ဘရုစ်လီ (Bruce Lee) ရဲ့ကွန်ဖူးသိိုင်း ရုပ်ရှင်ကားတွေ ကို ကြည့်ဖူးကြမှာပါ။ တကယ်တော့ ဘရုစ်လီရဲ့ရုပ်ရှင် ကားတွေကြောင့် အနောက်နိုင်ငံနဲ့ ဥရောပကလူတွေ အရှေ့တိုင်းသိုင်းပညာကို သိလာပြီး စိတ်ဝင်စားခဲ့ကြ တာပါ။ဘရုစ်လီရဲ့ ဘဝဖြစ်စဉ်လေးကို လေ့လာကြည့် ရအောင်လား။
ဘရုစ်လီကို ၁၉၄၀ ပြည့်နှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ မွေးဖွားခဲ့လို့ မွေးကတည်းက အလိုအလျောက် အမေရိကန် နိုင်ငံသား ဖြစ်ခဲ့ပါတယ်။ ဘရုစ်ဆိုတဲ့နာမည်ကို ဆေးရုံ မှာမွေးပေးတဲ့ သူနာပြုဆရာမတစ်ယောက်က ပေးခဲ့ တာပါ။ အမည်ရင်းက Lee Jun Fan ပါ။ သူ့အဖေက တရုတ်ရိုးရာကပွဲမှာ သီချင်းဆိုသူတစ်ယောက်ပါ။ ဘရုစ်လီဟာ မွေးချင်း ၃ ယောက်ထဲက အလတ်ပါ။
ဘရုစ်လီကို အမေရိကန်မှာ မွေးပြီး မကြာခင်မှာ သူ့ မိဘတွေဟာ ဟောင်ကောင်ကျွန်းက ကောင်လွန်မြို့ကို ပြောင်းရွှေ့သွားကြတယ်။အဲဒီအချိန်က ဟောင်ကောင် ကျွန်း ဟာ ဗြိိတိသျှရဲ့အုပ်ချုပ်မှု အောက်မှာ ရှိိပါတယ်။
ဘရုစ်လီဟာ အသက် ၅ နှစ်အရွယ်မှာပဲ ဟောင်ကောင် က ရုပ်ရှင်ကား ၂၀ လောက်မှာ ကလေးသရုပ်ဆောင် အဖြစ် ပါဝင်ခဲ့ပြီးပြီ။ သူ အသက် ၁၈ အရွယ်မှာ La Salle College တက်ပါတယ်။ ကျောင်းသားဘဝမှာ ဟောင်ကောင်လမ်းသူရဲတွေရဲ့ ထိုးကြိတ်ရိုက်နှက်တာ ခံလိုက်ရတယ်။
ဘရုစ်လီဟာ တရုတ်သိုင်းဆရာကြီး Sifu Yip Man ဆီမှာ သိုင်းပညာသင်ယူတယ်။ Yip Man ရဲ့ ဝင်ချွန်းသိုင်းပညာကို ဆရာဆီမှာသင်တာ အဲဒီတစ်ခါဘဲရှိပါတယ်။
စိတ်ဆတ်ပြီး သိုင်းတော်တဲ့ ဘရုစ်လီဟာ ဟောင်ကောင်ရဲတွေရယ်၊ ဟောင်ကောင် မှာရှိတဲ့ အင်္ဂလိပ်ကျောင်းသားတွေနဲ့ မကြာခဏရန်ဖြစ် ပြဿနာတက်ပြီး လမ်းသူရဲအဖွဲ့ဝင်တစ်ယောက်လဲ ဖြစ်လာခဲ့တယ်။ သူ့နောင်ရေးကို စိုးရိမ်တဲ့ ဘရုစ်လီရဲ့ အဖေက သူ့ကိုအမေရိကန်နိုင်ငံကို ပို့လိုက်တယ်။ အဲဒီအချိန်က ၁၉၅၉ ခုနှစ် သူ အသက် ၁၉ နှစ်သားပေါ့။
