တချိန်က ရန်ကုန် ပန်းဆိုးတန်း မှာ ရှိခဲ့တဲ့ သေနတ်ဆိုင်

ဖယ်ယာလမ်း လို့ အရင်ကခေါ်တဲ့ ပန်းဆိုးတန်းလမ်းပေါ်မှာ လက်နက် နဲ့ ခဲယမ်းမီးကျောက် ဆိုင် အနည်းဆုံး နှစ်ဆိုင် ရှိခဲ့တယ်ဆိုတာ ယနေ့ခေတ်လူတို့ သိပ်မသိကြတော့ပါဘူး။

အဲ့ဒီဆိုင်တွေကတော့ အမှတ် ၁၄၆ ဖယ်ယာလမ်းက Messrs Burma Arms and Ammunition ဆိုင် နဲ့အမှတ် ၁၂၈ ဖယ်ယာလမ်းက Y.E. Modan Bros Ltd. ( ဝိုင်အီး မိုဒန်း ဘရားသားစ်) ဆိုင် တို့ဖြစ်ပါတယ်။

၂၀ ရာစုအစောပိုင်းမှာ မော်လမြိုင် နဲ့ ရန်ကုန်မြို့ တွေက ပင်လယ်ဆိပ်ကမ်းမြို့တွေ ဖြစ်လာခဲ့ပြီး အမဲလိုက်သူတွေ နဲ့ တခြား သေနတ်အသုံးပြုသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဖို့ လက်နက်ဆိုင်တွေကို ဖွင့်လှစ်ခဲ့ပါတယ်။

အဲ့ဒီတုန်းက Y.E. Modan Bros က ရန်ကုန်မှာ လူသိများတဲ့ လက်နက်အရောင်းဆိုင် ဖြစ်ပါတယ်။အဲ့ဒီခေတ်အခါက ဗြိတိသျှတွေအတွက် အမဲလိုက်တာဟာ အထူးအဆန်း မဟုတ်ပါဘူး။

အမဲလိုက်နိုင်ဖို့အတွက် လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ရှိဖို့ လိုပါတယ်။ လက်နက်ဆိုင်တွေက ပစ္စတို၊ ခြောက်လုံးပြူး၊ ရိုင်ဖယ်၊ ပြောင်းချောသေနတ်၊ လေသေနတ် နဲ့ ကျည်မျိုးစုံ စသဖြင့် လက်နက်ခဲယမ်း မျိုးစုံကို ရောင်းချပေးပါတယ်။

လက်နက်ရောင်းချတဲ့ လုပ်ငန်းဟာ အချိန်တိုအတွင်း ရန်ကုန် နဲ့ မြန်မာနိုင်ငံ အခြားအရပ်ဒေသတွေက ဖောက်သည်ကောင်းတွေ အများအပြား ရခဲ့ပါတယ်။

အဲ့ဒီခေတ်မှာတောင် ရန်ကုန်မှာ သေနတ်ဆိုင် ဖွင့်ဖို့ဆိုတာ စွန့်စားရတဲ့အလုပ် တစ်ခုဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မှာ အများဆုံး လုပ်ကိုင်ကြတာက ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ ရေကြောင်းပို့ဆောင်ရေး နဲ့ အာမခံလုပ်ငန်းတွေ ဖြစ်လို့ပါ။

ဒါပေမယ့် ကိုလိုနီ အရာရှိကြီးတွေ နဲ့ အုပ်ချုပ်ရေးမှူးတွေကတော့ ဖွင့်ခွင့် ပေးခဲ့ပါတယ်။ ဒီလိူလူတွေအတွက် သေနတ်တစ်လက် ရှိထားခြင်းဟာ မိမိကိုယ်ကိုယ် ကာကွယ်ဖို့၊ နိုင်ငံအတွင်း လှည့်လည်ခရီးသွားကြတဲ့အခါ ကျား၊ ကျွဲ၊ သမင် စတဲ့ တိရစ္ဆာန်တွေကို အမဲလိုက်ဖို့အတွက် ဖြစ်ပါတယ်။

