သခင်ဘသောင်း (၁၉ဝ၁ – ၁၉၈၁) သည် မြန်မာ့လွတ် လပ် ရေး ကြိုးပမ်းကြရာတွင် အရေးပါသော တို့ဗမာအစည်းအရုံးကို စတင်တည်ထောင်သူ ဖြစ်သည့်အပြင် စာရေးဆရာလည်းဖြစ်သည်
ငယ်စဉ်ဘဝ နှင့် ပညာရေး
သခင်ဘသောင်းသည် မကွေးခရိုင် နတ်မောက်မြို့နယ် ဖုံကုန်းရွာ ဇာတိဖြစ်၍၊ ၁၂၆၂ ခုနှစ် တပို့တွဲ လပြည့်ကျော် ၅ ရက် (၁၉ဝ၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်) ကြာသပတေးနေ့တွင် ဖွားမြင်သူဖြစ်သည်။ ဖခင်မှာ သီပေါမင်း လက်ထက် နန်းတွင်းလက်ဖက်ရည်တော် ဖြစ်၍၊ နောင်တွင် တောင်တွင်းကြီး စစ်ကဲအဖြစ် အမှုထမ်းရသော ဦးမြစ် ဖြစ်သည်။
မိခင်မှာ ဖုံကုန်းရွာသူ ဒေါ်လေးခင် ဖြစ်သည်။ ဦးမြစ်သည် မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ချိန်က ပြန်လည် ခုခံတိုက်ခိုက်ခဲ့သော နယ်ချဲ့ဆန့်ကျင်ရေး ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး နောင်အခါတွင် မြို့သစ်၊ ပန်းထိန်း၊ ငါးဖဲ၊ တောင်တွင်း (သရက်)၊ လယ်ဝေးတို့တွင် မြို့အုပ်အဖြစ် အမှုထမ်းခဲ့သည်။ ဦးမြစ်၊ ဒေါ်လေးခင်တို့၏ သားသမီး ၄ ယောက်အနက် သခင်ဘသောင်းသည် ဒုတိယသား ဖြစ်သည်။
သခင်ဘသောင်းသည် တောင်တွင်းကြီး ဗိမာန်ကျောင်း၊ မြို့သစ် ဆရာဦးစိုးမင်း၏ တိုင်းရင်းမြန်မာမူလတန်းကျောင်း၊ တောင်တွင်းကြီး အစိုးရအလယ်တန်းတွင် ပထမရသည့်အတွက် ရွှေတံဆိပ်ဆု ချီးမြှင့်ခံရသည်။ သတ္တမတန်းတွင်လည်း ပညာသင်ဆု (စကောလားရှစ်) ရသည်။
ငယ်စဉ်ကပင် ဖခင်ကွယ်လွန်သွားရာ၊ ၁၉၁၉ ခုနှစ်က ဟုမ္မရူး တောင်းရန် ဘိလပ်သို့ သွားရောက် ခဲ့သော “ဘေ-ပု-ရှိန်” ကိုယ်စားလှယ် အဖွဲ့ဝင် ဦးထွန်းရှိန်က သခင်ဘသောင်းကို ကြည့်ရှု စောင့်ရှောက်ခဲ့ရသည့်အလျောက်၊ ဦးထွန်းရှိန်ထံမှ ဝံသာနု စိတ်ဓာတ် အမွေရခဲ့သည်။
ကျောင်းသားသပိတ်ခေါင်းဆောင်
၁၉၂၀ – (၁၀)တန်းတွင် ပညာသင်စဉ် ပထမကျောင်းသားသပိတ်တွင် ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး ကျောင်းမှထွက်ခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် ဒိုင်အာခီ အုပ်ချုပ်ရေးကိစ္စအတွက် မြန်မာနိုင်ငံသို့ လာသော ဝှိုက်ကော်မတီကို ကန့်ကွက်သည့် အတွက် ထောင်ကျသည်။
