ဒီကနေ့ဒီကနေ့ တင်ဆက်ပေးမယ့် အကြောင်းအရာကတော့ အရင်ခေတ်က အလွန်အမင်း အောင်မြင်ကျော်ကြားပြီး ကြမ်း တမ်းတဲ့ဘ၀ဇာတ်ရုပ်တွေကို ဟန်ပါပါ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ လူကြမ်းမင်းသား အံ့ကျော်အကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင့်။
နှလုံးလှ လူကြမ်းမင်းသားကြီး ဦးအံ့ကျော်ကို ၁၉၃၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အမည်အရင်းမှာ ဦးမြင့်ဝေ လို့ ဆိုပါတယ်။ မီးရထား ဝန်ထမ်းဟောင်း ဖခင် ဦးတင်အောင် မိခင် ဒေါ်ကြူကြူတို့က ၁၉၃၇ ခုနှစ် ဇွန်လ ၆ရက်တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ပါတယ်။
သားနှစ်ဦး ထွန်းကားသည့်အနက်တွင် သရုပ်ဆောင် ဦးအံ့ကျော်မှာ အကြီးဆုံးသား ဖြစ်ပါတယ်။ မွေးရပ်သည် မန္တလေးမြို့ဖြစ်ပြီး မန္တလေးမြို့ရှိ ဖားသားလဖုန်း ကျောင်းတွင် ဒဿမတန်းအထိ အတန်းပညာ သင်ကြားခဲ့ပါတယ်။
ထိုနောက် အဒေါ်ဖြစ်သူ၏ နာရီဆိုင်တွင် အလုပ်လုပ်ခဲ့ပြီး အလုပ်ကို မခိုမကပ်ပဲ ကြိုးစားနေရင်း အနုပညာ အလုပ်ကို ဝါသနာ ပါလွန်းသောကြောင့် မှန်ထိုး မီးထိုးဘ၀ဖြင့် ရရာအလုပ်ကို ဝင်လုပ်ကာ ရုပ်ရှင်လောကသို့ စတင် ရောက်ရှိခဲ့ပါတယ်။
တစ်ဖြည်းဖြည်း လူကြမ်းမင်းသားနေရာကို ၀င်သရုပ်ဆောင်ခွင့် ရလာပြီး မသိသူ မရှိသည့် လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့ လူကြမ်းမင်းသားတစ်ယောက်အဖြစ် လူသိများ ထင်ရှားလာခဲ့ပါသည်။
သဏ္ဍန်လုပ် သရုပ်ပါ ဆိုသလို အနုပညာကို ကျရာနေရာကနေ ဆေးစက်ထင်ရာ အရုပ်ရေးသလို ပါရမီပါပါ သရုပ်ဆောင်နိုင်တာကြောင့် လူကြမ်းမင်းသားအံ့ကျော်မှာ ထိုခေတ်အခါက အလွန် နာမည်ကြီးခဲ့ပါတယ်။
ရှုပ်ရှင်လောကကို စတင်၀င်ရောက်လာသည့်အခါတွင် အံ့ကျော်ရဲ့ လက်ဦးဆရာမှာ ဒါရိုက်တာ ဦးချင်းစိန်၊ ဒါရိုက်တာ ဦးတင်ယု နှင့် ဒါရိုက်တာ ဦးမောင်မောင်မြင့်တို့ဖြစ်ပါတယ်။ အနုပညာ ဝါသနာပါသူပီပီ ဆရာတွေ သင်ပြ ပြောဆိုသည့်အတိုင်း တသဝေမတိမ်း လိုက်နာ လုပ်ဆောင်ခဲ့ပါတယ်။
