သုံးဆယ်မင်းသားကြီး ဖြစ်သော မောင်မျိုးထွေးကို ထိုင်းဘုရင့်မြေးတော်တစ်ပါးဖြစ်သော မယ်တော် ခုနှစ်ရွာတိုက်စားမိဖုရားကြီးမှ ၁၂၀၄ခုနှစ်(ခရစ်နှစ် 1842)တွင် မွေးဖွားခဲ့ပြီး သားသမီး ၁၃ဦးအနက် အကြီးဆုံးသော သားတော်ကြီးဖြစ်သည်။
ထိုစဉ်က ဖခင်မင်းတုန်းဘုရင်ကြီး မှာ ဘုရင်မဖြစ်သေးပဲ အမရပူရထီးနန်းတွင် လွှတ်တက်မင်းသားကြီးဘဝသာ ရှိသေးသည်။
သုံးဆယ်မင်းသားကြီးဖြစ်သော မောင်မျိုးထွေးကို ၁၂၁၅ခုနှစ် သက်တော်၁၁နှစ်တွင် ဖခင် မင်းတုန်းဘုရင်မှ “သတိုးမင်းစော”ဘွဲ့နှင့် မလွန်မြို့ကို ရှေးဦးစွာ စားစေခဲ့ပြီး နောက်ပိုင်းမှသာ သုံးဆယ်မြို့ကိုစားစေ၍ သုံးဆယ်မင်းသားကြီး ဟု ရတနာပုံနန်းတွင်း တွင်နာမည်ကြီးခဲ့သည်။
၁၂၂၄ခုနှစ်တွင် သက်တော်၂၂နှစ်အရွယ်ရှိပြီဖြစ်သော သားတော်ကြီး သုံးဆယ်မင်းသားအား ညီတော်ကနောင်မင်းသား၏ သမီးတော် ရန်အောင်မြင်မင်းသမီး (မြောက်ဆောင်တော်သခင်ကြီးမှမွေးဖွား) နှင့် မင်းတုန်းဘုရင်ကြီးကိုယ်တိုင်လက်ဆက် ထိမ်းမြားပေးခဲ့သည်။
သုံးဆယ်မင်းသားကြီးသည် ရန်အောင်မြင်မင်းသမီး နှင့်လက်မဆက်ခင်ကပင် ကိုယ်လုပ်တော် ခင်ရင်နှင့် ကိုယ်လုပ်တော် ခင်လေး ဆိုသော ကိုယ်လုပ်တော်များရှိပြီးဖြစ်သည်။
မင်းသားကြီးသည် ရန်အောင်မြင်မင်းသမီး နှင့်လက်ဆက်ပြီး ၁၀လအကြာတွင် မည်သူတစ်ဦးတစ်ယောက်ထံမှ ခွင့်ပြုချက်မယူပဲ နောက်ပါ ၁၀ယောက်ကျော်နှင့် ဗညားကျန်းအရပ်ကိုမြင်းစီးလို့ထွက်ခွာခဲ့ပြီး ထိုမှတဖန် အင်္ဂလိပ်ပိုင်နက် တောင်ငူမြို့သို့ရောက်ရှိခဲ့ရာ အင်္ဂလိပ်တို့မှ စစ်မေး၍ ဘုရင့်သားတော်ကြီးဖြစ်မှန်းသိရသောအခါ မင်းသားကြီးအား ရန်ကုန်သို့ပို့၍ မင်းသားကြီးအား ဖခင်ဘုရင်နှင့်လည်းကောင်း၊
