ဦးရွှေလှေးသည် ကျိုက္ခမီခရိုင် (ယခု မွန်ပြည်နယ်) မော်လမြိုင်မြို့ အနီး ကတိုးကော့နှပ်ရွာတွင် မြန်မာ သက္ကရာဇ် ၁၂၂၉ ခုနှစ် (၁၈၆၇ – မြန်မာလူကျော် ၁၀၀ ပထမအုပ်) ၌ ဖွားမြင်ခဲ့သည်။ အထက်မြန်မာပြည် မင်းနေပြည်တော် ဖြစ်သော မန္တလေးမြို့ကြီး တည်ပြီးကာစ ၈ နှစ်မျှကြာတွင် မွေးဖွားခြင်း ဖြစ်သည်။
ဦးရွှေလှေး ဖခင်မှာ ကော့နှပ်ရွာ ဝေယန်ဘုံကျော် တိုက်ကျောင်းကြီးနှင့် စွယ်တော်တိုက် တန်ဆောင်းကြီး၏ ဒါယကာ၊ ဇင်းမယ်မြို့နယ် မှိုင်းလုံးကြီး၊ မယ်ငဲ့ သစ်တော၊ ထားခွင် သစ်တောကြီးများ၏ စာချွန်တော်ရ ပိုင်ရှင် ‘ဗညားဆလီဆောင်းမုန်း ရာဇမိုင်းထီး’ ဟူသော ဘွဲ့ထူးနှင့် တကွ ရွှေသား ပကတိ ဖြစ်သော
ဓား၊ ရွှေထီး၊ ရွှေဖလား၊ မြို့စား၊ ရွာစားတို့၏အဆောင် အယောင်တို့ဖြင့် ဇင်းမယ်မြို့အစိုးရတို့၏ ချီးမြှင့် သူကောင်းပြုခြင်းကို ခံရသူ သူဌေးကြီး ဦးထွန်းကျော်နှင့် အမိ သူဌေးကတော် အရီးထော် (ဒေါ်ထောင် – မြန်မာလူကျော် ၁၀၀ ပထမအုပ်) တို့ ဖြစ်သည်။
ဦးရွှေလှေးတွင် ညီမ ဒေါ်နှင်းဂုန်နှင့် ညီ ဦးအုန်းခင်တို့ သားချင်း ၃ ယောက်ရှိသည်။ ဦးရွှေလှေးမှာ သားကြီး ဩရသ ဖြစ်သည်။ ဖခင် ဦးထွန်းကျော်နှင့် မိခင် အရီးထော်တို့မှာ မော်လမြိုင်မြို့နယ်တွင် ထင်ရှားသော မွန်အမျိုးသားကြီးများ ဖြစ်ကြသည်။
မောင်ရွှေလှေးသည် ငယ်စဉ် အခါက မိဘတို့ ကိုးကွယ်သော ကော့နပ်ရွာ ဆရာတော်ကြီး၏ ကျောင်းတွင် ဘာသာရင်း ဖြစ်သော မွန်စာကို လည်းကောင်း၊ ကတိုးရွာ ဓမ္မာရုံကျောင်း ဆရာတော်ကြီးနှင့် မော်လမြိုင်မြို့၊ ရွှေတောင်ရပ် ဆရာကြီး ဦးဘိုးမင်းတို့ ထံတွင် မြန်မာစာကို လည်းကောင်း သင်ကြားခဲ့သည်။ ထိုနောက် မော်လမြိုင်မြို့ စိန်ပက်ထရစ် ကျောင်းတွင် အင်္ဂလိပ် စာပေ ပညာများကို သင်ကြားခဲ့သည်။
ယင်းနောက် မိဘတို့က ဝေယန်ဘုံကျော် ကျောင်းတိုက်ကြီးကို ရေစက်သွန်းချသော အခမ်းအနားနှင့် တကွ သားကြီး ရတနာကိုလည်း ပဗ္ဗဇ္ဇမင်္ဂလာသဘင် ဆင်ယင် ကျင်းပလျက် ရှင်သာမဏေ အဖြစ် သွတ်သွင်း ချီးမြှင့်ခြင်း ပြုစေခဲ့သည်။
မောင်ရွှေလှေးသည် ရှင်လိင်ပြန်၍ အသက် ၁၄ နှစ် အရွယ်တွင် မော်လမြိုင် အရေးပိုင် ကာနယ် ဖာလောင်၏ နည်းပေး ညွှန်ပြချက် အရနှင့် မိဘ နှစ်ဖြာတို့ကလည်း သဘောတူညီ ကြသည်နှင့် ဘိလပ်သို့ သွားရောက် ပညာ သင်ကြားရန် အရေးပိုင် ကာနယ် ဖလောင်နှင့် အတူ လန်ဒန်မြို့သို့ လိုက်ပါ သွားခဲ့သည်။
