မီးအပူ ၊ ဆီအပူ လောင်တတ်တဲ့ သူများတွေအတွက် အမာရွတ်မကျန်စေတဲ့ နည်းများ

( ၁ )ကြက်ဥ ပြုတ်ပီး အကာကိုဖယ်ပါ ။ အနှစ်ကို ဒယ်အိုး သန့်သန့်နဲ့ မီးအပူ ပေးလှော်ပါ ။ အရည် ပျော်အောင်ထိပေါ့ အရည်ပျော်လာရင်ဆီလိုဖြစ်လာပါလိမ့်မည် ၎င်းကိုအနာမှာ လိမ်းပေးကြပါ။

ကျနော် လက်တွေ့သုံးခဲ့ဘူးတာ မီးလောင်ဒဏ်ရာတောင် ပျောက်တယ် ။အမာရွက် လို့တောင်မရှိဘူး နဂိုအသားတိုင်းပြန်ဖြစ်ပါတယ်။ ကူညီနိုင်တာဆို လို့ ဘာမှမရှိလို့ ဆေးမီးတိုလေး ရေးပို့ပေး ရတာပါ။ မြန်မြန်နေပြန်ကောင်း ကြပါစေ။ ကျေးဇူးတင်ပါတယ်

( ၂ )ကြက်သား၏ အဆီကိုကြော်ထားသောဆီကို အပူလောင် အနာများကိုလိမ်းပေး လျင်လည်း သက်သာပျောက်ကင်းပြီး အနာအမာရွတ်မကျန်ပါ။တကယ်ကောင်းသောလက်တွေ့ဆေးနည်းပါ ။

( ၃ )ဆီပူလောင် ။ အပူလောင် အမာရွတ်ဟောင်းများအားကွမ်းသီးခြောက်ကို သွေးလူးပေးပါ ။ အမာရွတ်ပျောက်ကင်းပါသည် စိတ်ရှည်ရှည်နဲ့လူးပါ ။

ခံရခက်သော အပူလောင် ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေမယ့်နည်းလမ်း ၅ ခု

အပူလောင်ခြင်းဟာ အဖြစ်များတဲ့ မတော်တဆမှု တခုဖြစ်ပြီး ကြီးကြီးမားမား အပူလောင်တာမျိုးမဟုတ်ဘူးဆိုရင် အိမ်မှာ အလွယ်တကူရှိတဲ့ သဘာဝပစ္စည်းတွေနဲ့တင် သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ပါယ်။ဒါကြောင့်မို့လို့ အပူလောင် ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေမယ့် အိမ်တွင်း သဘာဝကုထုံး နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) ဆီပူလောင်တာမျိုးပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ပူနေတဲ့ အရာဝတ္ထုတခုခုနဲ့ကပ်မိတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊အပူလောင်သွားတဲ့ အရေပြားနေရာပေါ်ကို ရေခဲရေနဲ့ လောင်းပေးပြီးအိမ်မှာ အလွယ်တကူရှိတဲ့ သွားတိုက်ဆေး အနည်းငယ်ကိုပွတ်လိမ်း ပေးထားခြင်းအားဖြင့် အပူလောင်ခြင်းကြောင့် အရည်ကြည်ဖုထခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၂) ပျားရည်ဟာ အသေးစား အပူလောင်ဒဏ်ရာတွေအတွက် အသင့်တော်ဆုံး သဘာဝပစ္စည်းတမျိုး ဖြစ်ပါတယ်။ အပူလောင်ထားတဲ့ အရေပြားပေါ်ကို ပျားရည်အနည်းငယ် သုတ်လိမ်းပေးခြင်းအားဖြင့်အပူလောင်ခြင်းကြောင့် ခံစားရတဲ့ စပ်ဖျင်းဖျင်း ဝေဒနာတွေကို သက်သာစေတဲ့အပြင် ကူးစက်ပိုးတွေ ဝင်ရောက်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၃) အုန်းဆီမှာ ဗီတာမင်အီးနဲ့ F a t t y A c i d တို့ပါဝင်တာကြောင့် အပူလောင်ခြင်းကို သက်သာစေနိုင်ပြီး သံပုရာရည်နဲ့ အုန်းဆီတို့ကို ရောစပ်ပြီး အပူလောင်ဒဏ်ရာပေါ် လိမ်းပေးခြင်းအားဖြင့်အပူလောင်ဒဏ်ရာကြောင့် ကျန်ခဲ့တဲ့ အမာရွတ်ကို ပျောက်ကင်းစေနိုင်ပါတယ်။

