ရေ အင်မတန် ကုန်တဲ့ ဘိုထိုင် အိမ်သာတွေအတွက် ရေချွေတာနည်းလေးပါ
ဘိုထိုင်အိမ်သာရေချွေတာနည်း
တိုင်းပြည်က ဆင်းရဲနေတယ်ချွေတာနိုင်ရင် ပိုကောင်းတယ်ဘိုထိုင်အိမ်သာဆိုတာရေ အင်မတန် ကုန်ပါတယ်။ရေ တစ်ခါ ဆွဲချရင်အနည်းဆုံး ရေခြောက်လီတာ ကုန်တယ်။
တကယ်တော့ရေ ခြောက်လီတာ ကုန်ဖို့မလိုဘူး။လေးလီတာ ဆိုရင်လုံလောက်တယ်။ရေ တစ်ခါ ဆွဲချရင်ရေ ခြောက်လီတာသုံးမယ့် အစားလေးလီတာပဲ ကုန်အောင်လုပ်လို့ ရတယ်။
၁။ တစ်လီတာ၀င်ရေသန့်ဗူးဟောင်းနှစ်ဗူးထဲကိုရေ အပြည့် ဖြည့်ပြီးအဖုံး ပြန်ပိတ်ထား။
၂။ ဘိုအိုင်အိမ်သာရေကန် အဖုံးကို ဖွင့်ပြီရေ အပြည့်ဖြည့်ထားတဲ့တစ်လီတာ၀င်ရေသန့်ဗူးဟောင်းနှစ်ဗူးကို ထည့်။
၃။ ပြီးရင် ဘိုအိုင်အိမ်သာရေကန် အဖုံးကိုသေသေချာချာ ပြန်ပိတ်။
၄။ ရေ တစ်ခါဆွဲချတိုင်းရေ နှစ်လီတာသက်သာပါမယ်။
၅။ ရေ သယံဇာတကိုထိန်းသိမ်းပြီးသား ဖြစ်သလိုရေကိုလည်း ချွေတာပြီးသုံးနိုင်မှာဖြစ်ပါတယ်။
မကုန်သင့်တဲ့နေရာမှာအကုန်မခံခြင်းဖြင့်မိသားစုစီးပွားရေးအဆင်ပြေနိုင်ကြပါစေ
Credit
Zawgyi
Credit