ကိုရွှေလှေးသည် လန်ဒန်မြို့ စာသင်ကျောင်းများတွင် အထက်တန်း စာပေများ သင်ကြားပြီး ၄ နှစ်ကြာသော အခါ မိဘတို့က သူ့တို့၏ စီးပွားရေး လုပ်ငန်းတွင် ဦးစီး ဆောင်ရွက်ရန် ပြန်ခေါ်သဖြင့် မြန်မာနိုင်ငံသို့ ပြန်လာ ခဲ့ရသည်။
မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီးနောက် ခရစ်နှစ် ၁၈၈၆ ခုနှစ်တွင် ကတိုးရွာနေ သစ်ခေါင်းကြီး ဦးဒွန်း (ဦးဒန် – မြန်မာလူကျော် ၁၀၀ ပထမအုပ်) ၏ သမီး အကြီးဆုံး ဖြစ်သူ မကြင်ဥနှင့် လက်ထပ် ထိမ်းမြားခဲ့သည်။
ကိုရွှေလှေးသည် အသက်၂၀ ကျော် အရွယ်တွင် ဇင်းမယ်မြို့နယ် မှိုင်းလုံးကြီးမြို့သို့ သွားရောက်၍ ဖခင်၏ သစ်တောကြီးများကို ဦးစီး အုပ်ချုပ် လုပ်ကိုင်ရလေသည်။
ထို့နောက် တောပိုင် စာချွန်အရ မုန်းပဲကြီးမြို့စား ဘုရင်ဒါယကာ ကဏ္ဍဆိုသူ ကွယ်လွန်ရာတွင် ဇင်းမယ် မင်းကြီး၏ သားတော် အိမ်ရှေ့မင်းက သစ္စာတော်ရေ သောက်ဖြစ်သော ကိုရွှေလှေးကို တမင် ခေါ်တော်မူပြီး မုန်းပဲ သစ်တောကြီးကို စာချွန်နှင့် တကွ အပ်နှင်း ပေးသနားတော်မူ ခဲ့သည်။
ထိုစဉ် အခါက မုန်းပဲ သစ်တောကြီးကို ရရန် အတွက် အသီးသီးသော သစ်ကုန်သည်ကြီးများနှင့် ကုမ္မဏီကြီးများတို့သည် ငွေသိန်းပေါင်း များစွာ လက်ဆောင်တော် အဖြစ် ပေး၍ တောင်းခံကြ သော်လည်း မရခဲ့ကြချေ။
ဦးရွှေလှေးသည် ဇင်းမယ်နယ်တွင် သစ်လုပ်ငန်းကို နှစ်အတော်ကြာ လုပ်ကိုင်ပြီးနောက် နေရင်း ကတိုးရွာမှ လုပ်ငန်းများကို ပြန်လည် ဦးစီး လုပ်ကိုင်ရန် ဇင်းမယ် သစ်တော လုပ်ငန်းကို ပိတ်လိုက်လေသည်။
ကတိုးရွာသို့ ပြန်လည် ဆိုက်ရောက်သည်နှင့် တပြိုင်နက် ဦးရွှေလှေးသည် အကောင်းဆုံးသော ကျွန်းသစ်တို့ဖြင့်သာ ပြီးသော သုံးထပ် နေအိမ်ကြီး တဆောင်ကို မြန်မာနိုင်ငံတွင် ဆောက်လုပ် နေကြပုံမျိုး မဟုတ်ဘဲ အနောက်နိုင်ငံ ဗိသုကာစနစ် အတိုင်း မြေစိုက်တိုင် မပါဘဲ ထူးဆန်းစွာ ဆောက်လုပ် နေထိုင်ခဲ့သည်။ ထိုအိမ်ကို ပီနန်မြို့မှ တရုတ် မြန်မာ လက်သမား ၁၀၀ ကျော်နှင့် သုံးနှစ်တိုင်တိုင် ဆောက်လုပ်ခဲ့သည်။