(၄) နွားနို့မှာ ပရိုတင်းဓာတ်နဲ့ အဆီဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အပူလောင်သွားတဲ့ အရေပြားကို အနာကျက် မြန်စေမှာ ဖြစ်ပါတယ်။ အပူလောင်ထားတဲ့ အရေပြားပေါ်ကို နွားနို့နဲ့ သေချာစွာဆေးကြော သန့်စင်ပေးရုံနဲ့အရေပြားကို အေးမြစေပြီး ရေဓာတ်ပြည့်နေစေမှာ ဖြစ်ပါတယ်။

(၅) ရှာလကာရည်မှာ ပါဝင်တဲ့ A s c e t i c A c i d ဟာ အပူလောင်ခြင်းကြောင့် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းနဲ့ အရည်ကြည်ဖု ထခြင်းတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။အပူလောင်ထားတဲ့ အရေပြားကို ရှာလကာရည် အနည်းငယ် လောင်းချပေးပြီး ရေအေးအေးနဲ့ ပြန်လည် ဆေးကြောပေးရုံနဲ့ သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

ပြန်လည်မျှဝေပါသည် အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့

(နောက်တစ်နည်း)

ဆီပူလောင်ရင်ဆီပူလောင်ရင် ချက်ချင်းလုပ်ပါက အမာရွတ်တောင်မကျန်စေတဲ့ သဘာဝနည်း….

ဆီပူ ၊ရေနွေးပူ တို့နဲ့အမြဲတစေ ထိတွေ့နေရသော အိမ်ရှင်မများအတွက် ဒီနည်းလေးက တကယ့်ကိုအဆင်ပြေစေမှာဖြစ်ပါတယ်။

ဆီပူလောင်တာနဲ့ ပတ်သတ်ပြီး နည်းလမ်းအမျိုးမျိုး၊ ဆေးနည်းအမျိုးမျိုးရှိတယ် ဆိုပေမယ့် အခုဖော်ပြပေးမယ့်နည်းလမ်းလေးကတော့ ထူးခြားတယ်လို့ပဲပြောရမယ်။

နည်းလမ်းကရိုးရှင်းလွန်းလို့ လျှော့မတွက်နဲ့နော်။ ကျွန်တော့်သူငယ်ချင်း ပြန်လည်မျှဝေပေးခဲ့တဲ့နည်းလေးပါ။သူကိုယ်တိုင်အသုံးပြုခဲ့တဲ့ လက်တွေ့နည်းပါလို့ပြောပါရစေ။

ဆီပူလောင်ခဲ့သော်

ဆီပူလောင်သည့်နေရာ ကို ဆီစိမ်း (အသုံးမပြုရသေးသည့်ဆီ)ဖြင့် ရွှဲနစ်နေအောင် ချက်ချင်းလိမ်းပေးပါ။နာရီဝက်ခန့်ကြာလျှင် သက်သာပျောက်ကင်းသွာပါလိမ့်မည်။

ရေကြည်ဖောင်းမထ အမာရွတ်ကျန်ခဲ့မှာစိုးရိမ်စရာမလိုသည့်အတွက် ဒီနည်းလမ်းကို ယုံကြည်စွာနဲ့အသုံးပြုလိုက်ပါလို့ အကြံပြုပါရစေ…. ။

မေတ္တာဖြင့်…ပြန်လည်မျှဝေပေးပါနော်

Crd,

Zawgyi
( ၁ )ၾကက္ဥ ျပဳတ္ပီး အကာကိုဖယ္ပါ ။ အႏွစ္ကို ဒယ္အိုး သန႔္သန႔္နဲ႕ မီးအပူ ေပးေလွာ္ပါ ။ အရည္ ေပ်ာ္ေအာင္ထိေပါ့ အရည္ေပ်ာ္လာရင္ဆီလိုျဖစ္လာပါလိမ့္မည္ ၎ကိုအနာမွာ လိမ္းေပးၾကပါ။