ဦးရီးတော်ကနောင်မင်းနှင့်လည်းကောင်း အမျိုးမျိုးသွေးထိုး၍ မြှောက်ပင့် ရန်တိုက် ခဲ့ပေမယ့် မင်းသားကြီးမှလက်မခံတဲ့အဆုံး ကောင်းစွာဧည့်ခံကျွေးမွေးခဲ့၍ မင်းသားအလိုရှိသမျှ နေထိုင်ခွင့်ပေးခဲ့ကြသည်။
မင်းသားကြီးသည် ရန်ကုန်မြို့၌ သုံးလနီးပါးနေထိုင်ခဲ့ပြီး ဖခင်မင်းတုန်းဘုရင်၏ မြနန်းစင်္ကြာ သင်္ဘောကြုံ နှင့်တွေ့သောအခါမှသာ မင်းနေပြည်တော် မန္တလေးသို့ ပြန်လည်ရောက်ရှိခဲ့ရသည်။
မင်းသားကြီးနေပြည်တော်သို့ပြန်ရောက်သောအခါတွင် ဖခင်ဘုရင်ကြီးမှ မည်သို့မျှအရေးမယူပဲ ဦးရီးတော် ကနောင်မင်း သားထံတွင် ထိန်းသိမ်းအပ်နှံခြင်းသာခံခဲ့ရသည်မှာ ကံကောင်းသည်ဟုဆိုရပေမည်။မင်းသားကြီး၏ လုပ်ရပ်သည် ကံမကောင်းအကြောင်းမလှပါက အသက်ပါဆုံးရှုံး၍ ဆွေမျိုးတစုပါဒုက္ခရောက်နိုင်သည်။
အကြောင်းမှာ မကြာသေးမီနှစ်အနည်းငယ်က ဘိုးတော်ဖြစ်သော သာယာဝတီမင်းလက်ထက်တွင် သုံးဆယ်မင်းသားကြီး၏ ဦးရီးတော်တပါးဖြစ်သော ပြည်မင်းသားကြီးသည် ခမည်းတော်သာယာဝတီမင်းအားအသိမပေးပဲနှင့် တညတာခရီးဖြင့် ရွှေစက်တော်အရပ်သို့ ဘုရားဖူးသွားခဲ့ဖူးရာ ဖခင်ဘုရင် သိရှိချိန်မှာ အမျက်ရှလို့ အိမ်ရှေ့စံအရာလဲမရောက်ရပဲ ညီတော် သားတော်ဆွေမျိုးတစုဟာ မရဏပွဲဝင်ခဲ့ရဖူးသည့်ဖြစ်ရပ်ကို ကြုံခဲ့ရဖူးသည်။
သုံးဆယ်မင်းသားကြီးဟာ မန္တလေး မြို့ ပြန်ရောက်ပြီးတဲ့နောက်မှာ သူမြင်တွေ့ခဲ့ရသော ရန်ကုန်မြို့ရဲ့ ပညာရေးအခြေအနေကို မင်းတုန်းဘုရင်ထံ တင်လျှောက်ခဲ့လို့ ဒေါက်တာမတ်အမှူးပြုတဲ့ အင်္ဂလိပ်သံတဲကျောင်းဟာ မန္တလေးမြို့ မှာပေါ်ပေါက်ခဲ့ရပါတယ်။
၁၂၂၈ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော မြင်ကွန်းအရေးကြောင့် ကံကုန်ခဲ့ရသော ကနောင်မင်းသားကြီးအတွက် မခံမရပ်နိုင်၍ ထကြွ ဖြစ်ပေါ်ခဲ့သော ပန်းထိမ်းအရေးအခင်းတွင် သုံးဆယ်မင်းသားကြီးသည် အင်းဝအရပ်မှ တပ်စွဲတိုက်ခိုက်၍ ဖခင်ဘုရင်ကြီးအတွက်အကျိုးဆောင်ပေးခဲ့ဖူးသည်။
