပေါင်း ၉×၃၀=၂၇၀ ရက်၊ တစ်ရက်ခြား အစေးထုတ်သည်ဆိုသည့်အတွက် အစေးထုတ်ရက်ပေါင်း ၂၇၀÷၂=၁၃၅ရက်၊တစ်ရာသီ စာထွက် ရှိသည့်

အစေးခြောက် အလေးချိန် ၁၃၅×၆ပိဿတစ်ရက်ပျမ်းမျ=၈၁၀ ပိဿာ၊ ယခင်နှစ်ခြံသို့လာရောက် ဝယ်ယူသည့်ဈေးနှုန်းတစ်ပိဿာ၃၅ဝဝဝကျပ်၊ တစ်ရာသီစာရောင်းရငွေ၈၁၀ ပိဿာ×၃၅ဝဝဝကျပ်=၂၈၃၅ဝဝဝဝကျပ် ဟူသည့် အဖြေ ရလေ၏

ထိုကိန်းဂဏန်းအရလည်းကောင်း၊ကိုယ်တိုင်မြင်တွေ့ခဲ့ ရသည့် တစ်နေ့တာအစေးထုတ်လုပ် နိုင်မှုအရလည်းကောင်းယခင်ကြား

ထားခဲ့သည့် ဝင်ငွေပမာဏမှာခိုင်မာမှု ရှိကြောင်း တထစ်ချယုံကြည်လိုက်တော့သတည်းဤလေ့လာရေး ခရီးစဉ် ကား ပျော်ရွှင်ဖွယ် အတိနှင့်ပြီးမြောက် ခဲ့လေ၏

လေ့လာရေးခရီးဆိုသည်ထက် အပန်းဖြေခရီးဟု ပင်ဆို လိုက်ချင်သေး၏ခြံကျယ်ကျယ် ဥယျာဉ်ကြီး တစ်ခုအတွင်းရှိ မိမိထက် အသက်ကြီးသည့် ရွှေဟင်္သာ သရက်ပင်ကြီးအောက်တွင် ထိုအပင်က ရရှိသ

ည့် အရက်သီးမှည့် များဖြင့် ဧည့်ခံရင်း ပညာရပ် တစ်ခုကို လက်ဆင့်ကမ်းမျှဝေပေး ခဲ့သည့် ထိုခြံရှင် ၏ ကျေးဇူးကားကြီးမား လှပေစွ။အပြန် ခရီးတွင် ဤခရီးကို သွားဖြစ်ရန် စေ့ဆော်ပေး ခဲ့သည့် ဝါသနာတူ စိုက်ပျိုးရေး မိတ်ဆွေ အစ်ကိုကြီးကိုချက်ကျလက်ကျ

ပြန်လည်မျှဝေနိုင်ရန်တွေးတော နေမိ၏ထို့အတူ ကိုယ်တိုင် တွက်ချက်ကြည့် ခဲ့သည့်ကိန်းဂဏန်းများ ကလည်းမိမိအားလျှော်ဖြူစိုက်ပျိုးရေးကို လက်တွေ့ဆောင်ရွက်ဖြစ်ရန်

တွန်းအားပေးနေ သကဲ့သို့ ဖြစ်နေလေတော့ သတည်း

Credit