မြန်မာနိုင်ငံ အမြို့မြို့ အရွာရွာမှ ကတိုးကော့နှပ်ရွာသို့ ဘုရားဖူး လာရောက်ကြ ကုန်သော သူတို့သည် ထိုဦးရွှေလှေး၏ အိမ်ကို အထူးအဆန်း ပြုလုပ်၍ ယခုထက်တိုင် ကြည့်ရှု မှတ်သားကြ ကုန်သည်။ စာရေးသူသည်လည်း စစ်ကြိုခေတ်က သွားရောက် ကြည့်ခဲ့ဖူးသည် ‘တိုင်တလုံးအိမ်ကြီး’ ဟု မှတ်သား ခဲ့ဖူးသည်။ ယခု အခါ ပျက်စီးနေပြီ ဖြစ်သည်။
ဦးရွှေလှေးသည် မြန်မာနိုင်ငံသို့ ပြန်ရောက်သော အခါ လုပ်ငန်းဆောင်တာ အရပ်ရပ်ကို စူးစမ်းသည့် အနေနှင့် ငွေချေးငှားခြင်း အလုပ်၊ စပါး ရောင်းဝယ်ခြင်း အလုပ်၊ ဆီဆုံများ တည်ထောင်၍ နှမ်းဆီ ကြိတ်ခြင်း အလုပ်၊ လယ်များ၊ ဥယျာဉ်များ ဝယ်၍ သီးစားချခြင်း အလုပ်တို့ကို ပြုလုပ်လေသည်။
ထိုသို့ လုပ်သော်လည်း မည်သည့် လုပ်ငန်းကိုမျှ သဘော မတွေ့သဖြင့် ၁၉၀၇ ခုနှစ်သို့ ရောက်သော အခါ မြေဧက ၁၀၀ ခန့်လောက်တွင် ရော်ဘာပင် စိုက်ပျိုးခြင်း အလုပ်ကို စတင် စမ်းသပ် လုပ်ကိုင်လေသည်။
ထိုသို့ လုပ်ကိုင် နေစဉ်တွင် မျက်မြင် ကိုယ်တွေ့မဟုတ်ဘဲ စာတွေ့ဖြင့် လည်းကောင်း၊ လူပြော သူပြောမျှဖြင့် လည်းကောင်း၊ လုပ်ငန်း တရပ်ကို ကြီးပွားအောင် ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်၊ ကမ္ဘာတခွင်ကို လှည့်လည်၍ လုပ်ငန်များ မျက်မြင် ကိုယ်တွေ့ ဖြစ်စေသင့်သည်ဟု အကြံဖြစ်ကာ ထိုနှစ်တွင်ပင် အာရှ တိုင်းပြည်များမှ ဂျပန်၊ တရုတ်၊ မလေးရှား၊ ဥရောပမှ အင်္ဂလန်၊ အမေရိကန် စသော နိုင်ငံများသို့ လှည့်ပတ် သွားရောက် လေ့လာခဲ့သည်။
ကမ္ဘာလှည့်လည်ရာမှ ပြန်ရောက်သော အခါ ဦးရွှေလှေးသည် လုပ်လက်စ ရှိသော ရော်ဘာပင် စိုက်ပျိုးခြင်း အလုပ်ကို ငွေရင်း အမြောက်အမြား မြှပ်နှံ၍ လုပ်ကိုင်ခဲ့ရာ သူတဦးပိုင် ရော်ဘာခြံကြီး ၃ ခြံသည် မြေဧကပေါင်း ၂,၀၀၀ ကျော်မျှ ရှိသည့် အထိ ကြီးပွား တိုးတက် လာခဲ့သည်။
ထို့အပြင် ဦးရွှေလှေးသည် ကမ္ဘာကို လှည့်ပတ်ရာတွင် အတိုင်းတိုင်း အပြည်ပြည်တို့၌ ရှိသော ပိဋကတ် တိုက်ကြီးများသို့ ဝင်ရောက် ကြည့်ရှုခဲ့ရာ နိုင်ငံတိုင်း လိုလို၌ ဗုဒ္ဓ ပိဋကတ်တော်ကို မိမိတို့၏ ဘာသာစကားဖြင့် ပြန်ဆို ရေးသား ထားကြသည်ကို တွေ့မြင် ဖတ်ရှု ခဲ့ရသည်။
