ပျင်းရိလွန်းသဖြင့် ဆူးခြုံအတွင်း အပစ်ခံရသည့်ဘဝမှ မင်းဆရာဖြစ်လာသော ရှင်နာဂိတမထေရ် သီတင်းသုံးရာ နာမည်ဆန်းနဲ့ ဆူးတွင်းပစ်ကျောင်း ရာဇဝင်

“ဆူးတွင်းပစ်ကျောင်း” ဆိုတဲ့ နာမည်လေးက ထူးခြားတယ်နော် … ကျောင်းတိုက်ရဲ့ နာမည်က ထူးခြားသလို ကျောင်းတိုက်ရဲ့ အတ္ထုပ္ပတ္တိကလည်း ဆန်းပြားပါတယ်။

ကျောင်းတိုက်အကြောင်းကို မပြောခင် တည်နေရာကို အရင် ညွှန်းပေးပါရစေ … ဆူးတွင်းပစ်ကျောင်းဟာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့ရဲ့ တောင်ဘက်အခြမ်း ပင်းယမြို့ဟောင်းမှာ ရှိပါတယ်။ ပင်းယရွှေစည်းခုံစေတီရဲ့ တောင်ဘက်အရပ်မှာ ရှိတာမို့ ရှာရလွယ်မှာပါ။

ပင်းယခေတ် ငါးစီးရှင်ကျော်စွာ၏ သားတော် ကျော်စွာငယ်မင်း လက်ထက်မှာ စာလုပ်ရမှာကို အင်မတန် ပျင်းရိတဲ့ကျောင်းသားလေး တစ်ယောက်ရှိပါတယ်။ ကျောင်းသားလေးရဲ့ ဇာတိက စစ်ကိုင်းမြို့၏ မြောက်ဘက် သာစည်ရွာပါ။ စာမလုပ်ချင်တဲ့ ကျောင်းသားလေးဟာ မကြာခဏ ဆိုသလို ကျောင်းပြေးလေ့ ရှိတယ်။

ဖခင်ဖြစ်သူ အသည်ကြီးက မည်မျှပင် ဆုံးမစေကာမူ အမှတ်မရှိဘူး။ တစ်နေ့တော့ ဖခင်ဖြစ်သူဟာ သားဖြစ်သူအား နောင်တရစိမ့်သောငှာ ဆူးခြုံအတွင်း ထားကာ အပစ်ပေးတယ်။ ဒဏ်ပေးထားရာမှ လွတ်သွားတဲ့အခါ ကျောင်းသားလေးဟာ အိမ်သို့ မပြန်တော့ဘဲ ဘုန်းကြီးကျောင်းသို့ ပြောင်းနေတယ်။

အချိန်ကြာလာသည်နှင့်အမျှ ကျောင်းနေပျော်လာပြီး စာသင်ရန် စိတ်အားထက်သန်လာတယ်။ နောက်တော့ ကျောင်းသားလေးဟာ သင်္ဃန်းစည်းပြီး သာမဏေဝတ်ကာ လောကီ၊လောကုတ္တရာစာပေများကို အပတ်တကုတ် ဆည်းပူးလေ့လာပါတော့တယ်။ ရှင်နာဂိတမထေရ်ဟာ ရွာကျောင်းမှာ ပညာဆည်းပူရသည်ကို အားမရသဖြင့် စကားကျောင်းမမှာ သီတင်းသုံးတဲ့ ရှင်သုဓမ္မမဟာသာမိမထေရ်ထံမှာ ပညာသင်ယူလိုတဲ့အတွက် ပုဂံမြို့သို့ ကြွသွားပါတယ်။

ရှင်နာဂိတမထေရ်ဟာ စာပေကျမ်းဂန်များအား လုံ့လအပြည့်ဖြင့် သင်အံယူသောကြောင့် ကျမ်းဂန်အရာမှာ နှံ့စပ်တဲ့ မထေရ်တစ်ပါးအဖြစ် ဂုဏ်သတင်း ကျော်ကြားလာတယ်။ မထေရ်ရဲ့ ဂုဏ်သတင်းဟာ သာစည်ရွာမှာ ကျန်ခဲ့သော ဖခင်အသည်ကြီး၏ နားအထိ ပေါက်ရောက်တယ်။

