ပရုပ်လုံးနံ့လေး မွှေးနေတဲ့ အဝတ်အထည်တွေရဲ့ ကြောက်စရာ အန္တရာယ်(ဝေးဝေးက ရှောင်ရှားသင့်သော အိမ်သုံး ပရုပ်လုံး)

ပရုပ်လုံးနံ့လေး မွှေးနေတဲ့ အဝတ်အထည်တွေရဲ့ ကြောက်စရာ အန္တရာယ် – အဝတ်အထည် လေးတွေ ပရုပ်လုံးနံ့လေး သင်းနေအောင်၊ သန့်ရှင်းတဲ့ ရနံ့လေး၊ ပိုးမွှားတွေ တက်မှာလဲ မပူရအောင် ဆိုပြီး ပရုပ်လုံးတွေကို ရှိသမျှ အဝတ်ဗီရို၊ မွေ့ယာ၊

စောင်တွေသိမ်းတဲ့နေရာ၊ သားသား မီးမီးတို့ရဲ့ အဝတ်ခြင်းတောင်း တွေထဲမှာ ထည့်ကြတာ ဆန်းတာလုပ်လို့ ပြောစရာရှိတယ်။ ဘာများ မှားပြန်ပြီလဲပေါ့။ အင်္ဂလိပ် လို Moth Balls လို့ခေါ်ပြီး မြန်မာပြည်မှာ ပရုပ်လုံးလို့ သိကြပါတယ်။

ဆိုလိုတာက ပိုးမွှား ပြေးအောင် သုံးတာပေါ့လေ။ ပါဝင်တဲ့ ဓာတုပေဒ ဓာတ်က Naphthalene နဲ့Paradichlorobenzene (နပ်ဖ်သလင်း နဲ့ ပါရာဒိုင်ကလိုရိုဘန်ဇင်း) ဖြစ်ပါတယ်။ ပရုပ်လုံးရဲ့ အာနိသင်ကိုက တဖြေးဖြေး လုံးပါးပါးပြီး အငွေ့ပျံတာလေ။

ပျံတဲ့ အငွေ့တွေက အပေါ်ကပြောတဲ့ ဓာတုဓာတ်တွေပေါ့။ စူးစူးရှရှနဲ့ သင်းပျံတဲ ရနံ့လို့ သတ်မှတ်ထားကြတဲ့ အငွေ့တွေက သားသား မီးမီး တို့အပြင် လူကြီးတွေရော၊ ကလေးငယ်၊ ဖိုးဖိုးဖွားဖွား အားလုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အဆိပ်ငွေ့ သဘောပါပဲ။

ဖြေးဖြေးချင်း သူလဲလုံးပါးပါးရင်း ကိုယ်ကိုလဲ ထိခိုက်နေတာပေါ့။ အနဲအများပဲ ကွာတယ်။ သိတောင် မသိလိုက်ကြဘူး။ အဲဒီအငွေ့တွေက မျက်စိ၊ အသက်ရှူလမ်းကြောင်း စတာတွေကို အနှောင့် အယှက် ဖြစ်စေတယ်။ ခေါင်းကိုက်တာ၊ မူးတာ၊ အန်ချင်တာ ဖြစ်တတ်တယ်။ တချို့ လေ့လာမှုအရ ကင်ဆာ အချို့နဲ့တောင် ဆက်စပ်မှုရှိတယ် ဆိုပဲ။ နပ်ဖ်သလင်းဓာတ်က ပိုဆိုးတဲ့ အဆိပ်ဓာတ် ပါ။ သွေးနီဥလေးတွေကို အချိန်မတိုင်ခင် ပျက်စီးစေတဲ့ အာနိသင်ရှိတယ်။

သွေးအားနည်းရောဂါ၊ သွေးနီဥတွေ ပျက်စီးရင်ဖြစ်တဲ့ အကျိုးဆက်တွေ ဖြစ်တတ်တယ်။ G6PD ဆိုတဲ့ အင်ဇိုင်း ချို့တဲ့တဲ့သူတွေဆို ပိုပြီးတောင် ထိခိုက်တယ်။ လူကြီးနဲ့ ကလေး ခံရတာချင်း ဘာ ကွာမလဲ မေးစရာရှိတယ်။ ကလေးတွေရဲ့ ဒီအဆိပ်ဓာတ်တွေကို ကိုယ်ကနေ ထုတ်ပြစ်နိုင်တဲ့ အားအင်က လူကြီးထက်စာရင် နဲသေးတယ်လေ။

ဒါကြောင့် ပို အန္တရာယ်ရှိတာပေါ့၊ လူကြီးတွေ အတွက် လဲ မကောင်းပါဘူး။ ခုခေတ်မှာ ပရုပ်လုံး ဖြူဖြူလေးတွေ တင်မကတော့ဘူး၊ အရောင်စုံ ဒီဇိုင်းစုံ နဲ့ဆိုတော့ ချစ်စရာကောင်းတဲ့ပုံ မျိုးစုံဈေးကွက်ထဲမှာ ပေါ်နေပါတယ်။

