မြန်မာ့သမိုင်းထဲက ကြိုးစင်မကြောက်တဲ့ သူရဲကောင်း ပုဂံဗိုလ်ချို

ပုဂံဗိုလ်ချို လို့ ဆိုလိုက်ရင် နယ်ချဲ့တော်လှန်ရေး သမိုင်းမှာ နာမည်ကြီးသူ တစ်ယောက်ဖြစ်တာ အားလုံးသိပြီးသားပါ။အင်္ဂလိပ်တို့ကို ဒုက္ခအပေးဆုံး ၊ ပထမဆုံးနယ်ချဲ့တော်လှန်ရေး လုပ်ပြီး နောက်ဆုံးမှ အဖမ်းခံရတဲ့ ဗိုလ်ချိုဖြစ်ပါတယ်။

ညောင်ဦးမြို့နယ် ငသရောက်ဆယ်ရွာသား တစ်ဦးဖြစ်ပါတယ်။-တကယ်တော့ ဗိုလ်ချို ဟာ သူ့ရဲ့ဖခင် ဦးရွေဘော်ကဲ့သို့ တိုင်းရင်းဆေးဆရာ တစ်ယောက်ဖြစ်ပါတယ်။ ထို့နောက် သီ ပေါမင်းလက်ထက်မှာ တောင်တွင်းကြီးမြို့ မြို့၀န်စာရေး အဖြစ် ၃ နှစ်ခန့် အမှုထမ်းခဲ့ပါတယ်။

၁၂၄၇ ခုနှစ် သီပေါမင်းပါတော်မူပြီးနောက်မှာတော့ နယ်ချဲ့တို့ကို စတင် တော်လှန်ပါတော့တယ်။ဗိုလ်ချိုနှင့် အတူ သားဖြစ်သူ ဗိုလ်ဖိုးဆင် နှင့် ဗိုလ်ဖိုး၀င်တို့ လည်း တိုက်ပွဲထဲပါ၀င်လာခဲ့ပါတယ်။ ဇနီးဖြစ်သူ ဒေါ်ရွှေမှုံမှာလည်း မိန်းမသားဖြစ်သော်ငြား ဓားခုတ် ၊ လှံထိုး ၊ မြင်းစီးအတတ်တို့ကို ကျွမ်းကျင်လှကာ ခင်ပွန်းဖြစ်သူနဲ့ အတူလက်တွဲညီသူ ဖြစ်ပါတယ်။

အင်္ဂလိပ်တို့မှာ ဗိုလ်ချိုအဖွဲ့ရဲ့ ပျောက်ကြားတိုက်ခိုက်မှုများကို မကြာခဏ ခံရလေ့ရှိပါတယ်။ မြို့၀န်စာရေးလုပ်ခဲ့သူဖြစ်တာကြောင့် ဗိုလ်ချိုဟာ စစ်မူရေးရာကိုနားလည်သလို ၊ စည်းရုံးရေးလည်းကောင်းတဲ့အပြင် နည်းပရိယာယ်ကြွယ်၀သူဖြစ်တာကြောင့် တိုက်ပွဲအများစုမှာ အနိုင်ရလေ့ရှိပါတယ်။

ပုဂံဗိုလ်ချို၏ ပွဲဦးထွက် အောင်ပွဲမှာ ညောင်ဦးကမ်းပါးတိုက်ပွဲဖြစ်သည်။ ဗြိတိ သျှစစ် သည် (၁၅)ဦးကျဆုံးပြီး တစ်ဦးသာ လွတ်မြောက်သွားခဲ့သည်။ မျိုးချစ်သူရဲကောင်း သုံးဦးကျဆုံးခဲ့သည်။အထင်ကရ “‘မှိုက်ပင်”‘တိုက် ပွဲတွင် ဗိုလ်ချို ဦးစီးသော တော်လှန်ရေးမျိုးချစ်အင်အား ၅၀၀ ခန့်ကို ဗြိတိသျှ မြင်းစစ်သည် (၈၀)၊ ခြေလျင်တပ်သား ၃၀၀ ခန့်နှင့် စီးနင်းတိုက် ခိုက်ခဲ့သည်။

