တောင်ငူမြို့သို့ ယိုးဒယားဘုရင် လာရောက်တိုက်ခိုက်စဉ်က ဖောက်သွားသော မြောင်းပေါက်(သို့)တောင်ငူမြို့ ရဲ့ သမိုင်းဝင်”ယိုးဒယားပေါက်”

တောင်ငူမြို့သမိုင်းဝင် ”ယိုးဒယားပေါက်”

ကေတုမတီ တောင်ငူမြို့ အရှေ့ဘက်ကျုံးတွင် ယိုးဒယားဘုရင် ဗြနရာဇ် လာရောက်တိုက်ခိုက်စဉ်က ဖောက်သွားသော မြောင်းပေါက်တခု ရှိသည်။

ဦးကုလား၏ မဟာရာဇဝင်ကြီး။ တွင်းသင်း ရာဇဝင်သစ်နှင့် မှန်နန်းရာဇဝင်များတွင် ထိုနေရာကို ”ယိုးဒယားပေါက်” ဟု ခေါ်တွင်ကြောင်း ရေးသားဖော်ပြကြသည်။သမိုင်းဖြစ်စဉ်မှာ တောင်ငူဘုရင် မင်းရဲသီဟသူသည် နောင်တော် နန္ဒဘုရင်ကို တိုက်ခိုက်ရန်အတွက် ရခိုင်ဘုရင်မင်းရာဇာကြီးထံ စစ်ကူတောင်းသည်။

နန္ဒဘုရင်သည် လက်အောက်ခံ ဘုရင်များကို မယုံကြည်သဖြင့် ညီတော်တောင်ငူမင်း ဇင်းမယ်ဘုရင် နော်ရထာစော ညောင်ရမ်းမင်းတို့ထံမှ သားတော်တဦးစီနှင့် ဆင်ကောင်း တစီးစီသူ့ထံ ပေးပို့ထားရန် တောင်းဆိုသည်။

မပုန်ကန်နိုင်စေရန် ဓားစာခံ တောင်းခြင်း ဖြစ်သည်။ ထို့ကြောင့် တောင်ငူမင်းလည်း ရခိုင်ဘုရင်ထံ စစ်ကူတောင်းပြီး ဟံသာဝတီကို လုပ်ကြံရာ နန္ဒဘုရင် နန်းကျလေသည်။ ထိုသတင်းကို ယိုးဒယားဘုရင် ဗြနရာဇ် (Phya Naresuon) ကြားသောအခါ ဟံသာဝတီသို့ စစ်ချီလာသည်။

တောင်ငူဘုရင်လည်း နန္ဒဘုရင်ကို ခေါ်ဆောင်ပြီး တောင်ငူသို့ ပြန်ဆုတ်ကာ စစ်ပွဲအတွက် မြို့ပြ ကျုံးမြောင်းပြင်ဆင်သည်။ AD 1600 Fe လတွင်ဗြနရာဇ် တောင်ငူသို့ ချီတက်လာပြီး ကျွဲမကူးချောင်းတွင် တပ်ချသည်။

တောင်ငူသို့ သံစေလွှတ်ပြီး ”တောင်ငူကို စစ်ပြုရန် လာခြင်းမဟုတ်။ နန္ဒဘုရင်ကို ဘုရားကဲ့သို့ ကိုးကွယ်လို၍ တောင်းရန်လာသည်” ဟုဆို၏။တောင်ငူမင်းကလည်း သင်သာမဟုတ် ငါလည်း ကိုးကွယ်မည်ဟုပင့်ဆောင်လာသည် မပေးနိုင်ဟု ပြောလိုက်သည်။

ဗြနရာဇ်လည်း နန္ဒဘုရင်ကို မရလျှင်ငါမပြန်ဟု ဆိုကာ မြို့ကို ဝိုင်းရံတိုက်ခိုက်လေသည်။ မင်းရဲသီဟသူနှင့် နတ်ရှင်နောင်တို့ ညီအကို လေးပါးကလည်း ရွတ်ရွတ်ချွန်ချွန် ပြန်လည်တိုက်ခိုက်သည်။ တောင်ငူကျုံးများသည် ကျယ်ဝန်းပြီး ရေလည်းနက်၏။