ဗီရိုထောင့်၊ ခြင်းထောင်းထောင့်မှာ တွေ့ရင်၊ ကြမ်းပေါ်လိမ့်ကျနေတာ တွေ့ရင် သားပိစိ၊ သမီးပိစိလေးတွေက ထုံးစံအတိုင်း ပါးစပ်ထဲ ကောက်ထည့်လိုက်မှာပဲ၊ ဒါဆို ပိုဆိုး။ ဒါကြောင့်သေချာသိမ်း ရတယ်။ ဟုတ်ပြီ အငွေ့က ရှူမိလို့ ရေရှည်မကောင်းဘူးဆိုရင် ပရုပ်လုံးနဲ့ အကြာကြီးထိတွေ့ထားတဲ့ အဝတ်ကို ဝတ်ရင်ရောလို့ မေးစရာရှိတယ်နော်။ အရေပြားကနေ ထိတွေ့တာလဲ မကောင်းပါ ဘူး ။ ဓာတ်တွေက အဝတ်တွေထဲမှာ စိမ့်ဝင်ပြီး ရှိနေပါတယ်။ ပြန်လျှော်ပြီး နေလှန်းခြောက်သွားမှ ဝတ်ပေးတာ ကောင်းပါတယ်။

ပရုပ်လုံး မသုံးရင် အနံ့တွေ ပျောက်အောင် ဘယ်လိုလုပ်ရမလဲ? ပိုးကောင်တွေ ပြေးအောင် ဘယ်လိုလုပ်ရမလဲ? ပရုပ်လုံးဝယ်ရင် အထက်က ပြောတဲ့ ဓာတုနာမည်ပါတာဆိုရင် ဝေးဝေးကရှောင် ပါ။ တချို့ပရုပ်လုံးတွေက ထင်းရှူးသားနဲ့လုပ်တာ ရှိတတ်တယ် သုံးလို့ရတယ်။ မြန်မာပြည်မှာရှိမယ်မထင်ဘူး။ ထင်းရှူးသားလေး ထည့်ထားတာမျိုး လုပ်လို့ရတယ်။ အကောင်းဆုံးကတော့သေချာ လျှော် နေပူပူမှာ လှန်းလှန်ပေး။ အိတ်လေးတွေနဲ့ သိမ်းပေးရင် ပိုးကောင် မွှားကောင်တွေ ဝင်ဖို့ ခက်သွားပါပြီ။

တချို့ကြတော့ လေးညှင်းပွင့်လေးတွေ၊ ထင်းရှူးသားသန့်သန့်လေးတွေကို အဝတ်အိတ်လေးထဲ ချုပ်ထည့်ပြီး ဗီရိုထောင့်လေးတွေမှာ ထားကြတယ်။ ဘာပဲဝယ်ဝယ်၊ ဘာပါဝင်လဲဆိုတာ ဖတ်ပါ။ ထုပ်ပိုးထားတာလေး လှတိုင်း အကောင်းစား မဟုတ်ပါ။ ခုပေါ်နေတဲ့ အမွှေးရည်စတာတွေရဲ့ တခုချင်းဆီမှာ ဘာပါသလဲဆိုတာ ဖတ်ကြည့်ပါ။ အထက်က ပြောတဲ့ ဓာတ်တွေပါလားလို့ပါ။ ဒါပေမဲ့ အတုတွေပေါတဲ့ ခေတ်၊ အတုမျိုးစုံ ကိုယ်နိုင်ငံဝင်လာနေတဲ့ အချိန်မှာ တော်တော် သတိထားရပါမယ်။

ဒီမှတ်စုလေး ဖတ်ပြီးချိန်မှာ မိဘ တွေစိုးရိမ်ကြမယ်၊ သုံးနေတာ ဘာလုပ်ရမယ် စိတ်ပူမှာပဲ။ ဆက်မသုံးတော့ရင် အကောင်းဆုံးပါ။ ရောဂါလက္ခဏာ တခုထဲကြည့်ပြီး ပရုပ်လုံး သုံးခဲ့တာကြောင့် တထစ်ချ ပြောမရပါ။ ဆေးရုံ ဆေးခန်းမှာ ပြသ စစ်ဆေးခံယူပါ။

credit,

Zawgyi
ပ႐ုပ္လုံးနံ႕ေလး ေမႊးေနတဲ့ အဝတ္အထည္ေတြရဲ႕ ေၾကာက္စရာ အႏၱရာယ္ အဝတ္အထည္ ေလးေတြ ပ႐ုပ္လုံးနံ႕ေလး သင္းေနေအာင္၊ သန႔္ရွင္းတဲ့ ရနံ႕ေလး၊ ပိုးမႊားေတြ တက္မွာလဲ မပူရေအာင္ ဆိုၿပီး ပ႐ုပ္လုံးေတြကို ရွိသမွ် အဝတ္ဗီရို၊ ေမြ႕ယာ၊

