လိပ်ခုံးကားလေးရဲ့အစ(သို့)လိပ်ခုံးကားစတင်ပေါ်ပေါက်လာပုံ

၁၉၃၄ ခုနှစ် နာဇီပါတီရဲ့ ခေါင်းဆောင်ကြီး ဟစ်တလာ က အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ဖာဒီနန် ပေါရှေးနဲ့ ဆွေးနွေးတိုင်ပင်ပြီး ကားတစ်စီး တည်ဆောက်ခိုင်းတယ်။

အဲ့ဒီအချိန်က ကားတွေဆိုတာ သူဌေးကြီးတွေပဲ စီးနိုင်တယ်။
ဒါကြောင့် ဂျာမနီမှာ ကားစီနိုင်တဲ့သူတွေ အရမ်းနည်းနေသေးတယ်။

ရှိတဲ့ကားတွေကလည်း သူဌေးတွေပဲ စီးနိုင်တဲ့ ဇိမ်ခံကားတွေ။
ဟစ်တလာက သူ့လူမျိုးတွေကို ကားပေါပေါသီသီစီးစေချင်တယ်။

ဒါနဲ့ပဲ ပေါရှေးနဲ့ ဆွေးနွေးခဲ့ကြတာ။ပြည့်သူ့ကား လို့အဓိပ္ပါယ်ရတဲ့ Volks Wagen ဆိုတဲ့ နာမည်နဲ့ ကားတစ်စီးထုတ်ပေးဖို့။ ကုန်ကျစရိတ်ကို နာဇီ ပါတီကပဲ ကျခံပေးတယ်။ Beetle ကတော့ ကားရဲ့ဒီဇိုင်းက ပိုးတောင်မာ နဲ့တူလို့ Beetle ဖြစ်သွားရတာ။

ဟစ်တလာက ပြည်သူ့ရေဒီယို ဆိုပြီး People’s Radio ကို ထုတ်ပေးခဲ့ပေးသေးပါတယ်။

အခုလည်း ပြည်သူ့ကား….

ဟစ်တလာလိုချင်တာက မိသားစုတစ်စု တက်နိုင်တဲ့စျေးတဲ့ တစ်မိသားစုလုံးစီးလို့ဆန့်တဲ့ ကားတစ်စီး။ဒါနဲ့ပဲ လူကြီး ၂ ယောက် ကလေး ၃ ယောက်ဆန့်ရမယ် ဆိုပြီး သတ်မှတ်ပေးလိုက်တယ်။

အမြန်နှုန်ကို တစ်နာရီကီလို ၁၀၀ လောက်ရှိရမယ်။ ဆီစားနှုန်း ကီလို ၁၀၀ ကို ဆီက ၇ လီတာလောက်ပဲ ကုန်ရမယ်။နောက် ပစ္စည်းအစိတ်အပိုင်းတွေပျက်တဲ့ အခါ စျေးသက်သက်သာသာ မြန်မြန်ဆန်ဆန်နဲ့ လဲလှယ်ပေးနိုင်ဖို့ကို ညွှန်ကြားခဲ့တယ်။

အင်ဂျင်က လေအအေးခံ (Air- cooled) စနစ်နဲ့ ဖြစ်လာပုံကတော့….

အဲ့ဒီအချိန်အခါတုန်းက ကားရှိတဲ့သူတွေ နည်းသလို အိမ်တိုင်းမှာလည်း ကားထားဖို့ ဂိုထောင်တွေ မရှိသလောက် ရှားတယ်။ ဂျာမနီမှာက အေးတယ်။ ကားဝယ်ပြီးရင် အပြင် လေ အေးအေးထဲမှာပဲ ထားရဖို့များတယ်။

