ဒဏ်ရာရရှိထားတဲ့ မိကျောင်းကို ကယ်တင်ခဲ့ပြီး အနှစ် ၂၀ ခန့် မိသားစုလိုအတူနေထိုင်ခဲ့ပြီးနောက် ဆုံးရှုံးလိုက်ရတဲ့ အမျိူးသား

မိကျောင်းတို့က အလွန်ရိုင်းပြီး ရန်လိုတက်တဲ့ သတ္တဝါများဖြစ်ပါတယ် ။ ဒါပေမဲ့လည်း မိကျောင်းကို ကယ်တင်ခဲ့တဲ့ ကော်စတာရီကာကတံငါသည်တစ်ဦးကတော့ မိကျောင်းနဲ့အတူ နှစ်ပေါင်း 20 ကျော် နေထိုင်လာကာ လူနဲ့ မိကျောင်းကြား ဆက်ဆံရေးက မယုံနိုင်လောက်အောင် ဒဏ္ဍာရီဆန်လှပါတယ် ။

1989 ခုနှစ်မှာ Chito အမည်ရှိ တံငါသည် လူငယ်တစ်ဦးက ပြင်းထန်စွာ ဒဏ်ရာရရှိတဲ့ အမေရိကန်မိကျောင်းကို မြစ်ကမ်းစပ်မှာ တွေ့ရှိခဲ့ပြီChito ဟာ ကရုဏာသက်စွာပင် မိကျောင်းကို လှေပေါ်တင်ဖို့ သူ့သူငယ်ချင်းတွေနဲ့ အိမ်ခေါ်ပြန်ခဲ့ပါတယ်။

Chito က မိကျောင်းကို Pocho လို့နာမည်ပေးပြီး ကောင်း ကောင်း ပြုစုခဲ့ပါတယ် ။ ညဘက်မှာတောင် Pocho နဲ့ အတူအိပ်ခဲ့ပါတယ် ။ လအတော်ကြာပြီးနောက် Pocho ရဲ့ဒဏ်ရာက တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာသောကြောင့် Chito ဟာ အနီးနားရှိမြစ်ထဲသို့ခေါ်သွားပြီး တောထဲသို့ပြန်ပို့ခဲ့ပါတယ် ။

မထင်မှတ်ပဲ နောက်နေ့မနက်မှာ Pocho က Chito ရဲ့ ခြံဝမှာ ပြန်ရောက်လာပြီး အံ့အားသင့်သွားခဲ့ပါတယ် ။ အဲ့ဒီလိုနဲ့ပဲ Pocho က သူ့ရဲ့သခင်နောက်ကို ခွေးတစ်ကောင်လိုပင် လိုက်နေခဲ့ပါတယ် ။ဒါပေမဲ့ နောက်ပိုင်းမှာ ဝမ်းနည်းစရာကြုံလာပြီး Pocho က 2011 ခုနှစ် အောက်တိုဘာလမှာ အသက်ကြီးစွာဖြင့် ကွယ်လွန်သွားခဲ့ပါတယ် ။

ခန့်မှန်းခြေအားဖြင့် အသက် 50 မှ 60 ခန့်ရှိပြီဖြစ်ပါတယ် ။ Chito က Pocho ကွယ်လွန်မှုအတွက် ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတစ်ခုကို စီစဉ်ခဲ့ပါတယ် ။

ဈာပနမှာ ဒေသခံပြည်သူများကလည်း Pocho ကို ချစ်နှစ်သက်ကြပြီး အများအပြား တက်ရောက်ခဲ့ကြပါတယ် ။ ထိုအချိန်တွင် Chito က အသုဘအတွင်း ရှိုက်ကြီးတငင် ငိုပြီးသူ့အတွက်ကတော့ Pocho ဟာ သူ့မိသားစုရဲ့ အစိတ်အပိုင်းတစ်ခုလိုဖြစ်တာကြောင့် အစားထိုးလို့မရပါဘူး ။

Chito က နောက်ပိုင်းမှာ အမေရိကန်မိကျောင်းကို ပြန်လည်မွေးစားခဲ့ပြီး Pocho ကို မွေးမြူတဲ့နည်းအတိုင်း မွေးမြူထားကြောင်း သိရပါတယ် ။

Pocho Jr. လို့ နာမည်ပေးခဲ့ပေမယ့် သူ့နှလုံးသားထဲမှာ Pocho ကို မေ့ပျောက်နိုင်မာမဟုတ်ဘူးဆိုတာ သေချာပါတယ် ။ Chito နဲ့ Pocho အကြား ချစ်ကြည်ရင်းနှီးမှုကို video နဲ့ ပြသပေးထားပါတယ် ။

JRose (KB Chimmy one)