၁၉၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဝေလမင်းသား လာရောက်ရာ၊ ထိုသို့ မလာရောက်မီ နယ်နှင်ခံရသူများတွင် သခင်ဘသောင်းလည်း အပါအဝင် ဖြစ်သည်။ ထို့ပြင် အမိန့်ဖီဆန်မှုဖြင့် ထောင်ကျသေးသည်။
အမျိုးသားကျောင်းဆရာ
သခင်ဘသောင်းသည် မန္တလေး၊ ရွှေဘို၊ ပုသိမ် မြို့များရှိ အမျိုးသားကျောင်းများတွင် စေတနာ့ဝန်ထမ်း ကျောင်းဆရာအဖြစ် ဆောင်ရွက်သည်။ ထို့နောက် ၁၉၂၄ – ၂၅ ခုနှစ်တွင် မြန်မာပိုင် နယူးဘားမားသတင်းစာ၌ လက်ထောက်အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ကင်းဝန်မင်းကြီး ပိဋကတ်တိုက် တွင်လည်း လက်ထောက်ပိဋကတ်တိုက်မှူးအဖြစ် ဆောင်ရွက်သည်။
ထိုစဉ် ဂန္ထလောကမဂ္ဂဇင်းက ကြီးမှူးကျင်းပသော ဘာသာပြန် ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ရာ၊ ပြိုင်ပွဲ ခြောက်ကြိမ်တွင် ပထမဆု ငါးကြိမ်ရသည်။ ၁၉၂၉ – ၃ဝ တွင် 0utlines of General History ကို “ကမ္ဘာ့ရာဇဝင်ချုပ်” အမည်ဖြင့် မြန်မာဘာသာ ပြန်ဆိုသည့်အတွက် ဝေလမင်းသားစာပေဆုချီးမြှင့် ခံရသည်။ ၁၉၄၂ ခုနှစ် ဂျပန်ခေတ်ဦးတွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် ဘာသာပြန်နည်းပြဆရာအဖြစ် တစ်နှစ်ခန့် ဆောင်ရွက်သည်။
တို့ဗမာအစည်းအရုံး
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး – တို့ဗမာအစည်းအရုံးသခင်ဘသောင်းသည် ၁၉၂၈ ခုနှစ်တွင် “သခင်” အမည်ကို စတင် သုံးစွဲခဲ့သည်။ ၁၉၃ဝ ပြည့်နှစ် မေလတွင် တို့ဗမာ အစည်းအရုံး ကြေညာစာတမ်း၊ နိုင်ငံပြုစာစု အမှတ် (၁) ကို ထုတ်ဝေသည်။ တို့ဗမာအစည်းအရုံး စတင်တည်ထောင်သူများတွင် သခင်ဘသောင်းသည် တဦး အပါအဝင်ဖြစ်သည်။
၁၉၃ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်များအစည်းအရုံး အမှုဆောင်အဖြစ် ဆောင်ရွက်သည်။ ၁၉၃၃ ခုနှစ်တွင် ရွှေဘို၌ ဒိုင်အာခီဥပဒေပြု လွှတ်တော်အမတ်လောင်းအဖြစ် တရားဟောသည့်အတွက် ထောင်ကျခဲ့ရာ၊ ထောင်ထဲတွင် အစာငတ်ခံ ဆန္ဒပြခဲ့သည်။
