တစ်ချိန်က စီလမ်းနှင့် သင်္ချိုင်းတော်

အာဠဝီစီလမ်းသည် ပဒေသရာဇ် ရှင်ဘုရင်လက်ထက်က ”အမင်္ဂလာလမ်း” ဖြစ်ခဲ့၏။ အာဠဝီတံခါးခေါ် ကြေးမုံတံခါးသည်ပင် ”ဂဗ္ဗေ” ဟူသည့် ဓာတ်ဘက်နံသင့် အက္ခရာယူသော်လည်း

တစ်နည်းအားဖြင့် နန်းမြို့တွင်းမှ သေသောသူတို့ကို ထုတ်ဆောင်ရာ အမင်္ဂလာတံခါးဖြစ်သောကြောင့် ၎င်းတံခါးမှ ဝင်ထွက်သွားလာ မကြာမကြာ ကြုံတွေ့ရသောသူများသည် မရဏ ဿတိ ကမ္မဋ္ဌာန်းကို ကြေးမုံပြင်ကဲ့သို့ အာရုံပြု ကြည့်ရှုကြကုန်လောဟု သတိ ပေးသော အထိမ်းအမှတ်ဖြင့် ”ကြေးမုံ” တံခါးဟု သမုတ်ခဲ့ခြင်းလည်းဖြစ်သည်။

အာဠဝီတံခါးဟု အသိများသော ကြေးမုံတံခါး၏အနောက်ဖက်တည့်တည့် လမ်းကို အာဠဝီလမ်းဟု တစ်လျှောက်လုံး မှတ်သားခဲ့ကြသည်။ အင်္ဂလိပ်လက်ထက် မြူနီစီပယ်၏ ပင်မလမ်းမကြီးများ အမှတ်အသားအရ(C)လမ်းဖြစ်သောကြောင့် အာဠဝီ စီလမ်းဟုလည်း သိရှိခဲ့ကြ၏။

ရှေးလူကြီးသူမအချို့ကမူ ထိုလမ်းကို သင်္ချိုင်းတော်လမ်းဟုလည်း ထူးထူးခြားခြား ခေါ်ခဲ့ကြသော်လည်း အယူသီးသော မြန်မာတို့ နှုတ်မှာ ထိုနာမည်က တွင်ကျယ်ခြင်းမရှိခဲ့ပါပေ။

နန်းမြို့တွင်းတွင် ဒင်္ဂါးစက်ရုံတော် တောင်ဘက်ကပ်လျက်တွင်မူ သင်္ချိုင်းတော်များရှိ ပါ၏။ ထိုသင်္ချိုင်းတော်များတွင် ပဉ္စမသင်္ဂါယနာ တော်တင် မင်းတုန်း မင်းတရားကြီး၊ ရွှေဘိုမင်း တရား၏ အဂ္ဂမဟေသီမိဖုရားခေါင်ကြီး၊ သီပေါ မင်း၏ မယ်တော်လောင်းရှည်မိဖုရားကြီးနှင့် ဆင်ဖြူမရှင်မိဖုရားကြီးတို့၏ ဂူဗိမာန်ကြီး များ ရှိသည်။

ထို့ပြင် မြောက်ဥယျာဉ်တော် ရွှေပြည် ဥယျာဉ်ကွက်အတွင်းတွင် တောင်မိဖုရားခေါင်ကြီး သင်္ချိုင်းတော်ရှိသလို၊ သစ်တပ်အနောက် မြောက်ထောင့် တွင်လည်း မြောက်နန်းမတော် မိဖုရား သင်္ချိုင်းတော်တစ်ခုရှိသည်။ ကျန်ရှိ သည့် မင်းညီမင်းသား၊ မှူးကြီးမတ်ရာ သေနာ ပတိများ၏ သင်္ချိုင်းတော်သည် အာဠဝီစီလမ်း အတိုင်း အနောက်ဆင်းသောအခါ ရွှေတချောင်း မြောင်းအလွန်၊ မြစ်ဆိပ်အကြားတွင် အသီးသီးရှိခဲ့ကြ၏။