ဒီတော့ အင်ဂျင်ကို ရေအအေးခံစနစ်နဲ့ပဲ သုံးလိုက်ရင် မနက်ကျရင် အင်ဂျင် ကူးလန့်တွေက အေးခဲနေလိမ့်မယ်။ စက်နှိုးဖို့အတွက် အင်ဂျင်ကို အရင်မီးမြိုက်နေရလိမ့်မယ်။ (Anti freezeတွေကလည်း ပေါ်ခါစမို့ စွမ်းဆောင်ရည်မြင့် လေယာဉ်တွေမှာပဲ သုံးနိုင်သေးတယ်။ စျေးကြီးနေဆဲ။)
ဒါနဲ့ပဲ လေအအေးခံစနစ်နဲ့ အင်ဂျင်နဲ့ စတင်ခဲ့ရတယ်။

အင်ဂျင်ကို နောက်မှာထားရတာကလည်း အကြောင်းရှိတယ်။
ရှေ့အင်ဂျင် နောက်ဘက်ကို Drive shaft ပြေးပြီး မောင်းနှင်တဲ့ နောက်ယက် စနစ်က Drive shaft ကြောင့် တုန်ခါမှုတွေ များတယ်။ ဒါကြောင့် စွမ်းအင်ဆုံးရှုံးမှုတွေ ရှိတယ်။ ဒီလိုမဖြစ်အောင်ဆိုပြီး နောက်အင်ဂျင် နောက်ယက် စနစ်ကို ဖန်တီးခဲ့တယ်။

နောက်ဆုံးမှာတော့ လိမ်ခုံးကား လို့ခေါ်တဲ့ Volkswagen Beetle ကားလေးထွက်ပေါ်လာခဲ့တယ်။ စျေးနှုန်းကိုလည်း အဲ့ဒီအချိန်ခါက ဆိုင်ကယ်တစ်စီးစာလောက် စျေးနှုန်းနဲ့ ရောင်းချခဲ့တယ်။ လူကြိုက်များခဲ့တဲ့ ကားတစ်စီးလည်း ဖြစ်ခဲ့ပါတယ်။ အခုချိန်ထိလည်း လူကြိုက်များနေဆဲပါပဲ။

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi
၁၉၃၄ ခုႏွစ္ နာဇီပါတီရဲ႕ ေခါင္းေဆာင္ႀကီး ဟစ္တလာ က အင္ဂ်င္နီယာတစ္ဦးျဖစ္တဲ့ ဖာဒီနန္ ေပါေရွးနဲ႕ ေဆြးႏြေးတိုင္ပင္ၿပီး ကားတစ္စီး တည္ေဆာက္ခိုင္းတယ္။

အဲ့ဒီအခ်ိန္က ကားေတြဆိုတာ သူေဌးႀကီးေတြပဲ စီးနိုင္တယ္။
ဒါေၾကာင့္ ဂ်ာမနီမွာ ကားစီနိုင္တဲ့သူေတြ အရမ္းနည္းေနေသးတယ္။

ရွိတဲ့ကားေတြကလည္း သူေဌးေတြပဲ စီးနိုင္တဲ့ ဇိမ္ခံကားေတြ။
ဟစ္တလာက သူ႕လူမ်ိဳးေတြကို ကားေပါေပါသီသီစီးေစခ်င္တယ္။

ဒါနဲ႕ပဲ ေပါေရွးနဲ႕ ေဆြးႏြေးခဲ့ၾကတာ။ျပည့္သူ႕ကား လို့အဓိပ္ပါယ်ရတဲ့ Volks Wagen ဆိုတဲ့ နာမည္နဲ႕ ကားတစ္စီးထုတ္ေပးဖို႔။ ကုန္က်စရိတ္ကို နာဇီ ပါတီကပဲ က်ခံေပးတယ္။ Beetle ကေတာ့ ကားရဲ႕ဒီဇိုင္းက ပိုးေတာင္မာ နဲ႕တူလို႔ Beetle ျဖစ္သြားရတာ။

ဟစ္တလာက ျပည္သူ႕ေရဒီယို ဆိုၿပီး People’s Radio ကို ထုတ္ေပးခဲ့ေပးေသးပါတယ္။

အခုလည္း ျပည္သူ႕ကား….

