မြန်မာ့ပထမဆုံး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (သို့မဟုတ်) အမေ့ခံလူသား ဗိုလ်မှူးကြီးလေးပေ

မြန်မာ့ပထမဆုံး ကာကွယ်ရေးဦးစီးချုပ်စမတ်ဒွန်း(သို့)အမေ့ခံလူသားတစ်ဦး

မြန်မာ့တပ်မတော်မှာ ပထမဆုံး တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်စမစ်ဒွန်း ကွယ်လွန်တာဟာ အခုဆိုနှစ် (၄၀) ခန့်ရှိပါပြီ။ သူသာ အခုချိန်ထိ အသက်ရှိ နေမယ်ဆိုရင် အသက် ၁၁၃ နှစ်ရှိမှာလည်းဖြစ်ပါတယ်။

၁၉၀၆ ခုနှစ်၊ နို၀င်ဘာ ၁၁ ရက်မှာ ဗိုလ်ချုပ် စမစ်ဒွန်းကို ဧရာ၀တီတိုင်း မြစ်၀ကျွန်းပေါ်ဒေသမှာရှိတဲ့ ကျုံပျော်မြို့နယ်၊ အင်းရဲကျွန်းရွာ မွေးဖွားခဲ့တာဖြစ်တယ်လို့ မြေးဖြစ်သူက ဆိုပါတယ်။

ဒါပေမယ့် အမှား နည်းနည်းဖြစ်ခဲ့တာကြောင့် ကလောမြို့နယ်၊ ခရစ်ယာန်သချိုင်းမှာရှိတဲ့ သူ့ရဲ့အုတ်ဂူမှာတော့ နို၀င်ဘာ ၈ ရက်နေ့လို့ပဲ တွေ့နိုင်မှာပါ။

အခုဆိုရင် ဗိုလ်ချုပ် စမစ်ဒွန်းရဲ့ အုတ်ဂူနာမည်တွေ၊ မှတ်တမ်းတွေပျက်ပြီး ဆေးပြယ်နေတာကြောင့် သူ့မိသားစု၀င်တွေက လွန်ခဲ့တဲ့နှစ်ပိုင်းက ပြုပြင်ခဲ့ရပါသေးတယ်။အရပ် ၄ပေရှိတဲ့ ဗိုလ်ချုပ်စမစ်ဒွန်းကို “ဗိုလ်မှူးကြီး လေးပေ”လို့လည်း လူသိများပါတယ်။

ဗိုလ်ချုပ်စမစ်ဒွန်း (ခေါ်) ဗိုလ်မှူးကြီးလေးပေ ဟာ အိန္ဒိယနိုင်ငံ၊ ဒယ်ရဒွန်း စစ်တက္ကသိုလ်ရဲ့ ပထမဆုံးအပတ်စဉ် ကျောင်းသားတစ်ဦးဖြစ်ခဲ့ပြီး အတော်ဆုံးကျောင်းသားလို့ အသိအမှတ်ပြု ခံရသူဖြစ်ခဲ့၍ ပထမဆုံး ဂုဏ်ထူးဆောင် ဓါးဆုကို ရရှိခဲ့ပါတယ်။

သူဟာ သမ္မတစပ်ရွှေသိုက် လက်ထက် ၁၉၄၇-၄၈ ခုနှစ် ကာလမှာ လွတ်လပ်ရေးရပြီးကာစ တပ်မတော်ကို ဦးဆောင်ဖို့ ကရင် (ခရစ်ယာန်) တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်စမစ်ဒွန်းဟာ စစ်ဦးစီးချုပ်အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့ရပါတယ်။

ဒါဟာ လွတ်လပ်ရေးရပြီးကာစ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို ဖော်ဆောင်ပြနေတဲ့ ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။ဒါပေမယ့် ၁၉၄၉ ခုနှစ် ကရင်လူမျိုးတွေ ကိုယ်ပိုင်လွတ်လပ်ရေးအတွက် စတင်တိုက်ခိုက်မှုတွေဖြစ် လာတဲ့အခါမှာတော့ ဗိုလ်ချုပ်စမစ်ဒွန်း တဖြစ်လဲ ဗိုလ်မှူးကြီး လေးပေဟာ တာ၀န်က အနားယူခဲ့ရပါတယ်။