အာဠဝီ စီလမ်းပေါ်တွင် ရွှေတချောင်း အနောက်ဘက်ကမ်း၊ စီလမ်းဘေး၌ သီပေါမင်းသား အပါ အဝင် မင်းညီမင်းသားများ ပညာသင်ခဲ့ကြသည့် ဒိုင်အိုသံတဲကျောင်းတော်ကြီး ရှိသည်။ ၎င်း ကျောင်းတော်ကြီးကို ၁၂၃၁-ခု၊ နတ်တော်လပြည့်ကျော် ၁၁ရက်(၄-၆-၁၈၆၉) နေ့တွင် ဆောက်လုပ်ပြီးစီးသည်။

အဆိုပါကျောင်းတော်ကြီးထိပ်တွင် ရွှေတချောင်းမြောင်းကူး တံတားတစ်စင်းရှိသည်။ ထိုတံတားနှင့် တစ်ဆက်တည်း အုတ်တံတားရှည်ကြီးကိုလည်း သင်္ချိုင်းတော်တံတားဟု ခေါ်ကြသည်။ သင်္ချိုင်းတော်တံတားသည် ရွှေတချောင်းကိုဖြတ်ပြီးနောက် သံတဲချောင်း ကြီးမြောက်ဘက်တွင် အုတ်တံတား မြင့်ကြီးဖြစ်၏။ အုတ်တံတားကြီး မြောက် ဘက်တွင် အသားဇရပ်ကြီးများလည်း ရှိသည်။

၄င်းတံတား များနှင့်အတူ ဇရပ်ကြီးများကို လှေသင်းအတွင်းဝန်မင်းကဆောက်လုပ်ခဲ့၏။ မှတ်တမ်းအဖြစ် အာဠဝီစီ လမ်းပေါ်တွင် ကျောက်စာ တစ်မျက်နှာတစ်တိုင် စိုက်ထူးထားသည်။ ကျောက်စာတွင် ရွှေတချောင်းကူး တံတားဦးဇရပ်နှင့်တကွ အနောက်ကို သွပ်မိုးပျဉ်ခင်း၊ ဝဲယာတံတားခန်းရေ ၁၆၄။ မြောင်းအကူးမှ အနောက် မြေမြို့ရိုးအရောက်၊ ထိုမှတစ်ဖန် တောင်ချိုးကာ ပိုက်ကျုံးအရောက် ၆၇၇တာ။

ကျောက်လမ်းတံတားကြီးမှစ၍ ပုဏ္ဏားကုန်းသုသာန်တွင် အတွင်းဝန်မင်း အဘ အလောင်းသင်္ဂြိုဟ်ရာ ပျဉ်ဇရပ် ၁ဆောင်၊ အတွင်းဝန်ကတော် အမိရှေ့ဝန်မှူး ကတော် သင်္ဂြိုဟ်ရာ အုတ်ဇရပ် ၁ဆောင်နှင့် သုဿာန်မြေ အကာအရံတံတိုင်း မီးတားများကို ၁၂၄၄-ခုမှ ၁၂၄၇-ခုအထိ ဆောက်လုပ်တဲ့ ကုန်ကျစရိတ်ငွေ (၃၄၈၄၄ိ ၅ူ ၈ဲ)လုပ်ဆောင် ကုန်ဝင်ကြောင်း ကမ္ပည်းထိုးမှတ် ရေးသားခဲ့လေ သည်။

ယခုအခါ ထိုဇရပ်ကြီးများလည်း မရှိတော့ပြီ။ သင်္ချိုင်းတော်လည်း မရှိတော့ပြီ။ အတွင်းဝန်မင်း အမိ၊ အဘဟူသည် မင်းကြီးမင်းလှ မဟာဇေယျသင်္ကြံ မြို့သစ်အတွင်းဝန်မင်း ဦးဘီ၏ အမိအဘဖြစ်၏။ လွန်ခဲ့သော ၁၉၉၀ဝန်းကျင်က အထိ ၎င်းဇရပ်ကြီးများ၊ ဂူမိမာန်ကြီးများ ရှိသေးသည်။

