အာရှအကျော်အမော်“မြန်မာ့ဘောလုံး ဂန္တဝင်တိုက်စစ်မှူးကြီး ဗဟာဒူး ရဲ့ ကြေကွဲဖွယ် ဘ၀နေဝင်ချိန်”

ကျနော်ဗဟာဒူး၏ ဇာတ်သိမ်းအပိုင်းကိုမရေးချင်ပါ။ မရေးချင်တာအခြားအကြောင်းအရင်းများရှိလို့မဟုတ်ပါ။ ရေးရင်းကြေကွဲခံစားနေရလို့ဖြစ်ပါတယ်။

အရမ်း(အရမ်း)ကို ဝမ်းနည်းစိတ်မကောင်းဖြစ်မိပြီး ဒီစာကိုရေးရင်း မျက်ရည်ဝဲရပါတယ်။ ကျနော်တို့ရဲ့ဂန္တဝင်တိုက်စစ်မှူးကြီးအတွက် စိတ်မကောင်းဖြစ်ရခြင်း၊ ရင်နာရခြင်းများက ရေးနေရင်းကကျနော်၏စိတ်အစုံကို ဖိစီးနေခဲ့ပါတယ်။ တချိန်က အောင်မြင်ခဲ့သည့် နာမည်ကျော်ကြားခဲ့သည့် အာရှလက်ရွေးစင်နာမည်ကြီးဂန္တဝင်ကစားသမားဟောင်းတစ်ဦး၏ ဘဝနိဂုံးကား အများထင်သလို မလှပခဲ့ပါ။

မြန်မာ့ဘောလုံးဂန္တဝင်တိုက်စစ်မှူးကြီး ဆွတ်ဗဟာဒူးသို့ အာရှတခွင် ကျော်ကြားခဲ့သည့် ဘောလုံးဘုရင်၏ ဘဝနိဂုံး

ဗဟာဒူးဇနီးခင်သန်းမြင့် ကွယ်လွန်သွားပြီးနောက်ပိုင်း ဗဟာဒူးသည် နောက်အိမ်ထောင်ပြုခဲ့ပြီး မင်္ဂလာဒုံဘက်တွင် နေထိုင်ခဲ့ပါသည်။ ယင်းနောက်ပိုင်း မည်သည့်သတင်းမှ မကြားရတော့ပေ။ သို့သော် တနေ့တွင်ကား မမျှော်လင့်ထားသော အခြေအနေတွင် သူ့ကိုတွေ့လိုက်ရပါတော့သည်။

စလင်းကွင်းသို့ ဘောလုံးကစားရန်အတွက် ပြည်တွင်းတတိယတန်းတွင်ဝင်ရောက်ယှဥ်ပြိုင်နေသည့် အသင်း ၂ သင်း ရောက်ရှိလာခဲ့သည်။ ထိုစဥ် အားကစားကွင်း ဝင်းအတွင်းရှိ တဲအိမ်စုတ်ကလေးမှ အသက် ၆၅ နှစ်ကျော်အရွယ်၊ အရပ်မနိမ့်မမြင့်၊ အင်္ကျီ၊ လုံခြည်ခပ်နွမ်းနွမ်းဝတ်ဆင်ထားပြီး ဂေါ်ရခါးပုံစံပေါက်နေသည့် လူကြီးတစ်ဦးထွက်လာခဲ့သည်။ စလင်းကွင်းတွင် ကစားကြမည့် အသင်းတာဝန်ရှိသူများနှင့် စကားပြောနေလေသည်။

ထိုလူကြီးကား တချိန်က အာရှလက်ရွေးစင်၊ အာရှတခွင်နာမည်ကြီးခဲ့သည့် တပ်မတော်မှဗိုလ်မှူးအဆင့်ရှိ ဆွတ်ဗဟာဒူးဆိုသည့် ဂန္တဝင်ဘောလုံးသမားဟောင်းကြီးပင်ဖြစ်ပေသည်။ ထိုအခြင်းအရာကိုကြားလိုက်ရသည့် ပွဲကစားမည့် ကစားသမားတစ်ဦးကား အံ့သြတုန်လှုပ်သွားလေသည်။

