တစ်ခေတ်တစ်ခါက ဂျာမန်တိရစ္ဆာန်ဉယျာဉ်မှ ဗမာပြပွဲ နှင့် လူသား တိရိစ္ဆာန်ရုံ အကြောင်း (Human Zoo)

၁၉၁၃ ခုနှစ်တွင် ဘာလင်မြို့အနီးရှိ ဟာဂန်ဘက် (Hagenbeck) တိရစ္ဆာန်ရုံ၌ ဘုန်းကြီးတစ်ပါး အပါအ၀င် ဗမာအမျိုးသား၊ အမျိုးသမီး စုစုပေါင်း အယောက် ၅၀ ခန့်ကို ရုံသွင်း ပြသခဲ့သည်။

၁၉၁၀ ပြည့်နှစ်များအတွင်း ဥရောပတစ်ခွင်တွင် လူသားများကို တိရစ္ဆာန်ဥယျာဉ်များ၌ ပွဲထုတ်ပြသခြင်း ခေတ်စားခဲ့သည်။ ထိုနယ်ပယ်၏ ရှေ့ဆောင်တစ်ဉီးမှာ ကားလ်ဟာဂန်ဘက် (Carl Hagenbeck) ဖြစ်သည်။ ဖခင်ဖြစ်သူနှင့်အတူ အထူးအဆန်း တိရစ္ဆာန်များကို နှစ်ပေါင်းများစွာကြာ ပွဲထုတ်ပြသပြီးနောက် သူသည် ၁၉၀၇ ခုနှစ်တွင် ဟာဂန်ဘက် တိရစ္ဆာန်ဥယျာဉ်ကို တည်ထောင်ခဲ့သည်။

တိရစ္ဆာန်များကို လှောင်အိမ်ထဲ မထည့်ဘဲ ထိုအစား ‘သဘာ၀’ ပတ်ဝန်းကျင် အနေအထားတွင် ပြသခဲ့သည့် ပထမဉီးဆုံးသော တိရစ္ဆာန်ဥယျာဉ်ဖြစ်သည်။ ဧည့်သည်များနှင့် တိရစ္ဆာန်များအကြား နက်ရှိုင်းသည့် ကျုံးများ ခြားထားသည်။ အလွန်အောင်မြင်ခဲ့သည်။

များမကြာမီ ရုံသွင်း ပြသသည့်အထဲတွင် လူသားများကိုပါ ထည့်သွင်းလာသည်။ တစ်မူထူးခြား ဆန်းပြားသော လူ့အဖွဲ့ အစည်းများမှ လူများ ဖြစ်ကြကာ အထူးသဖြင့် အာဖရိကတိုက်မှ ဖြစ်ပြီး အာရှတိုက်နှင့် အခြားနေရာများမှလည်း ပါဝင်သည်။

ယနေ့ခတ်တွင် ထိုလူသားပြပွဲများမှာ လူသားချင်း နှိမ့်ချဆက်ဆံခြင်းအဖြစ် လက်ခံထားကြပါသည်။ ထိုပြပွဲများတွင် ပါ၀င်ခဲ့သူများကို နောင်နှစ်ပေါင်းများစွာ အကြာတွင် မေးမြန်းသောအခါ တိရစ္ဆာန်များနှင့်အတူ အကြည့်ရှုခံရခြင်းကြောင့် အရှက်ရသိမ်ငယ်ရပုံကို ပြောပြခဲ့ကြသည်။

တစ်ခါတရံတွင် လာရောက်ကြည့်ရှုသူ ဧည့်ပရိသတ်တို့က ယင်းတို့အား တို့ကြည့် ထိကြည့်ခြင်းများ၊ အနံ့ခံကြည့်ခြင်းများ ပြုလုပ်တတ်ကြောင်း ဆိုကြသည်။ ထိုသို့ ပြပွဲများတွင် ကလေးငယ်များကိုပင် ပြသလေ့ ရှိပြီး လာရောက်ကြည့်ရှုသူများက ကလေးများကို အစာကျွေးကြလေ့ ရှိသည်။ တိရစ္ဆာန်ရုံတွင် နေထိုင်ရသည့် အနေအထားမှာ အလွန်တရာမှ ဆင်းရဲစုတ်ပြတ်ကြောင်း ထုတ်ဖော်ပြောခဲ့သလို လအနည်းငယ် အကြာတွင် ရောဂါဘယများကြောင့် သေဆုံးသူများလည်း ရှိခဲ့သည်။