သူရာထူးကနေ ၃နှစ်ခန့်တာ၀န်ထမ်းဆောင်ပြီးတဲ့နောက် ၁၉၄၉ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ရာထူးလက်ခံရယူခဲ့သူဟာ ဗိုလ်ချုပ်နေဝင်းပဲ ဖြစ်ပါတယ်။

အနားယူပြီး နောက်ပိုင်းမှာတော့ သူဟာ ရှမ်းပြည်နယ်ကလောမြို့မှာ ဥယျာဉ်စိုက်ပျိုးပြီး စာရေး၊ စာဖတ်တဲ့အလုပ်နဲ့ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရင်း ၁၉၇၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရဲ့ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာတစ်ပြည်လုံး ချစ်ခင်လေးစားကြပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်နဲ့အတူ တိုက်ပွဲ၀င်ခဲ့ပြီး မြန်မာ့ ပထမဆုံး ကာကွယ် ရေးဦးစီးချုပ်တာ၀န်ကို ထမ်းဆောင်ခဲ့တဲ့ သူ့ကိုတော့ သိရှိတဲ့သူ သိပ်များများစားစား မရှိကြတော့ပါဘူး။

အဘိုးဖြစ်သူနဲပ ပတ်သက်ပြီး မြေးဖြစ်သူ ဦးစစိုးမှန်က အခုလိုပဲ ပြောလိုက်ပါတော့တယ်။

“ သိတဲ့သူနည်းတာပေါ့နော် ။ ဗိုလ်ချုပ်အောင်ဆန်းတာင် နှစ်တော်တော်များများ ပျောက်သွားသေးတယ် သိလား။ ကျွန်တော်တို့အဘိုးကြတော့လည်း ကရင်လူမျိုးလည်းဖြစ်တယ်။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော် ။ အမေ့ခံဖြစ်သွားတာပေါ့ ” ။

ဗိုလ်မှူးကြီး လေးပေ

၁၉၄၆ ခုနှစ်၊ လန်ဒန်မြို့ ဒုတိယ ကမ္ဘာစစ် အောင်ပွဲ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားမှာ ဖီးမာရှယ် ဝီလျှံဆလင်းမ်နဲ့ ဗိုလ်မှူးကြီး စမစ်ဒွန်းတို့ စကားလက်ဆုံ ကြနေကြတယ်။

မြန်မာ နိုင်ငံကို ဂျပန်တွေဆီကနေ ပြန်လည် သိမ်းပိုက်စဉ်က အိန္ဒိယ-ဗြိတိသျှ တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး ဖြစ်ခဲ့တဲ့ ဆလင်းမ်ဟာ သူ့အနီးက သတင်းထောက်တွေဘက် လှည့်ပြီး “ဒါ အရပ်လေးပေပဲ ရှိတဲ့ ဗိုလ်မှူးကြီး ဒွန်းလေ” ဆိုကာ နောက်ပြောင်ပြီး မိတ်ဆက် ပေးလိုက်တယ်။

အဲဒီက စပြီး စမစ်ဒွန်းကို ဗိုလ်မှူးကြီး လေးပေလို့ လူတွေက ခေါ်ကြတော့တယ်။လူကောင်သေးသေးနဲ့ အဲ့ဒီ ကရင် အမျိုးသားကြီးဟာ အိန္ဒိယစစ် တက္ကသိုလ်ရဲ့ ပထမဆုံး အပတ်စဉ် သင်တန်းမှာ အတော်ဆုံး ကျောင်းသားဆုကို ရရှိခဲ့သူ ဖြစ်တယ်။

အဲ့ဒီနောက်ပိုင်း ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန် လက်အောက်က ဧရာဝတီမြစ်ဝ က္ဆွန်းပေါ် ဒေသကို လေထီးနဲ့ ခုန်ဆင်းပြီး ဒေသခံ ကရင် ပြောက်ကျား တပ်ဖွဲ့တွေကို ဦးဆောင်ခဲ့တယ်။

ဗိုလ်မှူးကြီး စမစ်ဒွန်းဟာ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု အစောပိုင်း ကာလမှာ အဓိက အခန်းက ပါဝင်ခဲ့တယ်။ စမစ်ဒွန်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ် အဆင့် ရာထူးတိုးမြှင့် ခန့်ထားခဲ့တယ်။

