အိမ်ရှင်မတွေ ကြုံတွေ့ရလေ့ရှိတဲ့ စိတ်ရှုပ်စရာတစ်ခုကတော့ ဆန်ပိုးတက်တဲ့ ကိစ္စပါပဲ။ ထမင်းတစ်ခါချက်ဖို့အရေး ထမင်းချက်တဲ့နေရာ မရောက်လိုက်ဘဲ ဆန်ပိုးဖယ်နေရတာနဲ့တင် အချိန် ကုန်သွားတတ်တာမျိုးပေါ့။
ဒါကြောင့် ဒီနေ့တော့ဆန်ပိုးနဲ့ပတ်သက်တဲ့ ဗဟုသုတရဖွယ် အ ကြောင်းအရာလေးတွေကို အိမ်ရှင်မတွေအတွက် အသုံးဝင်အောင် မျှဝေပေးသွားပါမယ် ။ဆန်ပိုးဘယ်ကစ – ဆန်ရဲ့ သဘာဝအရ ကြာရှည်သိုလှောင်ထားရင် ပိုးတက်လေ့ရှိပါတယ်။
ကြိတ်သားပေါ်မှာလည်း မူတည်ပြီးတော့လည်း စက်ရုံကထွက်လာတဲ့ ကြိတ်သားကောင်းရင်ကောင်းသလို (၃) လအထိ အထားခံတာမျိုးလည်းရှိပါတယ်၊ကြိတ်သား သိပ်မကောင်းတဲ့ဆန်မျိုးကျတော့ (၁) လလောက်အထိပဲ အထားခံတာမျိုးလည်း ရှိတတ်ကြပါတယ်။ဆန်ပိုးတက်ပြီဆိုရင် – ပထမအဆင့်မှာ ဆန်ပိုးအမတွေက ဆန်စေ့တွေကိုဖောက်ပြီး ဥဥပါတယ်။
ဆန်ပိုးတစ်ကောင်ရဲ့ သက်တမ်းက ပျမ်းမျှ ၂၇ ရက်မို့ ဆန်ပိုးအမတစ်ကောင်ဟာ သူ့သက်တမ်းအတွင်း အကြမ်းဖျဉ်းအားဖြင့် ဥပေါင်း ၃၀၀ ကျော် ဥပါတယ်။ ဥကတစ်ဆင့် ဆန်ပိုးတွေ ပေါက်ဖွားလာပါတယ်။ဒုတိယအဆင့်မှာ ဆန်ပိုးအကောင်တွေ ပိုကြီးလာပြီး ပေါက်ပွားနှုန်းလည်း ပိုမြန်လာပါတယ်။
ဒီအဆင့်အထိ ဆန်ပိုးတွေကို ဖယ်ရှားပြီး ဆန်အကောင်းကို ပြန်ရွေးလို့ရနိုင်ပါသေးတယ်။တတိယအဆင့်ရောက်သွားရင်တော့ ဆန်တွေက လက်နဲ့ဖြစ်လိုက်ရင်ကို ကြေမွသွားတာမျိုး၊ ဘယ်လိုမှကို ချက်လို့မရတော့တာမျိုး ဖြစ်သွားပြီး လွှင့်ပစ်လိုက်ရတော့တာပါပဲ။
ဒါကြောင့် ဆန်ပိုးမတက်အောင်- ဆန်ကို ဆန်အိတ်ထဲမှာပဲ သိုလှောင်ထားမယ်ဆိုရင် ဆန်ပိုးမတက်ခင် အိတ်သားအရင်တက်လေ့ရှိပါတယ်။ အိတ်သားတက်တယ်ဆိုတာ ဆန်က မဖွေးတော့ဘဲ ညိုညစ်ညစ်ဖြစ်လာတာမျိုးပေါ့။ ဒါကြောင့် ဆန်ကို အိတ်အစား လေလုံတဲ့ ဆန်အိုး၊ ဆန်ပုံးတို့နဲ့သိုလှောင်သင့်ပါတယ်။