စာပေရေးသားခြင်း
သခင်ဘသောင်းသည် နိုင်ငံရေးလောကတွင် ကျင်လည်ရင်း စာပေများ ရေးသားခဲ့သည်။ ပြင်သစ် စာရေးဆရာ မော်လယဲ (Moliere) ၏ Le Medecin Malgre Lui ကို မှီငြမ်း ပြုသော သခင်ဘသောင်း၏ “ဆရာဝန်ပါဘဲ” ပြဇာတ်သည် ခေတ်သစ် မြန်မာ ပြဇာတ်သမိုင်းတွင် အစောဆုံး ပြဇာတ်တပုဒ် အဖြစ် ထင်ရှားသည်။ သောမတ်ဟာဒီ (Thomas Hardy) ၏ Tess of the Dubervilles ကို မှီငြမ်း ပြုသော “ပန်းသာမစာဥ” ဝတ္ထုသည်လည်း အထူးထင်ရှားသည်။ ကမ္ဘာကျော် “တထောင့်တညပုံပြင်များ (၁၉၅၈)” ကိုလည်း ဘာသာပြန်ခဲ့သည်။
ရေးသား ပြုစုခဲ့သော အခြားစာပေများမှာ ရေနံဝတ္ထု ပထမပိုင်း (Oil by Upton Sinclair)၊ တိုက်သင်္ဘော ဝံပုလွေ (၁၉၄ဝ)၊ အဖေ့အမွေ ပြဇာတ်နှင့် တိုင်းပြည့်ရန်သူ ပြဇာတ် (Ibsen ၏ ပြဇာတ်များ)၊ အမေလေး၊ ခြေလေးချောင်း တော်လှန်ရေး (Animal Farm by George Orwell)၊ သူခိုးအာမက် (၁၉၆၁) (Thief of Bagdad)၊ မျက်မမြင်တိုင်းပြည် (၁၉၆ဝ) (The Country of the Blind by H.G.Wells)၊
ဒေးဗစ်ကော့ပါးဖီး(၁၉၆၁) (David Copperfield by Charles Dickens)၊ ကမ္ဘာပတ်လည်ရက်ရှစ်ဆယ် (Round the World in Eighty Days by Jules Verne) [၁၉၅၉ – ၆ဝ၊ ယူနက်စကို ဘာသာပြန်ဆုရသည်] ကော်ဇောတော်နှင့် ဗေဒင်ပညာရှိ၊ ဂြိုဟ်စီးဂြိုဟ်နင်း၊ နေပြိုင်သူရဲ၊ ဗမာ့ဒုန်းယာဉ်၊ လောကနိဗ္ဗာန် (Igor Gouzenko ရဲ့ The Fall of a Titan )၊ ဒီမိုကရေစီဆိုတာ၊ ဗိုလ်တင်းပုတ်ပြည်ဝင်၊ ဗုဒ္ဓ၏ စကြဝဠာတရား (၁၉၇၅) စသည်တို့ ဖြစ်သည်။
၁၉၆၉ ခုနှစ်တွင် စာပေဗိမာန်က ကျင်းပသော ဘာသာပြန်စာပေ နှီးနှောဖလှယ်ပွဲ၌ “ဘာသာပြန်သူတဦး၏ အတွေ့အကြုံနှင့် ထင်မြင်ချက်များ” စာတမ်းကို တင်သွင်းခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ပြန်ကြားရေးဌာန အသံလွှင့်ရုံ၌ အမှုထမ်းသည်။ ပြန်ကြားရေးဌာနတွင် စာပေစိစစ်ရေးမှူး အဖြစ် ဆောင်ရွက်သည်။ ကာကွယ်ရေးဝန်ကြီးဌာန လူမှုဆက်ဆံရေးတပ်က ထုတ်ဝေသော “မြန်မာနှင့်ကမ္ဘာ” စာစောင်တွင်လည်း အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ၁၉၆၅ ခုနှစ်က စ၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဌာနချုပ်တွင် ဖွင့်လှစ်သော စာပြုသင်တန်းများတွင် ဘာသာပြန်ဆို ရေးသားမှုကို သင်ကြားပို့ချပေးခဲ့သည်။
