မျက်လုံးနဲ့ သက်ဆိုင်တဲ့ ယောဂလေ့ကျင့်ခန်းတွေဟာ မျက်လုံးရဲ့ လုပ်ငန်းစဉ်ကို ကောင်းမွန်စေပြီး မျက်စိ အဝေးမှုန်ခြင်း အနီးမှုန်ခြင်းနှင့် အခြားသော မျက်လုံးနှင့်ဆက်နွယ်တဲ့ ရောဂါတွေ ကို ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောကြပါတယ်။ သိပ်လည်း မခက်ခဲတဲ့ လေ့ကျင့်ခန်းလေးတွေမို့ ဖော်ပြပေးလိုက်ပါတယ်။
၁။ လက်ဖဝါးကိုပွတ်ခြင်း (palming)
မျက်လုံးကို ပိတ်ထားပြီး သက်တောင့်သက်သာ အသက်ရှုပါ။ သင့်လက်ဖဝါးတွေကို ပူလာအောင် အကြိမ်ကြိမ်ပွတ်တိုက်ပေးပြီး လက်ဖဝါးတွေကို သင့်မျက်ခွံပေါ်တင်လိုက်ပါ။ လက်ဖဝါးက အနွေးဓာတ်ဟာ မျက်လုံးကြွက်သားတွေကိုပြေလျော့စေပါတယ်။ အဲ့ဒီအနွေးဓာတ်ကုန်သွားတဲ့အထိအုပ်ထားပေးပါ။ မျက်လုံးကိုပိတ်ထားမြဲ ပိတ်ထားပြီး လက်ကို ပြန်ဖယ်ပါ။ အနည်းဆုံး ၃ကြိမ်လောက် ထပ်မံ ပြုလုပ်ပေးပါ။
၂။ မျက်တောင်ခတ်ခြင်း ( blinking)
မျက်လုံးကိုဖွင့်ထားပါ။ခပ်မြန်မြန် မျက်တောင်ခတ်ခြင်းကို ၁၀ကြိမ်ခန့် ခတ်ပါ။ပြီးလျှင်မျက်လုံးကို စက္ကန့် ၂၀ခန့်မှိတ်ထားပြီး အသက်ကို ဖြည်းညင်းစွာရှုပါ။ဒီလေ့ကျင့်ခန်းကိုလည်း ၅ကြိမ်ခန့် ပြုလုပ်ပေးပါ။
၃။ဘေးဘက်ကြည့်ခြင်း (sideways Viewing)
ခြေထောက်ကို ရှေ့ဆင်းချပြီး ထိုင်ပါ။ လက်မောင်းကို ပင့်မလိုက်ပြီး လက်မ နှစ်ဘက်ကို အပေါ်ထောင်ပြီး လက်သီးဆုပ်ထားပါ။ခေါင်းကို မတ်ထားပြီး အောက်ပါတို့ကို တစ်ခုချင်းစီ ပြုလုပ်ပါ။
မျက်လုံးအကြည့်ကို
မျက်ခုံးနှစ်ခုကြား နေရာကို ကြည့်ပါ
ပြီးလျှင် ဘယ်ဘက်လက်မကို ကြည့်ပါ
မျက်ခုံး နှစ်ခုကြားနေရာကိုပြန်ကြည့်ပါ
ညာဘက်လက်မကိုကြည့်ပါ
မျက်ခုံးနှစ်ခုကြား နေရာကို ကြည့်ပါ
ဘယ်ဘက်လက်မကို ကြည့်ပါ
ဒီလေ့ကျင့်ခန်းကိုလည်း ၁၀ကြိမ်မှ အကြိမ်၂၀ခန့် ပြုလုပ်ပေးနိုင်ပါတယ်။
လေ့ကျင့်ခန်း မစခင် အသက်တစ်ကြိမ်ရှုသွင်းပါ။ ဘေးဘက်ကို ကြည့်သောအခါ အသက်ကို ရှုထုတ်ပါ။ အသက်ပြန်ရှုသွင်းပြီးမှ မျက်ခုံးနှစ်ခုကြား ဗဟိုကိုပြန်ကြည့်ပါ။
၄ ရှေ့နှင့်ဘေးကိုကြည့်ခြင်း (Front and sideways viewing)
ခြေထောက်ကို ရှေ့ဆင်းချပြီး ထိုင်ပါ။
ဘယ်ဘက်လက်သီး ကို ဘယ်ဘက်ဒူးပေါ်ကို တင်ပြီး ဘယ်ဘက်လက်မကိုအပေါ်ထောင်ထားပါ။
မျက်လုံးကို ရှေ့တည့်တည့်ကြည့်ပြီး ခေါင်းကို တည့်မတ်စွာထားပါ။ အသက်ကိုရှုထုတ်လိုက်ပြီး သင့်ရဲ့အကြည့်ကို ဘယ်ဘက်လက်မပေါ်မှာထားပါ။
အသက်ကို ရှုသွင်းလိုက်တဲ့အခါ မျက်လုံးကို ရှေ့တည့်တည့်ပြန်ကြည့်ပါ ( ခေါင်းကို တည့်မတ်စွာ ထားပြီး ) ။