သူ့စိတ်ထဲတွင် ဤလူကြီးကို ကွင်းသန့်ရှင်းရေးလုပ်သည့် ပုဂ္ဂိုလ်ဟုသာ ထင်နေခဲ့ခြင်းကြောင့်ဖြစ်သည်။ အာရှလက်ရွေးစင်ဖြစ်ခဲ့သည့် ဗဟာဒူးဆိုသည့်ကစားသမားဖြစ်ကြောင်းသိသိရခြင်း ထိုကစားသမားလေးကား စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့ရပြီး ဝမ်းနည်းဆွံ့အသွားခဲ့မိလေသည်။ မြန်မာ့အားကစား၊ ဘောလုံးတွင် အောင်မြင်မှုရရှိခဲ့သည့် ရွှေခေတ်ကိုဦးဆောင်ခဲ့သည့် ကစားသမားကြီးတစ်ဦးအတွက် ဘာကိုအပြစ်တင်ရမလဲဆိုတာမသိရလောက်အောင် စိတ်ပျက်မိရတော့သည်။

တချိန်က အာရှလက်ရွေးစင်ကစားသမား၏ ဘဝနောက်ဆုံးအချိန်တွင် ရောက်ရှိနေသည့်နေရာက သူရရှိခဲ့သည့် အောင်မြင်မှုများနှင့် ထိုက်တန်ခြင်းလုံးဝမရှိချေ။ ၁၉၆၀ ကျော်တုန်းက အာရှချန်ပီယံ၊ အာရှတခွင်ဝက်ဝက်ကွဲအောင်အောင်မြင်ကျော်ကြားခဲ့သည့်လူတစ်ယောက်၊ မြန်မာ့လက်ရွေးစင်အသင်းကို ဖိတ်ကြားခဲ့သည့်နိုင်ငံတိုင်းက ဗဟာဒူးကိုပါ ခေါ်ခဲ့ပါဟု ထည့်သွင်းပြောကြားရလောက်အောင် အောင်မြင်ကျော်ကြားခဲ့သူက ယခု(၂၀၀၀ ဝန်းကျင်)အချိန်တွင် စလင်းကွင်း၏ ကွင်းစောင့်သဘောမျိုးလောက်သာ ရှိနေတော့သည်။

ဗဟာဒူး၏ စိတ်အတွေးအာရုံတွင် တချိန်က ငါတို့ ဘယ်လိုအောင်မြင်ခဲ့တယ်၊ ဘယ်လိုဂိုးသွင်းခဲ့တယ်၊ အာရှချန်ပီယံဘယ်လိုဖြစ်အောင်ကြိုးစားခဲ့တယ်ဟူသည်များသာ ပေါ်လွင်နေပါလိမ့်မည်။ စလင်းကွင်းတွင် လာကစားသည့် ပွဲများကို သူငေးကြည့်နေမှာပါ။ ငေးကြည့်ရင်း သူတို့ ကစားခဲ့သည့်ပွဲများကို သတိရနေပါလိမ့်မည်။

၁၉၆၆ အာရှချန်ပီယံဖြစ်တုန်းက သူ၏ ဂိုးဖြင့် ဖိုင်နယ်သို့ ရောက်ခဲ့ပုံများ၊ ချန်ပီယံဖြစ်တော့ သူ၏အသင်းဖော်များနှင့်အတူ အောင်ပွဲခံခဲ့ခြင်းများ၊ အမိမြန်မာပြည်သို့ ပြန်အလာမင်္ဂလာဒုံလေဆိပ်မှ အောင်ဆန်းအားကစားကွင်းအထိ ပရိသတ်တွေရဲ့ဆီးကြိုအောင်ပွဲခံမှုတွေနဲ့အတူ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရမှုများကို မှတ်မှတ်ရရရှိနေပါလိမ့်မည်စလင်းကွင်းတွင် သူနေရသည့် အိမ်ကလည်း တဲအိုစုတ်ကလေးသာဖြစ်သည်။

အမိုးအကာချို့ယွင်းပျက်စီး၊ အိမ်ထောင်ပရိဘောဂကလည်း ဗလာနတ္တိ သူ့ဘဝ နောက်ဆုံးအချိန်ကို ဗဟာဒူးယင်းကဲ့သို့ဖြတ်သန်းခဲ့ရပါသည်။ မိတ်ဆွေသင်မြင်ကြည့်လိုက်ပါ။ အင်္ကျီ၊ လုံချည် ခပ်နွမ်းနွမ်း၊ အသားညိုညို အရပ် ၅ ပေ ၆ လက်မ မနိမ့်မမြင့်။