သခင်ဘသောင်းကို ဘာသာပြန် ထူးချွန်သူ ဆရာကြီးအဖြစ် မြန်မာ စာပေလောကက သတ်မှတ်ကြသည်။ ဆရာကြီးသည် အင်္ဂလိပ် မြန်မာ နှစ်ဘာသာ ထူးချွန်သူဖြစ်လေရာ မူရင်းစာရေးဆရာ၏ အာဘော်ကို မိအောင် ထိထိမိမိ ပြန်ဆိုနိုင်သူဖြစ်လေသည်။ ဆရာကြီး၏ ပန်းသာမစာဥ၊ တစ်ထောင့်တစ်ညပုံပြင်များ၊ ခြေလေးချောင်းတော်လှန်ရေး စသော ဝတ္ထုများသည် ဘာသာပြန်ဖြစ်သော်လည်း ဘာသာပြန်မှန်း မသိနိုင်လောက်အောင် လက်စွမ်းပြထားသော ဝတ္ထုများဖြစ်သည်။
ဂုဏ်ပြုချီးကျူးခံရခြင်း
၁၉၈ဝ ပြည့်နှစ်တွင် နိုင်ငံတော်က ချီးမြှင့်သော နိုင်ငံ့ ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ကို ရရှိသည်။
ဘဝနိဂုံး
သခင်ဘသောင်းသည် ၁၃၄၃ ခုနှစ် တန်ခူးလပြည့်ကျော် ၂ ရက် (၁၉၈၁ ခုနှစ် ဧပြီလ ၂၁ ရက်) တွင် ကွယ်လွန်သည်။ ဇနီး ဒေါ်သန်းကြည်နှင့် သား တစ်ယောက်၊ သမီး တစ်ယောက် ကျန်ရစ်ခဲ့သည်။
Crd,ဝီကီပီးဒီးယား
Zawgyi
သခင္ဘေသာင္း (၁၉ဝ၁ – ၁၉၈၁) သည္ ျမန္မာ့လြတ္ လပ္ ေရး ႀကိဳးပမ္းၾကရာတြင္ အေရးပါေသာ တို႔ဗမာအစည္းအ႐ုံးကို စတင္တည္ေထာင္သူ ျဖစ္သည့္အျပင္ စာေရးဆရာလည္းျဖစ္သည္
ငယ္စဥ္ဘဝ ႏွင့္ ပညာေရး
သခင္ဘေသာင္းသည္ မေကြးခရိုင္ နတ္ေမာက္ၿမိဳ႕နယ္ ဖုံကုန္း႐ြာ ဇာတိျဖစ္၍၊ ၁၂၆၂ ခုႏွစ္ တပို႔တြဲ လျပည့္ေက်ာ္ ၅ ရက္ (၁၉ဝ၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၇ ရက္) ၾကာသပေတးေန႕တြင္ ဖြားျမင္သူျဖစ္သည္။ ဖခင္မွာ သီေပါမင္း လက္ထက္ နန္းတြင္းလက္ဖက္ရည္ေတာ္ ျဖစ္၍၊ ေနာင္တြင္ ေတာင္တြင္းႀကီး စစ္ကဲအျဖစ္ အမႈထမ္းရေသာ ဦးျမစ္ ျဖစ္သည္။