မြို့ရိုးပေါ်က အမြောက်စိန်ပြောင်းသေနတ် ပစ်ခတ်မှုလည်း များသဖြင့်မြို့ကို မတက်နီုင် ဖြစ်နေသည်။ ရိက္ခာလုံလောက်မှု မရှိ။ ပို့လာသော ရိက္ခာလှေများကို ရခိုင်ဘုရင်တပ်များကဖြတ်တောက် တိုက်ခိုက်သည်။

ကျုံးထဲတွင်လည်း မိချောင်းများက တိုက်ခိုက်၍ မကူးနိုင်။ ထို့ကြောင့်ကျုံးရေကို တူးမြောင်းတူးပြီး ပေါင်းလောင်း (စစ်တောင်း) မြစ်ထဲသို့ဖောက်ထုတ်သည်။ကျုံးထဲတွင်လည်း မိချောင်းများက တိုက်ခိုက်၍ မကူးနိုင်။ ထို့ကြောင့်ကျုံးရေကို တူးမြောင်းတူးပြီး ပေါင်းလောင်း (စစ်တောင်း) မြစ်ထဲသို့ဖောက်ထုတ်သည်။

ထို့ကြောင့် ဤမြောင်းပေါက်ကို ”ယိုးဒယားပေါက်” ဟု ခေါ်ကြသည်။နှစ်လခန့်ကြာသော် ရိက္ခာလည်း ပြတ်မိုးဥိး ကျတော့မည်ဖြစ်၍ ယိုးဒယားမင်း ဗြနရာဇ် ပြန်လည် ဆုတ်ခွာသွားသည်။

ဤနေရာတွင် အနည်းငယ် ရှင်းပြပါရစေ။ ဟံသာဝတီ ကျုံးထဲတွင် မိချောင်းများ မွေးမြူထားသည့်အကြောင်း နိုင်ငံခြား ခရီးသည်မှတ်တမ်းတွင် ဖတ်ဖူးပါသည်။

တောင်ငူမှာ မွေးထားခြင်း ရှိမရှိ မသိပါ။ 2014 September လက ထိုင်းဧည့်သည်တဖွဲ့ တောင်ငူ လာလည်ပါသည်။ ဧည့်လမ်းညွှန် ရှမ်းအမျိုးသမီးမှာ ကျနော်၏ Fb သူငယ်ချင်း ဖြစ်ပါသည်။

သူအကူအညီ တောင်းသည်နှင့် လိုက်ပြရသည်။ နရေဆွန်ဇာတ်ကားရိုက်ကူးသူ ထိုင်းတော်ဝင်မင်းသားကြီး နှင့် ချူလာလောင်ကွန်တက္ကသိုလ် သမိုင်းပါမောက္ခ Sunait တို့ ဖြစ်နေ၍ အတော် တာဝန်ကြီးသည်။

ဒါရိုက်တာ မင်းသားကြီးမှာ ချူလာလောင်ကွန် ဘုရင်ကြီး၏ မြစ်တော်သည်။ ဘုရင်ဘူမိဘော၏ cousin တော်ပါသည်။ Royal Kaytumadi hotel မှာ Breakfast စားရင်း ပဏာမ ဆွေးနွေးကြသည်။

ပါမောက္ခဆူနိတ်က သူတို့သွားချင်သည့် နေရာစာရင်းကို ပေးသည်။ သူက မြန်မာစာလည်း ရေးတတ် ဖတ်တတ်ပါသည်။အဓိက ကြည့်ချင်တာက ယိုးဒယားပေါက် ဖြစ်ပါသည်။

ကျုံးအပြင်ဘက်က တပါတ်ပတ်ပြသည်။ ယိုးဒယားပေါက်ကို ရန်ကုန်မန္တလေး လမ်းဟောင်းတံတားပေါ်က ပြသရင်း သမိုင်းကို ပြောပြပါသည်။ သူ့တပည့်တွေထဲမှာ ဓာတ်ပုံဆရာအပြင် ပန်းချီဆရာလည်း ပါသည်။

တခါထဲ မှတ်တမ်း တင်ကြသည်။ ပြီးတော့မှ မေးခွန်း မေးပါတော့သည်။ ဘာဖြစ်လို့ ကျုံးကို ‌ဖောက်တယ်လို့ထင်ပါသလဲတဲ့? ကျုံးနက်လို့ ကျယ်လို့ဆိုတော့ နောက်တချက် ရှိသေးသတဲ့။ အဲဒါမှ ဒုက္ခပဲ။ ဘာလဲလို့ ပြန်မေးတော့ မိချောင်းတွေ ကျုံးထဲမှာမွေးထားလို့ ကူးလို့ မရတာလို့ ပြောပါသည်။

