အလွန်အံ့သြဖို့ကောင်းတဲ့ မိခင်မေတ္တာ အစွမ်း.. သတ္တဝါတွေတောင်မှ မေတ္တာရဲ့ အစွမ်းကို သိကြပါ့လား.. အိန္ဒိယနိုင်ငံ၊ ဂူဂျာရပ်နယ်၊ ဝဒုဂ်ဓါရခရိုင်၊ အန်တိုလီကျေးရွာလေးမှ သတ္တဝါတို့၏ မေတ္တာတရားပါ။
နွားခြံပိုင်ရှင်ဟာ ညဘက်မှာ ခွေးဟောင်သံတွေ ခဏ ခဏကြားလာရတော့ အကြောင်းအရင်းသိရအောင် သူ့ခြံမှာ စီစီတီဗီ ကင်မရာတွေ တပ်ထားလိုက်ပါတယ်။
ပြန်ကြည့်တော့ သူ့ခြံထဲက နွားမကြီးတစ်ကောင်ဆီကိုကျားသစ်တစ်ကောင်ဟာ ညစဉ်လာလာနေပြီး၊ နွားမကြီးနဲ့လက်ပွန်းတတီးနေတာကို တအံ့တဩတွေ့လိုက်ရပါတယ်။
ဒါနဲ့ အဲဒီ့နွားမကြီးရဲ့ မူလပိုင်ရှင်ထံကို သွားစုံစမ်းမေးမြန်းပါတယ်။ အဲဒီ့တော့မှ အကြောင်းစုံ သိရတော့ပါတယ်။
အရင်က တောထဲမှာ အမေသေသွားတဲ့ ရက်သားကျားသစ်ပေါက်စလေးကို တွေ့လို့၊ သနားလို့ ခေါ်လာပြီး၊ အဲဒီ့နွားမကြီးနဲ့ အတူထားကာ သူ့နို့စို့စေပြီး အသက်ဆက်ပေးခဲ့ဖူးတယ်တဲ့။
အတန်အသင့်ကြီးလာတော့ တောထဲ ပြန်သွားလွှတ်ပေးခဲ့တယ်တဲ့။
အခု နွားမကြီးကို နောက်တစ်ခြံကို ရောင်းလိုက်လို့ နေရာပြောင်းသွားပေမယ့်လည်း၊ ကျားသစ်လေးဟာ သူ့အမေကို ရှာပြီး လာလာနှုတ်ဆက်တယ်။ သားအမိ နွေးထွေးစွာနေပြီးရင် ပြန်သွားပါတယ်တဲ့။
Crd,
Zawgyi
အလြန္အံ့ၾသဖို႔ေကာင္းတဲ့ မိခင္ေမတၱာ အစြမ္း.. သတၱဝါေတြေတာင္မွ ေမတၱာရဲ႕ အစြမ္းကို သိၾကပါ့လား.. အိႏၵိယနိုင္ငံ၊ ဂူဂ်ာရပ္နယ္၊ ဝဒုဂ္ဓါရခရိုင္၊ အန္တိုလီေက်း႐ြာေလးမွ သတၱဝါတို႔၏ ေမတၱာတရားပါ။
ႏြားၿခံပိုင္ရွင္ဟာ ညဘက္မွာ ေခြးေဟာင္သံေတြ ခဏ ခဏၾကားလာရေတာ့ အေၾကာင္းအရင္းသိရေအာင္ သူ႕ၿခံမွာ စီစီတီဗီ ကင္မရာေတြ တပ္ထားလိုက္ပါတယ္။
ျပန္ၾကည့္ေတာ့ သူ႕ၿခံထဲက ႏြားမႀကီးတစ္ေကာင္ဆီကိုက်ားသစ္တစ္ေကာင္ဟာ ညစဥ္လာလာေနၿပီး၊ ႏြားမႀကီးနဲ႕လက္ပြန္းတတီးေနတာကို တအံ့တဩေတြ႕လိုက္ရပါတယ္။
ဒါနဲ႕ အဲဒီ့ႏြားမႀကီးရဲ႕ မူလပိုင္ရွင္ထံကို သြားစုံစမ္းေမးျမန္းပါတယ္။ အဲဒီ့ေတာ့မွ အေၾကာင္းစုံ သိရေတာ့ပါတယ္။
အရင္က ေတာထဲမွာ အေမေသသြားတဲ့ ရက္သားက်ားသစ္ေပါက္စေလးကို ေတြ႕လို႔၊ သနားလို႔ ေခၚလာၿပီး၊ အဲဒီ့ႏြားမႀကီးနဲ႕ အတူထားကာ သူ႕နို႔စို႔ေစၿပီး အသက္ဆက္ေပးခဲ့ဖူးတယ္တဲ့။
အတန္အသင့္ႀကီးလာေတာ့ ေတာထဲ ျပန္သြားလႊတ္ေပးခဲ့တယ္တဲ့။
အခု ႏြားမႀကီးကို ေနာက္တစ္ၿခံကို ေရာင္းလိုက္လို႔ ေနရာေျပာင္းသြားေပမယ့္လည္း၊ က်ားသစ္ေလးဟာ သူ႕အေမကို ရွာၿပီး လာလာႏႈတ္ဆက္တယ္။ သားအမိ ႏြေးေထြးစြာေနၿပီးရင္ ျပန္သြားပါတယ္တဲ့။
Crd,