အင်္ဂလိပ်လို ထုတ်ဝေတဲ့ သတင်းစာအဟောင်းတွေကို ဖတ်ကြည့်မယ်ဆိုရင် ပန်းဆိုးတန်းတလျှောက်က သေနတ်ဆိုင်တွေရဲ့ ကြေငြာတွေကို စာဖတ်သူတို့ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

လက်နက်တွေကို အလွယ်တကူ ဝယ်ယူရရှိနိုင်ရာကနေရာဇဝတ်မှု ကျူးလွန်နိုင်တာကြောင့် မလိုလားအပ်တဲ့ အခြေအနေတွေကို ကာကွယ်နိုင်ဖို့အတွက် သေနတ် နဲ့ ခဲယမ်းမီးကျောက်တွေ ရောင်းချမှုတွေကို အစိုးရက စျေးနှုန်းမြှင့်တင်ခြင်းဖြင့် ထိန်းသိမ်းဖို့ ဆိုပြီး ဗမာ့ကုန်သည်များအသင်းက ပေးပို့တဲ့ စာတစ်စောင်ကို ၁၉၁၃၊ ဒီဇင်ဘာ ၉ ရက်နေ့ထုတ် သူရိယသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

Y.E. Modan Bros လက်နက်တိုက်ကြီးကို မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ အချိန်ကာလထိ ဖွင့်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ စျေးကွက်ကျဆင်းပြီး လက်နက်ပိုင်ဆိုင်မှုအပေါ် ကန့်သတ်ချက်တွေ တိုးမြှင့်လိုက်တာကြောင့် ပိတ်လိုက်ရပါတယ်။

၁၉၅၁ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ဥပဒေက လက်နက် နဲ့ ပေါက်ကွဲစေတဲ့ ပစ္စည်းများ ပိုင်ဆိုင်မှုကို တားမြှစ်ခဲ့ပြီး နိုင်ငံအတွင်း ကိုယ်ပိုင်သေနတ်ကိုင်ဆောင်ခြင်းကို အဆုံးသတ်စေခဲ့ပါတယ်။ အကျိုးဆက်ကတော့ ပန်းဆိုးတန်းမှာ ရှိတဲ့ သေနတ်ဆိုင်ကို ပိတ်လိုက်ရခြင်းပဲ ဖြစ်ပါတယ်။

ယခုအခါ တချိန်က လက်နက်ဆိုင်ဖြစ်ခဲ့တဲ့ ဒီလေးထပ်အဆောက်အအုံရဲ့ အဝင်မှာ စကျင်ကျောက်နဲ့ လုပ်ထားတဲ့ လှေကားထစ်တွေရှိပြီး မြေညီထပ်ခန်းမမှာ ကြွေပြားတွေက မူလ လက်ရာမပြတ် ရှိပါသေးတယ်။

အသုံးပြုလို့မရတဲ့ ဓာတ်လှေကား တစ်ခုရှိပြီး ဒီအဆောက်အအုံကြီးရဲ့ တချိန်က ထည်ဝါမှု ပြယုဂ်တစ်ခုအဖြစ် ကျန်ရှိနေပါသေးတယ်။

credit , မူရင်းရေးသားသူအားလေးစားစွာဖြင့်။

Zawgyi
ဖယ္ယာလမ္း လို႔ အရင္ကေခၚတဲ့ ပန္းဆိုးတန္းလမ္းေပၚမွာ လက္နက္ နဲ႕ ခဲယမ္းမီးေက်ာက္ ဆိုင္ အနည္းဆုံး ႏွစ္ဆိုင္ ရွိခဲ့တယ္ဆိုတာ ယေန႕ေခတ္လူတို႔ သိပ္မသိၾကေတာ့ပါဘူး။