ထိုလူသားပြပွဲများမှာ ဥရောပတိုက်တွင် ခေတ်သစ် လူမျိုးခွဲခြားရေးဝါဒ တိုးပွားပျံ့နှံ့လာခြင်းနှင့် ဆက်စပ်နေသည်။ ‘သိပ္ပံနည်းကျ’ သည်ဟုဆိုသော နည်းလမ်းများအရ ကမ္ဘာတစ်ဝှမ်းရှိ လူသားများကို လေ့လာခြင်း၊ လူအမျိုးအစား စာရင်းပြုစုခြင်း၊ လူ့အဆင့်အတန်း ခွဲခြားသတ်မှတ်ခြင်းတို့ကို ပေါ်ပေါက်လာခြင်း၏ တစ်စိတ်တစ်ဒေသအဖြစ် ပါ၀င်သည်။ ဥရောပ နယ်ချဲ့ဝါဒ ကြီးစိုးခေတ်ကာလ လူမျိုးရေးခွဲခြားမှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများမှာ လူသားတို့သည် ဇီ၀ဗေဒအရ ကွဲပြားခြားနားသည်ဆိုသော အချက်ပေါ်တွင် အခြေခံသည်။

တိရစ္ဆာန်ရုံများတွင် လူသားတို့ကို ပြသခြင်းဖြင့် မိမိတို့နှင့် မတူသော နိမ့်ကျသည့် လူအမျိုးအစားတို့မှာ ‘မိမိတို့နည်းတူ’ အခြားလူသားများ မဟုတ်ဘဲ လေ့လာရေးအတွက်၊ ဖျော်ဖြေရေးအတွက် အသုံးတော်ခံများသာ ဖြစ်ကြသည်ဟူသော ယူဆချက်ကို အားပေးလိုက်သလို ဖြစ်နေသည်။

ထိုဗမာများ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် သူတို့တတွေ နေရပ်သို့ ပြန်ရောက်လာခဲ့သည်လားတို့ကို မသိရှိရပါ။

လူသား တိရိစ္ဆာန်ရုံ အကြောင်း (Human Zoo)

သမိုင်းကြောင်းတွေအရ ဒီလိုမျိုး လူသားတိရိစ္ဆာန်ရုံတွေက ဂျာမဏီနိုင်ငံက စတင်ခဲ့တယ်လို့ဆိုတယ်။ အထူးသဖြင့် အာဖရိကတိုက်က လူမျိုးနွယ်စုတွေကို ဖမ်းလာပြီး ဂျာမဏီမှာ သူတို့လူမျိုးတွေကြည့်ဖို့ တိရိစ္ဆာန်ရုံဆောက်ပြီး အားလပ်ရက်တွေမှာကြည့်ကြတယ်လို့ဆိုပါတယ်။

တကယ်တော့ မြန်မာပြည်က လူတွေကိုလည်း ဂျာမဏီမှာ တိရိစ္ဆာန်ရုံထဲထည့်ပြီး ပြသခံရဖူးတယ်လို့ သူငယ်ချင်းဆီက သိခဲ့ရတယ်။ အောက်မှာလည်း Website Link လေးမှာဖတ်နိုင်ပါတယ်။ အဲဒီချိန်မှာဆို အဲဒီရုံထဲကလူတွေကို လူစကားပြောတတ်တဲ့ တိရိစ္ဆာန်တွေလို့တောင်ဆိုကြသတဲ့။

ဒါပေမဲ့ ၁၉၃၀ ပတ်ဝန်းကျင်မှာတော့ ဒီဟာက လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ ယူဆလာသလို ခရစ်ယာန်ဘာသာရေး ရှုတောင့်ကနေ ပြင်းပြင်းထန်ထန်ရှုပ်ချလာတဲ့အတွက် လူသားတိရိစ္ဆာန်ရုံတွေ ဖျက်သိမ်းလာကြတယ်လို့ဆိုပါတယ်။

ဒါပေမဲ့လည်း ခုနောက်ပိုင်းမှာလည်း ဒီလိုမျိုးနဲ့ခပ်ဆင်ဆင်တူတဲ့ ဌာနေတိုင်းရင်းသားကျေးရွာတွေ၊ လူကိုပြပြီး ခရီးသွားလုပ်ငန်းဆွဲဆောင်တာတွေကို Human Zoo လို့ ဝေဖန်ထောက်ပြကြတုန်းပါ။