မိခင္မွာ ဖုံကုန္း႐ြာသူ ေဒၚေလးခင္ ျဖစ္သည္။ ဦးျမစ္သည္ ျမန္မာနိုင္ငံကို ၿဗိတိသွ်တို႔ သိမ္းပိုက္ခ်ိန္က ျပန္လည္ ခုခံတိုက္ခိုက္ခဲ့ေသာ နယ္ခ်ဲ့ဆန႔္က်င္ေရး ေခါင္းေဆာင္တစ္ဦး ျဖစ္ၿပီး ေနာင္အခါတြင္ ၿမိဳ႕သစ္၊ ပန္းထိန္း၊ ငါးဖဲ၊ ေတာင္တြင္း (သရက္)၊ လယ္ေဝးတို႔တြင္ ၿမိဳ႕အုပ္အျဖစ္ အမႈထမ္းခဲ့သည္။ ဦးျမစ္၊ ေဒၚေလးခင္တို႔၏ သားသမီး ၄ ေယာက္အနက္ သခင္ဘေသာင္းသည္ ဒုတိယသား ျဖစ္သည္။
သခင္ဘေသာင္းသည္ ေတာင္တြင္းႀကီး ဗိမာန္ေက်ာင္း၊ ၿမိဳ႕သစ္ ဆရာဦးစိုးမင္း၏ တိုင္းရင္းျမန္မာမူလတန္းေက်ာင္း၊ ေတာင္တြင္းႀကီး အစိုးရအလယ္တန္းတြင္ ပထမရသည့္အတြက္ ေ႐ႊတံဆိပ္ဆု ခ်ီးျမႇင့္ခံရသည္။ သတၱမတန္းတြင္လည္း ပညာသင္ဆု (စေကာလားရွစ္) ရသည္။
ငယ္စဥ္ကပင္ ဖခင္ကြယ္လြန္သြားရာ၊ ၁၉၁၉ ခုႏွစ္က ဟုမၼ႐ူး ေတာင္းရန္ ဘိလပ္သို႔ သြားေရာက္ ခဲ့ေသာ “ေဘ-ပု-ရွိန္” ကိုယ္စားလွယ္ အဖြဲ႕ဝင္ ဦးထြန္းရွိန္က သခင္ဘေသာင္းကို ၾကည့္ရႈ ေစာင့္ေရွာက္ခဲ့ရသည့္အေလ်ာက္၊ ဦးထြန္းရွိန္ထံမွ ဝံသာႏု စိတ္ဓာတ္ အေမြရခဲ့သည္။
ေက်ာင္းသားသပိတ္ေခါင္းေဆာင္
၁၉၂၀ – (၁၀)တန္းတြင္ ပညာသင္စဥ္ ပထမေက်ာင္းသားသပိတ္တြင္ ေခါင္းေဆာင္အျဖစ္ ပါဝင္ခဲ့ၿပီး ေက်ာင္းမွထြက္ခဲ့သည္။ ၁၉၂၁ ခုႏွစ္တြင္ ဒိုင္အာခီ အုပ္ခ်ဳပ္ေရးကိစၥအတြက္ ျမန္မာနိုင္ငံသို႔ လာေသာ ဝွိုက္ေကာ္မတီကို ကန႔္ကြက္သည့္ အတြက္ ေထာင္က်သည္။
၁၉၂၂ ခုႏွစ္တြင္ ျမန္မာနိုင္ငံသို႔ ေဝလမင္းသား လာေရာက္ရာ၊ ထိုသို႔ မလာေရာက္မီ နယ္ႏွင္ခံရသူမ်ားတြင္ သခင္ဘေသာင္းလည္း အပါအဝင္ ျဖစ္သည္။ ထို႔ျပင္ အမိန႔္ဖီဆန္မႈျဖင့္ ေထာင္က်ေသးသည္။
အမ်ိဳးသားေက်ာင္းဆရာ
သခင္ဘေသာင္းသည္ မႏၱေလး၊ ေ႐ႊဘို၊ ပုသိမ္ ၿမိဳ႕မ်ားရွိ အမ်ိဳးသားေက်ာင္းမ်ားတြင္ ေစတနာ့ဝန္ထမ္း ေက်ာင္းဆရာအျဖစ္ ေဆာင္႐ြက္သည္။ ထို႔ေနာက္ ၁၉၂၄ – ၂၅ ခုႏွစ္တြင္ ျမန္မာပိုင္ နယူးဘားမားသတင္းစာ၌ လက္ေထာက္အယ္ဒီတာအျဖစ္ ေဆာင္႐ြက္သည္။ ကင္းဝန္မင္းႀကီး ပိဋကတ္တိုက္ တြင္လည္း လက္ေထာက္ပိဋကတ္တိုက္မႉးအျဖစ္ ေဆာင္႐ြက္သည္။