က်ေနာ္ လက္ေတြ႕သုံးခဲ့ဘူးတာ မီးေလာင္ဒဏ္ရာေတာင္ ေပ်ာက္တယ္ ။အမာ႐ြက္ လို႔ေတာင္မရွိဘူး နဂိုအသားတိုင္းျပန္ျဖစ္ပါတယ္။ ကူညီနိုင္တာဆို လို႔ ဘာမွမရွိလို႔ ေဆးမီးတိုေလး ေရးပို႔ေပး ရတာပါ။ ျမန္ျမန္ေနျပန္ေကာင္း ၾကပါေစ။ ေက်းဇူးတင္ပါတယ္

( ၂ )ၾကက္သား၏ အဆီကိုေၾကာ္ထားေသာဆီကို အပူေလာင္ အနာမ်ားကိုလိမ္းေပး လ်င္လည္း သက္သာေပ်ာက္ကင္းၿပီး အနာအမာ႐ြတ္မက်န္ပါ။တကယ္ေကာင္းေသာလက္ေတြ႕ေဆးနည္းပါ ။

( ၃ )ဆီပူေလာင္ ။ အပူေလာင္ အမာ႐ြတ္ေဟာင္းမ်ားအားကြမ္းသီးေျခာက္ကို ေသြးလူးေပးပါ ။ အမာ႐ြတ္ေပ်ာက္ကင္းပါသည္ စိတ္ရွည္ရွည္နဲ႕လူးပါ ။

ခံရခက္ေသာ အပူေလာင္ ဒဏ္ရာေတြကို သက္သာေပ်ာက္ကင္းေစမယ့္နည္းလမ္း ၅ ခု

အပူေလာင္ျခင္းဟာ အျဖစ္မ်ားတဲ့ မေတာ္တဆမႈ တခုျဖစ္ၿပီး ႀကီးႀကီးမားမား အပူေလာင္တာမ်ိဳးမဟုတ္ဘူးဆိုရင္ အိမ္မွာ အလြယ္တကူရွိတဲ့ သဘာဝပစၥည္းေတြနဲ႕တင္ သက္သာေပ်ာက္ကင္းေအာင္ ကုသေပးနိုင္ပါယ္။ဒါေၾကာင့္မို႔လို႔ အပူေလာင္ ဒဏ္ရာေတြကို သက္သာေပ်ာက္ကင္းေစမယ့္ အိမ္တြင္း သဘာဝကုထုံး နည္းလမ္းေတြကို မွ်ေဝေပးလိုက္ပါတယ္။

(၁) ဆီပူေလာင္တာမ်ိဳးပဲ ျဖစ္ျဖစ္ ဒါမွမဟုတ္ ပူေနတဲ့ အရာဝတၳဳတခုခုနဲ႕ကပ္မိတဲ့အခါမ်ိဳးမွာပဲျဖစ္ျဖစ္၊အပူေလာင္သြားတဲ့ အေရျပားေနရာေပၚကို ေရခဲေရနဲ႕ ေလာင္းေပးၿပီးအိမ္မွာ အလြယ္တကူရွိတဲ့ သြားတိုက္ေဆး အနည္းငယ္ကိုပြတ္လိမ္း ေပးထားျခင္းအားျဖင့္ အပူေလာင္ျခင္းေၾကာင့္ အရည္ၾကည္ဖုထျခင္းကို သက္သာေပ်ာက္ကင္းေစနိုင္ပါတယ္။

(၂) ပ်ားရည္ဟာ အေသးစား အပူေလာင္ဒဏ္ရာေတြအတြက္ အသင့္ေတာ္ဆုံး သဘာဝပစၥည္းတမ်ိဳး ျဖစ္ပါတယ္။ အပူေလာင္ထားတဲ့ အေရျပားေပၚကို ပ်ားရည္အနည္းငယ္ သုတ္လိမ္းေပးျခင္းအားျဖင့္အပူေလာင္ျခင္းေၾကာင့္ ခံစားရတဲ့ စပ္ဖ်င္းဖ်င္း ေဝဒနာေတြကို သက္သာေစတဲ့အျပင္ ကူးစက္ပိုးေတြ ဝင္ေရာက္ျခင္းကေနလည္း ကာကြယ္ေပးနိုင္ပါတယ္။

(၃) အုန္းဆီမွာ ဗီတာမင္အီးနဲ႕ F a t t y A c i d တို႔ပါဝင္တာေၾကာင့္ အပူေလာင္ျခင္းကို သက္သာေစနိုင္ၿပီး သံပုရာရည္နဲ႕ အုန္းဆီတို႔ကို ေရာစပ္ၿပီး အပူေလာင္ဒဏ္ရာေပၚ လိမ္းေပးျခင္းအားျဖင့္အပူေလာင္ဒဏ္ရာေၾကာင့္ က်န္ခဲ့တဲ့ အမာ႐ြတ္ကို ေပ်ာက္ကင္းေစနိုင္ပါတယ္။

