အိမ်ထဲမှာ အနံ့အသက်ဆိုးတွေ ကင်းပြီး ရနံ့မွှေးပျံ့နေစေဖို့ နည်းလမ်း (၄) မျိုး

အိမ်ထဲကို ဝင်လိုက်တာနဲ့ မွှေးပျံ့နေမယ်ဆိုရင် တစ်နေကုန်ပင်ပန်းလာသမျှ အမောပြေသွားစေမှာပါ။ သင့်ရဲ့အိမ်ထဲမှာ အနံ့အသက်ဆိုးတွေ ကင်းပြီး ရနံ့မွှေးပျံ့နေစေဖို့အတွက် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေက တကယ်ကို လွယ်ကူပါတယ်။

နည်းလမ်း ၁

လိုအပ်သောပစ္စည်းများ

– ဂျင်းတက် ၄ တက်

– ပန်းသီး ၂ လုံး

– သစ်ကြံပိုးခေါက် ၂ ချောင်း

– ဗာဒံသီးအဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း

– လေးညှင်းပွင့်အနည်းငယ်

ရေ ၆ ခွက်ကို ဒန်အိုးထဲထည့်ပြီး ဆူပွက်လာအောင် ကျိုပါ။ ပွက်လာတဲ့အခါ ပါဝင်ပစ္စည်းတွေကို ထည့်လိုက်ပါ။ အဲဒီနောက် မီးအေးအေးနဲ့ ၂ နာရီခန့် တည်ထားပါ။ အိုးထဲမှာ ရေနည်းနည်းပဲ ကျန်တော့တယ်ဆိုရင် ရေနှစ်ခွက်ထပ်တည့်ပါ။

ဒီလိုမျိုး ရေကို မီးအေးအေးနဲ့ တည်ထားတဲ့အချိန်မှာ တစ်အိမ်လုံးက အနံ့အသက်ဆိုးတွေ ပျောက်ပြီး စိတ်ကို လန်းဆန်းစေတဲ့ရနံ့က မွှေးပျံ့နေစေပါတယ်။

နည်းလမ်း ၂

လိုအပ်သောပစ္စည်းများ

– ဖျန်းဘူး

– လေးညှင်းပွင့်ရနံဆီ

– ဂျင်းရနံ့ဆီ

– လိမ္မော်ရနံ့ဆီ

– ဖာလာစေ့ရနံ့ဆီ

– သစ်ကြံပိုးရနံ့ဆီ

ခွက်တစ်လုံးထဲမှာ ရေ ၁၅၀ မီလီလီတာ ထည့်ပါ။ အဲဒီနောက် ရနံ့ဆီတွေတစ်မျိုးကို ၄ စက်ခန့် ရေထဲကို ထည့်ပြီး မွှေပါ။ ရလာတဲ့အရည်ကို ဖျန်းဘူးထဲ ထည့်ပြီး အိမ်ထဲမှာ ဖျန်းပေးရင် စိတ်ကို လန်းဆန်းစေတဲ့ရနံ့ကို ရရှိမှာပါ။

နည်းလမ်း ၃

လိုအပ်သောပစ္စည်းများ

– ပန်းသီးခြောက်

– လိမ္မော်သီးခြောက်

– သစ်ကြံပိုးခေါက်

– လေးညှင်းပွင့်

– နှင်းဆီရိုင်းအသီးခြောက်

– ထင်းရှူးသီး

– တောင်တမာရနံ့ဆီ၊ လေးညှင်းပွင့်ရနံ့ဆီ၊ သစ်ကြံပိုးရနံ့ဆီ၊ ထင်းရှူးရနံ့ဆီ

– ဖန်ပုလင်း

သန့်ရှင်းတဲ့ဖန်ပုလင်းတစ်လုံးထဲကို ပါဝင်ပစ္စည်းတွေ ထည့်လိုက်ပါ။ အဲဒီနောက် ရနံ့ဆီတွေကိုလည်း တစ်မျိုးကို ၄ စက်ခန့်ထည့်ပါ။ ပါဝင်ပစ္စည်းတွေ နှံ့စပ်သွားအောင် ပုလင်းကို လှုပ်ခါလိုက်ပါ။ အဲဒီနောက် ပုလင်းကို အဖုံးဖွင့်ထားပါ။ အမွှေးရနံ့က သင်းပျံ့ပြီး ထင်းရှူးတောထဲမှာ လမ်းလျှောက်နေရတဲ့ ခံစားချက်မျိုးကို ရရှိစေပါတယ်။

နည်းလမ်း ၄

လိုအပ်သောပစ္စည်းများ

– ဆပ်ပြာကြမ်း

– ပန်းသီး ရနံ့ဆီ ၁၀ စက်

– ပြင်သစ်ဗီနီလာရနံ့ဆီ ၅ စက်

– သစ်ကြံပိုးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း

– အစိမ်းရောင်ဆပ်ပြာခဲ

– ဆီလီကွန်မို

ဆပ်ပြာကြမ်းလေးတွေကို အတုံးလေးတွေဖြစ်အောင် လှီးဖြတ်ပါ။ ဆပ်ပြာကို အိုးတစ်လုံးထဲမှာ ထည့်ပြီး အရည်ပျော်သွားတဲ့အထိ ပူပေးပါ။ အဲဒီနောက် အခြားပါဝင်ပစ္စည်းတွေကို ထည့်ပါ။ စက္ကန့် ၃၀ ခန့်ကြာအောင် မွှေပေးပါ။

ဆီလီကွန်မိုထဲကို ဖြည်းဖြည်းချင်း လောင်းထည့်ပါ။ ၂ နာရီကြာအအေးခံပြီးရင် ခဲသွားပါပြီ။ ဒီဆပ်ပြာလေးတွေကို သုံးပြီး သန့်ရှင်းရေးလုပ်တဲ့အခါ အမွှေးနံ့က ကြာရှည်ခံနေမှာပါ။

Crd,Zombie (lovemedia)