အဲဒါဟာ လူမျိုးပေါင်းစုံ ပါဝင်တဲ့ အနာဂတ် ပြည်ထောင်စု မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဗမာတွေ အကြား ယုံကြည်မှု တည်ဆောက်တဲ့ ခြေလှမ်း တခု ဖြစ်ပါတယ်။

၁၉၄၉ ခုနှစ်၊ ကရင်လူမျိုးတွေ ကိုယ်ပိုင် လွတ်လပ်ရေး အတွက် စတင် တိုက်ခိုက်ကြတဲ့ အခါမှာတော့ အဲဒီ ယုံကြည်မှု ယိမ်းယိုင် ခဲ့ရတယ်။ ဗိုလ်ချုပ် စမစ်ဒွန်းကို သူ့ရဲ့ ကရင် တပ်ဖွဲ့တွေနဲ့အတူ တပ်မတော် ရာထူးတွေက ရပ်ဆိုင်း ပစ်ခဲ့ကြတယ်။

စမစ်ဒွန်းဟာ ကရင် အမျိုးသားရေး စိတ်ဓာတ် ပြင်းပြသူ တယောက် ဖြစ်ပေမယ့် ဗမာ့ တပ်မတော် အပေါ် အမြဲတမ်း သစ္စာရှိပြီး စစ်သားကောင်း ပီသတဲ့ ခေါင်းဆောင် တယောက် ဖြစ်တယ်။ တပ်မတော် ဦးစီးချုပ် တယောက် အနေနဲ့ စမစ်ဒွန်းဟာ ကရင် တပ်ဖွဲ့တွေကို ထက်မြက်ပြီး စစ်စည်းကမ်း ပြည့်ဝအောင် လုပ်ဆောင်ခဲ့တယ်။

တပ်မတော်ကနေ ထုတ်ပယ် ခံရပြီး နောက်ပိုင်းတွင်လည်း အစိုးရက သူ့အပေါ် သံသယ ထားခဲ့တယ်။ ၁၉၇၉ ခုနှစ်၊ ကွယ်လွန်ချိန် အထိ စောင့်ကြည့် ခံခဲ့ရတယ်။

ဗိုလ်ချုပ် စမစ်ဒွန်းဟာ ဘဝရဲ့ နောက်ဆုံးနှစ်တွေကို ရှမ်းပြည်နယ် ကလောမြို့မှာ နေထိုင်ရင်း ဥယျာဉ် စိုက်ပျိုးပြီး စာရေး စာဖတ်တဲ့ အလုပ်နဲ့ပဲ ဖြတ်သန်းခဲ့တယ်။

သူ မကွယ်လွန်ခင် သူ့ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ်ဖြစ်တဲ့ ‘Memoirs of the Four-foot Colonel’ ဟာ ရေးသား ပြီးစီးခဲ့ပြီး သူကွယ်လွန်ပြီးလို့ တနှစ်အကြာမှာ Cornell University ရဲ့ အရှေ့တောင် အာရှ အစီအစဉ်က ထုတ်ဝေ ဖြန့်ချိ ခဲ့ပါတယ်။

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi
ျမန္မာ့ပထမဆုံး ကာကြယ္ေရးဦးစီးခ်ဳပ္စမတ္ဒြန္း(သို႔)အေမ့ခံလူသားတစ္ဦး

ျမန္မာ့တပ္မေတာ္မွာ ပထမဆုံး တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ျဖစ္ခဲ့တဲ့ ဗိုလ္ခ်ဳပ္စမစ္ဒြန္း ကြယ္လြန္တာဟာ အခုဆိုႏွစ္ (၄၀) ခန့္ရွိပါၿပီ။ သူသာ အခုခ်ိန္ထိ အသက္ရွိ ေနမယ္ဆိုရင္ အသက္ ၁၁၃ ႏွစ္ရွိမွာလည္းျဖစ္ပါတယ္။

၁၉၀၆ ခုႏွစ္၊ နို၀င္ဘာ ၁၁ ရက္မွာ ဗိုလ္ခ်ဳပ္ စမစ္ဒြန္းကို ဧရာ၀တီတိုင္း ျမစ္၀ကြၽန္းေပၚေဒသမွာရွိတဲ့ က်ဳံေပ်ာ္ၿမိဳ႕နယ္၊ အင္းရဲကြၽန္း႐ြာ ေမြးဖြားခဲ့တာျဖစ္တယ္လို႔ ေျမးျဖစ္သူက ဆိုပါတယ္။