အဲ့ဒီဆိုင္ေတြကေတာ့ အမွတ္ ၁၄၆ ဖယ္ယာလမ္းက Messrs Burma Arms and Ammunition ဆိုင္ နဲ႕အမွတ္ ၁၂၈ ဖယ္ယာလမ္းက Y.E. Modan Bros Ltd. ( ဝိုင္အီး မိုဒန္း ဘရားသားစ္) ဆိုင္ တို႔ျဖစ္ပါတယ္။

၂၀ ရာစုအေစာပိုင္းမွာ ေမာ္လၿမိဳင္ နဲ႕ ရန္ကုန္ၿမိဳ႕ ေတြက ပင္လယ္ဆိပ္ကမ္းၿမိဳ႕ေတြ ျဖစ္လာခဲ့ၿပီး အမဲလိုက္သူေတြ နဲ႕ တျခား ေသနတ္အသုံးျပဳသူေတြရဲ႕ လိုအပ္ခ်က္ကို ျဖည့္ဖို႔ လက္နက္ဆိုင္ေတြကို ဖြင့္လွစ္ခဲ့ပါတယ္။

အဲ့ဒီတုန္းက Y.E. Modan Bros က ရန္ကုန္မွာ လူသိမ်ားတဲ့ လက္နက္အေရာင္းဆိုင္ ျဖစ္ပါတယ္။အဲ့ဒီေခတ္အခါက ၿဗိတိသွ်ေတြအတြက္ အမဲလိုက္တာဟာ အထူးအဆန္း မဟုတ္ပါဘူး။

အမဲလိုက္နိုင္ဖို႔အတြက္ လက္နက္နဲ႕ ခဲယမ္းမီးေက်ာက္ေတြ ရွိဖို႔ လိုပါတယ္။ လက္နက္ဆိုင္ေတြက ပစၥတို၊ ေျခာက္လုံးျပဴး၊ ရိုင္ဖယ္၊ ေျပာင္းေခ်ာေသနတ္၊ ေလေသနတ္ နဲ႕ က်ည္မ်ိဳးစုံ စသျဖင့္ လက္နက္ခဲယမ္း မ်ိဳးစုံကို ေရာင္းခ်ေပးပါတယ္။

လက္နက္ေရာင္းခ်တဲ့ လုပ္ငန္းဟာ အခ်ိန္တိုအတြင္း ရန္ကုန္ နဲ႕ ျမန္မာနိုင္ငံ အျခားအရပ္ေဒသေတြက ေဖာက္သည္ေကာင္းေတြ အမ်ားအျပား ရခဲ့ပါတယ္။

အဲ့ဒီေခတ္မွာေတာင္ ရန္ကုန္မွာ ေသနတ္ဆိုင္ ဖြင့္ဖို႔ဆိုတာ စြန့္စားရတဲ့အလုပ္ တစ္ခုျဖစ္ခဲ့ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ရန္ကုန္မွာ အမ်ားဆုံး လုပ္ကိုင္ၾကတာက ကုန္သြယ္ေရး၊ ဘဏ္လုပ္ငန္း၊ ေရေၾကာင္းပို႔ေဆာင္ေရး နဲ႕ အာမခံလုပ္ငန္းေတြ ျဖစ္လို႔ပါ။

ဒါေပမယ့္ ကိုလိုနီ အရာရွိႀကီးေတြ နဲ႕ အုပ္ခ်ဳပ္ေရးမႉးေတြကေတာ့ ဖြင့္ခြင့္ ေပးခဲ့ပါတယ္။ ဒီလိူလူေတြအတြက္ ေသနတ္တစ္လက္ ရွိထားျခင္းဟာ မိမိကိုယ္ကိုယ္ ကာကြယ္ဖို႔၊ နိုင္ငံအတြင္း လွည့္လည္ခရီးသြားၾကတဲ့အခါ က်ား၊ ကြၽဲ၊ သမင္ စတဲ့ တိရစ္ဆာန္ေတြကို အမဲလိုက္ဖို႔အတြက္ ျဖစ္ပါတယ္။

