ဒီတစ်ခါတော့ ဂျပန်တို့ရဲ့ ရှေးဟောင်းဓါးတစ်လက်အကြောင်း တင်ပြပါရစေ။ ဓါးရဲ့အမည်က Norimisu Odachi ဖြစ်ပါတယ်။
ဓါးဟာ သာမန်ထက် ကြီးမားပြီး ဘယ်လိုလူမျိုးက ကိုင်ဆောင်နိုင်သလည်းဆိုတာ ပဟေဠိတစ်ခု ဖြစ်နေပါတယ်။အမှန်တော့ ဘီလူးတစ်ကောင်ရဲ့ဓါးလို့တောင် ဆိုကြပါတယ်။သာမန် ပန်းဘဲဖိုမှာတော့ သွန်းလုပ်ခဲ့တာမျိုး မဖြစ်နိုင်ပါဘူး။
ဒီဓါးကို AD ၁၅ ရာစုလောက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဓါးရဲ့အရှည်က ၃.၇၇ မီတာ ( ၁၂.၃၇ ပေ ) ရှိပြီး ၁၄.၅ ကီလိုဂရမ် ( ၃၁.၉၇ ပေါင်) ရှိပါတယ်။သမိုင်းမှာ စိတ်ဝင်းစားစရာ အကောင်ဆုံ ဓါးတစ်လက်ပါ။
ဂျပန်တွေဟာ ဓါးလုပ်တဲ့ အတတ်ပညာကြောင့် ဂုဏ်သတင်းကြီးပါတယ်။ အမည်အမျိုးမျိုးရှိတဲ့ ဓါးတွေကို ပန်းဘဲဖိုတွေက ပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမဲ့ လူသိများတဲ့ ဓါးကတော့ ကန်တားနား (Kantana ) လို့သိကြတဲ့ ဆာမူရိုင်းတွေ ကိုင်ဆောင်တဲ့ဓါးပါ။အဲဒီရာစုနှစ်တွေမှာဘဲ တခြားလူသိနည်းတဲ့အမျိုးအစား ဓါးတွေလဲ ထုတ်လုပ်ခဲ့ပါတယ်။ Odachi ဟာ လူသိနည်းတဲ့ ဓါးအမျိုးအစားထဲက တစ်ခုဖြစ်ပါတယ်။
Odachi ဆိုတာ ခန်းဂျီးစကားအရဆိုရင် ကြီးကြယ်မြင့်မြတ်တယ်လို့အဓိပ္ပါယ်ရပါတယ်တဲ့။ ဒါးဟာ ခပ်ကွေးကွေး ပုံစံရှိပါတယ်။
တချို့ Odachi ဓါးတွေဆိုရင် ၆ ပေကျော်လောက် ရှိတတ်ပါတယ်။ စစ်မြေပြင်တိုက်ပွဲတွေအတွက် Odachi ဟာ အသုံးဝင်လို့ ဂုဏ်သတင်းကြီးပါတယ်။
Nunboku- Cho ခေတ်က တိုက်ပွဲတွေမှာ ဒီဓါးကို တွင်ကျယ်စွာ သုံးခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ လက်တွေ့မကျတာကြောင့် တဖြည်းဖြည်း အသုံးနည်းလာခဲ့တယ် ဆိုပါတယ်။
၆ ပေကျော်တဲ့ ဓါးတစ်လက်နဲ့ ရေရှည်တိုက်ခိုက်ရတာ ခွန်အားကို လျင်မြန်စွာ လျော့ပါးစေပါတယ်။
သူ့ကို အသုံးပြုမှု ရပ်ဆိုင်းစေခဲ့တာကတော့ ၁၆၁၅ ခုနှစ်မှာ Osaka Nutsunojin ကို ဝန်းရံတိုက်ခိုက်စဉ်ကဖြစ်ပါတယ်။ toyotomi clan ကို အောင်နိုင်ခဲ့တဲ့ Tokugawa ရှိုဂွန်က ဓါးအားလုံးကို ဖျက်ဆီးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
စစ်မြေပြင်မှာ ဒီဓါးမျိုးတွေကို ခြေလျင်စစ်သည်တွေက ကိုင်ဆောင်ကြတယ်လို့ ဆိုပါတယ်။ ရှေ့ကို အဝေးထိ ခုတ်ပိုင်းနိုင်သလို နောက်ကိုလည်း အကွာအဝေးတစ်ခုအထိ ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါးအိမ်ထဲကတော့ လျင်လျင်မြန်မြန် ဆွဲထုတ်ဖို့တော့ ခက်ပါတယ်။
ခုတော့ ဒီဓါးကို အခမ်းအနားကျင်းပရာမှာ အဆောင်အယောင်တစ်ခုအနေနဲ့ ကိုင်ဆောင်တာ တွေ့ရပါလိမ့်မယ်။
crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်
Zawgyi
ဒီတစ္ခါေတာ့ ဂ်ပန္တို႔ရဲ႕ ေရွးေဟာင္းဓါးတစ္လက္အေၾကာင္း တင္ျပပါရေစ။ ဓါးရဲ႕အမည္က Norimisu Odachi ျဖစ္ပါတယ္။
ဓါးဟာ သာမန္ထက္ ႀကီးမားၿပီး ဘယ္လိုလူမ်ိဳးက ကိုင္ေဆာင္နိုင္သလည္းဆိုတာ ပေဟဠိတစ္ခု ျဖစ္ေနပါတယ္။အမွန္ေတာ့ ဘီလူးတစ္ေကာင္ရဲ႕ဓါးလို႔ေတာင္ ဆိုၾကပါတယ္။သာမန္ ပန္းဘဲဖိုမွာေတာ့ သြန္းလုပ္ခဲ့တာမ်ိဳး မျဖစ္နိုင္ပါဘူး။
ဒီဓါးကို AD ၁၅ ရာစုေလာက္က ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ဓါးရဲ႕အရွည္က ၃.၇၇ မီတာ ( ၁၂.၃၇ ေပ ) ရွိၿပီး ၁၄.၅ ကီလိုဂရမ္ ( ၃၁.၉၇ ေပါင္) ရွိပါတယ္။သမိုင္းမွာ စိတ္ဝင္းစားစရာ အေကာင္ဆုံ ဓါးတစ္လက္ပါ။
ဂ်ပန္ေတြဟာ ဓါးလုပ္တဲ့ အတတ္ပညာေၾကာင့္ ဂုဏ္သတင္းႀကီးပါတယ္။ အမည္အမ်ိဳးမ်ိဳးရွိတဲ့ ဓါးေတြကို ပန္းဘဲဖိုေတြက ျပဳလုပ္ခဲ့ၾကပါတယ္။
ဒါေပမဲ့ လူသိမ်ားတဲ့ ဓါးကေတာ့ ကန္တားနား (Kantana ) လို႔သိၾကတဲ့ ဆာမူရိုင္းေတြ ကိုင္ေဆာင္တဲ့ဓါးပါ။အဲဒီရာစုႏွစ္ေတြမွာဘဲ တျခားလူသိနည္းတဲ့အမ်ိဳးအစား ဓါးေတြလဲ ထုတ္လုပ္ခဲ့ပါတယ္။ Odachi ဟာ လူသိနည္းတဲ့ ဓါးအမ်ိဳးအစားထဲက တစ္ခုျဖစ္ပါတယ္။
Odachi ဆိုတာ ခန္းဂ်ီးစကားအရဆိုရင္ ကြီးကြယ်မြင့်မြတ်တယ်လို့အဓိပ္ပါယ်ရပါတယ်တဲ့။ ဒါးဟာ ခပ္ေကြးေကြး ပုံစံရွိပါတယ္။
တခ်ိဳ႕ Odachi ဓါးေတြဆိုရင္ ၆ ေပေက်ာ္ေလာက္ ရွိတတ္ပါတယ္။ စစ္ေျမျပင္တိုက္ပြဲေတြအတြက္ Odachi ဟာ အသုံးဝင္လို႔ ဂုဏ္သတင္းႀကီးပါတယ္။
Nunboku- Cho ေခတ္က တိုက္ပြဲေတြမွာ ဒီဓါးကို တြင္က်ယ္စြာ သုံးခဲ့ၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ လက္ေတြ႕မက်တာေၾကာင့္ တျဖည္းျဖည္း အသုံးနည္းလာခဲ့တယ္ ဆိုပါတယ္။
၆ ေပေက်ာ္တဲ့ ဓါးတစ္လက္နဲ႕ ေရရွည္တိုက္ခိုက္ရတာ ခြန္အားကို လ်င္ျမန္စြာ ေလ်ာ့ပါးေစပါတယ္။
သူ႕ကို အသုံးျပဳမႈ ရပ္ဆိုင္းေစခဲ့တာကေတာ့ ၁၆၁၅ ခုႏွစ္မွာ Osaka Nutsunojin ကို ဝန္းရံတိုက္ခိုက္စဥ္ကျဖစ္ပါတယ္။ toyotomi clan ကို ေအာင္နိုင္ခဲ့တဲ့ Tokugawa ရွိုဂြန္က ဓါးအားလုံးကို ဖ်က္ဆီးခိုင္းခဲ့တယ္လို႔ ဆိုပါတယ္။
စစ္ေျမျပင္မွာ ဒီဓါးမ်ိဳးေတြကို ေျခလ်င္စစ္သည္ေတြက ကိုင္ေဆာင္ၾကတယ္လို႔ ဆိုပါတယ္။ ေရွ႕ကို အေဝးထိ ခုတ္ပိုင္းနိုင္သလို ေနာက္ကိုလည္း အကြာအေဝးတစ္ခုအထိ ကာကြယ္နိုင္ပါတယ္။ ဒါေပမဲ့ ဒါးအိမ္ထဲကေတာ့ လ်င္လ်င္ျမန္ျမန္ ဆြဲထုတ္ဖို႔ေတာ့ ခက္ပါတယ္။
ခုေတာ့ ဒီဓါးကို အခမ္းအနားက်င္းပရာမွာ အေဆာင္အေယာင္တစ္ခုအေနနဲ႕ ကိုင္ေဆာင္တာ ေတြ႕ရပါလိမ့္မယ္။
crd,မူရင္းေရးသားသူအားေလးစားစြာျဖင့္