အမေရိကန်နိုင်ငံရောက်တော့ ဘရုစ်လီဟာ ဆန်ဖရန်စ္စကိုမြို့ရဲ့ချိုင်းနားတောင်းက အသိ တစ်ယောက်ရဲ့စားသောက်ဆိုင်တစ်ခုမှာ အလုပ်ဝင်် လုပ်တယ်။ မကြာခင် ဝါရှင်တန်မြို့ကတက္ကသိုလ် တစ်ခု မှာ သွားတက်တယ်။ ဒဿနိကဘာသာရပ် ယူပါတယ်။
ကျောင်းဆင်းလို့ ညနေရောက်တဲ့အခါ ကွန်ဖူးသိုင်းကို တစ်ယောက်ထဲ အပြင်းအထန် လေ့ကျင့်တယ်။ အဲဒီမှာ သူ့ကိုယ်ပိုင်သိုင်းပညာတစ်မျိုး ထွင်လိုက်ပြီး Jeet Kung Do (ဂျစ်ကွန်းဒို)လို့ နာမည်ပေးထားတယ်။
၁၉၆၃ ခုနှစ်ရောက်တော့ တက္ကသိုလ်တဝှမ်းမှာ သူ့ရဲ့ ဂျစ်ကွန်ဒိုသိုင်းကို လူသိများလာတာကြောင့် တက္ကသိုလ် နဲ့ မလှမ်းမကမ်းမှာ သူ့ရဲ့ ကွန်ဖူးသင်တန်း ကျောင်းတစ်ခုဖွင့်လိုက်တယ်။ကရာတေး၊ ဂျူဒို ပြိုင်ပွဲတွေ မွာ ဘရုစ်လီဟာ သူ့ရဲ့ဂျစ်ကွန်ဒိုသိုင်း စွမ်းရည် ကို ပြလေ့ရှိတယ်။ နောက်တစ်နှစ်မှာ သူ့ သင်တန်းလာတက်တဲ့ လင်ဒါအင်မာရီနဲ့ လက်ထပ် လိုက်တယ်။
သိုင်းပြိုင်ပွဲတစ်ခုမှာ လာကြည့်သူတွေထဲက ဟောလီးဝုဒ် ရုပ်ရှင်လောကမှာ နာမည်ကြီး ဆံပင်အလှ ပြုပြင်သူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်သွားတယ်။ အဲဒီမိတ်ဆွေရဲ့ မိတ်ဆက်ပေးမှုကြောင့် တီဗွီရုပ်သံလွှင့် ကုမ္ပဏီတစ်ခုက ထုတ်လုပ်သူနဲ့ သိသွားတယ်။
အဲဒီ တီဗွီရုပ်ရှင်အဖွဲ့က ဘရုစ်လီကိုနာမည်ကြီးဇာတ်လမ်းတွဲ ဖြစ်တဲ့ The Green Hornet အစီအစဉ်မှာ အဓိက ဇာတ်ဆောင်မင်းသားရဲ့ကိုယ်ရံတော်အဖြစ် သရုပ် ဆောင် ခိုင်းတယ်။ အဲဒီအချိန်မှာပဲ သူဟာ ဒုတိယ မြောက် ကွန်ဖူးသင်တန်းကျောင်းကို ဟောလီးဝုဒ်နဲ့ နီးတဲ့ အုတ်ကလင်းမြို့လေးမှာ ဖွင့်လိုက်ပါတယ်။
The Green Hornet ရုပ်သံအစီအစဉ်ဟာ တစ်နှစ် ကြာ အပိုင်း ၂၆ ပိုင်းပြသပြီး ရပ်နားလိုက်ပါတယ်။ အဲဒီအခါမှာ ဘရုစ်လီရဲ့ ကွန်ဖူးစွမ်းရည်ကို အမေရိကန် က လူတော်တော်များများ သိသွားကြပြီ။ ဘရုစ်လီရဲ့ သင်တန်းကျောင်းကို ဟောလီးဝုဒ်မှာ နာမည်ကြီးနေ ကြတဲ့ အက်ရှင်မင်းသားတွေလဲ လာတက်ကြတယ်။
