“သီးချိန်တန် သီး၊ ပွင့်ချိန်တန် ပွင့်” ဆိုတဲ့စကားပုံဟာ အိမ်ထောင်သားမွေး အလုပ်အတွက် အချိန်ကာလဆိုတာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်တဲ့ အကြောင်းတစ်ခုပါပဲ။
အကွေ့အကောက်များတဲ့ လူ့လောကကြီးမှာတော့ မမြင်နိုင်တဲ့ အတိတ် ကံကြမ္မာတွေကြောင့်ပဲ ထူးခြားဆန်းပြားတဲ့ ဖြစ်ရပ်တွေကို တွေ့ကြုံနေရတာပါ။
ဆန်းပြားတဲ့ ဖြစ်ရပ်တွေ အများကြီးထဲကမှ ငါးနှစ်အရွယ်မှာတင် မိခင် ဖြစ်သွားတဲ့ ကမ္ဘာ့အသက်ငယ်ဆုံး မိခင်ရဲ့ အကြောင်းကို ဖော်ပြချင်ပါတယ်။ အံ့သြသွားပြီ ထင်ပါတယ်။ ငါးနှစ်အရွယ် ဆိုတာက ဆော့လို့ ကစားလို့ ကောင်းတဲ့အရွယ်၊ မြန်မာနိုင်ငံမှာတော့ သူငယ်တန်းတက်တဲ့ အရွယ်ပဲ ရှိသေးတယ်။ မယုံမရှိနဲ့ တကယ်။
Lina Medina ကို ပီရူးနိုင်ငံ၊ ကက်စထရိုဗာရေးနား စီရင်စု (Castrovirreyna) ၊ တီကရာပိုခရိုင် (Ticrapo) မှာရှိတဲ့ ရွာလေးတစ်ရွာမှာ ၁၉၃၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်မှာ မွေးဖွားခဲ့တယ်။ မိဘနှစ်ပါးကတော့ ပန်းထိမ်ဆရာ Tiburelo Medina နဲ့ Victoria Losea ဖြစ်ပြီး ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားလာတာ ဖြစ်ပါတယ်။
Lina Medina ဟာ ငါးနှစ်အရွယ်မှာပဲ ဝမ်းဗိုက်ကြီးက တဖြည်းဖြည်း စူထွက်လာတဲ့အတွက် မိဘနှစ်ပါးက အကြိတ်ထွက်နေတယ် ထင်ပြီး ဆေးရုံတင်ခဲ့တာ ဖြစ်ပါတယ်။ ဆရာဝန်တွေ စမ်းသပ်လိုက်တဲ့ အခါမှာတော့ ကိုယ်ဝန် ၇ လ ရှိပြီဆိုတာ သိလိုက်ရပါတယ်။ ဒေါက်တာ Gerardo Lozada ကတော့ တခြားကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ပြသဖို့ မြို့တော်လီမာ (Lima) ကို ခေါ်သွားခဲ့ပါတယ်။
၁၉၃၃ ခုနှစ် မေလ ၁၄ ရက်နေ့ လင်နာ မီဒင်နာကို ခွဲစိပ် မွေးဖွားလိုက်တဲ့အခါမှာ ယောက်ျားလေး တစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ ခွဲစိပ်ပေးတဲ့ ဒေါက်တာ Gerardo Lozada ကို လေးစားတဲ့အနေနဲ့ သားနာမည်ကို Gerardo လို့ ပေးခဲ့ပါတယ်။ ငါးနှစ်အရွယ်မိခင်က ဖွားပေမယ့် သားဖြစ်သူရဲ့ ကိုယ်အလေးချိန်က ၆ ပေါင်တောင် ရှိပါတယ်။
