စကားမပြောနိုင်တဲ့ ကလေးမကိုမွေးစားခဲ့ပြီး အနှစ် ၂၀ ကြာအောင်ပြုစုပျိုးထောင်ပြီးနောက် `အမေ´ ဆိုတဲ့စကားကို ကြားလိုက်ရလို့ ဝမ်းသာမျက်ရည်ကျခဲ့တဲ့ မျက်မမြင်မိခင်တစ်ဦး

Auntie Ping ဟာ ရွာတစ်ရွာမှာနေထိုင်တဲ့ မျက်မမြင်မုဆိုးမတစ်ယောက်ပါ ။Ping ဟာမျက်မမြင်ဖြစ်တယ်ဆိုပေမဲ့ ရွာကလမ်းတွေအားလုံးကို သူမအလွတ်မှတ်ခဲ့ပါတယ် ။

တစ်နေ့မှာ Ping ဟာ သူချေးခဲ့တဲ့အရာတွေကို ပြန်ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူး Li Dama ထံ သွားခဲ့ပြီး အပြန်လမ်းမှာ ကလေးငယ်တစ်ဦးရဲ့ အော်ငိုသံကိုကြားပြီး စုံစမ်းစစ်ဆေးရန် သွားခဲ့ပါတယ် ။

သူမဟာ ကလေးကိုထိမိပြီး ဒီကလေးဟာ နှစ်နှစ်ခန့်အရွယ်ရှိပြီးလို့ သူမခန့်မှန်းမိခဲ့ပါတယ် ။ ကလေးမရဲ့ငိုသံကလွဲပြီး ပတ်ဝန်းကျင်မှာဘာသံမှမကြားရပါဘူး ကလေးငယ်ကို အဝတ်အစားလဲပေးတဲ့အချိန်မှာ အိတ်ကပ်ထဲက စာတစ်စောင်ကို တွေ့ခဲ့ပြီး ကလေးရဲ့ မွေးစာရင်းဖြစ်လိမ့်မယ်လို့ Ping ကထင်ခဲ့တာပါ ။

သူမရဲ့သူငယ်ချင်းဆီကို အလျင်အမြန်သွားပြီး သူမအတွက် အသံကျယ်ကျယ်ဖတ်ပြခိုင်းလိုက်ပါတယ် ။

၎င်းစာစောင်က မွေးစာရင်းလက်မှတ်မဟုတ်ဘဲ ကလေးမလေးက စကားမပြောနိုင်လို့ ဆေးရုံမှာ ဆေးကုသခံယူပေးဖို့ ဆိုတဲ့ မိသားစုဆီကအချက်အလက်ဘဲဖြစ်တာပါ ။ Ping သူငယ်ချင်းက “ Ping ! မင်းဟာအရမ်းကြင်နာတတ်တဲ့ လူတစ်ယောက်ဆိုတာ ငါတို့သိတယ် ။

မင်းက သူမကိုမွေးစားဖို့ ဆုံးဖြတ်ချက်ချလိုက်ရင် မင်းအတွက် ဆန်တစ်အိတ်ကူညီမယ် ငါတို့ရဲ့ကြင်နာမှုကိုမငြင်းပါနဲ့ ။ အဲ့ဒါကိုယူပြီး ကလေးကိုကျွေးလိုက် ။ ငါတို့က အိမ်နီးချင်းတွေဘဲလေ ” ဆိုပြီး ပြောခဲ့ပါတယ် ။

Ping ရဲ့ မျက်နှာပေါ်မှာ မျက်ရည်တွေ ကျဆင်းလာပြီး သူမက “ကျေးဇူးတင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။” လို့ Ping က ဆိုလိုက်ပါတယ် ။ အဲဒီအချိန်ကစပြီး Ping ဟာ မိခင်တစ်ယောက်ဖြစ်လာခဲ့ပါတယ် ။ တစ်ခုတည်းသောပြဿနာက သူမရဲ့ကလေးဟာ သူမကို ‘Mum’ လို့ မခေါ်နိုင်ခဲ့တာကြောင့် သူမဝမ်းနည်းနေမိပါတယ် ။

နေ့ရက်တွေ ကုန်လွန်သွားတာနှင့်အမျှ Little Jie လို့ခေါ်တဲ့ ဒီကလေးမဟာ ကြီးပြင်းလာခဲ့ပါတယ် ။ Little Jie ဟာ သူမရဲ့ မျက်မမြင်မိခင်နဲ့အတူနေထိုင်စဥ် လွတ်လပ်မှုရရန် သင်ယူခဲ့ပါတယ် ။