ဘရုစ်လီဟာ နောက်ထပ် တီဗွီအစီအစဉ်တချို့မှာလဲ သရုပ်ဆောင်ခဲ့ပါတယ်။ ဘရုစ်လီရဲ့ဘဝကို ရုတ်တရက် ပြောင်းလဲသွားစေခဲ့တာက ၁၉၇၁ ခုနှစ်မှာပါ။ သူဟာ သူ့မိဘတွေရှိတဲ့ ဟောင်ကောင်ကျွန်းကို အလည်ပြန် လာ ခဲ့တယ်။ ဟောင်ကောင်ရုပ်ရှင်လောက,ကနာမည်ကြီး ရုပ်ရှင် ထုတ်လုပ်သူ ရေမွန်ချောင်က ဘရုစ်လီကို ခေါင်းဆောင် မင်းသားအဖြစ် တင်ရိုက်ဖို့ ကမ်းလှမ်းတယ်။
ဘရုစ်လီ က လက်ခံလိုက်ပြီး The Big Boss ဆိုတဲ့ ကွန်ဖူး သိုင်းရုပ်ရှင်ကားကိုငွေကြေးများများ မသုံးဘဲ ရိုက် ဖြစ်တယ်။ အဲဒီရုပ်ရှင်ကားကို ဟောင်ကောင်မှာ ရုံတင် တင်ချင်း ကြည့်သူတွေ အရမ်းများပြီး ဝင်ငွေကောင်းတဲ့ ရုပ်ရှင်ကားတစ်ခုဖြစ်ခဲ့တယ်။ ဘရုစ်လီတစ်ယောက်လဲ သူ့သိုင်းစွမ်းရည်ကြောင့် နေ့တွင်းချင်း နာမည်ကြီး ဟောင်ကောင်မင်းသား ဖြစ်သွားခဲ့တယ်။
ဒါကြောင့် ရေမွန်ချောင်က ဘရုစ်လီနဲ့ The Fist of Fury ဆိုတဲ့ ရုပ်ရှင်နောက်တစ်ကား ထပ်ရိုက်တယ်။ ဒီကားကို ငွေကြေးအတော် အကုန်အကျခံ ရိုက် လိုက်တယ်။ အဲဒီကားလဲ အရမ်းအောင်မြင်သွားပြန်လို့ ဘရုစ်လီလဲ နာမည်ပိုကြီးလာခဲ့တယ်။
နောက်တစ်ကား ဖြစ်တဲ့ Way of the Dragon ရုပ်ရှင်ကားကို ၁၉၇၂ ခုနှစ်မှာ ရိုက်ပြီး ဟောင်ကောင်မှာသာမက အမေရိကန် နိုင်ငံက ရုပ်ရှင်တွေမှာ ပြခဲ့တယ်။ ရုပ်ရှင်ကားကောင်း သလို ဘရုစ်လီရဲ့ သိုင်းစွမ်းရည်ကို အနောက်နိုင်ငံက သိလာခဲ့ကြတယ်။
နောက်ဆုံးတော့ဟောလီးဝုဒ်က ရုပ်ရှင်ကုမ္ပဏီကြီးတွေ က ဘရုစ်လီကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းလာခဲ့ကြတယ်။ Enter the Dragon စတဲ့ သိုင်းကားကို ဟောလီးဝုဒ် က ဒေါ်လာတစ်သန်းအကုန်ခံရိုက်ခဲ့တာဝင်ငွေ ဒေါ်လာ သန်း (၂၀၀) ရသွားခဲ့တယ်။
