အိမ်တိုင်းမှာ စိုက်ထားသင့်တဲ့ ရှားစောင်းလက်ပတ်ရဲ့ အသုံးဝင်ပုံ (၈) မျိုး

အိမ်တိုင်း အိမ်တိုင်းမှာ စိုက်ထားသင့်တဲ့ ရှားစောင်းလက်ပတ် အသုံးဝင်ပုံတွေပဲ ဖြစ်ပါတယ် ။

(၁) ရွား စောင်းလက်ပတ် ကို ၂ လက်မအရွယ် ဖြတ်ပြီး မီးကင်တယ် ဆိုရုံလေး ကင် ပါ။ ငါးပြားလောက် စားပါ၊ သွေးဝမ်းသွားခြင်းကို ပျောက်ကင်းစေနိုင်ပါတယ် ရောဂါ ဆိုးရင်တော့ နေ့စဉ် တစ်ပတ်လောက် ဆက်စားပါ။

(၂) မီးကင်ထားသော ရှားစောင်းလက်ပတ်ကို နေ့စဉ် ၅ ပြားလောက် စားပေးခြင်းအားဖြင့်လည်း အတွင်းလိပ်ခေါင်း ရောဂါ ကို ပျောက်ကင်းစေနိူင်ပါတယ်။

ရှားစောင်းလက်ပတ် အနှစ်ကို စအိုထဲထည့် ပေးနိုင်ရင် ဖောင်းကြွ ရောင်ရမ်းနေသော စအိုကြွက်သားနံရံမှ အပူမ်ားကို စုတ်ယူနိုင်စွမ်း ရှိသောကြောင့်အတွင်းလိပ်ခေါင်း ရောဂါပျောက်ကင်းနိုင်ပါတယ်။ရောဂါပြင်းနေရင်တော့ အချိန်ယူသုံးစွဲရမှာပဲ ဖြစ်ပါတယ်။

(၃) မီးယပ်သွးဆုံး ကိုင်နေသူများအတွက် ရှားစောင်းလက်ပတ်အနှစ်ကို ထန်းလျှက်ဖြင့် နေ့စဉ် လိမ်းပေးပါက သွေးဆုံးကိုင်ချိန်တွင် ခံစားရေသာ ဝေဒနာများ သက်သာ ပျောက် ကင်း စေပါတယ် ။

(၄) နှ လုံးရောဂါရှိသူများ ရုတ်တရက် အမောဖောက်လာပါက ရှားစောင်းလက်ပတ်အနှစ်ကို သကြားဖြင့် ဖျော်သောက်ပါက အမောဆို့ခြင်းကို သက် သာပျောက်ကင်း စေပါတယ် ။

(၅) ရွား စောင်းလက်ပတ်အနှစ်ကို အပူလောင်ခြင်းအမျိုးမျိုးအတွက်လည်း အ သုံးပြု နိူင် ပါ တယ်။ ဆီပူ၊ မီးပူ၊ အိတ်ဇောအပူ လောင်ခြင်းများအတွက် ဖြစ်ဖြစ်ခြင်း ရှားစောင်းလက်ပတ်အနှစ်ကို ပတ်တီးဖြင့် စည်း ထား ပေးပါ။

အရည်ကြည်အဖု လုံးဝဖြစ်ခြင်း မရွိပဲ မူလအတိုင်း ပျောက်ကင်း နိုင်ပါတယ်။ အရည်ကြည်ဖု ထွက်လာမှ စည်းပေးလျှင်လည်း အပူကို စုပ်ယူနိုင်သောကြောင့် အနာ မဖြစ်တော့ပါ။

(၆) ဘောက် ပျောက်၊ ခေါင်းလျော်ရည် သုံးစွဲခြင်းကြောင့် ဆံပင် အကွက်လိုက် ကျွတ်သော သူများအတွက် ရှားစောင်းလက်ပတ်အနှစ် ကို အရေပြားပေါ်တွင် လိမ်းပေးခြင်းအားဖြင့် ပြန်ပေါက်ပြီး ဆံပင်ကျွတ်ခြင်းမှ ကာ ကွယ်ပေးပါတယ် ..။

(၇) ရှားစောင်းလက်ပတ်အနှစ် ကို နံနက်၊ ည မျက်နှာသစ်ပြီးတိုင်း လူးပေးရင်တော့ တင်းတိတ်ပျောက်ပြီး မျက်နှာပေါင်းတင်စရာ မလိုပဲ အရေးအကြောင်း မရွိ မျက်နှာလေး တင်းနေပါလိမ့်မယ်။ လှချင်ရင် တစ်သက်လုံး လိမ်းပေတော့။

ဆံပင်ဖြူတွေ ပေါက်နေတာများလို့ စိတ်ညစ်နေတဲ့သူတွေအတွက်ရှားစောင်းလက်ပတ် ၁ ပိသာ၊ မကျီးသီးမှည့် ၅ ဝိသား၊ ထန်းညှက် ၅ ဝိသား၊ပျားရည် ၁ဝိ သား + စမှုံမျိုးငါးပါး အနည်းငယ်ကို ရောပြီး

ယိုကြိုသလို ကြိုပြီး တစ်နေ့ စတီး ဇွန်းတစ်ဇွန်းမှန်မှန်သောက်ပေးပါ ဖြူနေတဲ့ဆံပင်တွေ ဆေးမဆိုးရဘဲ နောက်ထပ်ရှည်လာတဲ့ ဆံပင်တွေက အနက်ရောင်ချည်း ထပ်ထွက်လာပါမယ်။ ဆံပင်တွေလဲ အုံထူလာပါတယ် ။

ဖေဖေအသက်ရှိစဉ်က ကျမကိုယ်တိုင် ကြိုပြီး တိုက်ပါတယ်။ ၇၄နှစ် ဖေဖေကခြောက်လအတွင်း ဆံပင်အနက်တွေ တစ်မလက်မကျော်ကျော် ထပ်ပြီး ထွက် လာ ပါတယ် ။

Credit,ဥတ္တရစောဖြူ