ဥပမာဆိုရင် ထိုင်းနိုင်ငံမှာ မြန်မာပြည်က ကယန်းမျိုးနွယ်စုတွေကို ရွာတည်ပေးပြီး ခရီးသွားလုပ်ငန်းအတွက် အဲဒီရွာကလူတွေကို သွားကြည့်ဖို့ဆွဲဆောင်နေကြသလို အမေရိကန်လို လူ့အခွင့်အရေးကို အလေးထားတယ်ဆိုတဲ့နိုင်ငံလည်း Polynesian Culture Center ကို Hawaii ကျွန်းမှာတွေ့နိုင်ပါတယ်။ (နောက်မှ ဟာဝိုင်အီကျွန်းက အကြောင်းကိုရေးပါမယ်)

ဒါကြောင့် လူသားတိရိစ္ဆာန်ရုံလိုမျိုး ဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာကို ငြင်းခုန်ကြတုန်းပါ။ ဖြစ်တယ်လို့ဆိုတဲ့အချက်ကတော့ လူသားတွေကို တစ်နေရာမှချထားပြီး ပြသတာ၊ သူ့ရဲ့ လူသားတိုင်းလုပ်ရမည့် အလုပ်ကို ကန့်သတ်ပေးလိုက်တာ၊ လူတွေကိုပဲ ဖျော်ဖြေနေတယ်ဆိုတဲ့ အချက်တွေပါပါတယ်။

ဒါကြောင့် တိုင်းရင်းသားဒေသက ခရီးသွားလုပ်ငန်းတွေမှာ ဒီလိုမဖြစ်ရအောင် လူတစ်ဦးစီရဲ့ ဂုဏ်သိက်ခါကို လေးစားဖို့နဲ့ ဌာ​နေတိုင်းရင်းသားတွေရဲ့လွတ်လပ်မှုကို ဦးစားပေးဖို့ တိုက်တွန်းလေ့ရှိကြပါတယ်။ ။

ဆလိုင်းဗန်နီဘွေး

Credit… အမေ့ခံအတိတ်

Zawgyi
၁၉၁၃ ခုႏွစ္တြင္ ဘာလင္ၿမိဳ႕အနီးရွိ ဟာဂန္ဘက္ (Hagenbeck) တိရစ္ဆာန္႐ုံ၌ ဘုန္းႀကီးတစ္ပါး အပါအ၀င္ ဗမာအမ်ိဳးသား၊ အမ်ိဳးသမီး စုစုေပါင္း အေယာက္ ၅၀ ခန့္ကို ႐ုံသြင္း ျပသခဲ့သည္။

၁၉၁၀ ျပည့္ႏွစ္မ်ားအတြင္း ဥေရာပတစ္ခြင္တြင္ လူသားမ်ားကို တိရစ္ဆာန္ဥယ်ာဥ္မ်ား၌ ပြဲထုတ္ျပသျခင္း ေခတ္စားခဲ့သည္။ ထိုနယ္ပယ္၏ ေရွ႕ေဆာင္တစ္ဉီးမွာ ကားလ္ဟာဂန္ဘက္ (Carl Hagenbeck) ျဖစ္သည္။ ဖခင္ျဖစ္သူႏွင့္အတူ အထူးအဆန္း တိရစ္ဆာန္မ်ားကို ႏွစ္ေပါင္းမ်ားစြာၾကာ ပြဲထုတ္ျပသၿပီးေနာက္ သူသည္ ၁၉၀၇ ခုႏွစ္တြင္ ဟာဂန္ဘက္ တိရစ္ဆာန္ဥယ်ာဥ္ကို တည္ေထာင္ခဲ့သည္။

တိရစ္ဆာန္မ်ားကို ေလွာင္အိမ္ထဲ မထည့္ဘဲ ထိုအစား သဘာ၀ ပတ္ဝန္းက်င္ အေနအထားတြင္ ျပသခဲ့သည့္ ပထမဉီးဆုံးေသာ တိရစ္ဆာန္ဥယ်ာဥ္ျဖစ္သည္။ ဧည့္သည္မ်ားႏွင့္ တိရစ္ဆာန္မ်ားအၾကား နက္ရွိုင္းသည့္ က်ဳံးမ်ား ျခားထားသည္။ အလြန္ေအာင္ျမင္ခဲ့သည္။

မ်ားမၾကာမီ ႐ုံသြင္း ျပသသည့္အထဲတြင္ လူသားမ်ားကိုပါ ထည့္သြင္းလာသည္။ တစ္မူထူးျခား ဆန္းျပားေသာ လူ႕အဖြဲ႕ အစည္းမ်ားမွ လူမ်ား ျဖစ္ၾကကာ အထူးသျဖင့္ အာဖရိကတိုက္မွ ျဖစ္ၿပီး အာရွတိုက္ႏွင့္ အျခားေနရာမ်ားမွလည္း ပါဝင္သည္။

