မြန်မာသက္ကရာဇ်မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ် ပုဂံမင်းလက်ထက်၌ နယ်ချဲ့အင်္ဂလိပ်နှင့် မြန်မာတို့ ဒုတိယအကြိမ်စစ်ပွဲဖြစ်ကြ၏။
ထိုကာလတွင် အင်္ဂလိပ်တို့၏ နယ်ချဲ့ရန်စမှုကို ခေါင်းငုံ့မခံပဲ စွမ်းစွမ်းတမံတွန်းလှန်ခဲ့ကြတဲ့မြန်မာ့ သူရဲကောင်းများစွာ ထွက်ပေါ်လာခဲ့ပါတယ်။
လက်နက်ချင်း မည်မျှ ကွာခြားစေခါမှု လက်ရုံးရည်နှလုံးရည် ပြည့်စုံသော မြန်မာစစ်သည်တို့အား အင်္ဂလိပ်တို့ အလွယ်တကူ အောင်ပွဲ မခံနိုင်ခဲ့ပါချေ။
ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် စစ်သူကြီးမဟာဗန္ဓုလနှင့် မြဝတီမင်းကြီး ဦးစတို့ ပူးပေါင်းတိုက်ခဲ့သော ပန်းဝါစစ်ပွဲဟာ နယ်ချဲ့အင်္ဂလိပ်တို့ကို အကြီးအကျယ်ရှုံးနိမ့်စေတဲ့ တိုက်ပွဲအဖြစ်ရာဇဝင် တွင်ခဲ့ပါတယ်။
စစ်သူကြီး ဗန္ဓုလ၏စွမ်းရည်ကို ဗြိတိသျှတို့ လေးစားခဲ့ရပါတယ်။ သူဟာ စစ်ရေးစစ်ရာ အတိုက်အခိုက် ကျွမ်းကျင်သည်သာမက အအုပ်အချုပ်၊ စီမံခန့်ခွဲမှု၊ တပ်ချီတပ်ဆုတ် တို့အပြင် ခံတပ်ဆောက်ရာ၌လည်း ကျွမ်းကျင်လှပါတယ်။
ဗန္ဓုလရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်သော ဓနုဖြူ တိုက်ပွဲမှာ မြန်မာနှင့် အင်္ဂလိပ်တို့ လူအင်အားရော လက်နက်အင်အားပါ အလွန်ကွာခြားခဲ့ပါတယ်။ သို့သော် ဗန္ဓုလက မမူပဲအပြင်းအထန်ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။
ထိုအတွင်းမှာပဲ အမြှောက်ဆံတစ်ခု အနီးတွင် ပေါက်ကွဲပြီး ဗန္ဓုလ ကျဆုံးခဲ့ရပါတယ်။ ထိုအချိန်၌ ဗန္ဓုလ အသက်ဟာ ၃၂ နှစ်သာ ရှိသေးပါတယ်။ အလွန်ရဲရင့်သော သူရဲကောင်း တဦးပင်တည်း..
ဗန္ဓုလအလွန် နယ်ချဲ့တို့နှင့် ဒုတိယအကြိမ်စစ်မက် ဖြစ်ပွားခဲ့ရာ ပုဂံမင်းက မင်းလှမဟာမင်းခေါင်ရာဇာဘွဲ့ခံ သုံးဆယ်ဝန်ကြီး အားခေါ်ယူခဲ့ပါတယ်။ စစ်သည်အင်အား ၂ သောင်းခန့် ဖြည့်တင်းပေးလိုက်ပြီး အင်္ဂလိပ်တို့အား ကြိုတိုက်ရန် ရန်ကုန်သို့စေလွှတ်ခဲ့ပါတယ်။
ထိုအချိန်မှာပဲ သမိုင်းတွင် အရုပ်ဆိုးအကျည်းတန်လှတဲ့ ဖြစ်ရပ်တစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ သုံးဆယ်ဝန်ကြီး မင်းလှမင်းခေါင်ဟာ အင်္ဂလိပ်တို့အားမတိုက်ဝံ့ပဲ နယ်ချဲ့တို့ရဲ့ လက်အောက်သို့ခိုဝင် သွားခဲ့တာကြောင့်ပါ။ တိုင်းပြည်အပေါ် သစ္စာဖောက်ခြင်းအား ကြားရသူတိုင်း တအံတသြရင်ထုမနာ ဖြစ်ခဲ့ရပါတယ်။
အခြားသူဆိုရင် ကိစ္စမရှိ။ အကြောင်းကား သုံးဆယ်ဝန်ကြီး မင်းလှမင်းခေါင်ဟာ မြန်မာ့သမိုင်းမှာ ရဲရင့်ပြောင်မြောက်လှပါတယ်ဆိုတဲ့ စစ်သူကြီးမဟာဗန္ဓုလရဲ့ သားအရင်းစစ်စစ်ဖြစ်နေတာကြောင့်ပင်။
ဖခင်က သူရဲကောင်းအာဇာနည်၊ သားကား အမျိုးသားသစ္စာဖောက်၊ အံသြဖို့ကောင်းလေစွ..