သို့ရာတွင် ဖခင်ဘုရင်ကြီးမှ နေ၍ သုံးဆယ်မင်းသား၊ မက္ခရာမင်းသားအမှူးပြုသော မင်းသားကြီးတို့ထံသို့ မည့်သည့်ပုဂ္ဂိုလ်မှ အဝင်အထွက်မရှိစေရဆိုပြီး အကျယ်ချုပ်သဏ္ဍာန် စောင့်ကြည့်ခံဘဝရောက်ခဲ့ရပါတယ်။
သုံးဆယ်မင်းသားကြီးသည် ဖခင်မင်းတုန်းဘုရင်ကြီး နာမကျန်းဖြစ်စဉ်အဖမ်းဆီး ခံခဲ့ရ၍ မယ်တော်ခုနှစ်ရွာမိဖုရား ဆောင်ရွက်မှုနှင့်လွတ်မြောက်ခဲ့ရပြီး ဖခင်ဘုရင်ကြီးမှနေ၍ သားတော်သုံးဆယ်မင်းသားအား အထက်ချင်းတွင်းခရိုင်၏ ဘုရင်ခံအဖြစ်ရာထူးပေးအပ်ခဲ့ပြီး မကြာခင်မှာပင် မင်းသားကြီးတစ်မိသားစုလုံး ပြန်လည်ဖမ်းဆီးခံခဲ့ရရှာသည်။
ဖမ်းဆီးခံရစဉ်ကြေးတိုက်အတွင်း၌ သုံးဆယ်မင်းသားကြီးသည် ဝမ်းနည်းပူဆွေးမနေပဲ မိမိအသက်လွတ်မြောက်ဖို့ရာ ကြိုးပမ်းရင်း ကာရံထားသော သစ်လုံးများကို ကျော်၍ ခုန်ကာ အပြင်သို့ရောက်ခဲ့ရသည်။
ထိုအခါ ကျန်ရှိသော ကြေးတိုက်အတွင်း၌ ညီတော်များအား အပြင်သို့လွတ်မြောက်ဖို့အရေး သယ်ယူစဉ် တောင်ရှည်နှင့် သစ်လုံးတွင်ညှိခဲ့၍ အစောင့်တို့သိရှိကာ မင်းသားကြီး၏ အစွမ်းအစအား တွေ့မြင်ပြီး သတိလက်လွတ်မနေဝံ့ကာ ခြေထောက်အား ခြေကျင်းခတ်၍ ထားရှိခဲ့တော့သည်။
သက်တော် ၃၈နှစ်အရွယ် သုံးဆယ်မင်းသားကြီးသည် ကြေးတိုက်အတွင်းအဖမ်းဆီးခံရပြီး ၆လအကြာ ၁၂၄၀ခုနှစ် တပို့တွဲလပြည့်ကျော်၁၁ရက်နေ့တွင် သားတော်နှစ်ပါးနှင့်အတူ ကွပ်မျက်ခံရပြီး ကံတော်ကုန်ခဲ့ရရှာသည်။
သုံးဆယ်မင်းသားကြီးတွင် သားတော် ချည်း ၁၀ပါးအထိထွန်းကားခဲ့ပြီး သားတော်လေးပါးမှာ ကြင်ယာတော် ရန်အောင်မြင်မင်းသမီးနှင့် ဖွားမြင်ခဲ့ခြင်းဖြစ်ပြီး ထိုသားတော်လေးပါးထဲမှ သားတော်ကြီးနှစ်ပါးမှာ ကွပ်မျက်ခံရချိန်တွင် ပါဝင်ခဲ့ပြီး သားတော်လတ်တစ်ပါးမှာ ငယ်ကလွန်ခဲ့၍ အငယ်ဆုံးသောသားတော် သုံးဆယ်ထိပ်တင်မောင်ကြီး တစ်ယောက်သာ အသက်ရှင်ခဲ့သည်။
