ကျောင်းသန့်ရှင်းရေးလုပ်ရာ၌ ရှင်းထုတ်ပစ်လိုက်ရသည့်မြက်ပင်တွေကို ဆရာဆီခွင့်တောင်းကာ အိမ်ကနွားတွေစားဖို့ အိတ်ကြီးထဲထည့်၍ သယ်ပြန်ခဲ့သည့် ကောင်လေး
ကလေးငယ်များအနေနဲ့ အရွယ်မရောက်ခင်မှာ အနည်းနဲ့အများတော့ အိမ်အတွက်ပူပင်ကင်းပြီး အိပ်လိုက် စားလိုက် ကစားလိုက်နဲ့အချိန်ကုန်ဖို့သာ တွေးတတ်ကြသည်။
သို့ပေမယ့် ဖိလစ်ပိုင်နိုင်ငံ Cebuပြည်နယ် Arkim Camelloစာသင်ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသော ၇တန်းကျောင်းသားလေးတစ်ဦးရဲ့လုပ်ရပ်သည် အရွယ်နှင့်မလိုက်အောင် စဥ်းစားတွေးခေါ်တတ်ပြီး အိမ်ကမိသားစုတွေအတွက် အကူအညီပေးနေခြင်းက ချီးကျူးဖွယ်ကောင်းလှသည်။
ကောင်လေးသည် ကျောင်းမှစိုက်ပျိုးရေးနဲ့ပက်သက်ပြီး သန့်ရှင်းရေးလုပ်ကြရာ ရှင်းထုတ်ပစ်လိုက်သည့်မြက်ပင်တွေကို လွှင့်ပစ်မည့်အစား အိမ်သယ်ပြန်ယူရန် ဆရာဖြစ်သူဆီခွင့်တောင်းခဲ့သည်။
ကောင်လေးသည် ထိုမြက်ပင်တွေအလကားဖြစ်မည့်တူတူ သူ့အိမ်မှာမွေးထားသော နွားတွေကိုကျွေးဖို့ရာအတွက် အိတ်ကြီးတစ်လုံးထဲထည့်ကာ ကျောင်းဆင်းချိန်တွင် ခေါင်းပေါ်ရွက်ပြီး သယ်ပြန်သွားခဲ့သည်။
Rain (For Ialinks)
Zawgyi
Rain (For Ialinks)