ထို့ကြောင့် ပါဠိတော်မြတ် ပိဋကတ်တို့ကို မြန်မာဘာသာ စကားပြေ သက်သက်ဖြင့် ပြန်ဆိုရသော် နောင်လာနောင်သား လူအများတို့အား အကျိုးစီးပွား များပြား လေရာသည်ဟု ကြံစည် မိခဲ့သည်။ ကြံစည်မိခဲ့သည့် အတိုင်း ဦးရွှေလှေးသည် မြန်မာနိုင်ငံတွင် မည်သူ တယောက်မျှ ပြုလုပ် မလှူဒါန်းဖူးသော သာသနာနုဂ္ဂဟ ဓမ္မဒါနကြီးကို ရဲရဲရင့်ရင့် စွန့်စွန့်စားစား နောက်မဆုတ်သော သဒ္ဓါတရားဖြင့် နိကာယ် ၅ ရပ် ပိဋကတ်ကို မြန်မာပြန်ဆိုရန် ငွေအလုံးအရင်းနှင့် လှူဒါန်းခဲ့သည်။
ပိဋကတ် မြန်မာပြန်ဆိုရန် ဆရာမြို့အား လွှဲအပ်ရာ ၁၉၁၁ ခုနှစ်မှ ၁၉၂၁ ခုနှစ်၊ ၁၀ နှစ် အထိကြာအောင် နိကာယ် ၅ ရပ် ရှိသည့်အနက် နိကာယ် ၄ ရပ်ကို ပြန်ဆို ပြီးစီးခဲ့သည်။ ပြန်ဆို ပြီးသမျှ စာမူတို့ကို ဦးရွှေလှေးသည် ကိုယ်ကျိုး အတွက် ရောင်းချ သုံးစွဲခြင်း မပြုဘဲ ထိုစဉ်အခါက ဘုရင်ခံ ဖြစ်သော ဆာဂျေအေမောင်ကြီး လက်သို့ ပုံနှိပ်ဖြန့်ချိရန် ပေးအပ် လိုက်လေသည်။
ဦးရွှေလှေးသည် သားသမီး အရင်း ဟူ၍ တဦးမျှ မရှိခဲ့။ မွေးစား သားသမီးများသာ ရှိခဲ့သည်။ ငယ်စဉ် အခါက မြင်းပြိုင်ခြင်း၊ လှေပြိုင်ခြင်း၊ စောင်းတီးခြင်း အတတ်တို့ကို အပျော်အပါး အလို့ငှာ ဝါသနာ ပါခဲ့သည်။ အသက် ၄၀ ကျော်လွန်သောအခါ အပျော်အပါးများ တစတစ ပယ်ပျောက်၍ စီးပွားရေးကိုသာ ဇောက်ချ လုပ်ကိုင်ခဲ့သည်။ အသက် ၅၃ နှစ်တွင် ဥပဒေပြု လွှတ်တော် မင်းတိုင်ပင် အမတ် အဖြစ် အစိုးရ၏ ခန့်အပ်ခြင်းကို ခံရသည်။
ဦးရွှေလှေးသည် စိတ်ထား ခိုင်မာ၏။ ထကြွလုံ့လ ဝီရိယ ရှိ၏။ သတိ ကောင်း၏။ စဉ်းစားဉာဏ် ရှိ၏။ ကတိသစ္စာ မပျက်၊ ပလွှားမှု မရှိ။ နိဝါတ နိမာတ တရား ရှိ၏။ ပြစ်တင် ကဲ့ရဲခြင်းကို ကြောက်၏။ ရပ်ကိစ္စ၊ ရွာကိစ္စ၊ နိုင်ငံကိစ္စများကို ဦးစီး ဆောင်ရွက်တတ်သူ ပုဂ္ဂိုလ် ဖြစ်သည်။
ဦးရွှေလှေးသည် အသက် ၅၇ နှစ် အရွယ်တွင် ခြေထောက်တွင် ဖိနပ် ပွန်းသည့် အနာ၊ ဆီးချို ရောဂါကြောင့် မပျောက်နိုင်ဘဲ ဆိုးသထက် ဆိုးလာရာ ဆေးရုံသို့ တက်ရောက် ကုသသော်လည်း မပျောက်ကင်းဘဲ ခြေထောက်တဖက် ဖြတ်ပစ်ရသည်။
ထိုအခါမှ စ၍ ခြေတုဖြင့် လမ်းလျှောက်ခြင်း ဘီးတပ် ကုလားထိုင်နှင့် သွားခြင်းဖြင့် နေထိုင် ခဲ့ရရှာသည်။ ၁၉၃၁ ခုနှစ်၊ (မြန်မာလူကျော် ၁၀၀ ပထမအုပ်) အသက် ၆၄ နှစ် အရွယ်တွင် ထိုရောဂါဖြင့်ပင် ဦးရွှေလှေး ကွယ်လွန် အနိစ္စ ရောက်ရရှာသည်။
ကိုးကားပြင်ဆင်
↑ ရွှေဥဩ၏ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ် ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ၊ စပယ်ဦး စာပေ (တတိယ အကြိမ်)