အသည်ကြီးဟာ မထေရ်ရဲ့ အတ္ထုပ္ပတ္တိကို ကြားသိရသောအခါ မိမိ၏သား ဖြစ်မည် အထင်ဖြင့် ပုဂံမြို့သို့ လိုက်လာတယ်။သားမှန်းသိသော် ဝတ်ကြီး၊ဝတ်ငယ် ပြုစုစောင့်ရှောက်လိုသဖြင့် ကပ္ပိယအဖြစ် မထေရ်အပါးမှာ နေထိုင်ပါတယ်။

ရှင်နာဂိတမထေရ်ရဲ့ ပညာဆည်းပူးမှု အတိုင်းအစ ကျေနပ်ချိန်ရောက်သော် ဖခင်ဖြစ်သူဟာ ရဟန်းတော်အား မိခင်ဖြစ်သူထံ ကြွရောက်ချီးမြှင့်ဖို့ လျှောက်ထားတောင်းပန်တယ်။ ရဟန်းတော်က လက်ခံသဖြင့် ပုဂံမြို့မှ သာစည်ရွာသို့ ကြွရင်း ပင်းယရွှေမြို့တော်သို့ ရောက်လာပါတယ်။

ခရီးတထောက် နားခိုရန် ကျောင်းတိုက်ကို ရှာသောအခါ မြို့သူမြို့သားများက ပင်းယမင်း ဆောက်လုပ်ထားတဲ့ ကျောင်းတော်ကြီးတစ်ဆောင်မှာ သီတင်းသုံးမည့် ရဟန်းတော် မရှိသေးကြောင်း၊ မင်းကြီးဟာ သီလဝန်၊ ဂုဏဝန် (အကျင့်သီလ သာမက စာပေကျမ်းဂန်အရာမှာပါ နှံ့စပ်ခြင်း) တို့ဖြင့် ပြည့်စုံသော မည်သည့်ရဟန်းမဆို တက်ရောက်သီတင်းသုံးနိုင်သည်ဟု ကြော်ငြာထားကြောင်း မထေရ်အား လျှောက်ထားကြတယ်။

ဒကာတို့ စကားဆုံးသောအခါ ရှင်နာဂိတမထေရ်ဟာ ဖခင်အသည်ကြီးနှင့်အတူ ဘုရင်ဆောက်လုပ်ထားသော “ရတနာအောင်မြေ မဟာဘုံစံကျော်စွာ ကျောင်းတိုက်” မှာ တက်ရောက်သီတင်းသုံးပါတယ်။ကျောင်းတိုက်မှာ သီတင်းသုံးနေသည့် ရဟန်းရှိကြောင်း မင်းချင်းတို့ သိသောအခါ မင်းကြီးထံ လျှောက်တင်ကြတယ်။

မင်းကြီးက ပညာရှိအမတ်ကြီး စတုရင်္ဂဗလကို စေလွှတ်ပြီး ကျောင်းတော်အား လှူဒါန်းရန် ထိုက်သော ရဟန်း ဟုတ်မဟုတ်ကို စုံစမ်းစေတယ်။ ရှင်နာဂိတမထေရ်ဟာ အမတ်ကြီး မေးသမျှ ပါဠိ၊ အဋ္ဌကတာ၊ ဋီကာကျမ်းဂန်များထဲမှ ခက်ရာခက်ဆစ်များကို မတိမ်းမစောင်း အဟုတ်အမှန်အတိုင်း ဖြေကြားနိုင်ခဲ့တယ်။

အမတ်ကြီးဟာ မင်းကြီးအား ဧည့်သည်ရဟန်းတော်မှာ သီလဝန်၊ ဂုဏဝန် တို့ဖြင့် ပြည့်စုံကြောင်း လျှောက်တင်ပါတယ်။ မင်းကြီးလည်း နှစ်ထောင်းဝမ်းမြောက်လှသဖြင့် ရှင်နာဂိတမထေရ်အား ကျောင်းတိုက်အား ရေစက်ချ လှူဒါန်းပါတော့တယ်။ ရဟန်းတော်၏ ဖခင် အသည်ကြီးကိုလည်း ဆုလာဘ်များစွာ ချီးမြှင့်ပြီး သူဌေးဘွဲ့ ခံယူစေတယ်။

