အသက် 16 နှစ်အရွယ်နဲ့ ကိုယ်ပိုင်အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ စံနမူနာယူထိုက်တဲ့ မိန်းကလေးငယ်

လီလီဟာ ထိုင်းနာမည်ကျော်မိန်းကလေးထဲကတစ်ဦးဖြစ်ပြီး သူမဟာ ငယ်ငယ်လေးနဲ့တင် သူမရဲ့ စိတ်ကူးယဉ်အိမ်တစ်လုံးကို ကိုယ်ပိုင် ဝယ်ယူနိုင်ခဲ့ပါတယ်။

သူမက အသက် ၁၆ နှစ်သာရှိပြီး ကျွန်တော်တို့ စံနမူနာယူထိုက်တဲ့ သူလေးပါ ။ မကြာသေးမီက Lily ဟာ သူမရဲ့ အမေနဲ့ သူမရဲ့အိမ်ပုံကို Instagram မှာ တင်ခဲ့ပါတယ် ။

“ငါအောင်မြင်ခဲ့ပြီ အမေ့အတွက် အိမ်လေးဝယ်ပေးရလို့ ကျွန်မအရမ်းပျော်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုလည်း ဂုဏ်ယူတယ် ။

ကျွန်မကို အမြဲဂရုစိုက် သင်ပေးတဲ့ ငါ့အစ်မ နဲ့ အမေ့ကို ကျေးဇူးတင်တယ်။ ပြီးတော့ ငါ့ကိုအချိန်တိုင်း ထောက်ခံတဲ့ပရိတ်သတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဆိုပြီး ရေးသားပြောဆိုခဲ့ပါတယ် ။

ဒီအဖြစ်လေးကတော့ ကျွန်တော်တို့လည်း တစ်နေ့ မဟုတ် တစ်နေ့ ကိုယ်ရဲ့ ကြိုးပမ်းမှုနဲ့ အိမ်တစ်လုံး ဝယ်ယူနိုင်ဖို့ စံနမူနာယူထိုက်ပါတယ် ။

crd-မူရင်း

Zawgyi






crd-မူရင်း