Crd,ဝီကီပီးဒီးယား
Zawgyi
ဦးေ႐ႊေလွးသည္ က်ိဳကၡမီခရိုင္ (ယခု မြန္ျပည္နယ္)ေမာ္လၿမိဳင္ၿမိဳ႕အနီး ကတိုးေကာ့ႏွပ္႐ြာတြင္ ျမန္မာ သကၠရာဇ္ ၁၂၂၉ ခုႏွစ္ (၁၈၆၇ – ျမန္မာလူေက်ာ္ ၁၀၀ ပထမအုပ္) ၌ ဖြားျမင္ခဲ့သည္။ အထက္ျမန္မာျပည္ မင္းေနျပည္ေတာ္ ျဖစ္ေသာ မႏၱေလးၿမိဳ႕ႀကီး တည္ၿပီးကာစ ၈ ႏွစ္မွ်ၾကာတြင္ ေမြးဖြားျခင္း ျဖစ္သည္။
ဦးေ႐ႊေလွး ဖခင္မွာ ေကာ့ႏွပ္႐ြာ ေဝယန္ဘုံေက်ာ္ တိုက္ေက်ာင္းႀကီးႏွင့္ စြယ္ေတာ္တိုက္ တန္ေဆာင္းႀကီး၏ ဒါယကာ၊ ဇင္းမယ္ၿမိဳ႕နယ္ မွိုင္းလုံးႀကီး၊ မယ္ငဲ့ သစ္ေတာ၊ ထားခြင္ သစ္ေတာႀကီးမ်ား၏ စာခြၽန္ေတာ္ရ ပိုင္ရွင္ ‘ဗညားဆလီေဆာင္းမုန္း ရာဇမိုင္းထီး’ ဟူေသာ ဘြဲ႕ထူးႏွင့္ တကြ ေ႐ႊသား ပကတိ ျဖစ္ေသာ
ဓား၊ ေ႐ႊထီး၊ ေ႐ႊဖလား၊ ၿမိဳ႕စား၊ ႐ြာစားတို႔၏အေဆာင္ အေယာင္တို႔ျဖင့္ ဇင္းမယ္ၿမိဳ႕အစိုးရတို႔၏ ခ်ီးျမႇင့္ သူေကာင္းျပဳျခင္းကို ခံရသူ သူေဌးႀကီး ဦးထြန္းေက်ာ္ႏွင့္ အမိ သူေဌးကေတာ္ အရီးေထာ္ (ေဒၚေထာင္ – ျမန္မာလူေက်ာ္ ၁၀၀ ပထမအုပ္) တို႔ ျဖစ္သည္။
ဦးေ႐ႊေလွးတြင္ ညီမ ေဒၚႏွင္းဂုန္ႏွင့္ ညီ ဦးအုန္းခင္တို႔ သားခ်င္း ၃ ေယာက္ရွိသည္။ ဦးေ႐ႊေလွးမွာ သားႀကီး ဩရသ ျဖစ္သည္။ ဖခင္ ဦးထြန္းေက်ာ္ႏွင့္ မိခင္ အရီးေထာ္တို႔မွာ ေမာ္လၿမိဳင္ၿမိဳ႕နယ္တြင္ ထင္ရွားေသာမြန္အမ်ိဳးသားႀကီးမ်ား ျဖစ္ၾကသည္။
ေမာင္ေ႐ႊေလွးသည္ ငယ္စဥ္ အခါက မိဘတို႔ ကိုးကြယ္ေသာ ေကာ့နပ္႐ြာ ဆရာေတာ္ႀကီး၏ ေက်ာင္းတြင္ ဘာသာရင္း ျဖစ္ေသာမြန္စာကို လည္းေကာင္း၊ ကတိုး႐ြာ ဓမၼာ႐ုံေက်ာင္း ဆရာေတာ္ႀကီးႏွင့္ ေမာ္လၿမိဳင္ၿမိဳ႕၊ ေ႐ႊေတာင္ရပ္ ဆရာႀကီး ဦးဘိုးမင္းတို႔ ထံတြင္ ျမန္မာစာကို လည္းေကာင္း သင္ၾကားခဲ့သည္။ ထိုေနာက္ ေမာ္လၿမိဳင္ၿမိဳ႕ စိန္ပက္ထရစ္ ေက်ာင္းတြင္ အဂၤလိပ္ စာေပ ပညာမ်ားကို သင္ၾကားခဲ့သည္။
ယင္းေနာက္ မိဘတို႔က ေဝယန္ဘုံေက်ာ္ ေက်ာင္းတိုက္ႀကီးကို ေရစက္သြန္းခ်ေသာ အခမ္းအနားႏွင့္ တကြ သားႀကီး ရတနာကိုလည္း ပဗၺဇၨမဂၤလာသဘင္ ဆင္ယင္ က်င္းပလ်က္ ရွင္သာမေဏ အျဖစ္ သြတ္သြင္း ခ်ီးျမႇင့္ျခင္း ျပဳေစခဲ့သည္။
