အုန်းသီးသာကူလုံး (သာကူပြင်) လုပ်နည်းလေးပါ ချစ်တို့ရေ လွယ်ကူတဲ့အချိုပွဲလေးနော်

အုန်းသီးသာကူလုံး (သာကူပြင်) လုပ်နည်းလေးပါ ချစ်တို့ရေလွယ်ကူတဲ့အချိုပွဲလေးနော်ယအုန်းသီး သာကူလုံး ပြုလုပ်ရန်ပါဝင်ပစ္စည်များ

၁.သကူ၁ခွက် ၂.သကြား(ထမင်းစားဇွန်း၁၂ဇွန်း)၃.အုန်းသီး ၁စိတ်၄.ရေသန့်ဘူး တဝက် ၅.ဆားအနဲငယ်(၁ခွက်ဆိုတာက ထမင်းစားဇွန်း ၁၆ဇွန်း အတိထည့်ရပတယ်)

အုန်းသီးသာကူလုံး ပြုလုပ်နည်းအဆင့်ဆင့်

၁.သကူ(၁ခွက်)သကြား(၁၂ဇွန်း)အတိကျချိန်ပီးထည့်ထားပါ

၂.အုန်းသီး၁စိတ်ကို ခြစ်ထားပါ

၃.သာကူကို ရေဆေးပီး ရေစစ်ထားပါ

၄.ရေ (ရေသန့်ဘူးတဝက်ခန့်)ကို ပွက်ပွက်ဆူအောင်တည်ထားပါ (အတိကျထည့်ပါ ရေများရင် သာကူမခဲပါဘူး)

၅.ရေပွက်ပွက်ဆူလာရင် ဆားအနဲငယ်ထည့်ပါ(ပါလေကာ)ပီးရင် ခုနကသာကူရေဆေးထားတာတွေ ထည့်ပီး(၄မိနစ်ခန့်)မွှေနေပေးပါ

၆.နောက်ဆုံးမှ……သကြား(၁၂ဇွန်းကို)ထည့်ပီး သာကူစေ့တွေရဲ့ အလည်အဖြူအစံလေး ပျောက်ခါနီးရင် မီးပိတ်ပီး အအေးခံမဲ့ ဗန်းထဲထည့်ကာ အအေးခံပါ(သကြားကို နောက်ဆုံးမှထည့်ပေးပါ အရင်ထည့်ရင် သာကူတွေ မတွဲဘဲပျက်သွားတတ်ပါတယ်)

၇.နာရီဝက်လောက် အအေးခံပီးရင် သာကူများကို ကတ်ကြေးဖြင့် အတုံးအနေတော်လေးတွေတုံးပီး ခုနကခြစ်ထားတဲ့ အုန်းသီးဖတ်တွေဖြင့်လူးကာ အရသာရှိလှတဲ့”အုန်းသီးသာကူလုံး”လေးကို သုံးဆောင်လို့ရပါပီ

တချို့က အချိုရည်တွေ (အစိမ်း/အဝါ/အနီ)ရောင်တွေ ထည့်ပီးလုပ်ပါတယ် အဲ့လိုအရောင်လေးနဲ့လုပ်ချင်ရင်တော့ (နံပါတ်၅အချက်မှာ ပြောထားသလိုမျိုး ဆားထည့်ရင်းနဲ့အချိုရည်ရောထည့်ပီး ကျိုပေးရမှာပါ)

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi

၁.သကူ၁ခွက် ၂.သကြား(ထမင်းစားဇွန်း၁၂ဇွန်း)၃.အုန်းသီး ၁စိတ်၎.ရေသန့်ဘူး တဝက် ၅.ဆားအနဲငယ်(၁ခွက်ဆိုတာက ထမင်းစားဇွန်း ၁၆ဇွန်း အတိထည့်ရပတယ်)





၎.ရေ (ရေသန့်ဘူးတဝက်ခန့်)ကို ပွက်ပွက်ဆူအောင်တည်ထားပါ (အတိကျထည့်ပါ ရေများရင် သာကူမခဲပါဘူး)