သရုပ်ဆောင်အံ့ကျော်သည် လူကြမ်းမင်းသား နေရာမှာ ပီပြင်အောင် သရုပ်ဆောင်နိုင်သလောက် အပြင်လောကတွင် ပျော်ပျော်နေတတ်တဲ့ နှလုံးသားလှသော လူမိုက်ကြီးပါ၁၉၆၇ ခုနှစ်တွင် ဒေါ်နှင်းရည်အောင် ဆိုသူနှင့် လက်ထပ် ထိမ်းမြားခဲ့ပြီး သားတစ်ယောက် သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။
၁၉၇၃ ခုနှစ်တွင် ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဆိုသည့် အမျိုးသား စာပေဆုရ စာရေးဆရာ မင်းကျော် ၏ မြ၀တီမဂ္ဂဇင်းမှာ ဖော် ပြခြင်း ခံရသည့် အခန်းဆက် ဝတ္ထုရှည်ကို ဒါရိုက်တာဦးသုခ ရိုက်ကူးသော ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဇာတ်ပို့ဆုဖြင့် အကယ်ဒမီ ရွှေစင်ရုပ်ထုကို ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။
ထို ဇာတ်ကားတွင် စာမတတ် ပေမတတ် ရိုးသားနုံအသော ထန်းတက် သမား ကိုချစ်စရာ ၏ ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ခဲ့ပြီး ထိုက်ထိုက်တန်တန် အကယ်ဒမီ ရွှေစင်ရုပ်ထုကို ရရှိခဲ့ပါသည်။
လူကြမ်းခန်းများတွင်သာ သရုပ်ဆောင်ခဲ့တဲ့ ဦးအံ့ကျော်သည် ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဇာတ်ကားတွင် ထူးထူးဆန်းဆန်း ဇာတ်ပို့နေရာတွင် ပီပီပြင်ပြင် ဇာတ်ရုပ်ပေါ်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ် ။
ဦးအံ့ကျော်သည် မသေခင်အထိ ရုပ်ရှင်ဇာတ်ကားကြီးနှင့် ဗီဒီယို ဇာတ်ကားပေါင်း ၃၀၀ ခန့် သရုပ်ဆောင်နိုင်ခဲ့တယ် ။
အဆိပ်မာန် မာနမင်းသား ငရဲသား ကန္တာရ ရဟန်းစားရသော ဆွမ်းတစ်နပ် ရွှေဂေါင်းပြောင် ကျားနောက်က ဝံပုလွေ စသည့် နာမည်ကြီး ဇာတ်ကားများတွင် ပါဝင်ခဲ့ပါတယ် ။ မြန်မာအသံ ဇာတ်လမ်းများစွာ၌ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဆားပုလင်းနှင်းမောင် နှင့် မြိုင်ရာဇာတာတေ၊ ဆားပုလင်းနှင်းမောင် နှင့် မီးခဲမောင်မောင် ကျူရိုးနဲ့ ခေါင်းလောင်းထိုးမယ် ဓါးခင်ခင် ပဂိုင်ငစိန် ဝိသမငညိုကြီး ခင်ချောတောပြန်ပါ အလွမ်းဇာတ် တစ်ခန်းရပ်လိုက်ပြီ ဖိုးတုတ် ရှိုးထုတ်နေသည် စသည့် အသံ ဇာတ်လမ်းများစွာ၌ ပါဝင်သရုပ်ဆောင်ခဲ့သည်။