မိခင်ဖြစ်တဲ့ အချိန်မှာ Lina Medina ဟာ ၅ နှစ် ၇ လ၂၁ ရက်သာ ရှိပါသေးတယ်။ ကမ္ဘာ့ ဆေးသိပ္ပံလောကမှာ အသက်အငယ်ဆုံးမိခင် ဖြစ်လာခဲ့ပါတယ်။ ခွဲစိပ်မွေးဖွားလိုက်တဲ့အခါ သူမဟာ အပျိုဖော်ဝင် စောလွန်းတဲ့ အခြေအနေ (Precocious Puberty) ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
ရှစ်လကတည်းက ဓမ္မတာ စလာပြီး တင်သားတွေဟာ ငါးနှစ်သမီးကတည်းက စွင့်ကားနေတာ ဖြစ်ပါတယ်။ လေးနှစ်အရွယ်ကတည်းက ရင်သား ဖွံ့ဖြိုးနေပြီး ကြီးကောင် ဝင်နေပြီဖြစ်ပါတယ်။
အာဏာပိုင် အဖွဲ့အစည်းတွေက ကလေးသူငယ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ဖခင်ဖြစ်သူ Tiburelo Medina ကို အရေးယူခဲ့ပေမယ့် တိကျခိုင်လုံတဲ့ သက်သေ မရှိလို့ ပြန်လွှတ်ခဲ့ပါတယ်။ ကလေးရဲ့ ဖခင်အရင်း ဘယ်သူလဲဆိုတဲ့ မေးခွန်းကို ဖြေဆိုဖို့ Lina Medina က အမြဲတမ်း ငြင်းဆိုခဲ့ပါတယ်။
Precocious Puberty လို့သာ သိရပြီး ငါးနှစ်အရွယ် ကလေးတစ်ယောက်က ဘယ်လို မိခင် ဖြစ်သွားတယ်ဆိုတာ တိကျ ခိုင်လုံတဲ့ ဖြေရှင်းချက်မျိုး မပေးနိုင်တာလည်း ၂ဝ ရာစုရဲ့ ဆေးပညာအားနည်းချက် တစ်ခုလား မပြောတတ်ပါဘူး။ သားငယ်လေး Gerardo ဟာ မိခင်ကို အမတစ်ယောက်လို့ ထင်နေပြီး အသက်ဆယ်နှစ် ရောက်မှသာ သူ့ရဲ့ အမေ ဖြစ်ကြောင်း သိခဲ့တာပါ။
Lina Medina ဟာ Raúl Jurado နဲ့ လက်ထပ်ပြီး ၁၉၇၂ နှစ်မှာ ဒုတိယသားတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ပထမသား Gerardo ဟာ အသက် ၃ဝ ကျော်နေပါပြီ။ Gerardo ဟာ ၁၉၇၉ ခုနှစ် အသက် ၄ဝ အရွယ်မှာ အရိုးရောဂါနဲ့ သေဆုံးခဲ့ပါတယ်။
ကမ္ဘာ့ အသက်အငယ်ဆုံး မိခင် Lina Medina ဟာ အခုအချိန်မှာတော့ အသက် ၈၄ နှစ် ရှိပြီး ပီရူးနိုင်ငံမှာ သက်ရှိထင်ရှားရှိနေပါသေးတယ်။
မှတ်တမ်းမှတ်ရာနဲ့ ဓါတ်ပုံတွေ သက်သေရှိနေငြားလည်း အတော်များများက ဒီကိစ္စကို ကောလဟာလ အဖြစ်သာ မှတ်ယူနေကြတယ်။