ဘရုစ်လီတစ်ယောက် အရမ်းနာမည်ကြီး တက်လာချိန်မှာပဲ ရေတိမ်နစ်သွားခဲ့ ရတယ်။ ၁၉၇၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ ဟောင်ကောင်မှာ ရုပ်ရှင်တစ်ကားလာရိုက်ရင်း ဟောင်ကောင်ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့အိမ်မှာ ခေါင်းကိုက်လို့ အကိုက်အခဲပျောက်ဆေးသောက်ပြီး သတိလစ်သွားတယ်။ ဆေးရုံကို အမြန်ပို့ပေမဲ့လဲ ဘရုစ်လီတစ်ယောက် ကွယ်လွန်ဆုံးပါးသွားခဲ့တယ်။
သူရဲ့ဈာပနကို ချစ်ခင်ကြတဲ့ ဟောင်ကောင်ပရိသတ် (၃)သောင်းကျော် တက်ရောက်ကြပြီး သူ့ရုပ်ကလပ်ကို လိုက်ပါပို့ဆောင်ခဲ့ကြတယ်။ အမေရိကန်မှာရှိတဲ့ ဟောလီးဝုဒ် ရုပ်ရှင်လောက,က လူတွေကလဲ သူ့ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေလုပ်ခဲ့ကြ တယ်။ ဘရုစ်လီကွယ်လွန်ချိန်မှာ အသက် ၃၃ နှစ်သာ ရှိပါသေးတယ်။ သူ့ရဲ့ဇနီးလင်ဒါရယ်၊ သားတစ်ယောက်၊ သမီးတစ်ယောက် ကျန်ခဲ့တယ်။
သူ့သား ဘရင်ဒန်လီ ဟာလဲ ကွန်ဖူးသိုင်းရုပ်ရှင်မှာ သရုပ်ဆောင်ရင်း ရိုက်ကွင်းမှာသေနတ်ကျည်ဆံ မတော်တဆထိမှန်ပြီး ကွယ်လွန်သွားခဲ့ပြန်တယ်။ဘရုစ်လီကြောင့် အရှေ့တိုင်း သိုင်းပညာကို ကမ္ဘာက သိလာခဲ့တာပါ။ သူ့ရုပ်ရှင်ကား တွေ ကြည့်ဖူးပြီး သူ့ကိုချစ်တဲ့လူတွေဟာ သူ့ကို ယနေ့တိုင် လွမ်းဆွတ်နေကြဆဲပါ။
အောက်ကအချက်တွေကတော့ ဘရုစ်လီရဲ့ ထူးခြား ချက်တချို့ဖြစ်ပါတယ်။ဘရုစ်လီရဲ့ နာမည်အရင်းက Li Jun Fan ဖြစ်ပြီး ၁၉၄၀ ခုနှစ် ၊ နို၀င်ဘာ ၂၇ရက်နေ့မှာ အမေရိကန် ကယ်လီဖိုးနီးယားမှာမွေးဖွားပြီး ၁၉၇၃ခုနှစ် ဇူလိုင် ၂၀ ၊ ဟောင်ကောင် မှာ သေဆုံးခဲ့ပါတယ်။
ဘရုစ်လီ ရဲ့ မွေးချိန်နဲ့ မွေးနှစ်ဟာ နဂါးနှစ်ဖြစ်ပြီး ဒါဟာ အလွန် ထူးချွန်သူတစ်ယောက်ဖြစ်လာတဲ့ နိမိတ်လို့ယူဆ ကြပါတယ်။ဘရုစ်လီဟာ ငယ်စဉ်က ဟောင်ကောင်မှာကြီးပြင်းခဲ့ပြီး အေမရိက ကို သူ့ရဲ့မိဘတွေပို့ခဲ့ရတဲ့အကြောင်း က တော့ လမ်းပေါ်မှာရန်ခဏဖြစ်ခဲ့လို့ပါပဲ။
သူဟာ ကလေး ဘ၀က ကလေးဂိုဏ်းတစ်ခုဖြစ်တဲ့ လမ်းဆုံက ကျားရိုင်းများဂိုဏ်းရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ဓါးနဲ့ ချိန်းကြိုးတွေဆောင်လေ့ရှိသလို ၊ အခြားလူမိုက်တွေကို စိန်ခေါ်ကာ ရန်ပွဲတွေမကြာခဏ ဖြစ်လေ့ရှိသူလည်းဖြစ်ပါတယ်။