Crd,
Zawgyi
ျမန္မာသကၠရာဇ္ျမန္မာသကၠရာဇ္ ၁၂၁၄ ခုႏွစ္ ပုဂံမင္းလက္ထက္၌ နယ္ခ်ဲ့အဂၤလိပ္ႏွင့္ ျမန္မာတို႔ ဒုတိယအႀကိမ္စစ္ပြဲျဖစ္ၾက၏။
ထိုကာလတြင္ အဂၤလိပ္တို႔၏ နယ္ခ်ဲ့ရန္စမႈကို ေခါင္းငုံ႕မခံပဲ စြမ္းစြမ္းတမံတြန္းလွန္ခဲ့ၾကတဲ့ျမန္မာ့ သူရဲေကာင္းမ်ားစြာ ထြက္ေပၚလာခဲ့ပါတယ္။
လက္နက္ခ်င္း မည္မွ် ကြာျခားေစခါမႈ လက္႐ုံးရည္ႏွလုံးရည္ ျပည့္စုံေသာ ျမန္မာစစ္သည္တို႔အား အဂၤလိပ္တို႔ အလြယ္တကူ ေအာင္ပြဲ မခံနိုင္ခဲ့ပါေခ်။
ပထမ အဂၤလိပ္-ျမန္မာ စစ္ပြဲတြင္ စစ္သူႀကီးမဟာဗႏၶဳလႏွင့္ ျမဝတီမင္းႀကီး ဦးစတို႔ ပူးေပါင္းတိုက္ခဲ့ေသာ ပန္းဝါစစ္ပြဲဟာ နယ္ခ်ဲ့အဂၤလိပ္တို႔ကို အႀကီးအက်ယ္ရႈံးနိမ့္ေစတဲ့ တိုက္ပြဲအျဖစ္ရာဇဝင္ တြင္ခဲ့ပါတယ္။
စစ္သူႀကီး ဗႏၶဳလ၏စြမ္းရည္ကို ၿဗိတိသွ်တို႔ ေလးစားခဲ့ရပါတယ္။ သူဟာ စစ္ေရးစစ္ရာ အတိုက္အခိုက္ ကြၽမ္းက်င္သည္သာမက အအုပ္အခ်ဳပ္၊ စီမံခန႔္ခြဲမႈ၊ တပ္ခ်ီတပ္ဆုတ္ တို႔အျပင္ ခံတပ္ေဆာက္ရာ၌လည္း ကြၽမ္းက်င္လွပါတယ္။
ဗႏၶဳလရဲ႕ ေနာက္ဆုံးတိုက္ပြဲျဖစ္ေသာ ဓႏုျဖဴ တိုက္ပြဲမွာ ျမန္မာႏွင့္ အဂၤလိပ္တို႔ လူအင္အားေရာ လက္နက္အင္အားပါ အလြန္ကြာျခားခဲ့ပါတယ္။ သို႔ေသာ္ ဗႏၶဳလက မမူပဲအျပင္းအထန္ျပန္လည္ တိုက္ခိုက္ခဲ့ပါတယ္။
ထိုအတြင္းမွာပဲ အျမႇောက္ဆံတစ္ခု အနီးတြင္ ေပါက္ကြဲၿပီး ဗႏၶဳလ က်ဆဳံးခဲ့ရပါတယ္။ ထိုအခ်ိန္၌ ဗႏၶဳလ အသက္ဟာ ၃၂ ႏွစ္သာ ရွိေသးပါတယ္။ အလြန္ရဲရင့္ေသာ သူရဲေကာင္း တဦးပင္တည္း..
ဗႏၶဳလအလြန္ နယ္ခ်ဲ့တို႔ႏွင့္ ဒုတိယအႀကိမ္စစ္မက္ ျဖစ္ပြားခဲ့ရာ ပုဂံမင္းက မင္းလွမဟာမင္းေခါင္ရာဇာဘြဲ႕ခံ သုံးဆယ္ဝန္ႀကီး အားေခၚယူခဲ့ပါတယ္။ စစ္သည္အင္အား ၂ ေသာင္းခန႔္ ျဖည့္တင္းေပးလိုက္ၿပီး အဂၤလိပ္တို႔အား ႀကိဳတိုက္ရန္ ရန္ကုန္သို႔ေစလႊတ္ခဲ့ပါတယ္။
ထိုအခ်ိန္မွာပဲ သမိုင္းတြင္ အ႐ုပ္ဆိုးအက်ည္းတန္လွတဲ့ ျဖစ္ရပ္တစ္ခုေပၚေပါက္ခဲ့ပါတယ္။ သုံးဆယ္ဝန္ႀကီး မင္းလွမင္းေခါင္ဟာ အဂၤလိပ္တို႔အားမတိုက္ဝံ့ပဲ နယ္ခ်ဲ့တို႔ရဲ႕ လက္ေအာက္သို႔ခိုဝင္ သြားခဲ့တာေၾကာင့္ပါ။ တိုင္းျပည္အေပၚ သစၥာေဖာက္ျခင္းအား ၾကားရသူတိုင္း တအံတၾသရင္ထုမနာ ျဖစ္ခဲ့ရပါတယ္။
အျခားသူဆိုရင္ ကိစၥမရွိ။ အေၾကာင္းကား သုံးဆယ္ဝန္ႀကီး မင္းလွမင္းေခါင္ဟာ ျမန္မာ့သမိုင္းမွာ ရဲရင့္ေျပာင္ေျမာက္လွပါတယ္ဆိုတဲ့ စစ္သူႀကီးမဟာဗႏၶဳလရဲ႕ သားအရင္းစစ္စစ္ျဖစ္ေနတာေၾကာင့္ပင္။
ဖခင္က သူရဲေကာင္းအာဇာနည္၊ သားကား အမ်ိဳးသားသစၥာေဖာက္၊ အံၾသဖို႔ေကာင္းေလစြ..
Crd,