ဇရပ်မျက်နှာကြက်များတွင် ပန်းပု၊ ပန်းခက်များကို ရွှေရောင် တစ်စွန်းတစ်စနှင့် တွေ့ရသေး၏။ ဇရပ် ၏ တိုင်လုံးများက တုတ်ခိုင်ခံ့ညားသည့် ကျွန်းတိုင်လုံးကြီးများဖြစ်သည်။ ဟင်္သပဒါး ရောင်က အိုစာနေ၏။ မြို့သစ်အတွင်းဝန်မင်း ဂူမိမာန်၏ အနောက်ဘက် ကပ်လျက်တွင်မူရွှေပြည် ဝန်ကြီး ယောမင်းကြီး ဦးဖိုးလှိုင်၏ ဂူမိမာန်ရှိသည်။

ယောမင်းကြီးဂူက ချုံ နွယ်ပိတ်ပေါင်းနှင့် အုတ်ဇရပ် အပြိုအ ပျက်ကြားတွင် ကွယ်ပျောက်နေ၏။ ခြေရင်းတွင် ဝန်ကတော်ခင်ဖြူ၊ ထို့နောက်သားသမီးအုတ်ဂူများ။

ယောမင်းကြီး ဂူဗိမာန်ကိုတော့ ယခုအခါ အသစ်ပြုပြင်တည်ဆောက်ထားပြီး ပုံတူရုပ်တုပင် စိုက်ထူထားသည်။ အရှေ့ဘက်က မြို့သစ်အတွင်းဝန်မင်း၏ လက်ရာမြောက် ကျွန်းဇရပ်ကြီးများကတော့ မရှိတော့။
Crd,ဆူးငှက်

Zawgyi
အာဠဝီစီလမ္းသည္ ပေဒသရာဇ္ ရွင္ဘုရင္လက္ထက္က ”အမဂၤလာလမ္း” ျဖစ္ခဲ့၏။ အာဠဝီတံခါးေခၚ ေၾကးမုံတံခါးသည္ပင္ ”ဂေဗၺ” ဟူသည့္ ဓာတ္ဘက္နံသင့္ အကၡရာယူေသာ္လည္း

တစ္နည္းအားျဖင့္ နန္းၿမိဳ႕တြင္းမွ ေသေသာသူတို႔ကို ထုတ္ေဆာင္ရာ အမဂၤလာတံခါးျဖစ္ေသာေၾကာင့္ ၎တံခါးမွ ဝင္ထြက္သြားလာ မၾကာမၾကာ ႀကဳံေတြ႕ရေသာသူမ်ားသည္ မရဏ ႆတိ ကမၼ႒ာန္းကို ေၾကးမုံျပင္ကဲ့သို႔ အာ႐ုံျပဳ ၾကည့္ရႈၾကကုန္ေလာဟု သတိ ေပးေသာ အထိမ္းအမွတ္ျဖင့္ ”ေၾကးမုံ” တံခါးဟု သမုတ္ခဲ့ျခင္းလည္းျဖစ္သည္။

အာဠဝီတံခါးဟု အသိမ်ားေသာ ေၾကးမုံတံခါး၏အေနာက္ဖက္တည့္တည့္ လမ္းကို အာဠဝီလမ္းဟု တစ္ေလွ်ာက္လုံး မွတ္သားခဲ့ၾကသည္။ အဂၤလိပ္လက္ထက္ ျမဴနီစီပယ္၏ ပင္မလမ္းမႀကီးမ်ား အမွတ္အသားအရ(C)လမ္းျဖစ္ေသာေၾကာင့္ အာဠဝီ စီလမ္းဟုလည္း သိရွိခဲ့ၾက၏။

ေရွးလူႀကီးသူမအခ်ိဳ႕ကမူ ထိုလမ္းကို သခၤ်ိဳင္းေတာ္လမ္းဟုလည္း ထူးထူးျခားျခား ေခၚခဲ့ၾကေသာ္လည္း အယူသီးေသာ ျမန္မာတို႔ ႏႈတ္မွာ ထိုနာမည္က တြင္က်ယ္ျခင္းမရွိခဲ့ပါေပ။