(၄) ႏြားနို႔မွာ ပရိုတင္းဓာတ္နဲ႕ အဆီဓာတ္ ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ အပူေလာင္သြားတဲ့ အေရျပားကို အနာက်က္ ျမန္ေစမွာ ျဖစ္ပါတယ္။ အပူေလာင္ထားတဲ့ အေရျပားေပၚကို ႏြားနို႔နဲ႕ ေသခ်ာစြာေဆးေၾကာ သန႔္စင္ေပး႐ုံနဲ႕အေရျပားကို ေအးျမေစၿပီး ေရဓာတ္ျပည့္ေနေစမွာ ျဖစ္ပါတယ္။

(၅) ရွာလကာရည္မွာ ပါဝင္တဲ့ A s c e t i c A c i d ဟာ အပူေလာင္ျခင္းေၾကာင့္ ေရာင္ရမ္းျခင္း၊ နာက်င္ျခင္းနဲ႕ အရည္ၾကည္ဖု ထျခင္းတို႔ကို ေပ်ာက္ကင္းေစနိုင္ပါတယ္။အပူေလာင္ထားတဲ့ အေရျပားကို ရွာလကာရည္ အနည္းငယ္ ေလာင္းခ်ေပးၿပီး ေရေအးေအးနဲ႕ ျပန္လည္ ေဆးေၾကာေပး႐ုံနဲ႕ သက္သာေပ်ာက္ကင္းေစမွာ ျဖစ္ပါတယ္။

ျပန္လည္မွ်ေဝပါသည္ အိမ္တြင္းေဆးၿမီးတိုမ်ားစုစည္းမႈ႕

(ေနာက္တစ္နည္း)

ဆီပူေလာင္ရင္ဆီပူေလာင္ရင္ ခ်က္ခ်င္းလုပ္ပါက အမာ႐ြတ္ေတာင္မက်န္ေစတဲ့ သဘာဝနည္း.

ဆီပူ ၊ေရႏြေးပူ တို႔နဲ႕အၿမဲတေစ ထိေတြ႕ေနရေသာ အိမ္ရွင္မမ်ားအတြက္ ဒီနည္းေလးက တကယ့္ကိုအဆင္ေျပေစမွာျဖစ္ပါတယ္။

ဆီပူေလာင္တာနဲ႕ ပတ္သတ္ၿပီး နည္းလမ္းအမ်ိဳးမ်ိဳး၊ ေဆးနည္းအမ်ိဳးမ်ိဳးရွိတယ္ ဆိုေပမယ့္ အခုေဖာ္ျပေပးမယ့္နည္းလမ္းေလးကေတာ့ ထူးျခားတယ္လို႔ပဲေျပာရမယ္။

နည္းလမ္းကရိုးရွင္းလြန္းလို႔ ေလွ်ာ့မတြက္နဲ႕ေနာ္။ ကြၽန္ေတာ့္သူငယ္ခ်င္း ျပန္လည္မွ်ေဝေပးခဲ့တဲ့နည္းေလးပါ။သူကိုယ္တိုင္အသုံးျပဳခဲ့တဲ့ လက္ေတြ႕နည္းပါလို႔ေျပာပါရေစ။

ဆီပူေလာင္ခဲ့ေသာ္

ဆီပူေလာင္သည့္ေနရာ ကို ဆီစိမ္း (အသုံးမျပဳရေသးသည့္ဆီ)ျဖင့္ ႐ႊဲနစ္ေနေအာင္ ခ်က္ခ်င္းလိမ္းေပးပါ။နာရီဝက္ခန့္ၾကာလွ်င္ သက္သာေပ်ာက္ကင္းသြာပါလိမ့္မည္။

ေရၾကည္ေဖာင္းမထ အမာ႐ြတ္က်န္ခဲ့မွာစိုးရိမ္စရာမလိုသည့္အတြက္ ဒီနည္းလမ္းကို ယုံၾကည္စြာနဲ႕အသုံးျပဳလိုက္ပါလို႔ အႀကံျပဳပါရေစ. ။

ေမတၱာျဖင့္ျပန္လည္မွ်ေဝေပးပါေနာ္

Crd,