ပရိသတ်တွေအတွက်ဒီတစ်ခေါက်မှာဆိုရင်ဓားပေါင်းများစွာနဲ့ထုဆစ်ပြုလုပ်ထားတဲ့ထူးဆန်းသောရုပ်ထုတစ်ထုအကြောင်းကိုဖော်ပြပေး ချင်ပါတယ်။
၎င်း ရုပ်ထုကိုတော့ Knife Angel လို့ခေါ်ပီး ဗြိတိန်နိုင်ငံ စတန်းဖိုဒ့် ရှိုင်းယားမှာ တည်ရှိပါတယ်။
ဒီရုပ်ထုကြီးရဲ့ အမြင့်ဟာ ၈ မီတာရှိပြီး ထုလုပ်ထားတဲ့ လက်ရာဟာ မြင်တွေ့ရသူတိုင်းကို တအံ့တသြ ဖြစ်စေခဲ့ပါတယ်။
ဒီရုပ်တုကြီးကို ဓားတွေနဲ့သာ ပြုလုပ်ထားပြီး ရုပ်တုဖြစ်ပေါ်လာဖို့ အတွက်ဓားအရွယ်အစားမျိုးစုံတစ်သိန်းကျော်နဲ့ပြုလုပ်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။
ထိုရုပ်တုကို ဖန်တီးပေးထားသူက တော့ Alfie Bradley ဖြစ်ပြီးရုပ်တုရဲ့မျက်နှာနဲ့လက်ချောင်းတွေမှအပကျန်တဲ့အစိတ်အပိုင်း အားလုံးကို ဓားတွေနဲ့သာ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
ရုပ်တုကို ဖန်တီးရာမှာ အသုံးပြုထားတဲ့ ဓားတွေကတော့ ဝယ်ထားတဲ့ဓားတွေမဟုတ်ပါဘူး။ထိုဒေသက ရဲဌာနမှာ ဖမ်းဆီးသိမ်းမိထားတဲ့ ဓားတွေကို အသုံးပြုပြီး ထုဆစ်ထားတာပဲ ဖြစ်ပါတယ်။
ယခုလို ဓားရုပ်တုကို ဖန်တီးထားတဲ့ ရည်ရွယ်ချက်ကတော့ လူအချင်းချင်း ချစ်ခြင်းမေတ္တာတရားထားတတ်ဖို့နဲ့ ရန်ပွဲတွေ ငြိမ်းအေးသွားစေဖိုဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့တယ်လို့ သိရပါတယ်။
crd,
Zawgyi
ပရိသတ္ေတြအတြက္ဒီတစ္ေခါက္မွာဆိုရင္ဓားေပါင္းမ်ားစြာနဲ႕ထုဆစ္ျပဳလုပ္ထားတဲ့ထူးဆန္းေသာ႐ုပ္ထုတစ္ထုအေၾကာင္းကိုေဖာ္ျပေပး ခ်င္ပါတယ္။
၎ ႐ုပ္ထုကိုေတာ့ Knife Angel လို႔ေခၚပီး ၿဗိတိန္နိုင္ငံ စတန္းဖိုဒ့္ ရွိုင္းယားမွာ တည္ရွိပါတယ္။
ဒီ႐ုပ္ထုႀကီးရဲ႕ အျမင့္ဟာ ၈ မီတာရွိၿပီး ထုလုပ္ထားတဲ့ လက္ရာဟာ ျမင္ေတြ႕ရသူတိုင္းကို တအံ့တၾသ ျဖစ္ေစခဲ့ပါတယ္။
ဒီ႐ုပ္တုႀကီးကို ဓားေတြနဲ႕သာ ျပဳလုပ္ထားၿပီး ႐ုပ္တုျဖစ္ေပၚလာဖို႔ အတြက္ဓားအ႐ြယ္အစားမ်ိဳးစုံတစ္သိန္းေက်ာ္နဲ႕ျပဳလုပ္ဖန္တီးထားတာပဲ ျဖစ္ပါတယ္။
ထို႐ုပ္တုကို ဖန္တီးေပးထားသူက ေတာ့ Alfie Bradley ျဖစ္ၿပီး႐ုပ္တုရဲ႕မ်က္ႏွာနဲ႕လက္ေခ်ာင္းေတြမွအပက်န္တဲ့အစိတ္အပိုင္း အားလုံးကို ဓားေတြနဲ႕သာ ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။
႐ုပ္တုကို ဖန္တီးရာမွာ အသုံးျပဳထားတဲ့ ဓားေတြကေတာ့ ဝယ္ထားတဲ့ဓားေတြမဟုတ္ပါဘူး။ထိုေဒသက ရဲဌာနမွာ ဖမ္းဆီးသိမ္းမိထားတဲ့ ဓားေတြကို အသုံးျပဳၿပီး ထုဆစ္ထားတာပဲ ျဖစ္ပါတယ္။
ယခုလို ဓား႐ုပ္တုကို ဖန္တီးထားတဲ့ ရည္႐ြယ္ခ်က္ကေတာ့ လူအခ်င္းခ်င္း ခ်စ္ျခင္းေမတၱာတရားထားတတ္ဖို႔နဲ႕ ရန္ပြဲေတြ ၿငိမ္းေအးသြားေစဖိုဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႕ ဖန္တီးခဲ့တယ္လို႔ သိရပါတယ္။
crd,