ဤကဲ့သို့ ခပ်နွမ်းနွမ်းဂေါ်ရခါးပုဂ္ဂိုလ်ကို ကွင်းထဲလာကစားသည့် လူများက အာရှလက်ရွေးစင်ဖြစ်ခဲ့ဖူးသည်ဟု အဘယ်မှာထင်မြင်ပါမည်နည်း။ ဗဟာဒူးလို့သာမပြောခဲ့လျှင် ထိုပုဂ္ဂိုလ်ကို မြင်မြင်ချင်း ကွင်းသန့်ရှင်းရေးလုပ်ရတဲ့အလုပ်သမားဟု ထင်မြင်ဖြစ်ခဲ့ပါလိမ့်မည်။

ကွင်းစောင့်သဘောမျိုးဆိုသော်လည်း အမှန်တကယ်က ကွင်းသန့်ရှင်းရေးထက်သာသည်မဆိုပါ။ ယခုလိုအချိန်မျိုးမှာသာ ဗဟာဒူးဖြစ်လာခဲ့လျှင် ပြည်ပထွက်ကစားရင်း ကမ္ဘာကျော်သွားနိုင်ပါလိမ့်မည်။ ထိုထက်ဆိုရလျှင် အင်မတန်ဆင်းရဲသည့်ယခုလိုဘဝမျိုးမဖြစ်ခဲ့ဘဲ ဘဝနောက်ဆုံးအချိန်တွင် လူတန်းစေ့နေနိုင်ခဲ့ပါလိမ့်မည်။ ဗဟာဒူးမကွယ်လွန်ခင်မှာ အာရှလက်ရွေးစင်ဘောလုံးသမားကြီးအပေါ်မှာ ချစ်ခင်လေးစားကြတဲ့ ပြည်တွင်းပြည်ပမှ မြန်မာဘောလုံးပရိသတ်များက ဗဟာဒူးလိုအပ်တာတွေကို ဝိုင်းဝန်းထောက်ပံ့ခဲ့ကြပါသည်။

အာရှလက်ရွေးစင်၊ အာရှတခွင်နာမည်ကျော်ကြားခဲ့သည့် ဗိုလ်မှူးဗဟာဒူး ၂၀၀၁ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် ကွယ်လွန်သွားသည့်အချိန်၌ ရေဝေး ခရစ်ယာန်သုဿာန်တွင် သဂြိုလ်ခဲ့ပါသည်။

ဗဟာဒူးကွယ်လွန်ခဲ့သည်ကား သြဂုတ်(၁၉) ရက်နေ့ ဆိုလျှင် ၁၉ နှစ်ပြည့်ပါပြီ။ ကောင်းရာသုဂတိကိုရောက်ပါစေလို့လည်း ဆုတောင်းလိုက်ပါသည်။ ဘဝဆက်တိုင်းလည်း (အာရှနာမည်ကြီးကစားသမားလက်ရွေးစင်၊မြန်မာ့လက်ရွေးစင်ဂန္တဝင်ကစားသမားဟောင်းကြီးဖြစ်ခဲ့ပြီးနောက်ပိုင်းလည်း) ယခုကဲ့သို့ နောက်ဆုံးအချိန်တွင် မထင်မရှားဘဝဖြင့် ဘဝနိဂုံးကို မလှမပအဆုံးမသတ်ရပါစေနဲ့လို့လည်း ကျနော်ဆုတောင်းပေးလိုက်ပါတယ်။

ရွှေခေတ်က မြန်မာဘောလုံးအသင်းအတွက် စွမ်းဆောင်ပေးခဲ့သည်များကိုလည်း ရင်ထဲကနေလှိုက်လှိုက်လဲလဲကို ကျေးဇူးတင်ဂုဏ်ပြုရင်း ချစ်ခင်မြတ်နိုးရခြင်းများ၊ လေးစားမှုပေါင်းများစွာနဲ့ အလေးပြုလိုက်ပါတယ် ဗိုလ်မှူးဆွတ်ဗဟာဒူးခင်ဗျာ….။

ဗိုလ်မှူးဗဟာဒူး

ကိုယ်ပိုင်အမှတ်(ကြည်း/၉၆၄၁)