နန္းၿမိဳ႕တြင္းတြင္ ဒဂၤါးစက္႐ုံေတာ္ ေတာင္ဘက္ကပ္လ်က္တြင္မူ သခၤ်ိဳင္းေတာ္မ်ားရွိ ပါ၏။ ထိုသခၤ်ိဳင္းေတာ္မ်ားတြင္ ပၪၥမသဂၤါယနာ ေတာ္တင္ မင္းတုန္း မင္းတရားႀကီး၊ ေ႐ႊဘိုမင္း တရား၏ အဂၢမေဟသီမိဖုရားေခါင္ႀကီး၊ သီေပါ မင္း၏ မယ္ေတာ္ေလာင္းရွည္မိဖုရားႀကီးႏွင့္ ဆင္ျဖဴမရွင္မိဖုရားႀကီးတို႔၏ ဂူဗိမာန္ႀကီး မ်ား ရွိသည္။

ထို႔ျပင္ ေျမာက္ဥယ်ာဥ္ေတာ္ ေ႐ႊျပည္ ဥယ်ာဥ္ကြက္အတြင္းတြင္ ေတာင္မိဖုရားေခါင္ႀကီး သခၤ်ိဳင္းေတာ္ရွိသလို၊ သစ္တပ္အေနာက္ ေျမာက္ေထာင့္ တြင္လည္း ေျမာက္နန္းမေတာ္ မိဖုရား သခၤ်ိဳင္းေတာ္တစ္ခုရွိသည္။ က်န္ရွိ သည့္ မင္းညီမင္းသား၊ မႉးႀကီးမတ္ရာ ေသနာ ပတိမ်ား၏ သခၤ်ိဳင္းေတာ္သည္ အာဠဝီစီလမ္း အတိုင္း အေနာက္ဆင္းေသာအခါ ေ႐ႊတေခ်ာင္း ေျမာင္းအလြန္၊ ျမစ္ဆိပ္အၾကားတြင္ အသီးသီးရွိခဲ့ၾက၏။

အာဠဝီ စီလမ္းေပၚတြင္ ေ႐ႊတေခ်ာင္း အေနာက္ဘက္ကမ္း၊ စီလမ္းေဘး၌ သီေပါမင္းသား အပါ အဝင္ မင္းညီမင္းသားမ်ား ပညာသင္ခဲ့ၾကသည့္ ဒိုင္အိုသံတဲေက်ာင္းေတာ္ႀကီး ရွိသည္။ ၎ ေက်ာင္းေတာ္ႀကီးကို ၁၂၃၁-ခု၊ နတ္ေတာ္လျပည့္ေက်ာ္ ၁၁ရက္(၄-၆-၁၈၆၉) ေန႕တြင္ ေဆာက္လုပ္ၿပီးစီးသည္။

အဆိုပါေက်ာင္းေတာ္ႀကီးထိပ္တြင္ ေ႐ႊတေခ်ာင္းေျမာင္းကူး တံတားတစ္စင္းရွိသည္။ ထိုတံတားႏွင့္ တစ္ဆက္တည္း အုတ္တံတားရွည္ႀကီးကိုလည္း သခၤ်ိဳင္းေတာ္တံတားဟု ေခၚၾကသည္။ သခၤ်ိဳင္းေတာ္တံတားသည္ ေ႐ႊတေခ်ာင္းကိုျဖတ္ၿပီးေနာက္ သံတဲေခ်ာင္း ႀကီးေျမာက္ဘက္တြင္ အုတ္တံတား ျမင့္ႀကီးျဖစ္၏။ အုတ္တံတားႀကီး ေျမာက္ ဘက္တြင္ အသားဇရပ္ႀကီးမ်ားလည္း ရွိသည္။

၄င္းတံတား မ်ားႏွင့္အတူ ဇရပ္ႀကီးမ်ားကို ေလွသင္းအတြင္းဝန္မင္းကေဆာက္လုပ္ခဲ့၏။ မွတ္တမ္းအျဖစ္ အာဠဝီစီ လမ္းေပၚတြင္ ေက်ာက္စာ တစ္မ်က္ႏွာတစ္တိုင္ စိုက္ထူးထားသည္။ ေက်ာက္စာတြင္ ေ႐ႊတေခ်ာင္းကူး တံတားဦးဇရပ္ႏွင့္တကြ အေနာက္ကို သြပ္မိုးပ်ဥ္ခင္း၊ ဝဲယာတံတားခန္းေရ ၁၆၄။ ေျမာင္းအကူးမွ အေနာက္ ေျမၿမိဳ႕ရိုးအေရာက္၊ ထိုမွတစ္ဖန္ ေတာင္ခ်ိဳးကာ ပိုက္က်ဳံးအေရာက္ ၆၇၇တာ။

