မြန်မာပြည်ကို ဦးစွာတည်ထောင်အခြေပြုခဲ့ကြသူများဟာ ပျူလူမျိုးများ နှင့် အနွယ်တူ လူမျိုးများဖြစ်ပြီး၎င်းတို့၏ ယဉ်ကျေးမှုမြင့်မားခဲ့မှုကို သရေခေတ္တရာ ဗိသနိုး နဲ့ ဟန်လင်းမြို့ဟောင်း များရှိ ကျောက်စာ အရိုးအိုး အသုံး အဆောင်ပစ္စည်းများ နဲ့ အဆောက်အဦများက သက်သေခံနေပါတယ်။
ရာဇာဝင်အမျိုးမျိုးက ပျူနဲ့ပတ်သက်တာတွေ အမျိုးမျိုးဆိုကြပါတယ်။သေချာတာက ပြည်ထောင်စုကြီးကို ပထမဦးဆုံးတည်ထောင်တာက အနော်ရထာမင်းကြီးဖြစ်ပေမယ့် ၎င်းရဲ့အရှေ့မှာ ပျူမြို့ပြနိုင်ငံတွေကို ဦးစွာတည်ထောင်ထားတာတွေရှိနေပါတယ်။
လက်ရှိပျူလူမျိုးတွေမရှိတော့ဘူးလို့ ပြောတဲ့လူတွေရှိသလိုပျူနဲ့ဗမာ အတူတူပဲလို့ပြောတဲ့လူတွေရှိသလိုပျူနဲ့ဗမာ ရောနှောပြီး ပျူတွေပျောက်ကွယ်သွားတာလို့ ပြောတဲ့လူတွေရှိသလိုပျူတွေမပျောက်သေးဘူးလို့ ပြောတဲ့လူတွေရှိသလိုငါတို့က ပျူကွလို့ ပြောနေတဲ့ လူတွေလည်းရှိပါတယ်။
ပျူလို့ယူဆစရာ လူမျိုးစုတွေ အတော်အတန်ရှိနေပေမယ့် ခိုင်ခိုင်မာမာ သက်သေ သာဓကနဲ့ ပြောနိုင်တာမရှိသေးပါဘူး။
သို့ပေမယ် အဖြစ်နိုင်ဆုံး အနီးစပ်ဆုံးဖြစ်တဲ့ ပျူအနွယ်တူ လူမျိုးတွေကို ပြပါဆိုရင်ပအိုးဝ်လူမျိုးနဲ့ ချင်းပြည်နယ်က ချိုး လူမျိုးတွေပဲဖြစ်ပါတယ်။
ပအိုးဝ်တွေက ပျူဖြစ်နိုင်ပါတယ်ဆိုတဲ့ သက်သေကို ပြောပါဆို
၁။လက်ရှိ ပအိုးဝ် နဲ့ ပအိုးဝ်အနွယ်ဝင် တောင်သူ လူမျိုးတွေ နေထိုင်ရပ်တည်နေတဲ့ နေရာတွေနဲ့ အနီးဆုံးဖြစ်တဲ့ အင်းလေးဒေသမှာ ပျူမြို့ဟောင်း ၆မြို့ခန့် တွေ့ရှိထားပါတယ်။