ကျန်သားတော်ခြောက်ပါးမှာ ကိုယ်လုပ်တော်ခင်ရင်မှ သားတော်သုံးပါး၊ ကိုယ်လုပ်တော်ခင်လေးမှ သားတော်သုံးပါး အသီးသီးကျန်ရှိခဲ့သည်။
သုံးဆယ်မင်းသားကြီးသည် ဘဝပေးကံအရ ဘုရင့်သားတော်ကြီးတစ်ပါးဖြစ်ခဲ့ရသော်လည်း သူ၏မယ်တော်ဖြစ်သူမှာ ထိုင်းသွေးပါသည့်အတွက် မြန်မာနန်းတွင်းမှာ ဒေဝီဘွဲ့ခံ အဆင့်နဲ့သာ ရပ်တန့်ခဲ့ရသလို မိမိလို ထိုင်းသွေးနွယ်သော မင်းသားတစ်ပါးအတွက်လည်း ထီးနန်းနှင့်မသက်ဆိုင်ခဲ့ဘူးလို့ ယူဆခဲ့ပြီး မင်းပျိုမင်းလွင် တစ်ပါးပမာ စိတ်လွတ်ကိုယ်လွတ်နှင့် ဖြစ်ချင်ရာဖြစ်ဟူသော သဘောဆောင်ကာ လူငယ်ပီပီ နန်းတွင်းကထွက်ပြေးခဲ့တာကိုကြည့်ခြင်းဖြင့် မင်းသားကြီးရဲ့ ထီးနန်းလောဘ မရှိမှုကို သိနိုင်ပါတယ်။
မင်းသားကြီးဟာ ကြေးတိုက်အတွင်းအဖမ်းဆီးခံရစဉ်ကလည်း တခြားသော မင်းသားများမှနေ၍ သီပေါမင်းသား၊ စုဖုရားလတ်၊ ဆင်ဖြူမရှင် တို့ကိုဆဲဆိုရေရွတ်ခဲ့ကြပြီး သုံးဆယ်မင်းသားကြီးကတော့ “သူတို့မလို့သာ ငါတို့ကို ဒီလောက်ကြာအောင်ထားတာ၊ ငါသာဘုရင်ဖြစ်ရင် ဒီနေ့ဘုရင်ဖြစ်၊နောက်နေ့မှာ ကျန်သည့်အစွယ်အပွားအကုန်ရှင်းတယ်”လို့ ပြောဆိုခဲ့တယ်လို့ သုံးဆယ်မင်းသားကြီးတူမတော် မြို့ကြီးခေါင်ခေါင်က ဆရာမောင်သန်းဆွေ (ထားဝယ်)ကိုပြောကြားခဲ့ကြောင်းသိရပါတယ်။
အဲ့ဒီအတွက်လည်း မိမိဘဝအတွက် မင်းသားကြီးဟာ ဘယ်သူ့ကိုမှအပြစ်မတင်ပဲ မိမိသာ ဘုရင့်သားတော်တစ်ပါးမဟုတ်၊ သာမန်အသည်သားဘဝသာဆိုရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့စိတ်ဟာ မင်းသားကြီးရင်မှာ ကိန်းဝပ်နေခဲ့မှာအသေအချာပါပဲ။
ကိုးကား
ရတနာပုံနိဒါန်း နိဂုံး
ဒဂုန်ခင်ခင်လေး
ကုန်းဘောင်အလွန်
မောင်သန်းဆွေ (ထားဝယ်)
ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီး
ဦးမောင်မောင်တင်
Crd,မင်းနန်သူ
Historynotes
Zawgyi
သုံးဆယ္မင္းသားႀကီး ျဖစ္ေသာ ေမာင္မ်ိဳးေထြးကို ထိုင္းဘုရင့္ေျမးေတာ္တစ္ပါးျဖစ္ေသာ မယ္ေတာ္ ခုႏွစ္႐ြာတိုက္စားမိဖုရားႀကီးမွ ၁၂၀၄ခုႏွစ္(ခရစ္ႏွစ္ 1842)တြင္ ေမြးဖြားခဲ့ၿပီး သားသမီး ၁၃ဦးအနက္ အႀကီးဆုံးေသာ သားေတာ္ႀကီးျဖစ္သည္။
ထိုစဥ္က ဖခင္မင္းတုန္းဘုရင္ႀကီး မွာ ဘုရင္မျဖစ္ေသးပဲ အမရပူရထီးနန္းတြင္ လႊတ္တက္မင္းသားႀကီးဘဝသာ ရွိေသးသည္။
သုံးဆယ္မင္းသားႀကီးျဖစ္ေသာ ေမာင္မ်ိဳးေထြးကို ၁၂၁၅ခုႏွစ္ သက္ေတာ္၁၁ႏွစ္တြင္ ဖခင္ မင္းတုန္းဘုရင္မွ “သတိုးမင္းေစာ”ဘြဲ႕ႏွင့္ မလြန္ၿမိဳ႕ကို ေရွးဦးစြာ စားေစခဲ့ၿပီး ေနာက္ပိုင္းမွသာ သုံးဆယ္ၿမိဳ႕ကိုစားေစ၍ သုံးဆယ္မင္းသားႀကီး ဟု ရတနာပုံနန္းတြင္း တြင္နာမည္ႀကီးခဲ့သည္။
၁၂၂၄ခုႏွစ္တြင္ သက္ေတာ္၂၂ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေသာ သားေတာ္ႀကီး သုံးဆယ္မင္းသားအား ညီေတာ္ကေနာင္မင္းသား၏ သမီးေတာ္ ရန္ေအာင္ျမင္မင္းသမီး (ေျမာက္ေဆာင္ေတာ္သခင္ႀကီးမွေမြးဖြား) ႏွင့္ မင္းတုန္းဘုရင္ႀကီးကိုယ္တိုင္လက္ဆက္ ထိမ္းျမားေပးခဲ့သည္။
သုံးဆယ္မင္းသားႀကီးသည္ ရန္ေအာင္ျမင္မင္းသမီး ႏွင့္လက္မဆက္ခင္ကပင္ ကိုယ္လုပ္ေတာ္ ခင္ရင္ႏွင့္ ကိုယ္လုပ္ေတာ္ ခင္ေလး ဆိုေသာ ကိုယ္လုပ္ေတာ္မ်ားရွိၿပီးျဖစ္သည္။
မင္းသားႀကီးသည္ ရန္ေအာင္ျမင္မင္းသမီး ႏွင့္လက္ဆက္ၿပီး ၁၀လအၾကာတြင္ မည္သူတစ္ဦးတစ္ေယာက္ထံမွ ခြင့္ျပဳခ်က္မယူပဲ ေနာက္ပါ ၁၀ေယာက္ေက်ာ္ႏွင့္ ဗညားက်န္းအရပ္ကိုျမင္းစီးလို႔ထြက္ခြာခဲ့ၿပီး ထိုမွတဖန္ အဂၤလိပ္ပိုင္နက္ ေတာင္ငူၿမိဳ႕သို႔ေရာက္ရွိခဲ့ရာ အဂၤလိပ္တို႔မွ စစ္ေမး၍ ဘုရင့္သားေတာ္ႀကီးျဖစ္မွန္းသိရေသာအခါ မင္းသားႀကီးအား ရန္ကုန္သို႔ပို႔၍ မင္းသားႀကီးအား ဖခင္ဘုရင္ႏွင့္လည္းေကာင္း၊