ေက်ာက္လမ္းတံတားႀကီးမွစ၍ ပုဏၰားကုန္းသုသာန္တြင္ အတြင္းဝန္မင္း အဘ အေလာင္းသျဂၤိုဟ္ရာ ပ်ဥ္ဇရပ္ ၁ေဆာင္၊ အတြင္းဝန္ကေတာ္ အမိေရွ႕ဝန္မႉး ကေတာ္ သျဂၤိုဟ္ရာ အုတ္ဇရပ္ ၁ေဆာင္ႏွင့္ သုႆာန္ေျမ အကာအရံတံတိုင္း မီးတားမ်ားကို ၁၂၄၄-ခုမွ ၁၂၄၇-ခုအထိ ေဆာက္လုပ္တဲ့ ကုန္က်စရိတ္ေငြ (၃၄၈၄၄ိ ၅ူ ၈ဲ)လုပ္ေဆာင္ ကုန္ဝင္ေၾကာင္း ကမၸည္းထိုးမွတ္ ေရးသားခဲ့ေလ သည္။

ယခုအခါ ထိုဇရပ္ႀကီးမ်ားလည္း မရွိေတာ့ၿပီ။ သခၤ်ိဳင္းေတာ္လည္း မရွိေတာ့ၿပီ။ အတြင္းဝန္မင္း အမိ၊ အဘဟူသည္ မင္းႀကီးမင္းလွ မဟာေဇယ်သၾကၤံ ၿမိဳ႕သစ္အတြင္းဝန္မင္း ဦးဘီ၏ အမိအဘျဖစ္၏။ လြန္ခဲ့ေသာ ၁၉၉၀ဝန္းက်င္က အထိ ၎ဇရပ္ႀကီးမ်ား၊ ဂူမိမာန္ႀကီးမ်ား ရွိေသးသည္။

ဇရပ္မ်က္ႏွာၾကက္မ်ားတြင္ ပန္းပု၊ ပန္းခက္မ်ားကို ေ႐ႊေရာင္ တစ္စြန္းတစ္စႏွင့္ ေတြ႕ရေသး၏။ ဇရပ္ ၏ တိုင္လုံးမ်ားက တုတ္ခိုင္ခံ့ညားသည့္ ကြၽန္းတိုင္လုံးႀကီးမ်ားျဖစ္သည္။ ဟသၤပဒါး ေရာင္က အိုစာေန၏။ ၿမိဳ႕သစ္အတြင္းဝန္မင္း ဂူမိမာန္၏ အေနာက္ဘက္ ကပ္လ်က္တြင္မူေ႐ႊျပည္ ဝန္ႀကီး ေယာမင္းႀကီး ဦးဖိုးလွိုင္၏ ဂူမိမာန္ရွိသည္။

ေယာမင္းႀကီးဂူက ခ်ဳံ ႏြယ္ပိတ္ေပါင္းႏွင့္ အုတ္ဇရပ္ အၿပိဳအ ပ်က္ၾကားတြင္ ကြယ္ေပ်ာက္ေန၏။ ေျခရင္းတြင္ ဝန္ကေတာ္ခင္ျဖဴ၊ ထို႔ေနာက္သားသမီးအုတ္ဂူမ်ား။

ေယာမင္းႀကီး ဂူဗိမာန္ကိုေတာ့ ယခုအခါ အသစ္ျပဳျပင္တည္ေဆာက္ထားၿပီး ပုံတူ႐ုပ္တုပင္ စိုက္ထူထားသည္။ အေရွ႕ဘက္က ၿမိဳ႕သစ္အတြင္းဝန္မင္း၏ လက္ရာေျမာက္ ကြၽန္းဇရပ္ႀကီးမ်ားကေတာ့ မရွိေတာ့။
Crd,ဆူးငွက္