၂။သထုံမြို့ကို ပအိုးဝ်တွေတည်ထောင်ခဲ့တာဖြစ်ပြီး ယခုမွန်ပြည်နယ်မှာ မွန်တွေမရောက်မီကတည်းက ပအိုးဝ်တွေနေထိုင်ခဲ့တာဖြစ်တယ်လို့ ပအိုးဝ်သမိုင်းပညာရှင်တွေ ပြောခဲ့တယ်။သက် သေအဖြစ် မွန်ပြည်နယ်မှာ မုဒုံအပါအဝင် ပျူရှေး ဟောင်းပစ္စည်းတွေ တွေ့ရှိခဲ့တယ်။လက်ရှိလည်း တွေ့ရှိတဲ့ ပစ္စည်းတွေကို ပျူပစ္စည်း မွန်ပစ္စည်းဆိုပြီး ငြင်းနေကြဆဲပါ။
၃။ပအိုးဝ်လူမျိုးတစ်ဦးက ပျူကျောက်စာပါ စကားလုံးတွေရဲ့ အသံထွက်နဲ့ အဓိပ်ပါယျကို ပအိုးဝ်ဘာသာစကားနဲ့ တူညီကြောင်း နှိုင်းယျဉ်ပြဖူးတယ်။ချင်း(ချိုး)တွေ ပျူ ်ဖြစ်ကြောင်း ပျူဆရာ ရှိန်းဂေရှိန်း အပါအဝင် ချိုးလူမျိုးတွေက အခိုင်အမာပြောကြပါတယ်။
ချိုးလူမျိုးတွေ ပျူလူမျိုးဖြစ်ကြောင်း သက်သေအဖြစ်
၁။ပျူစကားလုံးတွေ နဲ့ ချိုး(မင်းတပ်ချင်း)တွေရဲ့ စကာစလုံးတွေကို နှိုင်းယှဉ်ချက်ကို စနစ်တကျ ဖော်ပြခဲ့ဖူးပါတယ်။
၂။ပျူတွေသုံးစွဲခဲ့တဲ့ အရိုးအိုး ပျူပုတီး စတဲ့ အသုံးအဆောင်တွေထဲက အချို့ကို ယနေ့ ချိုးတွေ သုံးစွဲလျက်ရှိတယ်။
၃။မိမိကိုယ်ကို ပျူလူမျိုးတွေပါ ပုဂံခေတ်ကတည်းက မင်းဒဏ်သင့်လို့ ဧရာဝတီမြစ်ကို ဖြတ်ပြီး ယော ဆော ဂန့်ဂေါ ဒေသ အမြင့်ပိုင်းကို ပြောင်းရွေ့သွားခဲ့တာပါလို့ ပြောနေတဲ့ တောင်သားလူမျိုးတွေရဲ့ ဘာသာစကားနဲ့ ချိုးတွေရဲ့ ဘာသာစကားက ၇၅% လောက်တူနေတယ်။
၄။ဧရာဝတီမြစ် အရှေ့ခြမ်းတလျှောက်မှာ ပျူမြို့ဟောင်းတွေရှိနေပြီး အဆိုပါ ပျူမြို့ဟောင်းတွေနဲ့ အနီးနေရာတိုင်းမှာ ချိုးလူမျိုးနဲ့ မျိုးနွယ်တူ မြေပြန့်ချင်းရွာတွေ ရှိနေတယ်။
၅။တရုတ်ပြည်သွား ပျူဂီတအဖွဲ့ရဲ့ အထောက်အထားတွေ အရ ယနေ့ ချင်းပြည်နယ်နေ ချိုး(တွီလိချို) မတူ နဲ့ မြို ခမိစတဲ့ လူမျိုးတွေဟာ ပျူလက်ကျန်တွေဖြစ်ဖို့များပါတယ်။
ဒါပေမယ့် ပျူတွေဟာ စာပေ ယဉ်ကျေးမှု အတော်မြင့်မားခဲ့ပြီး ယနေ့ ပျူလို့ ပြောနေတဲ့ လူမျိုးတွေထဲမှာ စာပေမရှိကြပါဘူး။