ေမာင္ေ႐ႊေလွးသည္ ရွင္လိင္ျပန္၍ အသက္ ၁၄ ႏွစ္ အ႐ြယ္တြင္ ေမာ္လၿမိဳင္ အေရးပိုင္ ကာနယ္ ဖာေလာင္၏ နည္းေပး ၫႊန္ျပခ်က္ အရႏွင့္ မိဘ ႏွစ္ျဖာတို႔ကလည္း သေဘာတူညီ ၾကသည္ႏွင့္ ဘိလပ္သို႔ သြားေရာက္ ပညာ သင္ၾကားရန္ အေရးပိုင္ ကာနယ္ ဖေလာင္ႏွင့္ အတူ လန္ဒန္ၿမိဳ႕သို႔ လိုက္ပါ သြားခဲ့သည္။
ကိုေ႐ႊေလွးသည္ လန္ဒန္ၿမိဳ႕ စာသင္ေက်ာင္းမ်ားတြင္ အထက္တန္း စာေပမ်ား သင္ၾကားၿပီး ၄ ႏွစ္ၾကာေသာ အခါ မိဘတို႔က သူ႕တို႔၏ စီးပြားေရး လုပ္ငန္းတြင္ ဦးစီး ေဆာင္႐ြက္ရန္ ျပန္ေခၚသျဖင့္ ျမန္မာနိုင္ငံသို႔ ျပန္လာ ခဲ့ရသည္။
ျမန္မာနိုင္ငံသို႔ ျပန္ေရာက္ၿပီးေနာက္ ခရစ္ႏွစ္ ၁၈၈၆ ခုႏွစ္တြင္ ကတိုး႐ြာေန သစ္ေခါင္းႀကီး ဦးဒြန္း (ဦးဒန္ – ျမန္မာလူေက်ာ္ ၁၀၀ ပထမအုပ္) ၏ သမီး အႀကီးဆုံး ျဖစ္သူ မၾကင္ဥႏွင့္ လက္ထပ္ ထိမ္းျမားခဲ့သည္။
ကိုေ႐ႊေလွးသည္ အသက္၂၀ ေက်ာ္ အ႐ြယ္တြင္ ဇင္းမယ္ၿမိဳ႕နယ္ မွိုင္းလုံးႀကီးၿမိဳ႕သို႔ သြားေရာက္၍ ဖခင္၏ သစ္ေတာႀကီးမ်ားကို ဦးစီး အုပ္ခ်ဳပ္ လုပ္ကိုင္ရေလသည္။
ထို႔ေနာက္ ေတာပိုင္ စာခြၽန္အရ မုန္းပဲႀကီးၿမိဳ႕စား ဘုရင္ဒါယကာ က႑ဆိုသူ ကြယ္လြန္ရာတြင္ ဇင္းမယ္ မင္းႀကီး၏ သားေတာ္ အိမ္ေရွ႕မင္းက သစၥာေတာ္ေရ ေသာက္ျဖစ္ေသာ ကိုေ႐ႊေလွးကို တမင္ ေခၚေတာ္မူၿပီး မုန္းပဲ သစ္ေတာႀကီးကို စာခြၽန္ႏွင့္ တကြ အပ္ႏွင္း ေပးသနားေတာ္မူ ခဲ့သည္။
ထိုစဥ္ အခါက မုန္းပဲ သစ္ေတာႀကီးကို ရရန္ အတြက္ အသီးသီးေသာ သစ္ကုန္သည္ႀကီးမ်ားႏွင့္ ကုမၼဏီႀကီးမ်ားတို႔သည္ ေငြသိန္းေပါင္း မ်ားစြာ လက္ေဆာင္ေတာ္ အျဖစ္ ေပး၍ ေတာင္းခံၾက ေသာ္လည္း မရခဲ့ၾကေခ်။
ဦးေ႐ႊေလွးသည္ ဇင္းမယ္နယ္တြင္ သစ္လုပ္ငန္းကို ႏွစ္အေတာ္ၾကာ လုပ္ကိုင္ၿပီးေနာက္ ေနရင္း ကတိုး႐ြာမွ လုပ္ငန္းမ်ားကို ျပန္လည္ ဦးစီး လုပ္ကိုင္ရန္ ဇင္းမယ္ သစ္ေတာ လုပ္ငန္းကို ပိတ္လိုက္ေလသည္။
ကတိုး႐ြာသို႔ ျပန္လည္ ဆိုက္ေရာက္သည္ႏွင့္ တၿပိဳင္နက္ ဦးေ႐ႊေလွးသည္ အေကာင္းဆုံးေသာ ကြၽန္းသစ္တို႔ျဖင့္သာ ၿပီးေသာ သုံးထပ္ ေနအိမ္ႀကီး တေဆာင္ကို ျမန္မာနိုင္ငံတြင္ ေဆာက္လုပ္ ေနၾကပုံမ်ိဳး မဟုတ္ဘဲ အေနာက္နိုင္ငံ ဗိသုကာစနစ္ အတိုင္း ေျမစိုက္တိုင္ မပါဘဲ ထူးဆန္းစြာ ေဆာက္လုပ္ ေနထိုင္ခဲ့သည္။ ထိုအိမ္ကို ပီနန္ၿမိဳ႕မွ တ႐ုတ္ ျမန္မာ လက္သမား ၁၀၀ ေက်ာ္ႏွင့္ သုံးႏွစ္တိုင္တိုင္ ေဆာက္လုပ္ခဲ့သည္။