မွေးဇာတိ – ပျော်ဘွယ်

မိဘအမည် – မစ္စတာအမ်အက်စ်သာပါး + အက်စ်ဒါရား

မွေးသက္ကရာဇ် – ၁၅.၅.၁၉၃၅

​သေဆုံးသည့်နေ့ – ၁၉.၈.၂၀၀၁

မြန်မာ့လက်ရွေးစင်အသင်းနှင့်အောင်မြင်မှုများမှာ ရွှေ ၅ ခု၊ ငွေ ၅ ခုနှင့် ကြေး ၂ခု ဆွတ်ခူးရရှိခဲ့သည်။

၁၉၆၅၊ ၁၉၆၇၊ ၁၉၆၈ ခုနှစ် ၃ကြိမ်ဆက်တိုက် အာရှလက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရသည့် မြန်မာပြည်မှ ၁ဦးတည်းသောကစားသမားဖြစ်သည်။

၁၉၅၅ခုနှစ်မြန်မာနိုင်ငံအကောင်းဆုံးဘောလုံးသမားဆု၊ ၁၉၆၆မြန်မာပြည်အားကစားအကယ်ဒမီခေါ် အကောင်းဆုံးဆုကို ပထမဦးဆုံးရရှိခဲ့သူ၊ ၁၉၆၆ခုနှစ်အကောင်းဆုံးဘောလုံးသမားဆုကိုရရှိခဲ့သည်။

Crd,မူရင်း

Zawgyi

က်ေနာ္ဗဟာဒူး၏ ဇာတ္သိမ္းအပိုင္းကိုမေရးခ်င္ပါ။ မေရးခ်င္တာအျခားအေၾကာင္းအရင္းမ်ားရွိလို႔မဟုတ္ပါ။ ေရးရင္းေၾကကြဲခံစားေနရလို႔ျဖစ္ပါတယ္။

အရမ္း(အရမ္း)ကို ဝမ္းနည္းစိတ္မေကာင္းျဖစ္မိၿပီး ဒီစာကိုေရးရင္း မ်က္ရည္ဝဲရပါတယ္။ က်ေနာ္တို႔ရဲ႕ဂႏၱဝင္တိုက္စစ္မႉးႀကီးအတြက္ စိတ္မေကာင္းျဖစ္ရျခင္း၊ ရင္နာရျခင္းမ်ားက ေရးေနရင္းကက်ေနာ္၏စိတ္အစုံကို ဖိစီးေနခဲ့ပါတယ္။ တခ်ိန္က ေအာင္ျမင္ခဲ့သည့္ နာမည္ေက်ာ္ၾကားခဲ့သည့္ အာရွလက္ေ႐ြးစင္နာမည္ႀကီးဂႏၱဝင္ကစားသမားေဟာင္းတစ္ဦး၏ ဘဝနိဂုံးကား အမ်ားထင္သလို မလွပခဲ့ပါ။

ျမန္မာ့ေဘာလုံးဂႏၱဝင္တိုက္စစ္မႉးႀကီး ဆြတ္ဗဟာဒူးသို႔ အာရွတခြင္ ေက်ာ္ၾကားခဲ့သည့္ ေဘာလုံးဘုရင္၏ ဘဝနိဂုံး

ဗဟာဒူးဇနီးခင္သန္းျမင့္ ကြယ္လြန္သြားၿပီးေနာက္ပိုင္း ဗဟာဒူးသည္ ေနာက္အိမ္ေထာင္ျပဳခဲ့ၿပီး မဂၤလာဒုံဘက္တြင္ ေနထိုင္ခဲ့ပါသည္။ ယင္းေနာက္ပိုင္း မည္သည့္သတင္းမွ မၾကားရေတာ့ေပ။ သို႔ေသာ္ တေန႕တြင္ကား မေမွ်ာ္လင့္ထားေသာ အေျခအေနတြင္ သူ႕ကိုေတြ႕လိုက္ရပါေတာ့သည္။