ထိုစဥ္ ဂႏၳေလာကမဂၢဇင္းက ႀကီးမႉးက်င္းပေသာ ဘာသာျပန္ ၿပိဳင္ပြဲမ်ားတြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္ရာ၊ ၿပိဳင္ပြဲ ေျခာက္ႀကိမ္တြင္ ပထမဆု ငါးႀကိမ္ရသည္။ ၁၉၂၉ – ၃ဝ တြင္ 0utlines of General History ကို “ကမၻာ့ရာဇဝင္ခ်ဳပ္” အမည္ျဖင့္ ျမန္မာဘာသာ ျပန္ဆိုသည့္အတြက္ ေဝလမင္းသားစာေပဆုခ်ီးျမႇင့္ ခံရသည္။ ၁၉၄၂ ခုႏွစ္ ဂ်ပန္ေခတ္ဦးတြင္ ရန္ကုန္တကၠသိုလ္ ျမန္မာစာဌာနတြင္ ဘာသာျပန္နည္းျပဆရာအျဖစ္ တစ္ႏွစ္ခန႔္ ေဆာင္႐ြက္သည္။
တို႔ဗမာအစည္းအ႐ုံး
အက်ယ္တဝင့္ ေဖာ္ျပထားေသာေဆာင္းပါး – တို႔ဗမာအစည္းအ႐ုံးသခင္ဘေသာင္းသည္ ၁၉၂၈ ခုႏွစ္တြင္ “သခင္” အမည္ကို စတင္ သုံးစြဲခဲ့သည္။ ၁၉၃ဝ ျပည့္ႏွစ္ ေမလတြင္ တို႔ဗမာ အစည္းအ႐ုံး ေၾကညာစာတမ္း၊ နိုင္ငံျပဳစာစု အမွတ္ (၁) ကို ထုတ္ေဝသည္။ တို႔ဗမာအစည္းအ႐ုံး စတင္တည္ေထာင္သူမ်ားတြင္ သခင္ဘေသာင္းသည္ တဦး အပါအဝင္ျဖစ္သည္။
၁၉၃ဝ ျပည့္ႏွစ္တြင္ ျမန္မာနိုင္ငံလုံးဆိုင္ရာလူငယ္မ်ားအစည္းအ႐ုံး အမႈေဆာင္အျဖစ္ ေဆာင္႐ြက္သည္။ ၁၉၃၃ ခုႏွစ္တြင္ ေ႐ႊဘို၌ ဒိုင္အာခီဥပေဒျပဳ လႊတ္ေတာ္အမတ္ေလာင္းအျဖစ္ တရားေဟာသည့္အတြက္ ေထာင္က်ခဲ့ရာ၊ ေထာင္ထဲတြင္ အစာငတ္ခံ ဆႏၵျပခဲ့သည္။
စာေပေရးသားျခင္း
သခင္ဘေသာင္းသည္ နိုင္ငံေရးေလာကတြင္ က်င္လည္ရင္း စာေပမ်ား ေရးသားခဲ့သည္။ ျပင္သစ္ စာေရးဆရာ ေမာ္လယဲ (Moliere) ၏ Le Medecin Malgre Lui ကို မွီျငမ္း ျပဳေသာ သခင္ဘေသာင္း၏ “ဆရာဝန္ပါဘဲ” ျပဇာတ္သည္ ေခတ္သစ္ ျမန္မာ ျပဇာတ္သမိုင္းတြင္ အေစာဆုံး ျပဇာတ္တပုဒ္ အျဖစ္ ထင္ရွားသည္။ ေသာမတ္ဟာဒီ (Thomas Hardy) ၏ Tess of the Dubervilles ကို မွီျငမ္း ျပဳေသာ “ပန္းသာမစာဥ” ဝတၳဳသည္လည္း အထူးထင္ရွားသည္။ ကမၻာေက်ာ္ “တေထာင့္တညပုံျပင္မ်ား (၁၉၅၈)” ကိုလည္း ဘာသာျပန္ခဲ့သည္။
ေရးသား ျပဳစုခဲ့ေသာ အျခားစာေပမ်ားမွာ ေရနံဝတၳဳ ပထမပိုင္း (Oil by Upton Sinclair)၊ တိုက္သေဘၤာ ဝံပုေလြ (၁၉၄ဝ)၊ အေဖ့အေမြ ျပဇာတ္ႏွင့္ တိုင္းျပည့္ရန္သူ ျပဇာတ္ (Ibsen ၏ ျပဇာတ္မ်ား)၊ အေမေလး၊ ေျခေလးေခ်ာင္း ေတာ္လွန္ေရး (Animal Farm by George Orwell)၊ သူခိုးအာမက္ (၁၉၆၁) (Thief of Bagdad)၊ မ်က္မျမင္တိုင္းျပည္ (၁၉၆ဝ) (The Country of the Blind by H.G.Wells)၊