ဟစ္တလာလိုခ်င္တာက မိသားစုတစ္စု တက္နိုင္တဲ့ေစ်းတဲ့ တစ္မိသားစုလုံးစီးလို႔ဆန့္တဲ့ ကားတစ္စီး။ဒါနဲ႕ပဲ လူႀကီး ၂ ေယာက္ ကေလး ၃ ေယာက္ဆန့္ရမယ္ ဆိုၿပီး သတ္မွတ္ေပးလိုက္တယ္။

အျမန္ႏႈန္ကို တစ္နာရီကီလို ၁၀၀ ေလာက္ရွိရမယ္။ ဆီစားႏႈန္း ကီလို ၁၀၀ ကို ဆီက ၇ လီတာေလာက္ပဲ ကုန္ရမယ္။ေနာက္ ပစၥည္းအစိတ္အပိုင္းေတြပ်က္တဲ့ အခါ ေစ်းသက္သက္သာသာ ျမန္ျမန္ဆန္ဆန္နဲ႕ လဲလွယ္ေပးနိုင္ဖို႔ကို ၫႊန္ၾကားခဲ့တယ္။

အင္ဂ်င္က ေလအေအးခံ (Air- cooled) စနစ္နဲ႕ ျဖစ္လာပုံကေတာ့….

အဲ့ဒီအခ်ိန္အခါတုန္းက ကားရွိတဲ့သူေတြ နည္းသလို အိမ္တိုင္းမွာလည္း ကားထားဖို႔ ဂိုေထာင္ေတြ မရွိသေလာက္ ရွားတယ္။ ဂ်ာမနီမွာက ေအးတယ္။ ကားဝယ္ၿပီးရင္ အျပင္ ေလ ေအးေအးထဲမွာပဲ ထားရဖို႔မ်ားတယ္။

ဒီေတာ့ အင္ဂ်င္ကို ေရအေအးခံစနစ္နဲ႕ပဲ သုံးလိုက္ရင္ မနက္က်ရင္ အင္ဂ်င္ ကူးလန့္ေတြက ေအးခဲေနလိမ့္မယ္။ စက္ႏွိုးဖို႔အတြက္ အင္ဂ်င္ကို အရင္မီးၿမိဳက္ေနရလိမ့္မယ္။ (Anti freezeေတြကလည္း ေပၚခါစမို႔ စြမ္းေဆာင္ရည္ျမင့္ ေလယာဥ္ေတြမွာပဲ သုံးနိုင္ေသးတယ္။ ေစ်းႀကီးေနဆဲ။)
ဒါနဲ႕ပဲ ေလအေအးခံစနစ္နဲ႕ အင္ဂ်င္နဲ႕ စတင္ခဲ့ရတယ္။

အင္ဂ်င္ကို ေနာက္မွာထားရတာကလည္း အေၾကာင္းရွိတယ္။
ေရွ႕အင္ဂ်င္ ေနာက္ဘက္ကို Drive shaft ေျပးၿပီး ေမာင္းႏွင္တဲ့ ေနာက္ယက္ စနစ္က Drive shaft ေၾကာင့္ တုန္ခါမႈေတြ မ်ားတယ္။ ဒါေၾကာင့္ စြမ္းအင္ဆုံးရႈံးမႈေတြ ရွိတယ္။ ဒီလိုမျဖစ္ေအာင္ဆိုၿပီး ေနာက္အင္ဂ်င္ ေနာက္ယက္ စနစ္ကို ဖန္တီးခဲ့တယ္။

ေနာက္ဆုံးမွာေတာ့ လိမ္ခုံးကား လို႔ေခၚတဲ့ Volkswagen Beetle ကားေလးထြက္ေပၚလာခဲ့တယ္။ ေစ်းႏႈန္းကိုလည္း အဲ့ဒီအခ်ိန္ခါက ဆိုင္ကယ္တစ္စီးစာေလာက္ ေစ်းႏႈန္းနဲ႕ ေရာင္းခ်ခဲ့တယ္။ လူႀကိဳက္မ်ားခဲ့တဲ့ ကားတစ္စီးလည္း ျဖစ္ခဲ့ပါတယ္။ အခုခ်ိန္ထိလည္း လူႀကိဳက္မ်ားေနဆဲပါပဲ။

Crd,မူရင္းေရးသားသူအားေလးစားစြာျဖင့္