Reference : goodtimes

Zawgyi
မိေက်ာင္းတို႔က အလြန္ရိုင္းၿပီး ရန္လိုတက္တဲ့ သတၱဝါမ်ားျဖစ္ပါတယ္ ။ ဒါေပမဲ့လည္း မိေက်ာင္းကို ကယ္တင္ခဲ့တဲ့ ေကာ္စတာရီကာကတံငါသည္တစ္ဦးကေတာ့ မိေက်ာင္းနဲ႕အတူ ႏွစ္ေပါင္း 20 ေက်ာ္ ေနထိုင္လာကာ လူနဲ႕ မိေက်ာင္းၾကား ဆက္ဆံေရးက မယုံနိုင္ေလာက္ေအာင္ ဒ႑ာရီဆန္လွပါတယ္ ။

1989 ခုႏွစ္မွာ Chito အမည္ရွိ တံငါသည္ လူငယ္တစ္ဦးက ျပင္းထန္စြာ ဒဏ္ရာရရွိတဲ့ အေမရိကန္မိေက်ာင္းကို ျမစ္ကမ္းစပ္မွာ ေတြ႕ရွိခဲ့ၿပီChito ဟာ က႐ုဏာသက္စြာပင္ မိေက်ာင္းကို ေလွေပၚတင္ဖို႔ သူ႕သူငယ္ခ်င္းေတြနဲ႕ အိမ္ေခၚျပန္ခဲ့ပါတယ္။

Chito က မိေက်ာင္းကို Pocho လို႔နာမည္ေပးၿပီး ေကာင္း ေကာင္း ျပဳစုခဲ့ပါတယ္ ။ ညဘက္မွာေတာင္ Pocho နဲ႕ အတူအိပ္ခဲ့ပါတယ္ ။ လအေတာ္ၾကာၿပီးေနာက္ Pocho ရဲ႕ဒဏ္ရာက တျဖည္းျဖည္းျပန္လည္ေကာင္းမြန္လာေသာေၾကာင့္ Chito ဟာ အနီးနားရွိျမစ္ထဲသို႔ေခၚသြားၿပီး ေတာထဲသို႔ျပန္ပို႔ခဲ့ပါတယ္ ။

မထင္မွတ္ပဲ ေနာက္ေန႕မနက္မွာ Pocho က Chito ရဲ႕ ၿခံဝမွာ ျပန္ေရာက္လာၿပီး အံ့အားသင့္သြားခဲ့ပါတယ္ ။ အဲ့ဒီလိုနဲ႕ပဲ Pocho က သူ႕ရဲ႕သခင္ေနာက္ကို ေခြးတစ္ေကာင္လိုပင္ လိုက္ေနခဲ့ပါတယ္ ။ဒါေပမဲ့ ေနာက္ပိုင္းမွာ ဝမ္းနည္းစရာႀကဳံလာၿပီး Pocho က 2011 ခုႏွစ္ ေအာက္တိုဘာလမွာ အသက္ႀကီးစြာျဖင့္ ကြယ္လြန္သြားခဲ့ပါတယ္ ။

ခန႔္မွန္းေျခအားျဖင့္ အသက္ 50 မွ 60 ခန႔္ရွိၿပီျဖစ္ပါတယ္ ။ Chito က Pocho ကြယ္လြန္မႈအတြက္ ႀကီးက်ယ္ခမ္းနားတဲ့ အခမ္းအနားတစ္ခုကို စီစဥ္ခဲ့ပါတယ္ ။

ဈာပနမွာ ေဒသခံျပည္သူမ်ားကလည္း Pocho ကို ခ်စ္ႏွစ္သက္ၾကၿပီး အမ်ားအျပား တက္ေရာက္ခဲ့ၾကပါတယ္ ။ ထိုအခ်ိန္တြင္ Chito က အသုဘအတြင္း ရွိုက္ႀကီးတငင္ ငိုၿပီးသူ႕အတြက္ကေတာ့ Pocho ဟာ သူ႕မိသားစုရဲ႕ အစိတ္အပိုင္းတစ္ခုလိုျဖစ္တာေၾကာင့္ အစားထိုးလို႔မရပါဘူး ။

Chito က ေနာက္ပိုင္းမွာ အေမရိကန္မိေက်ာင္းကို ျပန္လည္ေမြးစားခဲ့ၿပီး Pocho ကို ေမြးျမဴတဲ့နည္းအတိုင္း ေမြးျမဴထားေၾကာင္း သိရပါတယ္ ။

Pocho Jr. လို႔ နာမည္ေပးခဲ့ေပမယ့္ သူ႕ႏွလုံးသားထဲမွာ Pocho ကို ေမ့ေပ်ာက္နိုင္မာမဟုတ္ဘူးဆိုတာ ေသခ်ာပါတယ္ ။ Chito နဲ႕ Pocho အၾကား ခ်စ္ၾကည္ရင္းႏွီးမႈကို video နဲ႕ ျပသေပးထားပါတယ္ ။

JRose (KB Chimmy one)

Reference : goodtimes