ဒါေပမယ့္ အမွား နည္းနည္းျဖစ္ခဲ့တာေၾကာင့္ ကေလာၿမိဳ႕နယ္၊ ခရစ္ယာန္သခ်ိဳင္းမွာရွိတဲ့ သူ႕ရဲ႕အုတ္ဂူမွာေတာ့ နို၀င္ဘာ ၈ ရက္ေန႕လို႔ပဲ ေတြ႕နိုင္မွာပါ။

အခုဆိုရင္ ဗိုလ္ခ်ဳပ္ စမစ္ဒြန္းရဲ႕ အုတ္ဂူနာမည္ေတြ၊ မွတ္တမ္းေတြပ်က္ၿပီး ေဆးျပယ္ေနတာေၾကာင့္ သူ႕မိသားစု၀င္ေတြက လြန္ခဲ့တဲ့ႏွစ္ပိုင္းက ျပဳျပင္ခဲ့ရပါေသးတယ္။အရပ္ ၄ေပရွိတဲ့ ဗိုလ္ခ်ဳပ္စမစ္ဒြန္းကို ဗိုလ္မႉးႀကီး ေလးေပလို႔လည္း လူသိမ်ားပါတယ္။

ဗိုလ္ခ်ဳပ္စမစ္ဒြန္း (ေခၚ) ဗိုလ္မႉးႀကီးေလးေပ ဟာ အိႏၵိယနိုင္ငံ၊ ဒယ္ရဒြန္း စစ္တကၠသိုလ္ရဲ႕ ပထမဆုံးအပတ္စဥ္ ေက်ာင္းသားတစ္ဦးျဖစ္ခဲ့ၿပီး အေတာ္ဆုံးေက်ာင္းသားလို႔ အသိအမွတ္ျပဳ ခံရသူျဖစ္ခဲ့၍ ပထမဆုံး ဂုဏ္ထူးေဆာင္ ဓါးဆုကို ရရွိခဲ့ပါတယ္။

သူဟာ သမၼတစပ္ေ႐ႊသိုက္ လက္ထက္ ၁၉၄၇-၄၈ ခုႏွစ္ ကာလမွာ လြတ္လပ္ေရးရၿပီးကာစ တပ္မေတာ္ကို ဦးေဆာင္ဖို႔ ကရင္ (ခရစ္ယာန္) တစ္ဦးျဖစ္တဲ့ ဗိုလ္ခ်ဳပ္စမစ္ဒြန္းဟာ စစ္ဦးစီးခ်ဳပ္အျဖစ္ ေျပာင္းလဲ တာဝန္ယူခဲ့ရပါတယ္။

ဒါဟာ လြတ္လပ္ေရးရၿပီးကာစ ျမန္မာနိုင္ငံရဲ႕ တိုင္းရင္းသားစည္းလုံးညီၫႊတ္မႈကို ေဖာ္ေဆာင္ျပေနတဲ့ ျဖစ္ရပ္တစ္ခုလည္းျဖစ္ပါတယ္။ဒါေပမယ့္ ၁၉၄၉ ခုႏွစ္ ကရင္လူမ်ိဳးေတြ ကိုယ္ပိုင္လြတ္လပ္ေရးအတြက္ စတင္တိုက္ခိုက္မႈေတြျဖစ္ လာတဲ့အခါမွာေတာ့ ဗိုလ္ခ်ဳပ္စမစ္ဒြန္း တျဖစ္လဲ ဗိုလ္မႉးႀကီး ေလးေပဟာ တာ၀န္က အနားယူခဲ့ရပါတယ္။

သူရာထူးကေန ၃ႏွစ္ခန့္တာ၀န္ထမ္းေဆာင္ၿပီးတဲ့ေနာက္ ၁၉၄၉ ေဖေဖာ္ဝါရီလ ၁ ရက္ေန႕မွာေတာ့ ရာထူးလက္ခံရယူခဲ့သူဟာ ဗိုလ္ခ်ဳပ္ေနဝင္းပဲ ျဖစ္ပါတယ္။