ယေန႕ခတ္တြင္ ထိုလူသားျပပြဲမ်ားမွာ လူသားခ်င္း ႏွိမ့္ခ်ဆက္ဆံျခင္းအျဖစ္ လက္ခံထားၾကပါသည္။ ထိုျပပြဲမ်ားတြင္ ပါ၀င္ခဲ့သူမ်ားကို ေနာင္ႏွစ္ေပါင္းမ်ားစြာ အၾကာတြင္ ေမးျမန္းေသာအခါ တိရစ္ဆာန္မ်ားႏွင့္အတူ အၾကည့္ရႈခံရျခင္းေၾကာင့္ အရွက္ရသိမ္ငယ္ရပုံကို ေျပာျပခဲ့ၾကသည္။

တစ္ခါတရံတြင္ လာေရာက္ၾကည့္ရႈသူ ဧည့္ပရိသတ္တို႔က ယင္းတို႔အား တို႔ၾကည့္ ထိၾကည့္ျခင္းမ်ား၊ အနံ႕ခံၾကည့္ျခင္းမ်ား ျပဳလုပ္တတ္ေၾကာင္း ဆိုၾကသည္။ ထိုသို႔ ျပပြဲမ်ားတြင္ ကေလးငယ္မ်ားကိုပင္ ျပသေလ့ ရွိၿပီး လာေရာက္ၾကည့္ရႈသူမ်ားက ကေလးမ်ားကို အစာေကြၽးၾကေလ့ ရွိသည္။ တိရစ္ဆာန္႐ုံတြင္ ေနထိုင္ရသည့္ အေနအထားမွာ အလြန္တရာမွ ဆင္းရဲစုတ္ျပတ္ေၾကာင္း ထုတ္ေဖာ္ေျပာခဲ့သလို လအနည္းငယ္ အၾကာတြင္ ေရာဂါဘယမ်ားေၾကာင့္ ေသဆုံးသူမ်ားလည္း ရွိခဲ့သည္။

ထိုလူသားျပပြဲမ်ားမွာ ဥေရာပတိုက္တြင္ ေခတ္သစ္ လူမ်ိဳးခြဲျခားေရးဝါဒ တိုးပြားပ်ံ့ႏွံ႕လာျခင္းႏွင့္ ဆက္စပ္ေနသည္။ သိပၸံနည္းက် သည္ဟုဆိုေသာ နည္းလမ္းမ်ားအရ ကမၻာတစ္ဝွမ္းရွိ လူသားမ်ားကို ေလ့လာျခင္း၊ လူအမ်ိဳးအစား စာရင္းျပဳစုျခင္း၊ လူ႕အဆင့္အတန္း ခြဲျခားသတ္မွတ္ျခင္းတို႔ကို ေပၚေပါက္လာျခင္း၏ တစ္စိတ္တစ္ေဒသအျဖစ္ ပါ၀င္သည္။ ဥေရာပ နယ္ခ်ဲ့ဝါဒ ႀကီးစိုးေခတ္ကာလ လူမ်ိဳးေရးခြဲျခားမႈႏွင့္ လူမ်ိဳးတုံးသတ္ျဖတ္မႈမ်ားမွာ လူသားတို႔သည္ ဇီ၀ေဗဒအရ ကြဲျပားျခားနားသည္ဆိုေသာ အခ်က္ေပၚတြင္ အေျခခံသည္။

တိရစ္ဆာန္႐ုံမ်ားတြင္ လူသားတို႔ကို ျပသျခင္းျဖင့္ မိမိတို႔ႏွင့္ မတူေသာ နိမ့္က်သည့္ လူအမ်ိဳးအစားတို႔မွာ မိမိတို႔နည္းတူ အျခားလူသားမ်ား မဟုတ္ဘဲ ေလ့လာေရးအတြက္၊ ေဖ်ာ္ေျဖေရးအတြက္ အသုံးေတာ္ခံမ်ားသာ ျဖစ္ၾကသည္ဟူေသာ ယူဆခ်က္ကို အားေပးလိုက္သလို ျဖစ္ေနသည္။

ထိုဗမာမ်ား မည္သူမည္ဝါ ျဖစ္ေၾကာင္းႏွင့္ သူတို႔တေတြ ေနရပ္သို႔ ျပန္ေရာက္လာခဲ့သည္လားတို႔ကို မသိရွိရပါ။

လူသား တိရိစ္ဆာန္႐ုံ အေၾကာင္း (Human Zoo)