ငယ်ဘဝ အတ္ထုပ္ပတ္တိကြောင့် ဆူးတွင်းပစ်ဆရာတော် ဟုလည်းကောင်း၊ ပုဂံမှ ကြွချီလာသဖြင့် ပေါက္ကံဆရာတော် ဟုလည်းကောင်း ပင်းယခေတ်မှာ ထင်ရှားကျော်ကြားပါတယ်။ ရှင်နာဂိတမထေရ်ဟာ ပျင်းရိသော ကျောင်းသားလေး ဘဝမှ စာပေကျမ်းဂန်များကို ကြိုးစားလေ့လာခဲ့သဖြင့် ဘုရင်ကတောင် ကိုးကွယ်ရတဲ့ မင်းဆရာတစ်ပါး ဖြစ်လာခဲ့ပါတယ်။

မထေရ်၏ အကျိုးဖြင့် မိဘများသည်လည်း တစ်သက်တာပတ်လုံး ချမ်းချမ်းသာသာ နေသွားရတယ်။ အခွင့်အရေးဆိုတာ ပျင်းရိသူတွေဆီ ဘယ်သောအခါမှ ရောက်မလာ တတ်ပါဘူး။ ကြိုးစားခြင်းရဲ့ ရလာဒ်ကောင်းဟာ မိမိအတွက်သာ မကဘဲ မိမိရဲ့ မိသားစုဝင်တွေ အတွက်ပါ ရှိနိုင်ကြောင်း တင်ပြလိုက်ပါတယ်။

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်
နော်ဂဲလယ်ထူး(စာပေပရဟိတ)

Zawgyi
ဆူးတြင္းပစ္ေက်ာင္း ဆိုတဲ့ နာမည္ေလးက ထူးျခားတယ္ေနာ္ ေက်ာင္းတိုက္ရဲ႕ နာမည္က ထူးျခားသလို ေက်ာင္းတိုက္ရဲ႕ အတၳဳပၸတၱိကလည္း ဆန္းျပားပါတယ္။

ေက်ာင္းတိုက္အေၾကာင္းကို မေျပာခင္ တည္ေနရာကို အရင္ ၫႊန္းေပးပါရေစ ဆူးတြင္းပစ္ေက်ာင္းဟာ မႏၱေလးတိုင္းေဒသႀကီး၊ တံတားဦးၿမိဳ႕ရဲ႕ ေတာင္ဘက္အျခမ္း ပင္းယၿမိဳ႕ေဟာင္းမွာ ရွိပါတယ္။ ပင္းယေ႐ႊစည္းခုံေစတီရဲ႕ ေတာင္ဘက္အရပ္မွာ ရွိတာမို႔ ရွာရလြယ္မွာပါ။

ပင္းယေခတ္ ငါးစီးရွင္ေက်ာ္စြာ၏ သားေတာ္ ေက်ာ္စြာငယ္မင္း လက္ထက္မွာ စာလုပ္ရမွာကို အင္မတန္ ပ်င္းရိတဲ့ေက်ာင္းသားေလး တစ္ေယာက္ရွိပါတယ္။ ေက်ာင္းသားေလးရဲ႕ ဇာတိက စစ္ကိုင္းၿမိဳ႕၏ ေျမာက္ဘက္ သာစည္႐ြာပါ။ စာမလုပ္ခ်င္တဲ့ ေက်ာင္းသားေလးဟာ မၾကာခဏ ဆိုသလို ေက်ာင္းေျပးေလ့ ရွိတယ္။

ဖခင္ျဖစ္သူ အသည္ႀကီးက မည္မွ်ပင္ ဆုံးမေစကာမူ အမွတ္မရွိဘူး။ တစ္ေန႕ေတာ့ ဖခင္ျဖစ္သူဟာ သားျဖစ္သူအား ေနာင္တရစိမ့္ေသာငွာ ဆူးၿခဳံအတြင္း ထားကာ အပစ္ေပးတယ္။ ဒဏ္ေပးထားရာမွ လြတ္သြားတဲ့အခါ ေက်ာင္းသားေလးဟာ အိမ္သို႔ မျပန္ေတာ့ဘဲ ဘုန္းႀကီးေက်ာင္းသို႔ ေျပာင္းေနတယ္။