ေစာင္ေတြသိမ္းတဲ့ေနရာ၊ သားသား မီးမီးတို႔ရဲ႕ အဝတ္ျခင္းေတာင္း ေတြထဲမွာ ထည့္ၾကတာ ဆန္းတာလုပ္လို႔ ေျပာစရာရွိတယ္။ ဘာမ်ား မွားျပန္ၿပီလဲေပါ့။ အဂၤလိပ္ လို Moth Balls လို႔ေခၚၿပီး ျမန္မာျပည္မွာ ပ႐ုပ္လုံးလို႔ သိၾကပါတယ္။

ဆိုလိုတာက ပိုးမႊား ေျပးေအာင္ သုံးတာေပါ့ေလ။ ပါဝင္တဲ့ ဓာတုေပဒ ဓာတ္က Naphthalene နဲ႕Paradichlorobenzene (နပ္ဖ္သလင္း နဲ႕ ပါရာဒိုင္ကလိုရိုဘန္ဇင္း) ျဖစ္ပါတယ္။ ပ႐ုပ္လုံးရဲ႕ အာနိသင္ကိုက တေျဖးေျဖး လုံးပါးပါးၿပီး အေငြ႕ပ်ံတာေလ။

ပ်ံတဲ့ အေငြ႕ေတြက အေပၚကေျပာတဲ့ ဓာတုဓာတ္ေတြေပါ့။ စူးစူးရွရွနဲ႕ သင္းပ်ံတဲ ရနံ႕လို႔ သတ္မွတ္ထားၾကတဲ့ အေငြ႕ေတြက သားသား မီးမီး တို႔အျပင္ လူႀကီးေတြေရာ၊ ကေလးငယ္၊ ဖိုးဖိုးဖြားဖြား အားလုံးရဲ႕ က်န္းမာေရးကို ထိခိုက္ေစတဲ့ အဆိပ္ေငြ႕ သေဘာပါပဲ။

ေျဖးေျဖးခ်င္း သူလဲလုံးပါးပါးရင္း ကိုယ္ကိုလဲ ထိခိုက္ေနတာေပါ့။ အနဲအမ်ားပဲ ကြာတယ္။ သိေတာင္ မသိလိုက္ၾကဘူး။ အဲဒီအေငြ႕ေတြက မ်က္စိ၊ အသက္ရႉလမ္းေၾကာင္း စတာေတြကို အႏွောင့္ အယွက္ ျဖစ္ေစတယ္။ ေခါင္းကိုက္တာ၊ မူးတာ၊ အန္ခ်င္တာ ျဖစ္တတ္တယ္။ တခ်ိဳ႕ ေလ့လာမႈအရ ကင္ဆာ အခ်ိဳ႕နဲ႕ေတာင္ ဆက္စပ္မႈရွိတယ္ ဆိုပဲ။ နပ္ဖ္သလင္းဓာတ္က ပိုဆိုးတဲ့ အဆိပ္ဓာတ္ ပါ။ ေသြးနီဥေလးေတြကို အခ်ိန္မတိုင္ခင္ ပ်က္စီးေစတဲ့ အာနိသင္ရွိတယ္။

ေသြးအားနည္းေရာဂါ၊ ေသြးနီဥေတြ ပ်က္စီးရင္ျဖစ္တဲ့ အက်ိဳးဆက္ေတြ ျဖစ္တတ္တယ္။ G6PD ဆိုတဲ့ အင္ဇိုင္း ခ်ိဳ႕တဲ့တဲ့သူေတြဆို ပိုၿပီးေတာင္ ထိခိုက္တယ္။ လူႀကီးနဲ႕ ကေလး ခံရတာခ်င္း ဘာ ကြာမလဲ ေမးစရာရွိတယ္။ ကေလးေတြရဲ႕ ဒီအဆိပ္ဓာတ္ေတြကို ကိုယ္ကေန ထုတ္ျပစ္နိုင္တဲ့ အားအင္က လူႀကီးထက္စာရင္ နဲေသးတယ္ေလ။

ဒါေၾကာင့္ ပို အႏၱရာယ္ရွိတာေပါ့၊ လူႀကီးေတြ အတြက္ လဲ မေကာင္းပါဘူး။ ခုေခတ္မွာ ပ႐ုပ္လုံး ျဖဴျဖဴေလးေတြ တင္မကေတာ့ဘူး၊ အေရာင္စုံ ဒီဇိုင္းစုံ နဲ႕ဆိုေတာ့ ခ်စ္စရာေကာင္းတဲ့ပုံ မ်ိဳးစုံေဈးကြက္ထဲမွာ ေပၚေနပါတယ္။