စီးပွားရေးလုပ်ငန်းရှင်က Ping ကိုစမ်းကြည့်ရန်ပြောခဲ့တယ် Ping ဟာသင်ယူဖို့စိတ်အားထက်သန်ခဲ့တာကြောင့် နောက်တစ်လအကြာမှာ Ping ဟာ နှိပ်နယ်ခြင်းအတတ်ပညာကိုကျွမ်းကျင်ခဲ့ပါတယ် ။ နောက်ပြီး Ping ဟာ ပရော်ဖက်ရှင်နယ်တစ်ယောက်လို နှိပ်နယ်နိုင်ပြီး လူတွေက သူမကိုစတင်ချီးမွမ်းနေကြပါတယ် ။

တဖြည်းဖြည်းနဲ့ Ping ဟာငွေအနည်းငယ်ရပြီး Little Jie ကို ကျောင်းသွားဖို့ထောက်ပံ့နိုင်ခဲ့ပါတယ် ။ Little Jie ဟာ ရွာက မှုလတန်းကျောင်းမှာ အောင်မြင်ခဲ့ပြီး အလယ်တန်းတက်ဖို့အတွက် သူမအမေရှိတဲ့မြို့ဆီ ‌ကျောင်းသွားတက်ရမာကို အလွန်ပျော်နေခဲ့ပါတယ် ။

Little Jie ဟာ Ping က သူမကို မွေးစားခဲ့တဲ့အတွက် ဝမ်းသားခဲ့ပါတယ် ။Ping ဟာ ၁၀ နှစ်တိုင်တိုင် Little Jie ကိုပြုစုပျိုးထောင်ခဲ့ပြီး ယခုမှာ Little Jie ဟာ တက္ကသိုလ်တက်တော့မည့်အချိန်မှာ Ping အလွန်ပျော်ခဲ့ပါတယ်

နောက်တစ်နှစ်အကြာမှာ Little Jie ဟာ အိမ်ကိုပြန်လာဖို့ သူမအမေကို အံ့အားသင့်စေလိုတာကြောင့် အိမ်ကိုဘယ်ချိန်မှာရောက်မယ်လို့ သူမပြောပြခဲ့ပါဘူး ။ Little Jie ဟာ သူမအိမ်ရှေ့ရောက်တာနဲ့ တံခါးခေါက်ပြီး Ping က တံခါးကိုဖွင့်လိုက်ပါတယ် ။

Little Jie က သူမရဲ့ပါးစပ်ဖွင့်ပြီး “ အမေ၊ ငါ့ရဲ့အမေ! ” လို့ ခေါ်လိုက်တဲ့အခါမှာ “မင်းကဘယ်သူလဲ ငါ့ကိုဘာလို့ `အမေ´ ဆိုပြီး ခေါ်တာလဲ” လို့ Ping ကမေးလိုက်တယ် ။ “အမေရဲ့ သမီးလေး Little Jie ပေါ့, သမီးအိမ်ပြန်လာပါပြီ။ သမီးရဲ့ကုသမှုကအောင်မြင်ခဲ့လို့ အခု အမေ လို့ပြောနိုင်ပြီ ! ” ဆိုပြီး Little Jie ကရှင်းပြခဲ့ပါတယ် ။

“Little Jie လား! စောနကဘယ်လိုခေါ်လိုက်တာ ငါ့ကို ” ဆိုပြီး Ping ဆိုလိုက်ပါတယ် ။ “အမေ, အမေ, အမေ, သမီးရဲ့ အမေ!” လို့ Little Jie က စိတ်လှုပ်ရှားစွာနဲ့ဆိုပါတယ် ။ “Little Jie ငါ … ” ဆိုပြီး စကားတောင်မဆုံးသေးဘူး Little Jie က “Mum … ” ဆိုပြီး Ping ကို ဖက်လိုက်ပါတယယ် ။

Little Jie ကသူမကို ‘mum’ လို့ခေါ်တဲ့ အသံကြားတော့ Ping က ဝမ်းသာမျက်ရည်ကျနေခဲ့ပါတယ် ။ အဲ့ဒီနောက် Little Jie က သူမဟာ မိခင် ‘Ping’ ကို ကောင်းကောင်းမွန်မွန် စိတ်ချမ်းချမ်းသာသားနဲ့ ပြန်လည်ပြုစုခဲ့ပါတယ် ။

crd,

Zawgyi















crd,