ျမန္မာနိုင္ငံ အၿမိဳ႕ၿမိဳ႕ အ႐ြာ႐ြာမွ ကတိုးေကာ့ႏွပ္႐ြာသို႔ ဘုရားဖူး လာေရာက္ၾက ကုန္ေသာ သူတို႔သည္ ထိုဦးေ႐ႊေလွး၏ အိမ္ကို အထူးအဆန္း ျပဳလုပ္၍ ယခုထက္တိုင္ ၾကည့္ရႈ မွတ္သားၾက ကုန္သည္။ စာေရးသူသည္လည္း စစ္ႀကိဳေခတ္က သြားေရာက္ ၾကည့္ခဲ့ဖူးသည္ ‘တိုင္တလုံးအိမ္ႀကီး’ ဟု မွတ္သား ခဲ့ဖူးသည္။ ယခု အခါ ပ်က္စီးေနၿပီ ျဖစ္သည္။
ဦးေ႐ႊေလွးသည္ ျမန္မာနိုင္ငံသို႔ ျပန္ေရာက္ေသာ အခါ လုပ္ငန္းေဆာင္တာ အရပ္ရပ္ကို စူးစမ္းသည့္ အေနႏွင့္ ေငြေခ်းငွားျခင္း အလုပ္၊ စပါး ေရာင္းဝယ္ျခင္း အလုပ္၊ ဆီဆုံမ်ား တည္ေထာင္၍ ႏွမ္းဆီ ႀကိတ္ျခင္း အလုပ္၊ လယ္မ်ား၊ ဥယ်ာဥ္မ်ား ဝယ္၍ သီးစားခ်ျခင္း အလုပ္တို႔ကို ျပဳလုပ္ေလသည္။
ထိုသို႔ လုပ္ေသာ္လည္း မည္သည့္ လုပ္ငန္းကိုမွ် သေဘာ မေတြ႕သျဖင့္ ၁၉၀၇ ခုႏွစ္သို႔ ေရာက္ေသာ အခါ ေျမဧက ၁၀၀ ခန႔္ေလာက္တြင္ ေရာ္ဘာပင္ စိုက္ပ်ိဳးျခင္း အလုပ္ကို စတင္ စမ္းသပ္ လုပ္ကိုင္ေလသည္။
ထိုသို႔ လုပ္ကိုင္ ေနစဥ္တြင္ မ်က္ျမင္ ကိုယ္ေတြ႕မဟုတ္ဘဲ စာေတြ႕ျဖင့္ လည္းေကာင္း၊ လူေျပာ သူေျပာမွ်ျဖင့္ လည္းေကာင္း၊ လုပ္ငန္း တရပ္ကို ႀကီးပြားေအာင္ ေဆာင္႐ြက္နိုင္လိမ့္မည္ မဟုတ္၊ ကမၻာတခြင္ကို လွည့္လည္၍ လုပ္ငန္မ်ား မ်က္ျမင္ ကိုယ္ေတြ႕ ျဖစ္ေစသင့္သည္ဟု အႀကံျဖစ္ကာ ထိုႏွစ္တြင္ပင္ အာရွ တိုင္းျပည္မ်ားမွ ဂ်ပန္၊ တ႐ုတ္၊ မေလးရွား၊ ဥေရာပမွ အဂၤလန္၊ အေမရိကန္ စေသာ နိုင္ငံမ်ားသို႔ လွည့္ပတ္ သြားေရာက္ ေလ့လာခဲ့သည္။
ကမၻာလွည့္လည္ရာမွ ျပန္ေရာက္ေသာ အခါ ဦးေ႐ႊေလွးသည္ လုပ္လက္စ ရွိေသာ ေရာ္ဘာပင္ စိုက္ပ်ိဳးျခင္း အလုပ္ကို ေငြရင္း အေျမာက္အျမား ျမႇပ္ႏွံ၍ လုပ္ကိုင္ခဲ့ရာ သူတဦးပိုင္ ေရာ္ဘာၿခံႀကီး ၃ ၿခံသည္ ေျမဧကေပါင္း ၂,၀၀၀ ေက်ာ္မွ် ရွိသည့္ အထိ ႀကီးပြား တိုးတက္ လာခဲ့သည္။
ထို႔အျပင္ ဦးေ႐ႊေလွးသည္ ကမၻာကို လွည့္ပတ္ရာတြင္ အတိုင္းတိုင္း အျပည္ျပည္တို႔၌ ရွိေသာ ပိဋကတ္ တိုက္ႀကီးမ်ားသို႔ ဝင္ေရာက္ ၾကည့္ရႈခဲ့ရာ နိုင္ငံတိုင္း လိုလို၌ ဗုဒၶ ပိဋကတ္ေတာ္ကို မိမိတို႔၏ ဘာသာစကားျဖင့္ ျပန္ဆို ေရးသား ထားၾကသည္ကို ေတြ႕ျမင္ ဖတ္ရႈ ခဲ့ရသည္။