အခ်ိန္ၾကာလာသည္ႏွင့္အမွ် ေက်ာင္းေနေပ်ာ္လာၿပီး စာသင္ရန္ စိတ္အားထက္သန္လာတယ္။ ေနာက္ေတာ့ ေက်ာင္းသားေလးဟာ သဃၤန္းစည္းၿပီး သာမေဏဝတ္ကာ ေလာကီ၊ေလာကုတၱရာစာေပမ်ားကို အပတ္တကုတ္ ဆည္းပူးေလ့လာပါေတာ့တယ္။ ရွင္နာဂိတမေထရ္ဟာ ႐ြာေက်ာင္းမွာ ပညာဆည္းပူရသည္ကို အားမရသျဖင့္ စကားေက်ာင္းမမွာ သီတင္းသုံးတဲ့ ရွင္သုဓမၼမဟာသာမိမေထရ္ထံမွာ ပညာသင္ယူလိုတဲ့အတြက္ ပုဂံၿမိဳ႕သို႔ ႂကြသြားပါတယ္။

ရွင္နာဂိတမေထရ္ဟာ စာေပက်မ္းဂန္မ်ားအား လုံ႕လအျပည့္ျဖင့္ သင္အံယူေသာေၾကာင့္ က်မ္းဂန္အရာမွာ ႏွံ႕စပ္တဲ့ မေထရ္တစ္ပါးအျဖစ္ ဂုဏ္သတင္း ေက်ာ္ၾကားလာတယ္။ မေထရ္ရဲ႕ ဂုဏ္သတင္းဟာ သာစည္႐ြာမွာ က်န္ခဲ့ေသာ ဖခင္အသည္ႀကီး၏ နားအထိ ေပါက္ေရာက္တယ္။

အသည္ႀကီးဟာ မေထရ္ရဲ႕ အတၳဳပၸတၱိကို ၾကားသိရေသာအခါ မိမိ၏သား ျဖစ္မည္ အထင္ျဖင့္ ပုဂံၿမိဳ႕သို႔ လိုက္လာတယ္။သားမွန္းသိေသာ္ ဝတ္ႀကီး၊ဝတ္ငယ္ ျပဳစုေစာင့္ေရွာက္လိုသျဖင့္ ကပၸိယအျဖစ္ မေထရ္အပါးမွာ ေနထိုင္ပါတယ္။

ရွင္နာဂိတမေထရ္ရဲ႕ ပညာဆည္းပူးမႈ အတိုင္းအစ ေက်နပ္ခ်ိန္ေရာက္ေသာ္ ဖခင္ျဖစ္သူဟာ ရဟန္းေတာ္အား မိခင္ျဖစ္သူထံ ႂကြေရာက္ခ်ီးျမႇင့္ဖို႔ ေလွ်ာက္ထားေတာင္းပန္တယ္။ ရဟန္းေတာ္က လက္ခံသျဖင့္ ပုဂံၿမိဳ႕မွ သာစည္႐ြာသို႔ ႂကြရင္း ပင္းယေ႐ႊၿမိဳ႕ေတာ္သို႔ ေရာက္လာပါတယ္။

ခရီးတေထာက္ နားခိုရန္ ေက်ာင္းတိုက္ကို ရွာေသာအခါ ၿမိဳ႕သူၿမိဳ႕သားမ်ားက ပင္းယမင္း ေဆာက္လုပ္ထားတဲ့ ေက်ာင္းေတာ္ႀကီးတစ္ေဆာင္မွာ သီတင္းသုံးမည့္ ရဟန္းေတာ္ မရွိေသးေၾကာင္း၊ မင္းႀကီးဟာ သီလဝန္၊ ဂုဏဝန္ (အက်င့္သီလ သာမက စာေပက်မ္းဂန္အရာမွာပါ ႏွံ႕စပ္ျခင္း) တို႔ျဖင့္ ျပည့္စုံေသာ မည္သည့္ရဟန္းမဆို တက္ေရာက္သီတင္းသုံးနိုင္သည္ဟု ေၾကာ္ျငာထားေၾကာင္း မေထရ္အား ေလွ်ာက္ထားၾကတယ္။