ကိုယ်လည်း အသေအချာ မသိတော့ငြိမ်နေလိုက်ရပါသည်။ နောက်မေးခွန်းတခုကလည်း ဒုက္ခပေးပါတယ်။ ဒီမြောင်းပေါက်ရဲ့ မြစ်ထဲဝင်တဲ့နေရာ ကြည့်ချင်ပါသတဲ့။

မိုးတွင်း ရေကြီးချိန်မို့ သွားရတာဒုက္ခရောက်ပါသည်။။ မင်းသားကြီးက 72နှစ် ရှိပါပြီ။ လမ်းတွေက မကောင်းလို့ သူ့ကို ဆိုင်ကယ်ကယ်ရီပေါ် တင်ပြီး လိုက်ပြရပါသည်။အိမ်ရောက်မှ သမိုင်းစာအုပ်တွေ ပြန်ကြည့်တယ်။ မတွေ့ဘူး။ နောက်ဆုံးဧချင်းဟောင်း ဆယ့်နှစ်စောင်တွဲ မင်းရဲနရာ ဧချင်းအပိုဒ် 24မှာ သူတို့ ပြောတာကို တွေ့ပါသည်။

အဲဒီနှစ်က ပို့စ်တင်တော့ Zaw Myo Oo က ပြောပါတယ် 1795 ဘိုးတော်ဘုရား အမိန့်တစောင်မှာ ကျုံးထဲကို မိချောင်း ထည့်သည့်အကြောင်း တွေ့ရပါသတဲ့။ ခပေါင်းချောင်း ရေလျှံရင် တောင်ငူမြို့ထဲကို ရေတခါမှ မဝင်ပါဘူး။

အနောက်ဘက်ကျုံးက မြောက်ဘက်ကျုံး အရှေ့ဘက်ကျုံးကို ပတ်စီးပြီးယိုးဒယားပေါက်ကနေ မြစ်ထဲကို စီးပါသည်။။ အရပ်အခေါ်က မြစ်ကြီးပေါက်လို့ ခေါ်ပါသည်။ 2017တုန်းက အမျိုးသားလွှတ်တော်မှာ မေးခွန်းမေးပါသည်။

တောင်ငူဒေသ၏ ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းပေးရန်အစီအစဉ် ရှိမရှိ မေးသောအခါသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးက ဘတ်ဂျက် မရှိသေး၍ အစီအစဉ်မရှိသေးပါတဲ့။ ဒါပေမယ့် ပဲခူးတိုင်းဒေသကြီး အစိုးရ အကူအညီနှင့်တတ်နိုင်သမျှ ထိန်းသိမ်းပေးပါမည်။

ထိုအပတ် လွှတ်တော်နားချိန်တွင် တိုင်းရှေးသုဌာနမှ ညွှန်ကြားရေးမှူးကျနော့ကို လာတွေ့ပါသည်။ မြို့ရိုးများ ကျုံးများ တတ်နိုင်သမျှထိန်းသိမ်းပေးရန်။

ယိုးဒယားပေါက်ကို ထိန်းသိမ်းချင်ကြောင်း ပြောပြလိုက်သည်။x2017 – 18 ပြည်ထောင်စုဘတ်ဂျက်တွင် ယိုးဒယားပေါက်နှင့် အနောက်ဘက်မြို့ရိုး တူးဖော်ရန် 22သန်း ရလာပါသည်။သမိုင်းအစဉ်အလာ ကြီးသောတောင်ငူမြို့အတွက် အစိုးရထံမှပထမဆုံး ရသောငွေဖြစ်၍ ဝမ်းသာရပါသည်။

ဘယ်တုန်းကမှ မရဘူးပါ။2019 – 20 တိုင်းအစိုးရ ဘတ်ဂျက်တွင်အရှေ့ဘက် ကျုံးဆယ်ခြင်းနှင့် ကျုံးပတ်လမ်း ခင်းရန်ရရှိပြီး ယိုးဒယားပေါက် တံတားနှင့် စစ်ပွဲ ပန်းချီကားကို ရေးဆွဲနိုင်ခဲ့ပါသည်။

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်