Credit … ကျော်စိုးအောင် (အခရာ)
Zawgyi
သီးခ်ိန္တန္ သီး၊ ပြင့္ခ်ိန္တန္ ပြင့္ ဆိုတဲ့စကားပုံဟာ အိမ္ေထာင္သားေမြး အလုပ္အတြက္ အခ်ိန္ကာလဆိုတာ အေရးႀကီးတဲ့ အခန္းက႑ကေန ပါဝင္တဲ့ အေၾကာင္းတစ္ခုပါပဲ။
အေကြ႕အေကာက္မ်ားတဲ့ လူ႕ေလာကႀကီးမွာေတာ့ မျမင္နိုင္တဲ့ အတိတ္ ကံၾကမၼာေတြေၾကာင့္ပဲ ထူးျခားဆန္းျပားတဲ့ ျဖစ္ရပ္ေတြကို ေတြ႕ႀကဳံေနရတာပါ။
ဆန္းျပားတဲ့ ျဖစ္ရပ္ေတြ အမ်ားႀကီးထဲကမွ ငါးႏွစ္အ႐ြယ္မွာတင္ မိခင္ ျဖစ္သြားတဲ့ ကမၻာ့အသက္ငယ္ဆုံး မိခင္ရဲ႕ အေၾကာင္းကို ေဖာ္ျပခ်င္ပါတယ္။ အံ့ၾသသြားၿပီ ထင္ပါတယ္။ ငါးႏွစ္အ႐ြယ္ ဆိုတာက ေဆာ့လို႔ ကစားလို႔ ေကာင္းတဲ့အ႐ြယ္၊ ျမန္မာနိုင္ငံမွာေတာ့ သူငယ္တန္းတက္တဲ့ အ႐ြယ္ပဲ ရွိေသးတယ္။ မယုံမရွိနဲ႕ တကယ္။
Lina Medina ကို ပီ႐ူးနိုင္ငံ၊ ကက္စထရိုဗာေရးနား စီရင္စု (Castrovirreyna) ၊ တီကရာပိုခရိုင္ (Ticrapo) မွာရွိတဲ့ ႐ြာေလးတစ္႐ြာမွာ ၁၉၃၃ ခုႏွစ္ စက္တင္ဘာလ ၂၃ ရက္မွာ ေမြးဖြားခဲ့တယ္။ မိဘႏွစ္ပါးကေတာ့ ပန္းထိမ္ဆရာ Tiburelo Medina နဲ႕ Victoria Losea ျဖစ္ၿပီး ဆင္းရဲတဲ့ မိသားစုကေန ေမြးဖြားလာတာ ျဖစ္ပါတယ္။
Lina Medina ဟာ ငါးႏွစ္အ႐ြယ္မွာပဲ ဝမ္းဗိုက္ႀကီးက တျဖည္းျဖည္း စူထြက္လာတဲ့အတြက္ မိဘႏွစ္ပါးက အႀကိတ္ထြက္ေနတယ္ ထင္ၿပီး ေဆး႐ုံတင္ခဲ့တာ ျဖစ္ပါတယ္။ ဆရာဝန္ေတြ စမ္းသပ္လိုက္တဲ့ အခါမွာေတာ့ ကိုယ္ဝန္ ၇ လ ရွိၿပီဆိုတာ သိလိုက္ရပါတယ္။ ေဒါက္တာ Gerardo Lozada ကေတာ့ တျခားကြၽမ္းက်င္တဲ့ ဆရာဝန္ေတြနဲ႕ ျပသဖို႔ ၿမိဳ႕ေတာ္လီမာ (Lima) ကို ေခၚသြားခဲ့ပါတယ္။
၁၉၃၃ ခုႏွစ္ ေမလ ၁၄ ရက္ေန႕ လင္နာ မီဒင္နာကို ခြဲစိပ္ ေမြးဖြားလိုက္တဲ့အခါမွာ ေယာက္်ားေလး တစ္ေယာက္ကို ေမြးဖြားခဲ့ပါတယ္။ ခြဲစိပ္ေပးတဲ့ ေဒါက္တာ Gerardo Lozada ကို ေလးစားတဲ့အေနနဲ႕ သားနာမည္ကို Gerardo လို႔ ေပးခဲ့ပါတယ္။ ငါးႏွစ္အ႐ြယ္မိခင္က ဖြားေပမယ့္ သားျဖစ္သူရဲ႕ ကိုယ္အေလးခ်ိန္က ၆ ေပါင္ေတာင္ ရွိပါတယ္။