ဦးရီးေတာ္ကေနာင္မင္းႏွင့္လည္းေကာင္း အမ်ိဳးမ်ိဳးေသြးထိုး၍ ျမႇောက္ပင့္ ရန္တိုက္ ခဲ့ေပမယ့္ မင္းသားႀကီးမွလက္မခံတဲ့အဆုံး ေကာင္းစြာဧည့္ခံေကြၽးေမြးခဲ့၍ မင္းသားအလိုရွိသမွ် ေနထိုင္ခြင့္ေပးခဲ့ၾကသည္။
မင္းသားႀကီးသည္ ရန္ကုန္ၿမိဳ႕၌ သုံးလနီးပါးေနထိုင္ခဲ့ၿပီး ဖခင္မင္းတုန္းဘုရင္၏ ျမနန္းစၾကၤာ သေဘၤာႀကဳံ ႏွင့္ေတြ႕ေသာအခါမွသာ မင္းေနျပည္ေတာ္ မႏၱေလးသို႔ ျပန္လည္ေရာက္ရွိခဲ့ရသည္။
မင္းသားႀကီးေနျပည္ေတာ္သို႔ျပန္ေရာက္ေသာအခါတြင္ ဖခင္ဘုရင္ႀကီးမွ မည္သို႔မွ်အေရးမယူပဲ ဦးရီးေတာ္ ကေနာင္မင္း သားထံတြင္ ထိန္းသိမ္းအပ္ႏွံျခင္းသာခံခဲ့ရသည္မွာ ကံေကာင္းသည္ဟုဆိုရေပမည္။မင္းသားႀကီး၏ လုပ္ရပ္သည္ ကံမေကာင္းအေၾကာင္းမလွပါက အသက္ပါဆုံးရႈံး၍ ေဆြမ်ိဳးတစုပါဒုကၡေရာက္နိုင္သည္။
အေၾကာင္းမွာ မၾကာေသးမီႏွစ္အနည္းငယ္က ဘိုးေတာ္ျဖစ္ေသာ သာယာဝတီမင္းလက္ထက္တြင္ သုံးဆယ္မင္းသားႀကီး၏ ဦးရီးေတာ္တပါးျဖစ္ေသာ ျပည္မင္းသားႀကီးသည္ ခမည္းေတာ္သာယာဝတီမင္းအားအသိမေပးပဲႏွင့္ တညတာခရီးျဖင့္ ေ႐ႊစက္ေတာ္အရပ္သို႔ ဘုရားဖူးသြားခဲ့ဖူးရာ ဖခင္ဘုရင္ သိရွိခ်ိန္မွာ အမ်က္ရွလို႔ အိမ္ေရွ႕စံအရာလဲမေရာက္ရပဲ ညီေတာ္ သားေတာ္ေဆြမ်ိဳးတစုဟာ မရဏပြဲဝင္ခဲ့ရဖူးသည့္ျဖစ္ရပ္ကို ႀကဳံခဲ့ရဖူးသည္။
သုံးဆယ္မင္းသားႀကီးဟာ မႏၱေလး ၿမိဳ႕ ျပန္ေရာက္ၿပီးတဲ့ေနာက္မွာ သူျမင္ေတြ႕ခဲ့ရေသာ ရန္ကုန္ၿမိဳ႕ရဲ႕ ပညာေရးအေျခအေနကို မင္းတုန္းဘုရင္ထံ တင္ေလွ်ာက္ခဲ့လို႔ ေဒါက္တာမတ္အမႉးျပဳတဲ့ အဂၤလိပ္သံတဲေက်ာင္းဟာ မႏၱေလးၿမိဳ႕ မွာေပၚေပါက္ခဲ့ရပါတယ္။
၁၂၂၈ခုႏွစ္တြင္ ေပၚေပါက္ခဲ့ေသာ ျမင္ကြန္းအေရးေၾကာင့္ ကံကုန္ခဲ့ရေသာ ကေနာင္မင္းသားႀကီးအတြက္ မခံမရပ္နိုင္၍ ထႂကြ ျဖစ္ေပၚခဲ့ေသာ ပန္းထိမ္းအေရးအခင္းတြင္ သုံးဆယ္မင္းသားႀကီးသည္ အင္းဝအရပ္မွ တပ္စြဲတိုက္ခိုက္၍ ဖခင္ဘုရင္ႀကီးအတြက္အက်ိဳးေဆာင္ေပးခဲ့ဖူးသည္။