ကြက်သွန်နီ၊ ငြုပ်သီးခြောက်၊ မီးသွေးတို့ကို ဆန်အိုးထဲရောထည့်ထားရင်လည်း ဆန်ပိုးတက်ခြင်းကို သက်သာပေးစေနိုင်ပါတယ်။ဆန်ပိုးဖယ်ရှားနည်း – ဆန်ပိုးမတက်အောင် နည်းမျိုးစုံနဲ့ ကာကွယ်နေတဲ့ကြားက ဆန်ပိုးတက်လာပြီဆိုရင်တော့ အောက်ပါ နည်း (၅) နည်းနဲ့လည်း ဖြေရှင်းနိုင်ပါသေးတယ်။
(၁) ဆန်ကိုနေပူပူထဲမှာ ၁၅ မိနစ်လောက် ပြထားလိုက် ပါ။ ပြီးရင် စကောဝိုင်းထဲထည့်ပြီး ဆန်ပြာလိုက်ရင် အလယ်မှာ ဆန်ပိုးလေးတွေ စုလာပါလိမ့်မယ်။
(၂) ဆန်ထည့်ထားတဲ့ အိတ်၊ အိုး၊ ပုံးတို့ကို ဖွင့်ပြီးတော့ ဆန်ပေါ်မှာ အဝတ်စအဖြူလေး အုပ်ပေးထားလိုက်ပါ။ ခဏကြာရင် အဝတ်စပေါ်ကို ဆန်ပိုးတွေ တက်လာပါလိ့မ်မယ်။ အဝတ်ကို ရေမစိုအောင်တော့ သတိပြုဖို့လိုပါတယ်။
(၃) ဆန်ကို ရေခဲသေတ္တာထဲ သုံးရက်ထည့်ထားလိုက်မယ်ဆိုရင်လည်း ဆန်ပိုးတွေကို နှိမ်နင်းပြီးသား ဖြစ်ပါလိမ့်မယ်။
(၄) ဆန်တွေကို အကြာကြီး သိမ်းဆည်းမထားပါနဲ့။ ဆန်တွေကို နှစ်ရှည်လများစွာ သိမ်းဆည်းစားသုံးခြင်းကလည်း ပိုးထိုးတတ်ပါတယ်။
(၅) သစ်သားပုံးတွေထဲမှာ ဆန်များကို ထည့်သွင်း မသိုလှောင်ထားပါနဲ့။ သစ်သားပုံးတွေထဲမှာ ဆန်များ ထည့်သွင်းထားပါက ပိုးထိုးမြန်စေပါတယ်။ တကယ်လို့ ဆန်ထဲက ပိုးကောင်တွေကို ရှင်းထုတ်ချင်ပါက ဆန်ထဲသို့ ငြုပ်သီးအခြောက်တောင့်များ ထည့်သွင်းထားလိုက်ပါက ဆန်ပိုးများ ကင်းရှင်းသွားပါလိမ့်မည်။
တကယ်လို့ ရေရှည်သိမ်းဆည်းပြီးစားသုံးချင်ပါက ကရဝေးရွက်များကို ဆန်အတွင်းသို့ ရောနှော၍ထည့်ထားလိုက်ပါက ပိုးထိုးခြင်းရန်မှ ကင်းဝေးစေပါတယ်။ဆန်ပိုးအကြောင်း – ဆန်ပိုးဆိုတာ…ဆန်တွေမှာတွေ့ရတတ်တဲ့ အမည်းရောင်လိုလို အညိုရောင်လိုလို ပိုးကောင်သေးသေးလေးတွေပါ။