အကြောင်းကြောင်း ကြောင့် တောင်ပေါ်ဒေသရောက်ပြီး ပျောက်ကွယ်သွားနယ်ဆိုရင်တောင် ပြောင်းရွေ့သွားတဲ့ လမ်းကြောင်းတလျှောက်နဲ့ ချင်းပေါ်ဒေသတွေမှာ စာပေရေးထားတဲ့ အထောက် အထား အနည်းငယ်တော့ တွေ့ရှိရပါမယ်။
ဒါကြောင့် ပျူလူမျိုးလို့ ပြောနေတဲ့ ပအိုးဝ်ရော ချိုး ချင်းတွေရော ပျူကျောက်စာတွေကို ၂၅%နဲ့ ၄၀% ကြားသာ အသံထွက်ပြီး ဘာသာပြန်နိုင်တဲ့ အနေအထားကို တွေ့ရှိရပါတယ်။
ချိုးတွေ ပျူတွေနဲ့ ပိုနီးစပ်ပါတယ်။
ဒါပေမယ့် ပျူစစ်စစ်တွေလို့တော့ လက်မခံနိုင်ပါဘူး။ပျူအနွယ်တူ လူမျိုးတွေအဖြစ်သာ လက်ခံနိုင်ပါတယ်။ဗမာတွေကလည်း ငါတို့က ပျူတွေကွလို့ မငြင်းပါနဲ့နော်။
ငြင်းချင်ရင် ရာဇကုမာရ်ကျောက်စက ပျူ ဗမာ ပါဠိ မွန် လေးမျိုးကွဲနေတာနဲ့ ရှေးဗမာ စကားတွေတောင် ဖတ်ဖို့ခက်နေတာ ကို အရင်ရှင်းသင့်ပါတယ်။
crd,မူရင်းရေးသားသူအားလေးသားစွာဖြင့်
Zawgyi
ျမန္မာျပည္ကို ဦးစြာတည္ေထာင္အေျချပဳခဲ့ၾကသူမ်ားဟာ ပ်ဴလူမ်ိဳးမ်ား ႏွင့္ အႏြယ္တူ လူမ်ိဳးမ်ားျဖစ္ၿပီး၎တို႔၏ ယဥ္ေက်းမႈျမင့္မားခဲ့မႈကို သေရေခတၱရာ ဗိသနိုး နဲ႕ ဟန္လင္းၿမိဳ႕ေဟာင္း မ်ားရွိ ေက်ာက္စာ အရိုးအိုး အသုံး အေဆာင္ပစၥည္းမ်ား နဲ႕ အေဆာက္အဦမ်ားက သက္ေသခံေနပါတယ္။
ရာဇာဝင္အမ်ိဳးမ်ိဳးက ပ်ဴနဲ႕ပတ္သက္တာေတြ အမ်ိဳးမ်ိဳးဆိုၾကပါတယ္။ေသခ်ာတာက ျပည္ေထာင္စုႀကီးကို ပထမဦးဆုံးတည္ေထာင္တာက အေနာ္ရထာမင္းႀကီးျဖစ္ေပမယ့္ ၎ရဲ႕အေရွ႕မွာ ပ်ဴၿမိဳ႕ျပနိုင္ငံေတြကို ဦးစြာတည္ေထာင္ထားတာေတြရွိေနပါတယ္။
လက္ရွိပ်ဴလူမ်ိဳးေတြမရွိေတာ့ဘူးလို႔ ေျပာတဲ့လူေတြရွိသလိုပ်ဴနဲ႕ဗမာ အတူတူပဲလို႔ေျပာတဲ့လူေတြရွိသလိုပ်ဴနဲ႕ဗမာ ေရာႏွောၿပီး ပ်ဴေတြေပ်ာက္ကြယ္သြားတာလို႔ ေျပာတဲ့လူေတြရွိသလိုပ်ဴေတြမေပ်ာက္ေသးဘူးလို႔ ေျပာတဲ့လူေတြရွိသလိုငါတို႔က ပ်ဴကြလို႔ ေျပာေနတဲ့ လူေတြလည္းရွိပါတယ္။