အနားယူၿပီး ေနာက္ပိုင္းမွာေတာ့ သူဟာ ရွမ္းျပည္နယ္ကေလာၿမိဳ႕မွာ ဥယ်ာဥ္စိုက္ပ်ိဳးၿပီး စာေရး၊ စာဖတ္တဲ့အလုပ္နဲ႕ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနထိုင္ရင္း ၁၉၇၉ ခုႏွစ္ ဇန္နဝါရီ ၃၀ ရက္မွာ ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။

နိုင္ငံရဲ႕ လြတ္လပ္ေရးကို ရယူေပးခဲ့တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ျမန္မာတစ္ျပည္လုံး ခ်စ္ခင္ေလးစားၾကပါတယ္။ ဒါေပမယ့္ ဗိုလ္ခ်ဳပ္နဲ႕အတူ တိုက္ပြဲ၀င္ခဲ့ၿပီး ျမန္မာ့ ပထမဆုံး ကာကြယ္ ေရးဦးစီးခ်ဳပ္တာ၀န္ကို ထမ္းေဆာင္ခဲ့တဲ့ သူ႕ကိုေတာ့ သိရွိတဲ့သူ သိပ္မ်ားမ်ားစားစား မရွိၾကေတာ့ပါဘူး။

အဘိုးျဖစ္သူနဲပ ပတ္သက္ၿပီး ေျမးျဖစ္သူ ဦးစစိုးမွန္က အခုလိုပဲ ေျပာလိုက္ပါေတာ့တယ္။

သိတဲ့သူနည္းတာေပါ့ေနာ္ ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတာင္ ႏွစ္ေတာ္ေတာ္မ်ားမ်ား ေပ်ာက္သြားေသးတယ္ သိလား။ ကြၽန္ေတာ္တို႔အဘိုးၾကေတာ့လည္း ကရင္လူမ်ိဳးလည္းျဖစ္တယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ေပါ့ေနာ္ ။ အေမ့ခံျဖစ္သြားတာေပါ့ ။

ဗိုလ္မႉးႀကီး ေလးေပ

၁၉၄၆ ခုႏွစ္၊ လန္ဒန္ၿမိဳ႕ ဒုတိယ ကမၻာစစ္ ေအာင္ပြဲ အထိမ္းအမွတ္ စစ္ေရးျပ အခမ္းအနားမွာ ဖီးမာရွယ္ ဝီလွ်ံဆလင္းမ္နဲ႕ ဗိုလ္မႉးႀကီး စမစ္ဒြန္းတို႔ စကားလက္ဆုံ ၾကေနၾကတယ္။

ျမန္မာ နိုင္ငံကို ဂ်ပန္ေတြဆီကေန ျပန္လည္ သိမ္းပိုက္စဥ္က အိႏၵိယ-ၿဗိတိသွ် တပ္ဖြဲ႕ေတြရဲ႕ တပ္မႉးႀကီး ျဖစ္ခဲ့တဲ့ ဆလင္းမ္ဟာ သူ႕အနီးက သတင္းေထာက္ေတြဘက္ လွည့္ၿပီး “ဒါ အရပ္ေလးေပပဲ ရွိတဲ့ ဗိုလ္မႉးႀကီး ဒြန္းေလ” ဆိုကာ ေနာက္ေျပာင္ၿပီး မိတ္ဆက္ ေပးလိုက္တယ္။

အဲဒီက စၿပီး စမစ္ဒြန္းကို ဗိုလ္မႉးႀကီး ေလးေပလို႔ လူေတြက ေခၚၾကေတာ့တယ္။လူေကာင္ေသးေသးနဲ႕ အဲ့ဒီ ကရင္ အမ်ိဳးသားႀကီးဟာ အိႏၵိယစစ္ တကၠသိုလ္ရဲ႕ ပထမဆုံး အပတ္စဥ္ သင္တန္းမွာ အေတာ္ဆုံး ေက်ာင္းသားဆုကို ရရွိခဲ့သူ ျဖစ္တယ္။

အဲ့ဒီေနာက္ပိုင္း ဒုတိယ ကမၻာစစ္ အတြင္း ဂ်ပန္ လက္ေအာက္က ဧရာဝတီျမစ္ဝ က္ဆွန်းပေါ် ေဒသကို ေလထီးနဲ႕ ခုန္ဆင္းၿပီး ေဒသခံ ကရင္ ေျပာက္က်ား တပ္ဖြဲ႕ေတြကို ဦးေဆာင္ခဲ့တယ္။

