သစ်ပင်ပေါ်မှပြုတ်ကျသွားတဲ့သခင်ဖြစ်သူအား အကူအညီမရမီအချိန်ထိ အတတ်နိုင်ဆုံးပွေ့ဖက်ထားပေးခဲ့တဲ့ သစ္စာရှိခွေးလေး

သမိုင်းတစ်လျှောက်မှာ ခွေးလေးတွေက ၎င်းတို့ရဲ့သခင်များအပေါ်အလွန်သစ္စာရှိကြောင်းကို အမြဲသက်သေပြလာခဲ့တာကြောင့် ၎င်းတို့ကို လူသားများရဲ့အကောင်းဆုံးမိတ်ဆွေအဖြစ် သတ်မှတ်ထားကြရပါတယ်။

ခုလည်း ခွေးလေးတစ်ကောင်ဟာ သစ်ပင်တစ်ပင်ပေါ်မှပြုတ်ကျသွားတဲ့သခင်ဖြစ်သူအား အကူအညီမရမီအချိန်အထိ သူ့သခင်ကိုအတတ်နိုင်ဆုံးပွေ့ဖက်ပေးထားခြင်းဖြင့် ၎င်းတို့ကဘယ်လောက်သစ္စာရှိကြောင်းကို ထပ်မံသက်သေပြသွားခဲ့ပြန်ပါတယ်။

အသက် ၂၈ နှစ်အရွယ် Jesus Hueche အမည်ရှိအမျိုးသားတစ်ဦးဟာ သစ်ပင်တစ်ပင်အားခုတ်နေစဉ် သစ်ပင်ပေါ်မှပြုတ်ကျသွားခဲ့ပြီး သူ့ရဲ့ဦးခေါင်းကအောက်ရှိကွန်ဂရစ်နှင့် ထိမှန်သွားခဲ့ပါတယ်။

ထို့နောက် Tony အမည်ရှိ သူ့ခွေးလေးဟာ သခင်ဖြစ်သူက သစ်ပင်ပေါ်မှပြုတ်ကျပြီး သတိလစ်နေတာကိုတွေ့လိုက်တာနဲ့တစ်ပြိုင်နက် သခင်ဆီသို့အပြေးအလွှားသွားကာ ၎င်းလုပ်ပေးနိုင်သမျှ အတတ်နိုင်ဆုံးပွေ့ဖက်ထားပေးခဲ့ပါတယ်။

အကူအညီရောက်တဲ့အခါမှာတောင်မှ ထိုခွေးလေးဟာ သခင်ဖြစ်သူကိုဆက်လက်ပွေ့ဖက်လျက်ရှိနေခဲ့ပြီး သူ့သခင်ပျောက်သွားမှာကိုလည်း စိုးရိမ်ကြောက်နေခဲ့ပုံရပါတယ်။ထို့နောက် အရေးပေါ်တုံ့ပြန်သူအချို့က Tony ကိုငြိမ်သက်စေခဲ့ပြီး ဆေးဘက်ဆိုင်ရာဆရာဝန်များက Hueche ရဲ့လည်ပင်းကိုကျောက် ပတ်တီးစည်းပေးကာ သူ့ကိုလူနာထမ်းစင်သို့တင်ပြီး လူနာတင်ယာဉ်ပေါ်သို့ လွှဲပြောင်းပေးခဲ့ပေမဲ့လည်း Tony က ထိုလူနာတင်ကားနောက်သို့လိုက်ရန်ကြိုးစားနေခဲ့ပါတယ်။

တစ်စုံတစ်ယောက်က လူနာတင်ကားနောက်သို့ လိုက်ရန်ကြိုးစားနေတဲ့ Tony အားတားခဲ့ရပြီး Tony ကို အိမ်၌သာလုံခြုံစွာနေစေခဲ့ရပါတယ်။ ကံကောင်းစွာနဲ့ပဲ Hueche ရဲ့ဒဏ်ရာက မပြင်းထန်ခဲ့တာကြောင့် Hueche က အဲ့နေ့မှာပဲဆေးရုံကနေပြန်လွတ်လာခဲ့ပါတယ်။

Hueche ဟာ သူသစ်ပင်မှပြုတ်ကျသွားတဲ့အချိန်မှာ သစ္စာစောင့်သိကြောင်းသက်သေပြခဲ့တဲ့ အချစ်တော်ခွေးလေး Tony ကို ကျေးဇူးတင်မိကြောင်းနှင့် သူဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က လမ်းပေါ်မှာလေလွင့်နေတဲ့ Tony ကို အိမ်သို့ယူလာပြီး သားတစ်ယောက်ကဲ့သို့မွေးစားခဲ့ကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ Tony က ငါ ဘယ်သွားသွားလိုက်သွားတဲ့အပြင် ငါ့မိန်းမက သူ့ကိုမနှင်ထုတ်မချင်း ငါ့ကုတင်ပေါ်မှာရှိနေတတ်တယ် ” လို့လည်း Hueche က ဟာသနောပြီး ပြန်ပြောခဲ့ပါသေးတယ်။

ဒီလူက အတိတ်မှာ ထိုခွေးလေးကိုကယ်တင်ပေးခဲ့ပြီး ထိုခွေးလေးကလည်း အနာဂတ်မှာ သူ့ကို ပြန်လည်ကယ်တင်ပေးခဲ့တယ်။ ဒါဟာ တကယ့်ကို ကြည်နူးအံ့ဩစရာကောင်းလှပါတယ်ဗျာ။

