ကြက်စွပ်ပြုတ်လေးမှာ မုန်လာဥဖြူနဲ့မုန်လာဥနီကို အဓိကထည့်သုံးရခြင်းရဲ့ အကြောင်းအရင်းက သူတို့မှာကိုယ်ခံအားကိုမြင့်တက်စေတဲ့ Vitamin များစွာ ပါဝင်ပြီး အစာခြေအူလမ်းကြောင်း စနစ်ကို ကောင်းမွန်စေတဲ့ အမျှင်ဓာတ်ေတွပါ ပါဝင်နေလို့ဖြစ်ပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ် ကိုက်ခဲခြင်း နဲ့ နှာရည်ယိုနှာပိတ်ခြင်းများကိုပါ အထိုက်လျောက် သက်သာစေ အစွမ်းသတ္တိရှိတဲ့ ဂျင်း ၊ကြက်သွန်ဖြူကိုပါ များများလေး ထည့်ချက်ပြီး လုပ်ထားတဲ့အတွက် အရမ်းကို အဆင်ပြေပြီး အာဟာရဖြစ်စေမဲ့ ကြက်စွပ်ပြုတ်ေလးဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
အရေခွံမထူတဲ့ကြက်သား (ဗမာကြက်ဆို အကောင်းဆုံး)
( 1 ) မုန်လာဥဖြူ
( 2 ) မုန်လာဥနီ
( 3 ) ဂျင်း
( 4 ) ကြက်သွန်ဖြူ
( 5 ) စပါးလင်
( 6 ) ငုပ်ကောင်းစေ့
( 7 ) တရုတ်နံနံ (မကြိုက်ရင် မထည့်ပါနဲ့)ဆား လိုသလောက်ထည့်ပါ။
ကြက်သားကို ရေစင်အောင်ဆေးပြီး နှစ်ခြမ်းခွဲခွဲ.တုံးပဲတုံးတုံး ကြိုက်သလို စီမံပါ။မုန်လာဥဖြူ ၊ မုန်လာဥနီကိုအခွံခွာပြီး ပုံထဲက အရွယ်လောက်လေးတွေ တုံးထားပါ။ဂျင်းတက်တွေကို ပါးပါးလှီးမယ်။ကြက်သွန်ဖြူကို အခွံပဲခွာပြီး ဒီတိုင်း တစ်ဥချင်းစီပဲ ပစ်ထည့်ပါမယ်။
ကြက်သားတွေနဲ့အတူတူ ခပ်ကြာကြာလေး ပြုတ်မှာမို့နောက်ဆုံး သူ့အလိုလို ပျော့ပြဲသွားမှာမို့ ဓားပြားမရိုက်တော့တာပါ။စပါးလင် ကို ထုပြီး ခုလို ချည်လိုက်မယ်။တရုတ်နံနံလေးတွေကိုတော့ နောက်ဆုံးမှ ကိုယ်ကြိုက်သလို လှီးဖြတ်ထည့်နိုင်ပါတယ်မထည့်လည်းရပါတယ်။
အရင်ဦးဆုံ းကြက်သားတွေကို ရေနွေးပွက်ပွက်ဆူထဲ ၂ မိနစ်လောက်ထည့်ပြုတ်ပြီး အဲ့ပြုတ်ရည်တွေကို သွန်ပစ်ပါမယ်။ဒါဆို ကြက်သားရဲ့ အပေါ်ယံက မကောင်းတာတွေကောအညှီနံ့တွေပါ ပြုတ်ရည်ထဲ ပါသွားပါလိမ့်မယ်။
နောက်မှ ရေသန့်အသစ်ထပ်ထည့်ပြီး ဆားလိုသလောက်ရယ် ၊ ခုနက ၂ မိနစ်ပြုတ်ထားတဲ့ ကြက်သားရယ်…ဂျင်း ၊ကြက်သွန်ဖြူ ၊ စပါးလင် ၊ ငြုပ်ကောင်းလုံးလေးတွေကို ထည့်ပြီး ပြန်တည်ပေးပါ။