စလင္းကြင္းသို႔ ေဘာလုံးကစားရန္အတြက္ ျပည္တြင္းတတိယတန္းတြင္ဝင္ေရာက္ယွဥ္ၿပိဳင္ေနသည့္ အသင္း ၂ သင္း ေရာက္ရွိလာခဲ့သည္။ ထိုစဥ္ အားကစားကြင္း ဝင္းအတြင္းရွိ တဲအိမ္စုတ္ကေလးမွ အသက္ ၆၅ ႏွစ္ေက်ာ္အ႐ြယ္၊ အရပ္မနိမ့္မျမင့္၊ အကၤ်ီ၊ လုံျခည္ခပ္ႏြမ္းႏြမ္းဝတ္ဆင္ထားၿပီး ေဂၚရခါးပုံစံေပါက္ေနသည့္ လူႀကီးတစ္ဦးထြက္လာခဲ့သည္။ စလင္းကြင္းတြင္ ကစားၾကမည့္ အသင္းတာဝန္ရွိသူမ်ားႏွင့္ စကားေျပာေနေလသည္။

ထိုလူႀကီးကား တခ်ိန္က အာရွလက္ေ႐ြးစင္၊ အာရွတခြင္နာမည္ႀကီးခဲ့သည့္ တပ္မေတာ္မွဗိုလ္မႉးအဆင့္ရွိ ဆြတ္ဗဟာဒူးဆိုသည့္ ဂႏၱဝင္ေဘာလုံးသမားေဟာင္းႀကီးပင္ျဖစ္ေပသည္။ ထိုအျခင္းအရာကိုၾကားလိုက္ရသည့္ ပြဲကစားမည့္ ကစားသမားတစ္ဦးကား အံ့ၾသတုန္လႈပ္သြားေလသည္။

သူ႕စိတ္ထဲတြင္ ဤလူႀကီးကို ကြင္းသန႔္ရွင္းေရးလုပ္သည့္ ပုဂၢိုလ္ဟုသာ ထင္ေနခဲ့ျခင္းေၾကာင့္ျဖစ္သည္။ အာရွလက္ေ႐ြးစင္ျဖစ္ခဲ့သည့္ ဗဟာဒူးဆိုသည့္ကစားသမားျဖစ္ေၾကာင္းသိသိရျခင္း ထိုကစားသမားေလးကား စိတ္မေကာင္းႀကီးစြာ ျဖစ္ခဲ့ရၿပီး ဝမ္းနည္းဆြံ႕အသြားခဲ့မိေလသည္။ ျမန္မာ့အားကစား၊ ေဘာလုံးတြင္ ေအာင္ျမင္မႈရရွိခဲ့သည့္ ေ႐ႊေခတ္ကိုဦးေဆာင္ခဲ့သည့္ ကစားသမားႀကီးတစ္ဦးအတြက္ ဘာကိုအျပစ္တင္ရမလဲဆိုတာမသိရေလာက္ေအာင္ စိတ္ပ်က္မိရေတာ့သည္။

တခ်ိန္က အာရွလက္ေ႐ြးစင္ကစားသမား၏ ဘဝေနာက္ဆုံးအခ်ိန္တြင္ ေရာက္ရွိေနသည့္ေနရာက သူရရွိခဲ့သည့္ ေအာင္ျမင္မႈမ်ားႏွင့္ ထိုက္တန္ျခင္းလုံးဝမရွိေခ်။ ၁၉၆၀ ေက်ာ္တုန္းက အာရွခ်န္ပီယံ၊ အာရွတခြင္ဝက္ဝက္ကြဲေအာင္ေအာင္ျမင္ေက်ာ္ၾကားခဲ့သည့္လူတစ္ေယာက္၊ ျမန္မာ့လက္ေ႐ြးစင္အသင္းကို ဖိတ္ၾကားခဲ့သည့္နိုင္ငံတိုင္းက ဗဟာဒူးကိုပါ ေခၚခဲ့ပါဟု ထည့္သြင္းေျပာၾကားရေလာက္ေအာင္ ေအာင္ျမင္ေက်ာ္ၾကားခဲ့သူက ယခု(၂၀၀၀ ဝန္းက်င္)အခ်ိန္တြင္ စလင္းကြင္း၏ ကြင္းေစာင့္သေဘာမ်ိဳးေလာက္သာ ရွိေနေတာ့သည္။