ဗြိတိသျှ စစ်သည် ၁၅၀ ကျော် ကျဆုံးခဲ့သည်။ ထိုတိုက်ပွဲတွင် တိုင်းပြည်အတွက် မျိုးချစ်သူရဲကောင်း ၉-ဦး အသက်ပေးလှူခဲ့ရပြီး ၁၄-ဦးသာ ဒဏ်ရာရရှိခဲ့၏။ဗိုလ်ချိုရဲ့ထင်ရှားသော တိုက်ပွဲများမှာ – နတ်သမီးကမ်းပါးတိုက်ပွဲ၊ ကျောက်တံခါးတိုက်ပွဲ ၊ ကန့်လန့်ကျော်တိုက်ပွဲ နဲ့ ပုလင်းရွာတိုက်ပွဲများ ဖြစ်ပါတယ်။

ထိုတိုက်ပွဲများမှာ အင်အားသာလွန်သော အင်္ဂလိပ်တို့အား အကျအဆုံးများစေခဲ့ပြီး အရှက်ရစေခဲ့သော တိုက်ပွဲများဖြစ်ပါတယ်။ဗိုလ်ချိုတို့မှာ အင်္ဂလိပ်တို့ထက် လူအင်အား၊ လက်နက်အင်အား များစွာနည်းလှပါတယ်။

စိတ် ဓာတ်ပြင်းထန်မှုကြောင့် သာ ဒီလိုတိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိုသို့ ၁၈၈၆ခုနှစ် မှ ၁၈၉၅ခုနှစ် အထိ ဆယ်စုနှစ် တစ်ခုနီးပါး တိုက်ခိုက်လာပြီးနောက် အင်အားတစ်စ တစ်စ နည်းလာရပါတယ်။

ထို့ကြောင့် နောက်ပိုင်းတိုက်ပွဲများတွင် ဆုတ်ခွာရသည်သာ များလာပါတယ်။ ဗိုလ်ချိုအား အင်္ဂလိပ်တို့က ရာထူးဖြင့် သိမ်းသွင်းခဲ့ပေမယ့် ဗိုလ် ချိုကား လက်ခံခြင်း မရှိခဲ့။ဗိုလ်ချို တို့သားအဖကို ဖမ်းဆီး အဆုံးစီရင်နိုင်ပြီး မှ မြန်မာခေတ်ဦးတော်လှန်ရေးကို တစ်ခန်းရပ်နိုင်လိမ့်မယ်လို့ ရိပ်မိသွားတဲ့ အင်္ဂလိပ်တို့ဟာ ခရစ်နှစ် (၁၈၉၅)မှာ ဗိုလ်ချိုရှိရာ ငသရောက်ဆယ်ရွာကို အလုံးအရင်းနဲ့ ၀န်းရံတိုက်ခိုက်ပါတော့တယ်။

ဒီအချိန်မှာ ဗိုလ်ချိုတို့သားအဖဟာ သည်ဧရာ၀တီမြစ်ကိုဖြတ်ကူးပြီး ယော ၊ ဆောနယ်ရှိတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းတော်လှန်တိုက်ခိုက်ရန်ပုဂံသီရိပစ္စယာ ဂူပြောက်ကြ်ိးဘုရား၀န်းအတွင်းမှာ ရောက်ရှိနေခဲ့ပါတယ်။ဗိုလ်ချိုကို မမိတဲ့ နယ်ချဲ့အင်္ဂလိပ်တို့ဟာ ဗိုလ်ချိုနဲ့ နီးစပ်သူ ဆွေမျိုးတွေကိုပါ ဒုက္ခပေးလာတဲ့အတွက် ဆွေမျိုးတွေဟာ ပုဂံတစ်ဝိုက်မှာ မနေထိုင်ရဲကြတော့ပဲ ရှောင်တိမ်းကြရပါတယ်။

နောက်ဆုံး (၃၀-၆-၁၈၉၅) နေ့တွင်တော့ သစ္စာဖောက်တစ်ဦးရဲ့ သတင်းပေးမှုကြောင့် ဗိုလ်ချိုတို့ အဖွဲ့စခန်းချရာနေရာကို အင်္ဂလိပ်တို့သိရှိသွားပြီး အလုံးအရင်းနဲ့ ၀င်ဖမ်းခြင်းကို ခံလိုက်ရပါတယ်။