ဗိုလ္မႉးႀကီး စမစ္ဒြန္းဟာ ျမန္မာ့ လြတ္လပ္ေရး ႀကိဳးပမ္းမႈ အေစာပိုင္း ကာလမွာ အဓိက အခန္းက ပါဝင္ခဲ့တယ္။ စမစ္ဒြန္းကို တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ အျဖစ္ ခန႔္အပ္ခဲ့ၿပီး ဗိုလ္ခ်ဳပ္ အဆင့္ ရာထူးတိုးျမႇင့္ ခန႔္ထားခဲ့တယ္။

အဲဒါဟာ လူမ်ိဳးေပါင္းစုံ ပါဝင္တဲ့ အနာဂတ္ ျပည္ေထာင္စု ျမန္မာနိုင္ငံမွာ တိုင္းရင္းသား လူမ်ိဳးစုေတြနဲ႕ ဗမာေတြ အၾကား ယုံၾကည္မႈ တည္ေဆာက္တဲ့ ေျခလွမ္း တခု ျဖစ္ပါတယ္။

၁၉၄၉ ခုႏွစ္၊ ကရင္လူမ်ိဳးေတြ ကိုယ္ပိုင္ လြတ္လပ္ေရး အတြက္ စတင္ တိုက္ခိုက္ၾကတဲ့ အခါမွာေတာ့ အဲဒီ ယုံၾကည္မႈ ယိမ္းယိုင္ ခဲ့ရတယ္။ ဗိုလ္ခ်ဳပ္ စမစ္ဒြန္းကို သူ႕ရဲ႕ ကရင္ တပ္ဖြဲ႕ေတြနဲ႕အတူ တပ္မေတာ္ ရာထူးေတြက ရပ္ဆိုင္း ပစ္ခဲ့ၾကတယ္။

စမစ္ဒြန္းဟာ ကရင္ အမ်ိဳးသားေရး စိတ္ဓာတ္ ျပင္းျပသူ တေယာက္ ျဖစ္ေပမယ့္ ဗမာ့ တပ္မေတာ္ အေပၚ အၿမဲတမ္း သစၥာရွိၿပီး စစ္သားေကာင္း ပီသတဲ့ ေခါင္းေဆာင္ တေယာက္ ျဖစ္တယ္။ တပ္မေတာ္ ဦးစီးခ်ဳပ္ တေယာက္ အေနနဲ႕ စမစ္ဒြန္းဟာ ကရင္ တပ္ဖြဲ႕ေတြကို ထက္ျမက္ၿပီး စစ္စည္းကမ္း ျပည့္ဝေအာင္ လုပ္ေဆာင္ခဲ့တယ္။

တပ္မေတာ္ကေန ထုတ္ပယ္ ခံရၿပီး ေနာက္ပိုင္းတြင္လည္း အစိုးရက သူ႕အေပၚ သံသယ ထားခဲ့တယ္။ ၁၉၇၉ ခုႏွစ္၊ ကြယ္လြန္ခ်ိန္ အထိ ေစာင့္ၾကည့္ ခံခဲ့ရတယ္။

ဗိုလ္ခ်ဳပ္ စမစ္ဒြန္းဟာ ဘဝရဲ႕ ေနာက္ဆုံးႏွစ္ေတြကို ရွမ္းျပည္နယ္ ကေလာၿမိဳ႕မွာ ေနထိုင္ရင္း ဥယ်ာဥ္ စိုက္ပ်ိဳးၿပီး စာေရး စာဖတ္တဲ့ အလုပ္နဲ႕ပဲ ျဖတ္သန္းခဲ့တယ္။

သူ မကြယ္လြန္ခင္ သူ႕ရဲ႕ ကိုယ္ေရး အတၳဳပၸတၱိ စာအုပ္ျဖစ္တဲ့ ‘Memoirs of the Four-foot Colonel’ ဟာ ေရးသား ၿပီးစီးခဲ့ၿပီး သူကြယ္လြန္ၿပီးလို႔ တႏွစ္အၾကာမွာ Cornell University ရဲ႕ အေရွ႕ေတာင္ အာရွ အစီအစဥ္က ထုတ္ေဝ ျဖန႔္ခ်ိ ခဲ့ပါတယ္။

Crd,မူရင္းေရးသားသူအားေလးစားစြာျဖင့္