မိနစ်သုံးဆယ်လောက်ပြုတ်ထားပြီးပြီဆိုရင် မုန်လာဥအနီနဲ့အဖြူကိုတစ်ဆက်တည်းထည့်လိုက်ပါမယ်။ပြီးရင် မုန်လာဥနီရော မုန်လာဥဖြူရော နူးပြီး သူတို့ရဲ့ အချိုဓာတ်တွေ ကြက်ပြုတ်ရည်ထဲ ထွက်လာအောင်အထိ နောက်ထပ် ၁၅ မိနစ်ေလာက် ဆက်ပြုတ်ပေးရပါမယ်.။
ဒီနေရာမှာအပေါ့အငန်မြည်းပြီး ဆားလိုရင် လိုသလောက် ထပ်ထည့်နိုင်ပါတယ်။
မှတ်ချက်။ ။ အချိုမှုန့်လုံး၀ သုံးစရာမလိုပါ။ မုန်လာဥတွေထဲက ထွက်လာတဲ့ အချိုဓာတ်တွေက ပြုတ်ရည်ကို အင်မတန်အရသာရှိစေပြီးတာ ဖြစ်လို့ပါနော်။
ကဲ ကြက်သားလည်း နူးပြီး.မုန်လာဥတွေလည်း နူးပြီ.ပြုတ်ရည်ကလည်း အင်မတန်မှ မွှေးကြိုင်ပြီး အရသာရှိလာပြီဆိုရတော့အပေါ်ကနေ တရုတ်နံနံလေးဖြူးပြီး ပူပူနွေးနွေး သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်နော်။
ကြက်သားတွေရော မုန်လာဥတွေရောက တစ်အားကို နူးနေတာမို့ အစာကြေလွယ်ပြီး ပြုတ်ရည်လေးကလည်း အာဟာရရှိလှတာမို့နေမကောင်းဖြစ်တိုင်း လုပ်သောက်ဖို့ မမေ့ကြနဲ့နော်။
Credit
Zawgyi
ၾကက္စြပ္ျပဳတ္ေလးမွာ မုန္လာဥျဖဴနဲ႕မုန္လာဥနီကို အဓိကထည့္သုံးရျခင္းရဲ႕ အေၾကာင္းအရင္းက သူတို႔မွာကိုယ္ခံအားကိုျမင့္တက္ေစတဲ့ Vitamin မ်ားစြာ ပါဝင္ၿပီး အစာေျခအူလမ္းေၾကာင္း စနစ္ကို ေကာင္းမြန္ေစတဲ့ အမျှင်ဓာတ်ေတွပါ ပါဝင္ေနလို႔ျဖစ္ပါတယ္။
ဒါ့အျပင္ ခႏၶာကိုယ္ ကိုက္ခဲျခင္း နဲ႕ ႏွာရည္ယိုႏွာပိတ္ျခင္းမ်ားကိုပါ အထိုက္ေလ်ာက္ သက္သာေစ အစြမ္းသတၱိရွိတဲ့ ဂ်င္း ၊ၾကက္သြန္ျဖဴကိုပါ မ်ားမ်ားေလး ထည့္ခ်က္ၿပီး လုပ္ထားတဲ့အတြက္ အရမ္းကို အဆင္ေျပၿပီး အာဟာရျဖစ္ေစမဲ့ ကြက်စွပ်ပြုတ်ေလးဖြစ်ပါတယ်။
ပါဝင္ပစၥည္းမ်ား
အေရခြံမထူတဲ့ၾကက္သား (ဗမာၾကက္ဆို အေကာင္းဆုံး)
( 1 ) မုန္လာဥျဖဴ
( 2 ) မုန္လာဥနီ
( 3 ) ဂ်င္း
( 4 ) ၾကက္သြန္ျဖဴ
( 5 ) စပါးလင္
( 6 ) ငုပ္ေကာင္းေစ့
( 7 ) တ႐ုတ္နံနံ (မႀကိဳက္ရင္ မထည့္ပါနဲ႕)ဆား လိုသေလာက္ထည့္ပါ။