ဗဟာဒူး၏ စိတ္အေတြးအာ႐ုံတြင္ တခ်ိန္က ငါတို႔ ဘယ္လိုေအာင္ျမင္ခဲ့တယ္၊ ဘယ္လိုဂိုးသြင္းခဲ့တယ္၊ အာရွခ်န္ပီယံဘယ္လိုျဖစ္ေအာင္ႀကိဳးစားခဲ့တယ္ဟူသည္မ်ားသာ ေပၚလြင္ေနပါလိမ့္မည္။ စလင္းကြင္းတြင္ လာကစားသည့္ ပြဲမ်ားကို သူေငးၾကည့္ေနမွာပါ။ ေငးၾကည့္ရင္း သူတို႔ ကစားခဲ့သည့္ပြဲမ်ားကို သတိရေနပါလိမ့္မည္။

၁၉၆၆ အာရွခ်န္ပီယံျဖစ္တုန္းက သူ၏ ဂိုးျဖင့္ ဖိုင္နယ္သို႔ ေရာက္ခဲ့ပုံမ်ား၊ ခ်န္ပီယံျဖစ္ေတာ့ သူ၏အသင္းေဖာ္မ်ားႏွင့္အတူ ေအာင္ပြဲခံခဲ့ျခင္းမ်ား၊ အမိျမန္မာျပည္သို႔ ျပန္အလာမဂၤလာဒုံေလဆိပ္မွ ေအာင္ဆန္းအားကစားကြင္းအထိ ပရိသတ္ေတြရဲ႕ဆီးႀကိဳေအာင္ပြဲခံမႈေတြနဲ႕အတူ ဝမ္းနည္းဝမ္းသာျဖစ္ခဲ့ရမႈမ်ားကို မွတ္မွတ္ရရရွိေနပါလိမ့္မည္စလင္းကြင္းတြင္ သူေနရသည့္ အိမ္ကလည္း တဲအိုစုတ္ကေလးသာျဖစ္သည္။

အမိုးအကာခ်ိဳ႕ယြင္းပ်က္စီး၊ အိမ္ေထာင္ပရိေဘာဂကလည္း ဗလာနတၱိ သူ႕ဘဝ ေနာက္ဆုံးအခ်ိန္ကို ဗဟာဒူးယင္းကဲ့သို႔ျဖတ္သန္းခဲ့ရပါသည္။ မိတ္ေဆြသင္ျမင္ၾကည့္လိုက္ပါ။ အကၤ်ီ၊ လုံခ်ည္ ခပ္ႏြမ္းႏြမ္း၊ အသားညိုညို အရပ္ ၅ ေပ ၆ လက္မ မနိမ့္မျမင့္။

ဤကဲ့သို႔ ခပ္ႏြမ္းႏြမ္းေဂၚရခါးပုဂၢိုလ္ကို ကြင္းထဲလာကစားသည့္ လူမ်ားက အာရွလက္ေ႐ြးစင္ျဖစ္ခဲ့ဖူးသည္ဟု အဘယ္မွာထင္ျမင္ပါမည္နည္း။ ဗဟာဒူးလို႔သာမေျပာခဲ့လွ်င္ ထိုပုဂၢိုလ္ကို ျမင္ျမင္ခ်င္း ကြင္းသန႔္ရွင္းေရးလုပ္ရတဲ့အလုပ္သမားဟု ထင္ျမင္ျဖစ္ခဲ့ပါလိမ့္မည္။

ကြင္းေစာင့္သေဘာမ်ိဳးဆိုေသာ္လည္း အမွန္တကယ္က ကြင္းသန႔္ရွင္းေရးထက္သာသည္မဆိုပါ။ ယခုလိုအခ်ိန္မ်ိဳးမွာသာ ဗဟာဒူးျဖစ္လာခဲ့လွ်င္ ျပည္ပထြက္ကစားရင္း ကမၻာေက်ာ္သြားနိုင္ပါလိမ့္မည္။ ထိုထက္ဆိုရလွ်င္ အင္မတန္ဆင္းရဲသည့္ယခုလိုဘဝမ်ိဳးမျဖစ္ခဲ့ဘဲ ဘဝေနာက္ဆုံးအခ်ိန္တြင္ လူတန္းေစ့ေနနိုင္ခဲ့ပါလိမ့္မည္။ ဗဟာဒူးမကြယ္လြန္ခင္မွာ အာရွလက္ေ႐ြးစင္ေဘာလုံးသမားႀကီးအေပၚမွာ ခ်စ္ခင္ေလးစားၾကတဲ့ ျပည္တြင္းျပည္ပမွ ျမန္မာေဘာလုံးပရိသတ္မ်ားက ဗဟာဒူးလိုအပ္တာေတြကို ဝိုင္းဝန္းေထာက္ပံ့ခဲ့ၾကပါသည္။