ဒါကြောင့် ဒါကိုရပ်တန့် ဖို့အတွက် မိဘတွေဟာ ဘရုစ်လီကို အမေရိကကို ပို့ခဲ့ခြင်းဖြစ်ပါတယ်။ဘရုစ်လီဟာ သိုင်းသမား ရုပ်ရှင်မင်းသားအဖြစ် လူသိ များပေမယ့် သူဟာ အကကျွမ်းကျင်သူ တစ်ယောက် လည်းဖြစ်ပါတယ်။
ချားချားအကကို အလွန်ကျွမ်းကျင် ပြီး ၁၉၅၉ခုနှစ် ဟောင်ကောင်ရဲ့ ချန်ပီယံဖြစ်ခဲ့သူပါ။ဘရုစလီကို ၁၃နှစ်သားတည်းက သိုင်းပညာကို သင်ကြားခဲ့ပြီး သရုပ်ဆောင်ဖြစ်နေတာကို လူသိ မ်ား ပေမယ့် ဘရုစ်လီဟာ ငယ်စဉ်ကတည်းကသရုပ်ဆောင် ဖြစ်ခဲ့တာကို လူသိနည်းပါတယ်။
ဘရုစ်လီဟာ ၃လ အရွယ်က စလို့ ၅နှစ်အရွယ်အတွင်း ဟောင်ကောင် ရုပ်ရှင်ကားပေါင်း ၂၀မှာ ကလေးသရုပ်ဆောင်အဖြစ် ပါ၀င်ခဲ့သူဖြစ်ပါတယ်။ဘရုစ်လီဟာ ကျန်းမာကြံခိုင် မြန်ဆန်သူအဖြစ် အားလုံး သိကြပေမယ့် သူဟာအမြင်အာရုံ ပြဿနာရှိသူဖြစ် ပါတယ်။ ပါဝါများတဲ့မျက်မှန်ကို တပ်ဆင်ခဲ့ရပြီး အစော ပိုင်းမျက်ကပ်မှန်တပ်သူထဲက တစ်ဦးလည်းဖြစ်ပါတယ်။
ဘရုစ်လီဟာ ကမ္ဘာကျော်သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပေမယ့် သူအရမ်းအဖြစ်ချင်ဆုံးအရာကတော့ ကိုယ်ပိုင် သိုင်းသင်တန်းကျောင်းဆရာဖြစ်ပါတယ်။ အမေရိကန် နေရာအနှံ့မှာ ဘရုစ်လီသိုင်းသင်တန်း ကျောင်းတွေ ဖွင့်လှစ်ဖို့ အိပ်မက်မက်ခဲ့သူပါ။သူဟာ သူ့ရဲ့အိပ်မက်ကိုပြီးမြောက်အောင် အကောင် အထည် မဖော်နိုင်ခင်မှာ ကွယ်လွန်သွားခဲ့ရပါတယ်။
၁၉၆၃ခုနှစ် နွေရာသီမှာ ဘရုစ်လီဟာ Linda Emery ဆိုတဲ့ မိန်းကလေးကို Gung Fu သင်ပေးရာကနေ စိတ်၀င်စားခဲ့ပါတယ်။ အဲဒီနောက်တော့ သူတို့ နှစ်ယောက်ဟာ ချစ်ကြိုက်သွားကြပြီး ဘ၀အခြေအနေ ကွာခြားချက်ကြီးလွန်းလို့ မိဘတွေ သဘာမတူတဲ့ ကြားထဲက နောက်တစ်နှစ်မှာပဲ လက်ထပ်လိုက်ကြ ပါတယ်။
ဘရုစ်လီဟာ လမ်းရိုးနည်းစနစ်တွေကို မကြိုက်ပဲ အလွန်ဆန်းသစ်တီထွင်သူလို့ ဆိုနိုင်ပါတယ်။ အချိန်ရှိ သရွေ့ မူရင်းရှိပြီးသားသိုင်းပညာတွေကို ထပ်မံ ဆန်းသစ်ရင်း သူရဲ့ကိုယ်ပိုင်တီထွင်ထားတဲ့ သိုင်း ပညာတွေထည့်သွင်းဖို့ ကြိုးစားနေတတ်သူဖြစ်ပါတယ်။