ညာဘက်လက်မနှင့်လည်း တူညီသော လုပ်ဆောင်ချက်ကို လုပ်ဆောင်ပါ
ပြီးလျှင် မျက်လုံးကို ပိတ်ပြီး အနားယူပါ
၅။ မျက်လုံးကို လည်စေသော ကြည့်ခြင်း (rotational viewing)
ခြေထောက်ကို ရှေ့ဆင်းချပြီး ထိုင်ပါ။ဘယ်ဘက်လက်ကို ဘယ်ဒူးပေါ်တွင်တင်ပါ။တံတောင်ဆစ်ကို ဖြောင့်ထားပြီး ညာဘက်လက်သီးဆုပ်ကို ညာဘက်ဒူးပေါ်တွင် လက်မကို ထောင်ထားပြီး တင်ပါ ။
ခေါင်းကိုတည့်မတ်စွာထားပြီး ညာဘက်လက်မကိုကြည့်ပါ။
ကြည့်နေစဉ် ညာဘက်လက်မကို စက်ဝိုင်းပုံစံဆွဲပါ။ (နာရီလက်တံအတိုင်းတစ်ခါ နှင့် နာရီလက်တံပြောင်းပြန်ပုံစံတစ်ခါ )
ဘယ်ဘက်လက်မနှင့်လည်း အလားတူလေ့ကျင့်ခန်း ပြုလုပ်ပါ။
လေ့ကျင့်ခန်းကို ငါးကြိမ်ခန့် ပြုလုပ်ပြီး မျက်လုံးမှိတ် အနားယူပါ။
၆။ အပေါ်အောက်ကြည့်ခြင်း ( up and down viewing)
ခြေထောက်ကို ရှေ့ဆင်းချပြီး ထိုင်ပါ။လက်မထောင်ထားသော လက်သီးဆုပ်များကို ဒူးပေါ်တွင်တင်ထားပါ။လက်မောင်းကို တဖြောင့်တည်းထားပြီး ညာဘက်လက်မကို ဖြည်းဖြည်းချင်း မ တင်ပါ။
အကြည့်ကို လက်မ၏ရွေ့လျားရာသို့ လိုက်ကြည့်ပါ။ လက်မကို နဂိုနေရာသို့ ပြန်လည်လျှောချသည့်အထိ မျက်လုံးအကြည့်ကို ညာလက်မပေါ်တွင် လိုက်ကြည့်ပါ။ ခေါင်းကိုတည့်မတ်စွာထားပါ။လက်မတစ်ဖက်စီနှင့် လေ့ကျင့်ခန်းကို ၅ကြိမ်ခန့် ပြုလုပ်ပေးပါ။ခေါင်းနှင့်ကျောရိုးက တဖြောင့်တည်း မတ်ထားရမှာပါ။
၇။ နှာခေါင်းကို ငေးကြည့်ခြင်း (preliminary nose gazing )
တင်ပလ္လင်ခွေထိုင်ပါ။ညာဘက်လက်မောင်းကို မလိုက်ပြီး လက်သီးဆုပ်ကာ လက်မကို အပေါ်ထောင်ထားပါ။မျက်လုံးက လက်မထိပ်ကိုအာရုံစိုက်ကြည့်နေပါ ။ထို့နောက် လက်မောင်းကိုအတွင်းဘက်ကို ကွေးချလိုက်ခြင်းဖြင့် လက်မကို နှာခေါငိးထိပ်ရှိရာသို့ ယူလာပါ။
နှာခေါင်းထိပ်မှာပဲ အချိန်တစ်ခုထားပြီး မျက်လုံးကလည်း ဆက်လက်ကြည့်နေပါ။ထို့နောက် လက်မောင်းကို ပြန်လည်ဆန့်တန်းပါ။အနည်းဆုံးငါးကြိမ်ခန့်ပြုလုပ်လို့ရပါတယ်။
၈ အနီးအဝေးကြည့်ခြင်း (near and distant viewing )
မြင်ကွင်းကျယ်တဲ့ ပြတင်းပေါက် နားမှာ ထိုင်ပါ။မြင်ကွင်းကိုငေးမောပါပြီးလျှင် နှာခေါင်းထိပ်ကို အာရုံစိုက်ပြီ း ၅စက္ကန့်မှ ၁၀စက္ကန့်အထိ ကြည့်ပေးပါ၁၀ကြိမ်ခန့်ပြုလုပ်ပေးပါ။
မျက်လုံးပါဝါကြောင့် မျက်ရိုးကိုက်၊ဇက်ကြောတက်၊
ခေါင်းအုံခေါင်းကိုက်ပြီး စိတ်ညစ်နေသူများ ဆေးဝိဇ္ဇာ အာရုံကြောဆေးကို အစာစားပြီး ၅ပြား တနေ့၃ကြိမ်
ရှောက်ရည် (သို့)ရေနွေးဖြင့်သောက်ပေးပါ
crd,