သူတို့တွေရဲ့ သက်တမ်းက ပျမ်းမျှအားဖြင့် ၁လ နီးပါးလောက်အထိအသက်ရှင်နိုင်ကြပါတယ်။ သူ့သက်တမ်းအတွင်းမှာ ပျမ်းမျှအကောင်ရေ ၃၀၀- ၄၀၀ လောက်နီးနီးကို ဥနိုင်တဲ့အကောင်လေးတွေပါ။ ဒီကောင်တွေဟာ ဆန်စေ့ရဲ့ အတွင်းသားတွေကို စားကြပြီးတော့ အဲ့အတွင်းထဲမှာပဲ ဥ ဥချပြီး ပေါက်ဖွားလာတာပါ။
အဲ့တာမလို့ ဆန်ပိုးတက်တာ ကြာလာပြီဆို ဆန်စေ့အလယ်မှာ အပေါက်လေးတွေ ဖြစ်ပြီး နောက်ကျရင် ကြေပြီးအမှုန့်လေးတွေဖြစ်သွားတာပါ။ အဲ့အခြေအနေရောက်ပြီဆို ဘယ်လိုမှစားလို့မရတော့ပါဘူး။
ဆန်စေ့အလယ်မှာအခေါင်း ပေါက်လေးတွေဖြစ်နေပြီဆိုရင် စားရတာ အရသာမရှိတော့ပါဘူး။ဆန်ပိုးဘာလို့တက်တာလဲ -ဆန်တွေရဲ့သဘာဝအရ လရှည်ရက်များ အကြာကြီးထားရင်သူ့အလိုလို ကို ဆန်ပိုးလေးတွေဖြစ်လာတာပါ။
တစ်ခါတစ်လေ ဝယ်ထားတာမကြာသေးပဲနဲ့ ပိုးတက်တာတွေလဲရှိပါတယ်။ အဲ့လိုဖြစ်တာက လက်ကျန်ဆန်ရှိနေတဲ့ပုံးထဲကို အသစ်ဝယ်လာတဲ့ဆန်ကိုရောထည့် လိုက်ရင် ပိုးတက်တာဟာ ပုံမှန်ထက် မြန်သွားတတ်ပါတယ်။
ဆန်ပိုးမတက်အောင်ဘယ်လိုကာကွယ်မလဲ – ဆန်ဟာ ကြိတ်ထားတာကြာလေ ဆန်ပိုး တက်နိုင်ချေ များတဲ့အတွက်ကြောင့်လတ်ဆတ်တဲ့ စပါးအဟောင်းကိုကြိတ်ထားတဲ့ ကြိတ်သစ်ဆန်ကို ဝယ်ယူရပါမယ်။သိုလှောင်တဲ့အခါမှာလဲ သန့်ရှင်းပြီး ရေမစိုပဲ လေလုံတဲ့ပုံးတွေနဲ့ သိုလှောင်မှ ၃၊၄ လလောက်ကို ပိုးမတက်ပဲ လှောင်ထားလို့ရမှာပါ။
ဂျင်း၊ အောင်မည်းညို၊ လောက်သေရွက်၊ ငရုပ်သီးခြောက်၊ ကြက်သွန်နီ တို့ကို ထည့်ပြီး သိုလှောင်ထားလို့ ရပေမယ့် သိုလှောင်ချိန် အရမ်းကြာရင်တော့လဲ ထိထိရောက်မကာကွယ်နိုင်ပါဘူး။အဲ့တာမလို့ အချိန်အကြာကြီးမသိုလှောင်ဖို့ကိုတော့ အကြုံပေးချင်ပါတယ်။
ဆန်ကို အရေအတွက်နည်းနည်းနဲ့ တစ်လ နှစ်လ အတွင်း ကုန်နိုင်သလောက်ပဲ ဝယ်မယ်ဆိုရင်လည်း ဆန်ပိုးတက်တာကို သက်သာစေမှာပါ။
( ဥပမာ- ဆန်တစ်အိတ်ကို နှစ်လလောက်စားရတယ်ဆို အဲ့အိတ်ကုန်ခါနီးမှ နောက်အိတ်ကိုဝယ်ပါ )
Credit ;