မူရင်းပုံစံတွေက ကွဲထွက်နေတဲ့ လေ့ကျင့်မှုပုံစံ အသစ်တွေ ကို တီထွင်ပြုလုပ်ခဲ့သူလည်းဖြစ်သလို Jeet Kune Do ဆိုတဲ့ ပညာရပ်တွေကိုချန်ထားခဲ့ သူလည်းဖြစ်ပါတယ်။ဘရုစ်လီ ကို သိုင်းပညာရှင် သရုပ်ဆောင်တစ်ယောက်အဖြစ် လူသိများပေမယ့် တကယ်တော့ သူဟာ အခြားပညာ ရပ်တွေမှာလည်း ထူးချွန်လွန်းသူဖြစ်ပါတယ်။
အက်ဒီဆင် နည်းပညာကျောင်းဆင်းဖြစ်ပြီး ထူးချွန်ပြီး ဇွဲလုံ့လကောင်းလွန်းသူဖြစ်ပါတယ်။ သူ့အခြားထူးချွန် တဲ့ ပညာရပ်တွေကတော့ အတွေးအခေါ်ပညာ ၊ ကဗျာ ရေးခြင်း ၊ လက်ဝှေ့ ၊ ဓားသိုင်း ၊ အစာအဟာရ ကျွမ်းကျင်ခြင်း စတာတွေဖြစ်ပါတယ်။စာအလွန်ဖတ်သူ ဖြစ်ပြီး နေ့စဉ်နေ့တိုင်းမှာ သင်ယူမှုတစ်ခုမဟုတ် တစ်ခု လုပ်နေတတ်သူလည်းဖြစ်ပါတယ်။
သူ့ရဲ့နာမည်ကြီးကားတစ်ကားဖြစ်တဲ့ Enter the Dragon ကားမှာ သူဟာ အဲဒီတုန်းက လူကြမ်း သရုပ်ဆောင်ဖြစ်တဲ့ ဂျက်ကီချမ်းနဲ့ ဆုံခဲ့ဖူးပါတယ်။အဲဒီကားမှာ ဘရုစ်လီရဲ့လှုပ်ရှားမှုတွေဟာ မထင်မှတ်အောင် မြန်ဆန်လွန်းတဲ့အတွက် ကားရိုက်ပြီးတဲ့အချိန်မှာ ပုံမှန် speed ကိုလျှော့ချခဲ့ရပါတယ်။ ဒါမှသာ လူတွေက အတု လို့ မထင်မှာဖြစ်ပါတယ်။
နေ့စဉ် လက်သီးချက်ရေ ၅၀၀၀ ခန့်ထိုးလေ့ရှိသူဖြစ်ပြီး ဒီလေ့ကျင့်မှုဟာ သူ့လက်သီးပြင်းထန်ခြင်းရဲ့ အကြောင်း တစ်ရပ်လို့ ဆိုပါတယ်။လက်ချောင်းတွေ အလွန်သန်သူဖြစ်ပြီး သူ့ရဲ့လက်ချောင်းတွေနဲ့ စည်သွပ်ဗူးတွေကိုအပေါက်များဖြစ်အောင် ဖောက်နိုင် ပါတယ်။ သူဟာ လေပေါ်မြှောက်ပစ်လိုက်တဲ့ ထမင်း စေ့ကို တူနဲ့ မကျအောင်ဖမ်းနိုင်တဲ့အထိ တော်သူလည်း ဖြစ်ပါတယ်။
တိုင်းမ်မဂ္ဂဇင်းရဲ့ ၂၀ရာစု ကမ္ဘာကိုအလွှမ်းမိုးခဲ့ဆုံးသူ ၁၀၀ ထဲက တစ်ဦးအဖြစ်ဖော်ပြခြင်း ခံရသူလည်း ဖြစ် ပါတယ်။ မိတ်ဆွေသိထားတဲ့ ဘရုစ်လီရဲ့ အချက်တွေ ရှိရင်လည်း ထပ်ဖြည့်ခဲ့ပါဦး ခင်ဗျာ…
Crd,မူရင်း