သမိုင္းေၾကာင္းေတြအရ ဒီလိုမ်ိဳး လူသားတိရိစ္ဆာန္႐ုံေတြက ဂ်ာမဏီနိုင္ငံက စတင္ခဲ့တယ္လို႔ဆိုတယ္။ အထူးသျဖင့္ အာဖရိကတိုက္က လူမ်ိဳးႏြယ္စုေတြကို ဖမ္းလာၿပီး ဂ်ာမဏီမွာ သူတို႔လူမ်ိဳးေတြၾကည့္ဖို႔ တိရိစ္ဆာန္႐ုံေဆာက္ၿပီး အားလပ္ရက္ေတြမွာၾကည့္ၾကတယ္လို႔ဆိုပါတယ္။

တကယ္ေတာ့ ျမန္မာျပည္က လူေတြကိုလည္း ဂ်ာမဏီမွာ တိရိစ္ဆာန္႐ုံထဲထည့္ၿပီး ျပသခံရဖူးတယ္လို႔ သူငယ္ခ်င္းဆီက သိခဲ့ရတယ္။ ေအာက္မွာလည္း Website Link ေလးမွာဖတ္နိုင္ပါတယ္။ အဲဒီခ်ိန္မွာဆို အဲဒီ႐ုံထဲကလူေတြကို လူစကားေျပာတတ္တဲ့ တိရိစ္ဆာန္ေတြလို႔ေတာင္ဆိုၾကသတဲ့။

ဒါေပမဲ့ ၁၉၃၀ ပတ္ဝန္းက်င္မွာေတာ့ ဒီဟာက လူ႕အခြင့္အေရးကို ခ်ိဳးေဖာက္တယ္လို႔ ယူဆလာသလို ခရစ္ယာန္ဘာသာေရး ရႈေတာင့္ကေန ျပင္းျပင္းထန္ထန္ရႈပ္ခ်လာတဲ့အတြက္ လူသားတိရိစ္ဆာန္႐ုံေတြ ဖ်က္သိမ္းလာၾကတယ္လို႔ဆိုပါတယ္။

ဒါေပမဲ့လည္း ခုေနာက္ပိုင္းမွာလည္း ဒီလိုမ်ိဳးနဲ႕ခပ္ဆင္ဆင္တူတဲ့ ဌာေနတိုင္းရင္းသားေက်း႐ြာေတြ၊ လူကိုျပၿပီး ခရီးသြားလုပ္ငန္းဆြဲေဆာင္တာေတြကို Human Zoo လို႔ ေဝဖန္ေထာက္ျပၾကတုန္းပါ။

ဥပမာဆိုရင္ ထိုင္းနိုင္ငံမွာ ျမန္မာျပည္က ကယန္းမ်ိဳးႏြယ္စုေတြကို ႐ြာတည္ေပးၿပီး ခရီးသြားလုပ္ငန္းအတြက္ အဲဒီ႐ြာကလူေတြကို သြားၾကည့္ဖို႔ဆြဲေဆာင္ေနၾကသလို အေမရိကန္လို လူ႕အခြင့္အေရးကို အေလးထားတယ္ဆိုတဲ့နိုင္ငံလည္း Polynesian Culture Center ကို Hawaii ကြၽန္းမွာေတြ႕နိုင္ပါတယ္။ (ေနာက္မွ ဟာဝိုင္အီကြၽန္းက အေၾကာင္းကိုေရးပါမယ္)

ဒါေၾကာင့္ လူသားတိရိစ္ဆာန္႐ုံလိုမ်ိဳး ျဖစ္ျခင္း၊ မျဖစ္ျခင္းဆိုတာကို ျငင္းခုန္ၾကတုန္းပါ။ ျဖစ္တယ္လို႔ဆိုတဲ့အခ်က္ကေတာ့ လူသားေတြကို တစ္ေနရာမွခ်ထားၿပီး ျပသတာ၊ သူ႕ရဲ႕ လူသားတိုင္းလုပ္ရမည့္ အလုပ္ကို ကန့္သတ္ေပးလိုက္တာ၊ လူေတြကိုပဲ ေဖ်ာ္ေျဖေနတယ္ဆိုတဲ့ အခ်က္ေတြပါပါတယ္။

ဒါေၾကာင့္ တိုင္းရင္းသားေဒသက ခရီးသြားလုပ္ငန္းေတြမွာ ဒီလိုမျဖစ္ရေအာင္ လူတစ္ဦးစီရဲ႕ ဂုဏ္သိက္ခါကို ေလးစားဖို႔နဲ႕ ဌာေနတိုင္းရင္းသားေတြရဲ႕လြတ္လပ္မႈကို ဦးစားေပးဖို႔ တိုက္တြန္းေလ့ရွိၾကပါတယ္။ ။

ဆလိုင္းဗန္နီေဘြး

Credit… အေမ့ခံအတိတ္