ကွယ်လွန်ခါနီးတွင် ဘာသာရေး နေ့ထူးနေ့မြတ်များတွင် ထုတ်လွှင့်သော ဘာသာရေးဆိုင်ရာ ဇာတ်လမ်းများတွင်လဲ ပါ၀င် သရုပ်ဆောင်နိုင်ခဲ့ပါသည်။
ဦးမြင့်ဝေ တစ်ဖြစ်လဲ သရုပ်ဆောင် အကယ်ဒမီ ဦးအံ့ကျော်သည် ၂၀၀၇ – ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက် နေ့တွင် လေငန်းရောဂါဖြင့် ဒဂုံမြို့သစ် မြောက်ပိုင်း၊ ၄၉ ရပ်ကွက်၊ အမှတ် ၁၀၆၄၊ ဒူးယား (၆)လမ်း နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၇၀) ရှိပြီ ဖြစ်သည်။
လူကြမ်းသရုပ်ဆောင် ရုပ်ရှင်မင်းသားကြီး ဦးအံ့ကျော်သည် ရုပ်ရှင်ဇာတ်လမ်းများ အသံ ဇာတ်လမ်းများတွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး အကယ်ဒမီဆု ချီးမြင့်ခံရသည် အထိ ထူးခြား ပြောင်မြောင်သော အနုပညာရှင်ကောင်းတစ်ယောက် ဖြစ်ခဲ့ပါသည်။
အကယ်ဒမီ အံ့ကျော်ရဲ့ ကျန်ရစ်ခဲ့သော အနုပညာများကို ရုပ်မြင်သံကြားတွင်ပြန်လည်ပြသနေဆဲ ဖြစ်ပါတယ်။လူက ဆုံးပါးသွားခဲ့ပေမယ့်လည်း အနုပညာ လက်ရာများကတော့ အသက်ရှင်နေဆဲ ဖြစ်ပါတယ်။
Crd,ဝီကီပီးဒီးယား
Zawgyi
ဒီကေန႕ဒီကေန႕ တင္ဆက္ေပးမယ့္ အေၾကာင္းအရာကေတာ့ အရင္ေခတ္က အလြန္အမင္း ေအာင္ျမင္ေက်ာ္ၾကားၿပီး ၾကမ္း
တမ္းတဲ့ဘ၀ဇာတ္႐ုပ္ေတြကို ဟန္ပါပါ ပီပီျပင္ျပင္ သ႐ုပ္ေဆာင္နိုင္တဲ့ လူၾကမ္းမင္းသား အံ့ေက်ာ္အေၾကာင္းကို တင္ဆက္ေပးသြားမွာပဲ ျဖစ္ပါတယ္ရွင့္။
ႏွလုံးလွ လူၾကမ္းမင္းသားႀကီး ဦးအံ့ေက်ာ္ကို ၁၉၃၇ ခုႏွစ္တြင္ ေမြးဖြားခဲ့ၿပီး အမည္အရင္းမွာ ဦးျမင့္ေဝ လို႔ ဆိုပါတယ္။ မီးရထား ဝန္ထမ္းေဟာင္း ဖခင္ ဦးတင္ေအာင္ မိခင္ ေဒၚၾကဴၾကဴတို႔က ၁၉၃၇ ခုႏွစ္ ဇြန္လ ၆ရက္တြင္ မႏၱေလးၿမိဳ႕၌ ေမြးဖြားခဲ့ပါတယ္။
သားႏွစ္ဦး ထြန္းကားသည့္အနက္တြင္ သ႐ုပ္ေဆာင္ ဦးအံ့ေက်ာ္မွာ အႀကီးဆုံးသား ျဖစ္ပါတယ္။ ေမြးရပ္သည္ မႏၱေလးၿမိဳ႕ျဖစ္ၿပီး မႏၱေလးၿမိဳ႕ရွိ ဖားသားလဖုန္း ေက်ာင္းတြင္ ဒႆမတန္းအထိ အတန္းပညာ သင္ၾကားခဲ့ပါတယ္။