နယ်ချဲ့များက ဘုရားကိုဝိုင်းထားစဉ် သားနှစ်ယောက်က ရန်သူအား ပြန်လည်ခုခံသောအခါ-“ငါ့သားများ ငါတို့အချိန်ကုန်ပြီ အဖမ်းခံလိုက်ကြတော့”ဟု အကျိုးမရှိသော ခုခံခြင်းမျိုးမပြုလုပ်ရ ဆို့နင့်သောအသံဖြင့် ဗိုလ်ချိုက တားမြစ်ခဲ့ပါတယ်။

ထို့နောက်နယ်ချဲ့တို့က ဗိုလ်ချိုသားအဖ ၃ ဦးအား ငါးသရောက် မြနန္ဒာကန်တော်ကြီးကုန်းတွင် ကြိုးစင်ဆောက်ကာ ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။နယ်ချဲ့အင်္ဂလိပ်တို့သည် ငါ့သရောက် နယ်သူနယ်သားတို့အား နောက်နောင်တွင် ယင်းတို့ကို ပုန်ကန်တော်လှန်မှု မပြုလုပ်ဝံ့စေရန် ရည်ရွယ်လျက် ပုဂံဗိုလ်ချိုတို့ သားအဖသုံးဦး ကြိုးပေးကွပ်မျက်မှုကို (မပျက်မကွက်) လာရောက်ကြည့်ရှုစေခဲ့ပါတယ်။

နယ်ချဲ့တို့သည် ပုဂံဗိုလ်ချိုကို ကြိုးမပေးမီ နောက်ဆုံးအခွင့်အရေး အနေဖြင့် နယ်သူနယ်သားများ နှင့်ဆွေမျိုး သားချင်းများကို အစားအစာကျွေးခွင့်နှင့် စကားပြောခွင့် ပြုခဲ့သည်။ ထိုအခါ ပုဂံဗိုလ်ချိုသည် ယင်း၏ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများကို“သူ့ကျွန်ဘ၀ထက် သေရတာက မြတ်ပါသေးတယ်။

ကျန်ရှိသော ရွှေတိုရွှေစများကို ထုခွဲ၍ ဤနေရာမှာ ဘုရားတည်ပြီး ရှေးမင်းများတူးခဲ့သော ကန်ကိုဆည်ပါ” ဟုမှာကြားခဲ့ပါတယ်။ဗိုလ်ချိုကြိုးစင်တက်မယ်လုပ်စဉ် ရဲဘော်တစ်ဦးက ငိုရာ ခြေကျင်းခတ်ထားလျက်ပင် ထိုရဲဘော်ကိုခြေဖြင့်ခတ်ရင်း “နင်တို့ ယောကျာ်းမဟုတ်လော” ဟု ရဲ၀င့်စွာဆိုလျှက် ကြိုးစင်ထက်ကို ရင်ကော့၍ တက်သွား၏။

ပုဂံဗိုလ်ချို၏ ဆွေမျိုးသားချင်းများနှင့် ငါ့သ ရောက် နယ်သူနယ်သားများသည် ပုဂံဗိုလ်ချို နောက်ဆုံးမှာကြားချက်ဆန္ဒနှင့် အညီ ယင်းတို့သားအဖ သုံးဦးအား ရည်စူးလျက် မြနန္ဒာကျောက်ထီးဘုရားကြီးကို တည်ထားကိုးကွယ်ခဲ့ကြသည်။

နယ်ချဲ့အင်္ဂလိပ်တို့ ဆက်လက်စိုးမိုး အုပ်ချုပ်စဉ်ကာလ ဖြစ်သဖြင့် ထိုကျောက်ထီးဘုရားကြီး၏ အရှေ့တောင်ထောင့် မုခ်ဦးအထက်တွင် ပုဂံဗိုလ်ချို၏ မျက်နှာကို အင်္ဂတေ ပန်းဖြင့် ပညာသားပါပါ ထည့်သွင်းပုံဖော်ထားခဲ့ကြတယ်လို့အဆိုရှိပါတယ်။

လူမျက်နှာကို ကနုတ်ပန်း၊ ကနုတ်နွယ်တို့ဖြင့် ရောယှက်၍ မွမ်းမံတန်ဆာဆင်ထားသော (နာရီ )ခေါ် ရှေး ရိုးမြန်မာ့ပန်းချီ အနုပညာတစ်မျိုး ပင်ဖြစ်ပါတော့သည်။

Crd,