မိသားစုဆီငွေများများပို့နိုင်ရန်အတွက် ထမင်းဖြူကို ဟင်းမပါပဲ ရေနှင့်သာ မျှောချစားသောက်ခဲ့သော လေးစားဖွယ်ရာ ဖခင်တစ်ဦး

မိဘတို့ဟူသည် သားသမီးကောင်းစားရေးကို ဦးစားပေးတတ်ပြီး ကိုယ်တိုင်ကျ အရာအားလုံး စွန့်လွှတ်အနစ်နာခံကာ ဖြည့်ဆည်းပေးတတ်ကြသည်။

ယခုအခါတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ အသက် ၃၀ကျော်အရွယ် ဖခင်တစ်ဦးသည် စားဝတ်နေရေးအတွက် မိသားစုနှင့်ခွဲကာ နယ်ဝေးရပ်ခြားသို့ လုံခြုံရေးအစောင့်ဝန်ထမ်းအဖြစ် အလုပ်သွားလုပ်ရစဥ် ဖြစ်သလိုစားပြီး ပိုက်ဆံကို အသက်နိုင်ဆုံး ချွေတာခဲ့သည်။

အမျိုးသားသည် နောက်ကွယ်တွင် ဇနီးဖြစ်သူနှင့် သားသမီးတွေရှိကာ စားစရိတ်ကိုလျှော့ချရန်အတွက် ဟင်းပင်ဝယ်မစားပဲ ထမင်းဖြူကို ရေနှင့်သာ မျှောချပြီး ဗိုက်ပြည့်အောင် ဖြည့်ခဲ့ရသည်။

အမျိုးသားသည် သူစားမည့်ကုန်ကျစရိတ်ကို သားသမီးတွေ အဆင်ပြေပြေနှင့် ပိုပိုလျှံလျှံသုံးနိုင်အောင် ချွေတာခဲ့ခြင်းဖြင့် မြင်တွေ့သူများမှာ စာနာသနားမိပြီး ဖခင်တစ်ယောက်ဧ။် ကြီးမားသော မေတ္တာတရားကိုလည်း လေးစားချီးကျူးခဲ့ကြသည်။

crd,

Zawgyi





Crd,