ထိုေနာက္ အေဒၚျဖစ္သူ၏ နာရီဆိုင္တြင္ အလုပ္လုပ္ခဲ့ၿပီး အလုပ္ကို မခိုမကပ္ပဲ ႀကိဳးစားေနရင္း အႏုပညာ အလုပ္ကို ဝါသနာ ပါလြန္းေသာေၾကာင့္ မွန္ထိုး မီးထိုးဘ၀ျဖင့္ ရရာအလုပ္ကို ဝင္လုပ္ကာ ႐ုပ္ရွင္ေလာကသို႔ စတင္ ေရာက္ရွိခဲ့ပါတယ္။
တစ္ျဖည္းျဖည္း လူၾကမ္းမင္းသားေနရာကို ၀င်သရုပ်ဆောင်ခွင့် ရလာၿပီး မသိသူ မရွိသည့္ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ေက်ာ္ၾကားတဲ့ လူၾကမ္းမင္းသားတစ္ေယာက္အျဖစ္ လူသိမ်ား ထင္ရွားလာခဲ့ပါသည္။
သ႑န္လုပ္ သ႐ုပ္ပါ ဆိုသလို အႏုပညာကို က်ရာေနရာကေန ေဆးစက္ထင္ရာ အ႐ုပ္ေရးသလို ပါရမီပါပါ သ႐ုပ္ေဆာင္နိုင္တာေၾကာင့္ လူၾကမ္းမင္းသားအံ့ေက်ာ္မွာ ထိုေခတ္အခါက အလြန္ နာမည္ႀကီးခဲ့ပါတယ္။
ရႈပ္ရွင္ေလာကကို စတင္၀င္ေရာက္လာသည့္အခါတြင္ အံ့ေက်ာ္ရဲ႕ လက္ဦးဆရာမွာ ဒါရိုက္တာ ဦးခ်င္းစိန္၊ ဒါရိုက္တာ ဦးတင္ယု ႏွင့္ ဒါရိုက္တာ ဦးေမာင္ေမာင္ျမင့္တို႔ျဖစ္ပါတယ္။ အႏုပညာ ဝါသနာပါသူပီပီ ဆရာေတြ သင္ျပ ေျပာဆိုသည့္အတိုင္း တသေဝမတိမ္း လိုက္နာ လုပ္ေဆာင္ခဲ့ပါတယ္။
သ႐ုပ္ေဆာင္အံ့ေက်ာ္သည္ လူၾကမ္းမင္းသား ေနရာမွာ ပီျပင္ေအာင္ သ႐ုပ္ေဆာင္နိုင္သေလာက္ အျပင္ေလာကတြင္ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ႏွလုံးသားလွေသာ လူမိုက္ႀကီးပါ၁၉၆၇ ခုႏွစ္တြင္ ေဒၚႏွင္းရည္ေအာင္ ဆိုသူႏွင့္ လက္ထပ္ ထိမ္းျမားခဲ့ၿပီး သားတစ္ေယာက္ သမီးတစ္ေယာက္ ထြန္းကားခဲ့ပါတယ္။
၁၉၇၃ ခုႏွစ္တြင္ ဘယ္သူၿပိဳင္လို႔ လွပါေတာ့နိုင္ ဆိုသည့္ အမ်ိဳးသား စာေပဆုရ စာေရးဆရာ မင္းေက်ာ္ ၏ ျမ၀တီမဂၢဇင္းမွာ ေဖာ္ ျပျခင္း ခံရသည့္ အခန္းဆက္ ဝတၳဳရွည္ကို ဒါရိုက္တာဦးသုခ ရိုက္ကူးေသာ ဘယ္သူၿပိဳင္လို႔ လွပါေတာ့နိုင္ ဇာတ္ပို႔ဆုျဖင့္ အကယ္ဒမီ ေ႐ႊစင္႐ုပ္ထုကို ထိုက္ထိုက္တန္တန္ ရရွိခဲ့သည္။
ထို ဇာတ္ကားတြင္ စာမတတ္ ေပမတတ္ ရိုးသားႏုံအေသာ ထန္းတက္ သမား ကိုခ်စ္စရာ ၏ ဇာတ္႐ုပ္ကို ပိုင္ပိုင္နိုင္နိုင္ သ႐ုပ္ေဆာင္နိုင္ခဲ့ၿပီး ထိုက္ထိုက္တန္တန္ အကယ္ဒမီ ေ႐ႊစင္႐ုပ္ထုကို ရရွိခဲ့ပါသည္။