ထို႔ေၾကာင့္ ပါဠိေတာ္ျမတ္ ပိဋကတ္တို႔ကို ျမန္မာဘာသာ စကားေျပ သက္သက္ျဖင့္ ျပန္ဆိုရေသာ္ ေနာင္လာေနာင္သား လူအမ်ားတို႔အား အက်ိဳးစီးပြား မ်ားျပား ေလရာသည္ဟု ႀကံစည္ မိခဲ့သည္။ ႀကံစည္မိခဲ့သည့္ အတိုင္း ဦးေ႐ႊေလွးသည္ ျမန္မာနိုင္ငံတြင္ မည္သူ တေယာက္မွ် ျပဳလုပ္ မလႉဒါန္းဖူးေသာ သာသနာႏုဂၢဟ ဓမၼဒါနႀကီးကို ရဲရဲရင့္ရင့္ စြန႔္စြန႔္စားစား ေနာက္မဆုတ္ေသာ သဒ္ဓါတရားဖြင့် နိကာယ္ ၅ ရပ္ ပိဋကတ္ကို ျမန္မာျပန္ဆိုရန္ ေငြအလုံးအရင္းႏွင့္ လႉဒါန္းခဲ့သည္။
ပိဋကတ္ ျမန္မာျပန္ဆိုရန္ ဆရာၿမိဳ႕အား လႊဲအပ္ရာ ၁၉၁၁ ခုႏွစ္မွ ၁၉၂၁ ခုႏွစ္၊ ၁၀ ႏွစ္ အထိၾကာေအာင္ နိကာယ္ ၅ ရပ္ ရွိသည့္အနက္ နိကာယ္ ၄ ရပ္ကို ျပန္ဆို ၿပီးစီးခဲ့သည္။ ျပန္ဆို ၿပီးသမွ် စာမူတို႔ကို ဦးေ႐ႊေလွးသည္ ကိုယ္က်ိဳး အတြက္ ေရာင္းခ် သုံးစြဲျခင္း မျပဳဘဲ ထိုစဥ္အခါက ဘုရင္ခံ ျဖစ္ေသာ ဆာေဂ်ေအေမာင္ႀကီး လက္သို႔ ပုံႏွိပ္ျဖန႔္ခ်ိရန္ ေပးအပ္ လိုက္ေလသည္။
ဦးေ႐ႊေလွးသည္ သားသမီး အရင္း ဟူ၍ တဦးမွ် မရွိခဲ့။ ေမြးစား သားသမီးမ်ားသာ ရွိခဲ့သည္။ ငယ္စဥ္ အခါက ျမင္းၿပိဳင္ျခင္း၊ ေလွၿပိဳင္ျခင္း၊ ေစာင္းတီးျခင္း အတတ္တို႔ကို အေပ်ာ္အပါး အလို႔ငွာ ဝါသနာ ပါခဲ့သည္။ အသက္ ၄၀ ေက်ာ္လြန္ေသာအခါ အေပ်ာ္အပါးမ်ား တစတစ ပယ္ေပ်ာက္၍ စီးပြားေရးကိုသာ ေဇာက္ခ် လုပ္ကိုင္ခဲ့သည္။ အသက္ ၅၃ ႏွစ္တြင္ ဥပေဒျပဳ လႊတ္ေတာ္ မင္းတိုင္ပင္ အမတ္ အျဖစ္ အစိုးရ၏ ခန႔္အပ္ျခင္းကို ခံရသည္။
ဦးေ႐ႊေလွးသည္ စိတ္ထား ခိုင္မာ၏။ ထႂကြလုံ႕လ ဝီရိယ ရွိ၏။ သတိ ေကာင္း၏။ စဥ္းစားဉာဏ္ ရွိ၏။ ကတိသစၥာ မပ်က္၊ ပလႊားမႈ မရွိ။ နိဝါတ နိမာတ တရား ရွိ၏။ ျပစ္တင္ ကဲ့ရဲျခင္းကို ေၾကာက္၏။ ရပ္ကိစၥ၊ ႐ြာကိစၥ၊ နိုင္ငံကိစၥမ်ားကို ဦးစီး ေဆာင္႐ြက္တတ္သူ ပုဂၢိုလ္ ျဖစ္သည္။
ဦးေ႐ႊေလွးသည္ အသက္ ၅၇ ႏွစ္ အ႐ြယ္တြင္ ေျခေထာက္တြင္ ဖိနပ္ ပြန္းသည့္ အနာ၊ ဆီးခ်ိဳ ေရာဂါေၾကာင့္ မေပ်ာက္နိုင္ဘဲ ဆိုးသထက္ ဆိုးလာရာ ေဆး႐ုံသို႔ တက္ေရာက္ ကုသေသာ္လည္း မေပ်ာက္ကင္းဘဲ ေျခေထာက္တဖက္ ျဖတ္ပစ္ရသည္။
ထိုအခါမွ စ၍ ေျခတုျဖင့္ လမ္းေလွ်ာက္ျခင္း ဘီးတပ္ ကုလားထိုင္ႏွင့္ သြားျခင္းျဖင့္ ေနထိုင္ ခဲ့ရရွာသည္။ ၁၉၃၁ ခုႏွစ္၊ (ျမန္မာလူေက်ာ္ ၁၀၀ ပထမအုပ္) အသက္ ၆၄ ႏွစ္ အ႐ြယ္တြင္ ထိုေရာဂါျဖင့္ပင္ ဦးေ႐ႊေလွး ကြယ္လြန္ အနိစၥ ေရာက္ရရွာသည္။
ကိုးကားျပင္ဆင္
ေ႐ႊဥဩ၏ ‘တခ်ိန္က ထင္ရွားခဲ့ေသာ ပုဂၢိုလ္ႀကီးမ်ား’ စာအုပ္ ၂၀၀၂ ခုႏွစ္၊ ဒီဇင္ဘာလ၊ စပယ္ဦး စာေပ (တတိယ အႀကိမ္)
Crd,ဝီကီပီးဒီးယ