ပ်ဴလို႔ယူဆစရာ လူမ်ိဳးစုေတြ အေတာ္အတန္ရွိေနေပမယ့္ ခိုင္ခိုင္မာမာ သက္ေသ သာဓကနဲ႕ ေျပာနိုင္တာမရွိေသးပါဘူး။
သို႔ေပမယ္ အျဖစ္နိုင္ဆုံး အနီးစပ္ဆုံးျဖစ္တဲ့ ပ်ဴအႏြယ္တူ လူမ်ိဳးေတြကို ျပပါဆိုရင္ပအိုးဝ္လူမ်ိဳးနဲ႕ ခ်င္းျပည္နယ္က ခ်ိဳး လူမ်ိဳးေတြပဲျဖစ္ပါတယ္။
ပအိုးဝ္ေတြက ပ်ဴျဖစ္နိုင္ပါတယ္ဆိုတဲ့ သက္ေသကို ေျပာပါဆို
၁။လက္ရွိ ပအိုးဝ္ နဲ႕ ပအိုးဝ္အႏြယ္ဝင္ ေတာင္သူ လူမ်ိဳးေတြ ေနထိုင္ရပ္တည္ေနတဲ့ ေနရာေတြနဲ႕ အနီးဆုံးျဖစ္တဲ့ အင္းေလးေဒသမွာ ပ်ဴၿမိဳ႕ေဟာင္း ၆ၿမိဳ႕ခန႔္ ေတြ႕ရွိထားပါတယ္။
၂။သထုံၿမိဳ႕ကို ပအိုးဝ္ေတြတည္ေထာင္ခဲ့တာျဖစ္ၿပီး ယခုမြန္ျပည္နယ္မွာ မြန္ေတြမေရာက္မီကတည္းက ပအိုးဝ္ေတြေနထိုင္ခဲ့တာျဖစ္တယ္လို႔ ပအိုးဝ္သမိုင္းပညာရွင္ေတြ ေျပာခဲ့တယ္။သက္ ေသအျဖစ္ မြန္ျပည္နယ္မွာ မုဒုံအပါအဝင္ ပ်ဴေရွး ေဟာင္းပစၥည္းေတြ ေတြ႕ရွိခဲ့တယ္။လက္ရွိလည္း ေတြ႕ရွိတဲ့ ပစၥည္းေတြကို ပ်ဴပစၥည္း မြန္ပစၥည္းဆိုၿပီး ျငင္းေနၾကဆဲပါ။
၃။ပအိုးဝ္လူမ်ိဳးတစ္ဦးက ပ်ဴေက်ာက္စာပါ စကားလုံးေတြရဲ႕ အသံထြက္နဲ႕ အဓိပ္ပါယ်ကိဳ ပအိုးဝ္ဘာသာစကားနဲ႕ တူညီေၾကာင္း ႏွိုင္းယ်ဥ္ျပဖူးတယ္။ခ်င္း(ခ်ိဳး)ေတြ ပ်ဴ ္ျဖစ္ေၾကာင္း ပ်ဴဆရာ ရွိန္းေဂရွိန္း အပါအဝင္ ခ်ိဳးလူမ်ိဳးေတြက အခိုင္အမာေျပာၾကပါတယ္။
ခ်ိဳးလူမ်ိဳးေတြ ပ်ဴလူမ်ိဳးျဖစ္ေၾကာင္း သက္ေသအျဖစ္
၁။ပ်ဴစကားလုံးေတြ နဲ႕ ခ်ိဳး(မင္းတပ္ခ်င္း)ေတြရဲ႕ စကာစလုံးေတြကို ႏွိုင္းယွဥ္ခ်က္ကို စနစ္တက် ေဖာ္ျပခဲ့ဖူးပါတယ္။
၂။ပ်ဴေတြသုံးစြဲခဲ့တဲ့ အရိုးအိုး ပ်ဴပုတီး စတဲ့ အသုံးအေဆာင္ေတြထဲက အခ်ိဳ႕ကို ယေန႕ ခ်ိဳးေတြ သုံးစြဲလ်က္ရွိတယ္။