မိခင္ျဖစ္တဲ့ အခ်ိန္မွာ Lina Medina ဟာ ၅ ႏွစ္ ၇ လ၂၁ ရက္သာ ရွိပါေသးတယ္။ ကမၻာ့ ေဆးသိပၸံေလာကမွာ အသက္အငယ္ဆုံးမိခင္ ျဖစ္လာခဲ့ပါတယ္။ ခြဲစိပ္ေမြးဖြားလိုက္တဲ့အခါ သူမဟာ အပ်ိဳေဖာ္ဝင္ ေစာလြန္းတဲ့ အေျခအေန (Precocious Puberty) ျဖစ္ေနတာကို ေတြ႕လိုက္ရပါတယ္။
ရွစ္လကတည္းက ဓမၼတာ စလာၿပီး တင္သားေတြဟာ ငါးႏွစ္သမီးကတည္းက စြင့္ကားေနတာ ျဖစ္ပါတယ္။ ေလးႏွစ္အ႐ြယ္ကတည္းက ရင္သား ဖြံ႕ၿဖိဳးေနၿပီး ႀကီးေကာင္ ဝင္ေနၿပီျဖစ္ပါတယ္။
အာဏာပိုင္ အဖြဲ႕အစည္းေတြက ကေလးသူငယ္ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈနဲ႕ ဖခင္ျဖစ္သူ Tiburelo Medina ကို အေရးယူခဲ့ေပမယ့္ တိက်ခိဳင္လုံတဲ့ သက္ေသ မရွိလို႔ ျပန္လႊတ္ခဲ့ပါတယ္။ ကေလးရဲ႕ ဖခင္အရင္း ဘယ္သူလဲဆိုတဲ့ ေမးခြန္းကို ေျဖဆိုဖို႔ Lina Medina က အၿမဲတမ္း ျငင္းဆိုခဲ့ပါတယ္။
Precocious Puberty လို႔သာ သိရၿပီး ငါးႏွစ္အ႐ြယ္ ကေလးတစ္ေယာက္က ဘယ္လို မိခင္ ျဖစ္သြားတယ္ဆိုတာ တိက် ခိုင္လုံတဲ့ ေျဖရွင္းခ်က္မ်ိဳး မေပးနိုင္တာလည္း ၂ဝ ရာစုရဲ႕ ေဆးပညာအားနည္းခ်က္ တစ္ခုလား မေျပာတတ္ပါဘူး။ သားငယ္ေလး Gerardo ဟာ မိခင္ကို အမတစ္ေယာက္လို႔ ထင္ေနၿပီး အသက္ဆယ္ႏွစ္ ေရာက္မွသာ သူ႕ရဲ႕ အေမ ျဖစ္ေၾကာင္း သိခဲ့တာပါ။
Lina Medina ဟာ Ral Jurado နဲ႕ လက္ထပ္ၿပီး ၁၉၇၂ ႏွစ္မွာ ဒုတိယသားတစ္ေယာက္ကို ေမြးဖြားခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ပထမသား Gerardo ဟာ အသက္ ၃ဝ ေက်ာ္ေနပါၿပီ။ Gerardo ဟာ ၁၉၇၉ ခုႏွစ္ အသက္ ၄ဝ အ႐ြယ္မွာ အရိုးေရာဂါနဲ႕ ေသဆုံးခဲ့ပါတယ္။
ကမၻာ့ အသက္အငယ္ဆုံး မိခင္ Lina Medina ဟာ အခုအခ်ိန္မွာေတာ့ အသက္ ၈၄ ႏွစ္ ရွိၿပီး ပီ႐ူးနိုင္ငံမွာ သက္ရွိထင္ရွားရွိေနပါေသးတယ္။
မွတ္တမ္းမွတ္ရာနဲ႕ ဓါတ္ပုံေတြ သက္ေသရွိေနျငားလည္း အေတာ္မ်ားမ်ားက ဒီကိစၥကို ေကာလဟာလ အျဖစ္သာ မွတ္ယူေနၾကတယ္။
Credit ေက်ာ္စိုးေအာင္ (အခရာ)