သို႔ရာတြင္ ဖခင္ဘုရင္ႀကီးမွ ေန၍ သုံးဆယ္မင္းသား၊ မကၡရာမင္းသားအမႉးျပဳေသာ မင္းသားႀကီးတို႔ထံသို႔ မည့္သည့္ပုဂၢိုလ္မွ အဝင္အထြက္မရွိေစရဆိုၿပီး အက်ယ္ခ်ဳပ္သ႑ာန္ ေစာင့္ၾကည့္ခံဘဝေရာက္ခဲ့ရပါတယ္။
သုံးဆယ္မင္းသားႀကီးသည္ ဖခင္မင္းတုန္းဘုရင္ႀကီး နာမက်န္းျဖစ္စဥ္အဖမ္းဆီး ခံခဲ့ရ၍ မယ္ေတာ္ခုႏွစ္႐ြာမိဖုရား ေဆာင္႐ြက္မႈႏွင့္လြတ္ေျမာက္ခဲ့ရၿပီး ဖခင္ဘုရင္ႀကီးမွေန၍ သားေတာ္သုံးဆယ္မင္းသားအား အထက္ခ်င္းတြင္းခရိုင္၏ ဘုရင္ခံအျဖစ္ရာထူးေပးအပ္ခဲ့ၿပီး မၾကာခင္မွာပင္ မင္းသားႀကီးတစ္မိသားစုလုံး ျပန္လည္ဖမ္းဆီးခံခဲ့ရရွာသည္။
ဖမ္းဆီးခံရစဥ္ေၾကးတိုက္အတြင္း၌ သုံးဆယ္မင္းသားႀကီးသည္ ဝမ္းနည္းပူေဆြးမေနပဲ မိမိအသက္လြတ္ေျမာက္ဖို႔ရာ ႀကိဳးပမ္းရင္း ကာရံထားေသာ သစ္လုံးမ်ားကို ေက်ာ္၍ ခုန္ကာ အျပင္သို႔ေရာက္ခဲ့ရသည္။
ထိုအခါ က်န္ရွိေသာ ေၾကးတိုက္အတြင္း၌ ညီေတာ္မ်ားအား အျပင္သို႔လြတ္ေျမာက္ဖို႔အေရး သယ္ယူစဥ္ ေတာင္ရွည္ႏွင့္ သစ္လုံးတြင္ညွိခဲ့၍ အေစာင့္တို႔သိရွိကာ မင္းသားႀကီး၏ အစြမ္းအစအား ေတြ႕ျမင္ၿပီး သတိလက္လြတ္မေနဝံ့ကာ ေျခေထာက္အား ေျခက်င္းခတ္၍ ထားရွိခဲ့ေတာ့သည္။
သက္ေတာ္ ၃၈ႏွစ္အ႐ြယ္ သုံးဆယ္မင္းသားႀကီးသည္ ေၾကးတိုက္အတြင္းအဖမ္းဆီးခံရၿပီး ၆လအၾကာ ၁၂၄၀ခုႏွစ္ တပို႔တြဲလျပည့္ေက်ာ္၁၁ရက္ေန႕တြင္ သားေတာ္ႏွစ္ပါးႏွင့္အတူ ကြပ္မ်က္ခံရၿပီး ကံေတာ္ကုန္ခဲ့ရရွာသည္။
သုံးဆယ္မင္းသားႀကီးတြင္ သားေတာ္ ခ်ည္း ၁၀ပါးအထိထြန္းကားခဲ့ၿပီး သားေတာ္ေလးပါးမွာ ၾကင္ယာေတာ္ ရန္ေအာင္ျမင္မင္းသမီးႏွင့္ ဖြားျမင္ခဲ့ျခင္းျဖစ္ၿပီး ထိုသားေတာ္ေလးပါးထဲမွ သားေတာ္ႀကီးႏွစ္ပါးမွာ ကြပ္မ်က္ခံရခ်ိန္တြင္ ပါဝင္ခဲ့ၿပီး သားေတာ္လတ္တစ္ပါးမွာ ငယ္ကလြန္ခဲ့၍ အငယ္ဆုံးေသာသားေတာ္ သုံးဆယ္ထိပ္တင္ေမာင္ႀကီး တစ္ေယာက္သာ အသက္ရွင္ခဲ့သည္။