ဗီရိုေထာင့္၊ ျခင္းေထာင္းေထာင့္မွာ ေတြ႕ရင္၊ ၾကမ္းေပၚလိမ့္က်ေနတာ ေတြ႕ရင္ သားပိစိ၊ သမီးပိစိေလးေတြက ထုံးစံအတိုင္း ပါးစပ္ထဲ ေကာက္ထည့္လိုက္မွာပဲ၊ ဒါဆို ပိုဆိုး။ ဒါေၾကာင့္ေသခ်ာသိမ္း ရတယ္။ ဟုတ္ၿပီ အေငြ႕က ရႉမိလို႔ ေရရွည္မေကာင္းဘူးဆိုရင္ ပ႐ုပ္လုံးနဲ႕ အၾကာႀကီးထိေတြ႕ထားတဲ့ အဝတ္ကို ဝတ္ရင္ေရာလို႔ ေမးစရာရွိတယ္ေနာ္။ အေရျပားကေန ထိေတြ႕တာလဲ မေကာင္းပါ ဘူး ။ ဓာတ္ေတြက အဝတ္ေတြထဲမွာ စိမ့္ဝင္ၿပီး ရွိေနပါတယ္။ ျပန္ေလွ်ာ္ၿပီး ေနလွန္းေျခာက္သြားမွ ဝတ္ေပးတာ ေကာင္းပါတယ္။

ပ႐ုပ္လုံး မသုံးရင္ အနံ႕ေတြ ေပ်ာက္ေအာင္ ဘယ္လိုလုပ္ရမလဲ? ပိုးေကာင္ေတြ ေျပးေအာင္ ဘယ္လိုလုပ္ရမလဲ? ပ႐ုပ္လုံးဝယ္ရင္ အထက္က ေျပာတဲ့ ဓာတုနာမည္ပါတာဆိုရင္ ေဝးေဝးကေရွာင္ ပါ။ တခ်ိဳ႕ပ႐ုပ္လုံးေတြက ထင္းရႉးသားနဲ႕လုပ္တာ ရွိတတ္တယ္ သုံးလို႔ရတယ္။ ျမန္မာျပည္မွာရွိမယ္မထင္ဘူး။ ထင္းရႉးသားေလး ထည့္ထားတာမ်ိဳး လုပ္လို႔ရတယ္။ အေကာင္းဆုံးကေတာ့ေသခ်ာ ေလွ်ာ္ ေနပူပူမွာ လွန္းလွန္ေပး။ အိတ္ေလးေတြနဲ႕ သိမ္းေပးရင္ ပိုးေကာင္ မႊားေကာင္ေတြ ဝင္ဖို႔ ခက္သြားပါၿပီ။

တခ်ိဳ႕ၾကေတာ့ ေလးညွင္းပြင့္ေလးေတြ၊ ထင္းရႉးသားသန႔္သန႔္ေလးေတြကို အဝတ္အိတ္ေလးထဲ ခ်ဳပ္ထည့္ၿပီး ဗီရိုေထာင့္ေလးေတြမွာ ထားၾကတယ္။ ဘာပဲဝယ္ဝယ္၊ ဘာပါဝင္လဲဆိုတာ ဖတ္ပါ။ ထုပ္ပိုးထားတာေလး လွတိုင္း အေကာင္းစား မဟုတ္ပါ။ ခုေပၚေနတဲ့ အေမႊးရည္စတာေတြရဲ႕ တခုခ်င္းဆီမွာ ဘာပါသလဲဆိုတာ ဖတ္ၾကည့္ပါ။ အထက္က ေျပာတဲ့ ဓာတ္ေတြပါလားလို႔ပါ။ ဒါေပမဲ့ အတုေတြေပါတဲ့ ေခတ္၊ အတုမ်ိဳးစုံ ကိုယ္နိုင္ငံဝင္လာေနတဲ့ အခ်ိန္မွာ ေတာ္ေတာ္ သတိထားရပါမယ္။

ဒီမွတ္စုေလး ဖတ္ၿပီးခ်ိန္မွာ မိဘ ေတြစိုးရိမ္ၾကမယ္၊ သုံးေနတာ ဘာလုပ္ရမယ္ စိတ္ပူမွာပဲ။ ဆက္မသုံးေတာ့ရင္ အေကာင္းဆုံးပါ။ ေရာဂါလကၡဏာ တခုထဲၾကည့္ၿပီး ပ႐ုပ္လုံး သုံးခဲ့တာေၾကာင့္ တထစ္ခ် ေျပာမရပါ။ ေဆး႐ုံ ေဆးခန္းမွာ ျပသ စစ္ေဆးခံယူပါ။

credit,