အချိန်တွေ ကြာလာတာနဲ့အမျှ မျက်မှန်ပေါ်မှာ အစင်းကြောင်း၊ ခြစ်ရာတွေကလည်း များလာပါတယ်။ အစင်းကြောင်းတွေများလာရင် ကြည့်ရတာလည်း အဆင်ပြေမှာမဟုတ်ပါဘူး။ အဲဒီအခါ ခေါင်းကိုက်တာလည်း ခံစားရမှာပါ။
မျက်မှန်မှာ ဖုန်တွေ၊ အစင်းကြောင်းတွေ မဖြစ်အောင် ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့လည်း လိုအပ်ပါတယ်။ အဲဒါကြောင့် ဒီနေ့မှာတော့ မျက်မှန်ပေါ်က အစင်းကြောင်းတွေကို ဘယ်လိုနည်းတွေနဲ့ ဖယ်ရှားနိုင်မလဲဆိုတာ love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ သွားတိုက်ဆေး
သွားတိုက်ဆေးအနည်းငယ်ကို မျက်မှန်ရဲ့ မှန်နှစ်ဖက်လုံးမှာ ထည့်လိုက်ပါ။ အစွန်းချွတ်ဆေးမပါတဲ့ သွားတိုက်ဆေး၊ ကြမ်းတမ်းတဲ့ဓာတုဆေးတွေ မပါတဲ့သွားတိုက်ဆေးဖြစ်ဖို့ အရေးကြီးပါတယ်။ ပြီးရင် ပိတ်စလေးနဲ့ မျက်မှန်ပေါ်ကို ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။
ပွတ်တိုက်ပြီးတဲ့အခါမှာတော့ မျက်မှန်ကို ရေပြောင်အောင် ဆေးပါ။ မျက်မှန်ကို ခြောက်သွေ့သွားအောင်လို့ နူးညံ့တဲ့ပိတ်စလေးနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ အဲဒီအခါ မျက်မှန်မှာ ရှိနေတဲ့အစင်းကြောင်းတွေက အလွယ်တကူ ပျောက်သွားပါတယ်
၂။ Car wax
ပိတ်စလေးတစ်စအပေါ်မှာ car wax အနည်းငယ်ဖျန်းလိုက်ပါ။ ပြီးရင် မျက်မှန်မှာ အစင်းကြောင်းတွေ ပျောက်သွားတဲ့အထိ ညင်ညင်သာသာ ပွတ်တိုက်ပါ။ ဒီနည်းကတော့ အစင်းကြောင်းတွေ လုံးဝမရှိတော့ဘဲ မျက်မှန်ကို အသစ်အတိုင်း ဖြစ်သွားစေပါတယ်။
– မျက်မှန်ကို ဘူး သို့မဟုတ် ထည့်စရာမပါဘဲ အိတ်ထဲမှာ ဒီအတိုင်း ထည့်မထားသင့်ပါဘူး။ ဘူးနဲ့မထည့်ဘဲ ဒီတိုင်းထည့်ထားလိုက်တာက မျက်မှန်ကို ထိခိုက်စေပြီး ခြစ်ရာ၊ ပွန်းရာတွေလည်း ပိုများလာစေပါတယ်။
– မျက်မှန်ကို ထည့်ဖို့ ဘူးနဲ့ မျက်မှန်သုတ်ဖို့ ပိတ်စလေးကို သွားလေရာတိုင်းမှာ ယူသွားသင့်ပါတယ်။ မျက်မှန်ကိုလည်း နေ့စဉ်သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။
– မျက်မှန်က မှန်တွေဟာ နေရောင်ခြည်တိုက်ရိုက်ရတဲ့အနေရာမှာ အကာအကွယ်မပါဘဲ ထားရင် မျက်မှန်တပ်လိုက်တဲ့အခါ ကြည့်လို့မကောင်းတော့ပါဘူး။
– မျက်မှန်ကို ကားထဲမှာ ထည့်ထားပြီး မသုံးဖြစ်တဲ့အခါ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင် သေသေချာချာထားပါ။
Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်
Zawgyi
အခ်ိန္ေတြ ၾကာလာတာနဲ႕အမွ် မ်က္မွန္ေပၚမွာ အစင္းေၾကာင္း၊ ျခစ္ရာေတြကလည္း မ်ားလာပါတယ္။ အစင္းေၾကာင္းေတြမ်ားလာရင္ ၾကည့္ရတာလည္း အဆင္ေျပမွာမဟုတ္ပါဘူး။ အဲဒီအခါ ေခါင္းကိုက္တာလည္း ခံစားရမွာပါ။
မ်က္မွန္မွာ ဖုန္ေတြ၊ အစင္းေၾကာင္းေတြ မျဖစ္ေအာင္ ပုံမွန္သန႔္ရွင္းေရးလုပ္ေပးဖို႔လည္း လိုအပ္ပါတယ္။ အဲဒါေၾကာင့္ ဒီေန႕မွာေတာ့ မ်က္မွန္ေပၚက အစင္းေၾကာင္းေတြကို ဘယ္လိုနည္းေတြနဲ႕ ဖယ္ရွားနိုင္မလဲဆိုတာ love media ကေန ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
၁။ သြားတိုက္ေဆး
သြားတိုက္ေဆးအနည္းငယ္ကို မ်က္မွန္ရဲ႕ မွန္ႏွစ္ဖက္လုံးမွာ ထည့္လိုက္ပါ။ အစြန္းခြၽတ္ေဆးမပါတဲ့ သြားတိုက္ေဆး၊ ၾကမ္းတမ္းတဲ့ဓာတုေဆးေတြ မပါတဲ့သြားတိုက္ေဆးျဖစ္ဖို႔ အေရးႀကီးပါတယ္။ ၿပီးရင္ ပိတ္စေလးနဲ႕ မ်က္မွန္ေပၚကို ညင္ညင္သာသာ ပြတ္တိုက္ေပးပါ။
ပြတ္တိုက္ၿပီးတဲ့အခါမွာေတာ့ မ်က္မွန္ကို ေရေျပာင္ေအာင္ ေဆးပါ။ မ်က္မွန္ကို ေျခာက္ေသြ႕သြားေအာင္လို႔ ႏူးညံ့တဲ့ပိတ္စေလးနဲ႕ ညင္ညင္သာသာ ပြတ္တိုက္ေပးပါ။ အဲဒီအခါ မ်က္မွန္မွာ ရွိေနတဲ့အစင္းေၾကာင္းေတြက အလြယ္တကူ ေပ်ာက္သြားပါတယ္
၂။ Car wax
ပိတ္စေလးတစ္စအေပၚမွာ car wax အနည္းငယ္ဖ်န္းလိုက္ပါ။ ၿပီးရင္ မ်က္မွန္မွာ အစင္းေၾကာင္းေတြ ေပ်ာက္သြားတဲ့အထိ ညင္ညင္သာသာ ပြတ္တိုက္ပါ။ ဒီနည္းကေတာ့ အစင္းေၾကာင္းေတြ လုံးဝမရွိေတာ့ဘဲ မ်က္မွန္ကို အသစ္အတိုင္း ျဖစ္သြားေစပါတယ္။
– မ်က္မွန္ကို ဘူး သို႔မဟုတ္ ထည့္စရာမပါဘဲ အိတ္ထဲမွာ ဒီအတိုင္း ထည့္မထားသင့္ပါဘူး။ ဘူးနဲ႕မထည့္ဘဲ ဒီတိုင္းထည့္ထားလိုက္တာက မ်က္မွန္ကို ထိခိုက္ေစၿပီး ျခစ္ရာ၊ ပြန္းရာေတြလည္း ပိုမ်ားလာေစပါတယ္။
– မ်က္မွန္ကို ထည့္ဖို႔ ဘူးနဲ႕ မ်က္မွန္သုတ္ဖို႔ ပိတ္စေလးကို သြားေလရာတိုင္းမွာ ယူသြားသင့္ပါတယ္။ မ်က္မွန္ကိုလည္း ေန႕စဥ္သန႔္ရွင္းေရး လုပ္ေပးသင့္ပါတယ္။
– မ်က္မွန္က မွန္ေတြဟာ ေနေရာင္ျခည္တိုက္ရိုက္ရတဲ့အေနရာမွာ အကာအကြယ္မပါဘဲ ထားရင္ မ်က္မွန္တပ္လိုက္တဲ့အခါ ၾကည့္လို႔မေကာင္းေတာ့ပါဘူး။
– မ်က္မွန္ကို ကားထဲမွာ ထည့္ထားၿပီး မသုံးျဖစ္တဲ့အခါ ေနေရာင္ျခည္နဲ႕ တိုက္ရိုက္မထိေတြ႕ေအာင္ ေသေသခ်ာခ်ာထားပါ။
Crd,မူရင္းေရးသားသူအားေလးစားစြာျဖင့္