က်န္သားေတာ္ေျခာက္ပါးမွာ ကိုယ္လုပ္ေတာ္ခင္ရင္မွ သားေတာ္သုံးပါး၊ ကိုယ္လုပ္ေတာ္ခင္ေလးမွ သားေတာ္သုံးပါး အသီးသီးက်န္ရွိခဲ့သည္။
သုံးဆယ္မင္းသားႀကီးသည္ ဘဝေပးကံအရ ဘုရင့္သားေတာ္ႀကီးတစ္ပါးျဖစ္ခဲ့ရေသာ္လည္း သူ၏မယ္ေတာ္ျဖစ္သူမွာ ထိုင္းေသြးပါသည့္အတြက္ ျမန္မာနန္းတြင္းမွာ ေဒဝီဘြဲ႕ခံ အဆင့္နဲ႕သာ ရပ္တန့္ခဲ့ရသလို မိမိလို ထိုင္းေသြးႏြယ္ေသာ မင္းသားတစ္ပါးအတြက္လည္း ထီးနန္းႏွင့္မသက္ဆိုင္ခဲ့ဘူးလို႔ ယူဆခဲ့ၿပီး မင္းပ်ိဳမင္းလြင္ တစ္ပါးပမာ စိတ္လြတ္ကိုယ္လြတ္ႏွင့္ ျဖစ္ခ်င္ရာျဖစ္ဟူေသာ သေဘာေဆာင္ကာ လူငယ္ပီပီ နန္းတြင္းကထြက္ေျပးခဲ့တာကိုၾကည့္ျခင္းျဖင့္ မင္းသားႀကီးရဲ႕ ထီးနန္းေလာဘ မရွိမႈကို သိနိုင္ပါတယ္။
မင္းသားႀကီးဟာ ေၾကးတိုက္အတြင္းအဖမ္းဆီးခံရစဥ္ကလည္း တျခားေသာ မင္းသားမ်ားမွေန၍ သီေပါမင္းသား၊ စုဖုရားလတ္၊ ဆင္ျဖဴမရွင္ တို႔ကိုဆဲဆိုေရ႐ြတ္ခဲ့ၾကၿပီး သုံးဆယ္မင္းသားႀကီးကေတာ့ “သူတို႔မလို႔သာ ငါတို႔ကို ဒီေလာက္ၾကာေအာင္ထားတာ၊ ငါသာဘုရင္ျဖစ္ရင္ ဒီေန႕ဘုရင္ျဖစ္၊ေနာက္ေန႕မွာ က်န္သည့္အစြယ္အပြားအကုန္ရွင္းတယ္”လို႔ ေျပာဆိုခဲ့တယ္လို႔ သုံးဆယ္မင္းသားႀကီးတူမေတာ္ ၿမိဳ႕ႀကီးေခါင္ေခါင္က ဆရာေမာင္သန္းေဆြ (ထားဝယ္)ကိုေျပာၾကားခဲ့ေၾကာင္းသိရပါတယ္။
အဲ့ဒီအတြက္လည္း မိမိဘဝအတြက္ မင္းသားႀကီးဟာ ဘယ္သူ႕ကိုမွအျပစ္မတင္ပဲ မိမိသာ ဘုရင့္သားေတာ္တစ္ပါးမဟုတ္၊ သာမန္အသည္သားဘဝသာဆိုရင္ ဘယ္ေလာက္ေကာင္းမလဲဆိုတဲ့စိတ္ဟာ မင္းသားႀကီးရင္မွာ ကိန္းဝပ္ေနခဲ့မွာအေသအခ်ာပါပဲ။
ကိုးကား
ရတနာပုံနိဒါန္း နိဂုံး
ဒဂုန္ခင္ခင္ေလး
ကုန္းေဘာင္အလြန္
ေမာင္သန္းေဆြ (ထားဝယ္)
ကုန္းေဘာင္ဆက္မဟာရာဇဝင္ႀကီး
ဦးေမာင္ေမာင္တင္
Crd,မင္းနန္သူ
Historynotes