အဂၤလိပ္လို ထုတ္ေဝတဲ့ သတင္းစာအေဟာင္းေတြကို ဖတ္ၾကည့္မယ္ဆိုရင္ ပန္းဆိုးတန္းတေလွ်ာက္က ေသနတ္ဆိုင္ေတြရဲ႕ ေၾကျငာေတြကို စာဖတ္သူတို႔ ေတြ႕ျမင္နိုင္မွာ ျဖစ္ပါတယ္။

လက္နက္ေတြကို အလြယ္တကူ ဝယ္ယူရရွိနိုင္ရာကေနရာဇဝတ္မႈ က်ဴးလြန္နိုင္တာေၾကာင့္ မလိုလားအပ္တဲ့ အေျခအေနေတြကို ကာကြယ္နိုင္ဖို႔အတြက္ ေသနတ္ နဲ႕ ခဲယမ္းမီးေက်ာက္ေတြ ေရာင္းခ်မႈေတြကို အစိုးရက ေစ်းႏႈန္းျမႇင့္တင္ျခင္းျဖင့္ ထိန္းသိမ္းဖို႔ ဆိုၿပီး ဗမာ့ကုန္သည္မ်ားအသင္းက ေပးပို႔တဲ့ စာတစ္ေစာင္ကို ၁၉၁၃၊ ဒီဇင္ဘာ ၉ ရက္ေန႕ထုတ္ သူရိယသတင္းစာမွာ ေဖာ္ျပခဲ့ပါတယ္။

Y.E. Modan Bros လက္နက္တိုက္ႀကီးကို ျမန္မာနိုင္ငံ လြတ္လပ္ေရးမရမီ အခ်ိန္ကာလထိ ဖြင့္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေစ်းကြက္က်ဆင္းၿပီး လက္နက္ပိုင္ဆိုင္မႈအေပၚ ကန့္သတ္ခ်က္ေတြ တိုးျမႇင့္လိုက္တာေၾကာင့္ ပိတ္လိုက္ရပါတယ္။

၁၉၅၁ ခုႏွစ္မွာ ထုတ္ျပန္ခဲ့တဲ့ ဥပေဒက လက္နက္ နဲ႕ ေပါက္ကြဲေစတဲ့ ပစၥည္းမ်ား ပိုင္ဆိုင္မႈကို တားျမႇစ္ခဲ့ၿပီး နိုင္ငံအတြင္း ကိုယ္ပိုင္ေသနတ္ကိုင္ေဆာင္ျခင္းကို အဆုံးသတ္ေစခဲ့ပါတယ္။ အက်ိဳးဆက္ကေတာ့ ပန္းဆိုးတန္းမွာ ရွိတဲ့ ေသနတ္ဆိုင္ကို ပိတ္လိုက္ရျခင္းပဲ ျဖစ္ပါတယ္။

ယခုအခါ တခ်ိန္က လက္နက္ဆိုင္ျဖစ္ခဲ့တဲ့ ဒီေလးထပ္အေဆာက္အအုံရဲ႕ အဝင္မွာ စက်င္ေက်ာက္နဲ႕ လုပ္ထားတဲ့ ေလွကားထစ္ေတြရွိၿပီး ေျမညီထပ္ခန္းမမွာ ေႂကြျပားေတြက မူလ လက္ရာမျပတ္ ရွိပါေသးတယ္။

အသုံးျပဳလို႔မရတဲ့ ဓာတ္ေလွကား တစ္ခုရွိၿပီး ဒီအေဆာက္အအုံႀကီးရဲ႕ တခ်ိန္က ထည္ဝါမႈ ျပယုဂ္တစ္ခုအျဖစ္ က်န္ရွိေနပါေသးတယ္။

credit , မူရင္းေရးသားသူအားေလးစားစြာျဖင့္။