လူၾကမ္းခန္းမ်ားတြင္သာ သ႐ုပ္ေဆာင္ခဲ့တဲ့ ဦးအံ့ေက်ာ္သည္ ဘယ္သူၿပိဳင္လို႔ လွပါေတာ့နိုင္ ဇာတ္ကားတြင္ ထူးထူးဆန္းဆန္း ဇာတ္ပို႔ေနရာတြင္ ပီပီျပင္ျပင္ ဇာတ္႐ုပ္ေပၚေအာင္ သ႐ုပ္ေဆာင္နိုင္ခဲ့ပါတယ္ ။
ဦးအံ့ေက်ာ္သည္ မေသခင္အထိ ႐ုပ္ရွင္ဇာတ္ကားႀကီးႏွင့္ ဗီဒီယို ဇာတ္ကားေပါင္း ၃၀၀ ခန႔္ သ႐ုပ္ေဆာင္နိုင္ခဲ့တယ္ ။
အဆိပ္မာန္ မာနမင္းသား ငရဲသား ကႏၱာရ ရဟန္းစားရေသာ ဆြမ္းတစ္နပ္ ေ႐ႊေဂါင္းေျပာင္ က်ားေနာက္က ဝံပုေလြ စသည့္ နာမည္ႀကီး ဇာတ္ကားမ်ားတြင္ ပါဝင္ခဲ့ပါတယ္ ။ ျမန္မာအသံ ဇာတ္လမ္းမ်ားစြာ၌ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ဆားပုလင္းႏွင္းေမာင္ ႏွင့္ ၿမိဳင္ရာဇာတာေတ၊ ဆားပုလင္းႏွင္းေမာင္ ႏွင့္ မီးခဲေမာင္ေမာင္ က်ဴရိုးနဲ႕ ေခါင္းေလာင္းထိုးမယ္ ဓါးခင္ခင္ ပဂိုင္ငစိန္ ဝိသမငညိုႀကီး ခင္ေခ်ာေတာျပန္ပါ အလြမ္းဇာတ္ တစ္ခန္းရပ္လိုက္ၿပီ ဖိုးတုတ္ ရွိုးထုတ္ေနသည္ စသည့္ အသံ ဇာတ္လမ္းမ်ားစြာ၌ ပါဝင္သ႐ုပ္ေဆာင္ခဲ့သည္။
ကြယ္လြန္ခါနီးတြင္ ဘာသာေရး ေန႕ထူးေန႕ျမတ္မ်ားတြင္ ထုတ္လႊင့္ေသာ ဘာသာေရးဆိုင္ရာ ဇာတ္လမ္းမ်ားတြင္လဲ ပါ၀င္ သ႐ုပ္ေဆာင္နိုင္ခဲ့ပါသည္။
ဦးျမင့္ေဝ တစ္ျဖစ္လဲ သ႐ုပ္ေဆာင္ အကယ္ဒမီ ဦးအံ့ေက်ာ္သည္ ၂၀၀၇ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁၁)ရက္ ေန႕တြင္ ေလငန္းေရာဂါျဖင့္ ဒဂုံၿမိဳ႕သစ္ ေျမာက္ပိုင္း၊ ၄၉ ရပ္ကြက္၊ အမွတ္ ၁၀၆၄၊ ဒူးယား (၆)လမ္း ေနအိမ္၌ ကြယ္လြန္ခဲ့သည္။ ကြယ္လြန္ခ်ိန္တြင္ အသက္(၇၀) ရွိၿပီ ျဖစ္သည္။
လူၾကမ္းသ႐ုပ္ေဆာင္ ႐ုပ္ရွင္မင္းသားႀကီး ဦးအံ့ေက်ာ္သည္ ႐ုပ္ရွင္ဇာတ္လမ္းမ်ား အသံ ဇာတ္လမ္းမ်ားတြင္ ပါဝင္ သ႐ုပ္ေဆာင္ခဲ့ၿပီး အကယ္ဒမီဆု ခ်ီးျမင့္ခံရသည္ အထိ ထူးျခား ေျပာင္ေျမာင္ေသာ အႏုပညာရွင္ေကာင္းတစ္ေယာက္ ျဖစ္ခဲ့ပါသည္။
အကယ္ဒမီ အံ့ေက်ာ္ရဲ႕ က်န္ရစ္ခဲ့ေသာ အႏုပညာမ်ားကို ႐ုပ္ျမင္သံၾကားတြင္ျပန္လည္ျပသေနဆဲ ျဖစ္ပါတယ္။လူက ဆုံးပါးသြားခဲ့ေပမယ့္လည္း အႏုပညာ လက္ရာမ်ားကေတာ့ အသက္ရွင္ေနဆဲ ျဖစ္ပါတယ္။
Crd,ဝီကီပီးဒီးယား