၃။မိမိကိုယ္ကို ပ်ဴလူမ်ိဳးေတြပါ ပုဂံေခတ္ကတည္းက မင္းဒဏ္သင့္လို႔ ဧရာဝတီျမစ္ကို ျဖတ္ၿပီး ေယာ ေဆာ ဂန႔္ေဂါ ေဒသ အျမင့္ပိုင္းကို ေျပာင္းေ႐ြ႕သြားခဲ့တာပါလို႔ ေျပာေနတဲ့ ေတာင္သားလူမ်ိဳးေတြရဲ႕ ဘာသာစကားနဲ႕ ခ်ိဳးေတြရဲ႕ ဘာသာစကားက ၇၅% ေလာက္တူေနတယ္။
၄။ဧရာဝတီျမစ္ အေရွ႕ျခမ္းတေလွ်ာက္မွာ ပ်ဴၿမိဳ႕ေဟာင္းေတြရွိေနၿပီး အဆိုပါ ပ်ဴၿမိဳ႕ေဟာင္းေတြနဲ႕ အနီးေနရာတိုင္းမွာ ခ်ိဳးလူမ်ိဳးနဲ႕ မ်ိဳးႏြယ္တူ ေျမျပန႔္ခ်င္း႐ြာေတြ ရွိေနတယ္။
၅။တ႐ုတ္ျပည္သြား ပ်ဴဂီတအဖြဲ႕ရဲ႕ အေထာက္အထားေတြ အရ ယေန႕ ခ်င္းျပည္နယ္ေန ခ်ိဳး(တြီလိခ်ိဳ) မတူ နဲ႕ ၿမိဳ ခမိစတဲ့ လူမ်ိဳးေတြဟာ ပ်ဴလက္က်န္ေတြျဖစ္ဖို႔မ်ားပါတယ္။
ဒါေပမယ့္ ပ်ဴေတြဟာ စာေပ ယဥ္ေက်းမႈ အေတာ္ျမင့္မားခဲ့ၿပီး ယေန႕ ပ်ဴလို႔ ေျပာေနတဲ့ လူမ်ိဳးေတြထဲမွာ စာေပမရွိၾကပါဘူး။
အေၾကာင္းေၾကာင္း ေၾကာင့္ ေတာင္ေပၚေဒသေရာက္ၿပီး ေပ်ာက္ကြယ္သြားနယ္ဆိုရင္ေတာင္ ေျပာင္းေ႐ြ႕သြားတဲ့ လမ္းေၾကာင္းတေလွ်ာက္နဲ႕ ခ်င္းေပၚေဒသေတြမွာ စာေပေရးထားတဲ့ အေထာက္ အထား အနည္းငယ္ေတာ့ ေတြ႕ရွိရပါမယ္။
ဒါေၾကာင့္ ပ်ဴလူမ်ိဳးလို႔ ေျပာေနတဲ့ ပအိုးဝ္ေရာ ခ်ိဳး ခ်င္းေတြေရာ ပ်ဴေက်ာက္စာေတြကို ၂၅%နဲ႕ ၄၀% ၾကားသာ အသံထြက္ၿပီး ဘာသာျပန္နိုင္တဲ့ အေနအထားကို ေတြ႕ရွိရပါတယ္။
ခ်ိဳးေတြ ပ်ဴေတြနဲ႕ ပိုနီးစပ္ပါတယ္။
ဒါေပမယ့္ ပ်ဴစစ္စစ္ေတြလို႔ေတာ့ လက္မခံနိုင္ပါဘူး။ပ်ဴအႏြယ္တူ လူမ်ိဳးေတြအျဖစ္သာ လက္ခံနိုင္ပါတယ္။ဗမာေတြကလည္း ငါတို႔က ပ်ဴေတြကြလို႔ မျငင္းပါနဲ႕ေနာ္။
ျငင္းခ်င္ရင္ ရာဇကုမာရ္ေက်ာက္စက ပ်ဴ ဗမာ ပါဠိ မြန္ ေလးမ်ိဳးကြဲေနတာနဲ႕ ေရွးဗမာ စကားေတြေတာင္ ဖတ္ဖို႔ခက္ေနတာ ကို အရင္ရွင္းသင့္ပါတယ္။
crd,မူရင္းေရးသားသူအားေလးသားစြာျဖင့္