အာရွလက္ေ႐ြးစင္၊ အာရွတခြင္နာမည္ေက်ာ္ၾကားခဲ့သည့္ ဗိုလ္မႉးဗဟာဒူး ၂၀၀၁ခုႏွစ္ ၾသဂုတ္လ ၁၉ ရက္ေန႕တြင္ ကြယ္လြန္သြားသည့္အခ်ိန္၌ ေရေဝး ခရစ္ယာန္သုႆာန္တြင္ သၿဂိဳလ္ခဲ့ပါသည္။

ဗဟာဒူးကြယ္လြန္ခဲ့သည္ကား ၾသဂုတ္(၁၉) ရက္ေန႕ ဆိုလွ်င္ ၁၉ ႏွစ္ျပည့္ပါၿပီ။ ေကာင္းရာသုဂတိကိုေရာက္ပါေစလို႔လည္း ဆုေတာင္းလိုက္ပါသည္။ ဘဝဆက္တိုင္းလည္း (အာရွနာမည္ႀကီးကစားသမားလက္ေ႐ြးစင္၊ျမန္မာ့လက္ေ႐ြးစင္ဂႏၱဝင္ကစားသမားေဟာင္းႀကီးျဖစ္ခဲ့ၿပီးေနာက္ပိုင္းလည္း) ယခုကဲ့သို႔ ေနာက္ဆုံးအခ်ိန္တြင္ မထင္မရွားဘဝျဖင့္ ဘဝနိဂုံးကို မလွမပအဆုံးမသတ္ရပါေစနဲ႕လို႔လည္း က်ေနာ္ဆုေတာင္းေပးလိုက္ပါတယ္။

ေ႐ႊေခတ္က ျမန္မာေဘာလုံးအသင္းအတြက္ စြမ္းေဆာင္ေပးခဲ့သည္မ်ားကိုလည္း ရင္ထဲကေနလွိုက္လွိုက္လဲလဲကို ေက်းဇူးတင္ဂုဏ္ျပဳရင္း ခ်စ္ခင္ျမတ္နိုးရျခင္းမ်ား၊ ေလးစားမႈေပါင္းမ်ားစြာနဲ႕ အေလးျပဳလိုက္ပါတယ္ ဗိုလ္မႉးဆြတ္ဗဟာဒူးခင္ဗ်ာ.။

ဗိုလ္မႉးဗဟာဒူး

ကိုယ္ပိုင္အမွတ္(ၾကည္း/၉၆၄၁)

ေမြးဇာတိ ေပ်ာ္ဘြယ္

မိဘအမည္ မစၥတာအမ္အက္စ္သာပါး + အက္စ္ဒါရား

ေမြးသကၠရာဇ္ ၁၅.၅.၁၉၃၅

ေသဆုံးသည့္ေန႕ ၁၉.၈.၂၀၀၁

ျမန္မာ့လက္ေ႐ြးစင္အသင္းႏွင့္ေအာင္ျမင္မႈမ်ားမွာ ေ႐ႊ ၅ ခု၊ ေငြ ၅ ခုႏွင့္ ေၾကး ၂ခု ဆြတ္ခူးရရွိခဲ့သည္။

၁၉၆၅၊ ၁၉၆၇၊ ၁၉၆၈ ခုႏွစ္ ၃ႀကိမ္ဆက္တိုက္ အာရွလက္ေ႐ြးစင္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရသည့္ ျမန္မာျပည္မွ ၁ဦးတည္းေသာကစားသမားျဖစ္သည္။

၁၉၅၅ခုႏွစ္ျမန္မာနိုင္ငံအေကာင္းဆုံးေဘာလုံးသမားဆု၊ ၁၉၆၆ျမန္မာျပည္အားကစားအကယ္ဒမီေခၚ အေကာင္းဆုံးဆုကို ပထမဦးဆုံးရရွိခဲ့သူ၊ ၁၉၆၆ခုႏွစ္အေကာင္းဆုံးေဘာလုံးသမားဆုကိုရရွိခဲ့သည္။

Crd,မူရင္း