Crd,

Zawgyi
သမိုင္းတစ္ေလွ်ာက္မွာ ေခြးေလးေတြက ၎တို႔ရဲ႕သခင္မ်ားအေပၚအလြန္သစၥာရွိေၾကာင္းကို အၿမဲသက္ေသျပလာခဲ့တာေၾကာင့္ ၎တို႔ကို လူသားမ်ားရဲ႕အေကာင္းဆုံးမိတ္ေဆြအျဖစ္ သတ္မွတ္ထားၾကရပါတယ္။

ခုလည္း ေခြးေလးတစ္ေကာင္ဟာ သစ္ပင္တစ္ပင္ေပၚမွျပဳတ္က်သြားတဲ့သခင္ျဖစ္သူအား အကူအညီမရမီအခ်ိန္အထိ သူ႕သခင္ကိုအတတ္နိုင္ဆုံးေပြ႕ဖက္ေပးထားျခင္းျဖင့္ ၎တို႔ကဘယ္ေလာက္သစၥာရွိေၾကာင္းကို ထပ္မံသက္ေသျပသြားခဲ့ျပန္ပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ Jesus Hueche အမည္ရွိအမ်ိဳးသားတစ္ဦးဟာ သစ္ပင္တစ္ပင္အားခုတ္ေနစဥ္ သစ္ပင္ေပၚမွျပဳတ္က်သြားခဲ့ၿပီး သူ႕ရဲ႕ဦးေခါင္းကေအာက္ရွိကြန္ဂရစ္ႏွင့္ ထိမွန္သြားခဲ့ပါတယ္။

ထို႔ေနာက္ Tony အမည္ရွိ သူ႕ေခြးေလးဟာ သခင္ျဖစ္သူက သစ္ပင္ေပၚမွျပဳတ္က်ၿပီး သတိလစ္ေနတာကိုေတြ႕လိုက္တာနဲ႕တစ္ၿပိဳင္နက္ သခင္ဆီသို႔အေျပးအလႊားသြားကာ ၎လုပ္ေပးနိုင္သမွ် အတတ္နိုင္ဆုံးေပြ႕ဖက္ထားေပးခဲ့ပါတယ္။

အကူအညီေရာက္တဲ့အခါမွာေတာင္မွ ထိုေခြးေလးဟာ သခင္ျဖစ္သူကိုဆက္လက္ေပြ႕ဖက္လ်က္ရွိေနခဲ့ၿပီး သူ႕သခင္ေပ်ာက္သြားမွာကိုလည္း စိုးရိမ္ေၾကာက္ေနခဲ့ပုံရပါတယ္။ထို႔ေနာက္ အေရးေပၚတုံ႕ျပန္သူအခ်ိဳ႕က Tony ကိုၿငိမ္သက္ေစခဲ့ၿပီး ေဆးဘက္ဆိုင္ရာဆရာဝန္မ်ားက Hueche ရဲ႕လည္ပင္းကိုေက်ာက္ ပတ္တီးစည္းေပးကာ သူ႕ကိုလူနာထမ္းစင္သို႔တင္ၿပီး လူနာတင္ယာဥ္ေပၚသို႔ လႊဲေျပာင္းေပးခဲ့ေပမဲ့လည္း Tony က ထိုလူနာတင္ကားေနာက္သို႔လိုက္ရန္ႀကိဳးစားေနခဲ့ပါတယ္။

တစ္စုံတစ္ေယာက္က လူနာတင္ကားေနာက္သို႔ လိုက္ရန္ႀကိဳးစားေနတဲ့ Tony အားတားခဲ့ရၿပီး Tony ကို အိမ္၌သာလုံၿခဳံစြာေနေစခဲ့ရပါတယ္။ ကံေကာင္းစြာနဲ႕ပဲ Hueche ရဲ႕ဒဏ္ရာက မျပင္းထန္ခဲ့တာေၾကာင့္ Hueche က အဲ့ေန႕မွာပဲေဆး႐ုံကေနျပန္လြတ္လာခဲ့ပါတယ္။

Hueche ဟာ သူသစ္ပင္မွျပဳတ္က်သြားတဲ့အခ်ိန္မွာ သစၥာေစာင့္သိေၾကာင္းသက္ေသျပခဲ့တဲ့ အခ်စ္ေတာ္ေခြးေလး Tony ကို ေက်းဇူးတင္မိေၾကာင္းႏွင့္ သူဟာ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က လမ္းေပၚမွာေလလြင့္ေနတဲ့ Tony ကို အိမ္သို႔ယူလာၿပီး သားတစ္ေယာက္ကဲ့သို႔ေမြးစားခဲ့ေၾကာင္းကိုလည္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

Tony က ငါ ဘယ္သြားသြားလိုက္သြားတဲ့အျပင္ ငါ့မိန္းမက သူ႕ကိုမႏွင္ထုတ္မခ်င္း ငါ့ကုတင္ေပၚမွာရွိေနတတ္တယ္ လို႔လည္း Hueche က ဟာသေနာၿပီး ျပန္ေျပာခဲ့ပါေသးတယ္။

ဒီလူက အတိတ္မွာ ထိုေခြးေလးကိုကယ္တင္ေပးခဲ့ၿပီး ထိုေခြးေလးကလည္း အနာဂတ္မွာ သူ႕ကို ျပန္လည္ကယ္တင္ေပးခဲ့တယ္။ ဒါဟာ တကယ့္ကို ၾကည္ႏူးအံ့ဩစရာေကာင္းလွပါတယ္ဗ်ာ။

Crd,