ဒကာတို႔ စကားဆုံးေသာအခါ ရွင္နာဂိတမေထရ္ဟာ ဖခင္အသည္ႀကီးႏွင့္အတူ ဘုရင္ေဆာက္လုပ္ထားေသာ ရတနာေအာင္ေျမ မဟာဘုံစံေက်ာ္စြာ ေက်ာင္းတိုက္ မွာ တက္ေရာက္သီတင္းသုံးပါတယ္။ေက်ာင္းတိုက္မွာ သီတင္းသုံးေနသည့္ ရဟန္းရွိေၾကာင္း မင္းခ်င္းတို႔ သိေသာအခါ မင္းႀကီးထံ ေလွ်ာက္တင္ၾကတယ္။

မင္းႀကီးက ပညာရွိအမတ္ႀကီး စတုရဂၤဗလကို ေစလႊတ္ၿပီး ေက်ာင္းေတာ္အား လႉဒါန္းရန္ ထိုက္ေသာ ရဟန္း ဟုတ္မဟုတ္ကို စုံစမ္းေစတယ္။ ရွင္နာဂိတမေထရ္ဟာ အမတ္ႀကီး ေမးသမွ် ပါဠိ၊ အ႒ကတာ၊ ဋီကာက်မ္းဂန္မ်ားထဲမွ ခက္ရာခက္ဆစ္မ်ားကို မတိမ္းမေစာင္း အဟုတ္အမွန္အတိုင္း ေျဖၾကားနိုင္ခဲ့တယ္။

အမတ္ႀကီးဟာ မင္းႀကီးအား ဧည့္သည္ရဟန္းေတာ္မွာ သီလဝန္၊ ဂုဏဝန္ တို႔ျဖင့္ ျပည့္စုံေၾကာင္း ေလွ်ာက္တင္ပါတယ္။ မင္းႀကီးလည္း ႏွစ္ေထာင္းဝမ္းေျမာက္လွသျဖင့္ ရွင္နာဂိတမေထရ္အား ေက်ာင္းတိုက္အား ေရစက္ခ် လႉဒါန္းပါေတာ့တယ္။ ရဟန္းေတာ္၏ ဖခင္ အသည္ႀကီးကိုလည္း ဆုလာဘ္မ်ားစြာ ခ်ီးျမႇင့္ၿပီး သူေဌးဘြဲ႕ ခံယူေစတယ္။

ငယ္ဘဝ အတၳဳပၸတၱိေၾကာင့္ ဆူးတြင္းပစ္ဆရာေတာ္ ဟုလည္းေကာင္း၊ ပုဂံမွ ႂကြခ်ီလာသျဖင့္ ေပါကၠံဆရာေတာ္ ဟုလည္းေကာင္း ပင္းယေခတ္မွာ ထင္ရွားေက်ာ္ၾကားပါတယ္။ ရွင္နာဂိတမေထရ္ဟာ ပ်င္းရိေသာ ေက်ာင္းသားေလး ဘဝမွ စာေပက်မ္းဂန္မ်ားကို ႀကိဳးစားေလ့လာခဲ့သျဖင့္ ဘုရင္ကေတာင္ ကိုးကြယ္ရတဲ့ မင္းဆရာတစ္ပါး ျဖစ္လာခဲ့ပါတယ္။

မေထရ္၏ အက်ိဳးျဖင့္ မိဘမ်ားသည္လည္း တစ္သက္တာပတ္လုံး ခ်မ္းခ်မ္းသာသာ ေနသြားရတယ္။ အခြင့္အေရးဆိုတာ ပ်င္းရိသူေတြဆီ ဘယ္ေသာအခါမွ ေရာက္မလာ တတ္ပါဘူး။ ႀကိဳးစားျခင္းရဲ႕ ရလာဒ္ေကာင္းဟာ မိမိအတြက္သာ မကဘဲ မိမိရဲ႕ မိသားစုဝင္ေတြ အတြက္ပါ ရွိနိုင္ေၾကာင္း တင္ျပလိုက္ပါတယ္။

Crd,မူရင္းေရးသားသူအားေလးစားစြာျဖင့္
ေနာ္ဂဲလယ္ထူး(စာေပပရဟိတ)