ၾကက္သားကို ေရစင္ေအာင္ေဆးၿပီး ႏွစ္ျခမ္းခြဲခြဲ.တုံးပဲတုံးတုံး ႀကိဳက္သလို စီမံပါ။မုန္လာဥျဖဴ ၊ မုန္လာဥနီကိုအခြံခြာၿပီး ပုံထဲက အ႐ြယ္ေလာက္ေလးေတြ တုံးထားပါ။ဂ်င္းတက္ေတြကို ပါးပါးလွီးမယ္။ၾကက္သြန္ျဖဴကို အခြံပဲခြာၿပီး ဒီတိုင္း တစ္ဥခ်င္းစီပဲ ပစ္ထည့္ပါမယ္။
ၾကက္သားေတြနဲ႕အတူတူ ခပ္ၾကာၾကာေလး ျပဳတ္မွာမို႔ေနာက္ဆုံး သူ႕အလိုလို ေပ်ာ့ၿပဲသြားမွာမို႔ ဓားျပားမရိုက္ေတာ့တာပါ။စပါးလင္ ကို ထုၿပီး ခုလို ခ်ည္လိုက္မယ္။တ႐ုတ္နံနံေလးေတြကိုေတာ့ ေနာက္ဆုံးမွ ကိုယ္ႀကိဳက္သလို လွီးျဖတ္ထည့္နိုင္ပါတယ္မထည့္လည္းရပါတယ္။
အရင္ဦးဆုံ းၾကက္သားေတြကို ေရႏြေးပြက္ပြက္ဆူထဲ ၂ မိနစ္ေလာက္ထည့္ျပဳတ္ၿပီး အဲ့ျပဳတ္ရည္ေတြကို သြန္ပစ္ပါမယ္။ဒါဆို ၾကက္သားရဲ႕ အေပၚယံက မေကာင္းတာေတြေကာအညွီနံ႕ေတြပါ ျပဳတ္ရည္ထဲ ပါသြားပါလိမ့္မယ္။
ေနာက္မွ ေရသန႔္အသစ္ထပ္ထည့္ၿပီး ဆားလိုသေလာက္ရယ္ ၊ ခုနက ၂ မိနစ္ျပဳတ္ထားတဲ့ ၾကက္သားရယ္ဂ်င္း ၊ၾကက္သြန္ျဖဴ ၊ စပါးလင္ ၊ ျငဳပ္ေကာင္းလုံးေလးေတြကို ထည့္ၿပီး ျပန္တည္ေပးပါ။
မိနစ္သုံးဆယ္ေလာက္ျပဳတ္ထားၿပီးၿပီဆိုရင္ မုန္လာဥအနီနဲ႕အျဖဴကိုတစ္ဆက္တည္းထည့္လိုက္ပါမယ္။ၿပီးရင္ မုန္လာဥနီေရာ မုန္လာဥျဖဴေရာ ႏူးၿပီး သူတို႔ရဲ႕ အခ်ိဳဓာတ္ေတြ ၾကက္ျပဳတ္ရည္ထဲ ထြက္လာေအာင္အထိ ေနာက္ထပ္ ၁၅ မိနစ်ေလာက် ဆက္ျပဳတ္ေပးရပါမယ္.။
ဒီေနရာမွာအေပါ့အငန္ျမည္းၿပီး ဆားလိုရင္ လိုသေလာက္ ထပ္ထည့္နိုင္ပါတယ္။
မွတ္ခ်က္။ ။ အခ်ိဳမႈန႔္လုံး၀ သုံးစရာမလိုပါ။ မုန္လာဥေတြထဲက ထြက္လာတဲ့ အခ်ိဳဓာတ္ေတြက ျပဳတ္ရည္ကို အင္မတန္အရသာရွိေစၿပီးတာ ျဖစ္လို႔ပါေနာ္။
ကဲ ၾကက္သားလည္း ႏူးၿပီး.မုန္လာဥေတြလည္း ႏူးၿပီ.ျပဳတ္ရည္ကလည္း အင္မတန္မွ ေမႊးႀကိဳင္ၿပီး အရသာရွိလာၿပီဆိုရေတာ့အေပၚကေန တ႐ုတ္နံနံေလးျဖဴးၿပီး ပူပူႏြေးႏြေး သုံးေဆာင္နိုင္ၿပီ ျဖစ္ပါတယ္ေနာ္။
ၾကက္သားေတြေရာ မုန္လာဥေတြေရာက တစ္အားကို ႏူးေနတာမို႔ အစာေၾကလြယ္ၿပီး ျပဳတ္ရည္ေလးကလည္း အာဟာရရွိလွတာမို႔ေနမေကာင္းျဖစ္တိုင္း လုပ္ေသာက္ဖို႔ မေမ့ၾကနဲ႕ေနာ္။
Credit