ေဒးဗစ္ေကာ့ပါးဖီး(၁၉၆၁) (David Copperfield by Charles Dickens)၊ ကမၻာပတ္လည္ရက္ရွစ္ဆယ္ (Round the World in Eighty Days by Jules Verne) [၁၉၅၉ – ၆ဝ၊ ယူနက္စကို ဘာသာျပန္ဆုရသည္] ေကာ္ေဇာေတာ္ႏွင့္ ေဗဒင္ပညာရွိ၊ ၿဂိဳဟ္စီးၿဂိဳဟ္နင္း၊ ေနၿပိဳင္သူရဲ၊ ဗမာ့ဒုန္းယာဥ္၊ ေလာကနိဗၺာန္ (Igor Gouzenko ရဲ႕ The Fall of a Titan )၊ ဒီမိုကေရစီဆိုတာ၊ ဗိုလ္တင္းပုတ္ျပည္ဝင္၊ ဗုဒၶ၏ စၾကဝဠာတရား (၁၉၇၅) စသည္တို႔ ျဖစ္သည္။
၁၉၆၉ ခုႏွစ္တြင္ စာေပဗိမာန္က က်င္းပေသာ ဘာသာျပန္စာေပ ႏွီးႏွောဖလွယ္ပြဲ၌ “ဘာသာျပန္သူတဦး၏ အေတြ႕အႀကဳံႏွင့္ ထင္ျမင္ခ်က္မ်ား” စာတမ္းကို တင္သြင္းခဲ့သည္။
၁၉၆၂ ခုႏွစ္တြင္ ျပန္ၾကားေရးဌာန အသံလႊင့္႐ုံ၌ အမႈထမ္းသည္။ ျပန္ၾကားေရးဌာနတြင္ စာေပစိစစ္ေရးမႉး အျဖစ္ ေဆာင္႐ြက္သည္။ ကာကြယ္ေရးဝန္ႀကီးဌာန လူမႈဆက္ဆံေရးတပ္က ထုတ္ေဝေသာ “ျမန္မာႏွင့္ကမၻာ” စာေစာင္တြင္လည္း အယ္ဒီတာအျဖစ္ ေဆာင္႐ြက္သည္။ ၁၉၆၅ ခုႏွစ္က စ၍ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီ ဌာနခ်ဳပ္တြင္ ဖြင့္လွစ္ေသာ စာျပဳသင္တန္းမ်ားတြင္ ဘာသာျပန္ဆို ေရးသားမႈကို သင္ၾကားပို႔ခ်ေပးခဲ့သည္။
သခင္ဘေသာင္းကို ဘာသာျပန္ ထူးခြၽန္သူ ဆရာႀကီးအျဖစ္ ျမန္မာ စာေပေလာကက သတ္မွတ္ၾကသည္။ ဆရာႀကီးသည္ အဂၤလိပ္ ျမန္မာ ႏွစ္ဘာသာ ထူးခြၽန္သူျဖစ္ေလရာ မူရင္းစာေရးဆရာ၏ အာေဘာ္ကို မိေအာင္ ထိထိမိမိ ျပန္ဆိုနိုင္သူျဖစ္ေလသည္။ ဆရာႀကီး၏ ပန္းသာမစာဥ၊ တစ္ေထာင့္တစ္ညပုံျပင္မ်ား၊ ေျခေလးေခ်ာင္းေတာ္လွန္ေရး စေသာ ဝတၳဳမ်ားသည္ ဘာသာျပန္ျဖစ္ေသာ္လည္း ဘာသာျပန္မွန္း မသိနိုင္ေလာက္ေအာင္ လက္စြမ္းျပထားေသာ ဝတၳဳမ်ားျဖစ္သည္။
ဂုဏ္ျပဳခ်ီးက်ဴးခံရျခင္း
၁၉၈ဝ ျပည့္ႏွစ္တြင္ နိုင္ငံေတာ္က ခ်ီးျမႇင့္ေသာ နိုင္ငံ့ ဂုဏ္ရည္ဘြဲ႕ (ပထမဆင့္) ကို ရရွိသည္။
ဘဝနိဂုံး
သခင္ဘေသာင္းသည္ ၁၃၄၃ ခုႏွစ္ တန္ခူးလျပည့္ေက်ာ္ ၂ ရက္ (၁၉၈၁ ခုႏွစ္ ဧၿပီလ ၂၁ ရက္) တြင္ ကြယ္လြန္သည္။ ဇနီး ေဒၚသန္းၾကည္ႏွင့္ သား တစ္ေယာက္၊ သမီး တစ္ေယာက္ က်န္ရစ္ခဲ့သည္။
Crd,ဝီကီပီးဒီးယား