” ရှေးမြန်မာ ၀တ်စားဆင်ယင်ပုံ “

ကုန်းဘောင်ခေတ်

ကုန်းဘောင်ခေတ်​ကို အလောင်းမင်းတရားကြီး​လက်ထက် သက္ကရာဇ် ၁၁၁၃ (အေ၊ဒီ၊ ၁၇၅၂) ခုနှစ်မှ သီပေါမင်း ကုလားပြည်သို့ ပါတော်မူသည့် ၁၂၄၇ (အေ၊ဒီ၊၁၈၈၅) ခုနှစ် အထိ ပိုင်းခြားရပေသည်။

ထိုကုန်းဘောင်ခေတ် အတွင်းမှာလည်း ရွှေဘိုခေတ်၊ စစ်ကိုင်းခေတ်​၊ အင်းဝခေတ်၊ အမရပူရခေတ်၊ မန္တလေးခေတ်​ဟူ၍ ခေတ်ငယ်ကလေးများ ပါဝင်ကြပေသေး၏။ သို့ရာတွင် ဝတ်ဆင်ထုံးဖွဲ့မှုအရာ၌ ထိုခေတ်ကလေးများကိုလိုက်၍ ပြောပလောက်အောင် ကွဲပြားမှုများ မရှိခဲ့ကြပေ။

စင်စစ်အားဖြင့် ပထမအင်းဝခေတ် လက်ကျန်ဖြစ်သော ရင်ကွဲအင်္ကျီနှင့် ရှေ့ကွဲထဘီမူများအပေါ်တွင် အခြေတည်သော မြန်မာ့ဝတ်ဆင်နည်းများသာ ဖြစ်ကြ၍ ခေတ်အလိုက် ပြုပြင်မွမ်းမံမှုများသာ အနည်းငယ်စီ ရှိခဲ့ကြပေသည်။

ပုဂံအာနန္ဒာ အုတ်ကျောင်း​အတွင်းမှ တွေ့ရသော ဆေးရေးကားများမှာ သက်တမ်းအားဖြင့် အင်းဝနှင့် အမရပူရ စပ်ကူးမတ်ကူးအချိန်ဖြစ်သော မြန်မာသက္ကရာဇ် ၁၁၃၇ ခုနှစ်အကြားတွင် ရေးခြယ်ခဲ့သော ဆေးရေးကားများ ဖြစ်ကြ၍ ရှေးအင်းဝခေတ်ကိုလည်း လှမ်းမျှော်နိုင်ပေသည်။

ထိုဆေးရေးကားများတွင် တွေ့ရှိရသည့် ကုန်းဘောင်ခေတ် အမျိုးသမီးများမှာ ဆံထုံးကို ပုဂံခေတ် နမူနာအတိုင်း နောက်တွဲထုံးပြီးလျှင် ပန်းကုံးများဖြင့် ရစ်ပတ်ထားတတ်ကြပေသည်။

အချို့ဆံထုံးများမှာ တစ်ပတ်လျှိုဆံထုံးများနှင့် သဏ္ဌာန်တူပေသည်။ အပေါ်ဝတ်အင်္ကျီမှာ ထိုင်မသိမ်းကဲ့သို့ လက်ကျပ်နှင့် ဖြစ်ပြီးလျှင် တံပတ် သို့မဟုတ် ပုဝါဖြင့် ရစ်ပတ်ထားသည်။

ကချေသည်ပုံမှာ အင်္ကျီပင်မပါဘဲ ရှေ့ကွဲထဘီကို အထက်ဆင့်ရှည်စွာ တပ်ပြီးလျှင် ရင်ရှား၍ ခါးဆီတွင် အနည်းငယ်ခေါက်တင်ပြီး တစ်ချက်ဆွဲလိမ်၍ ဝတ်ဆင်ရ သော ခါးတင်ထိုး ဝတ်နည်းမျိုး တွေ့ရှိရပေသည်။

ဘကြီးတော်ခေတ်နှင့် သက်ဆိုင်သော ဆေးရေးပန်ချီကားများ၌ကား ရင်စီးပုဝါ အသုံးပြုထားသည်ကို တွေ့ရှိနိုင်ပေသည်။ ယင်းမှာ နန်းတွင်းသူတို့ ဝတ်ဆင်နည်းမျိုး ဖြစ်၍ ခါးချပ် ဝတ်ဆင်နည်းဟု ခေါ်ကြသည်။

ရခိုင်ရာဇဝင်လင်္ကာ၌ပါရှိသော ပျူဘွဲ့လင်္ကာ၌ –

ညံ့နုကျောလွတ်၊ ခါးချပ်ဝတ်လျက်၊ ရစ်ပတ်ခါးကြိုး၊ မပတ်ပိုးတည့် ဟူ၍စပ်ဆိုထားသည်နှင့်အညီ ဖြစ်ပေသည်။ အင်္ကျီရင်ကွဲများမှာ ဘကြီးတော်ခေတ်တွင် ရေးခြယ်သော ပန်းချီကားများ၌ ပို၍ထင်ရှားလာပေသည်။ မန္တလေးခေတ်တွင် တွေ့ရလတ္တံ့သော ထိုင်မသိမ်းပုံမျိုးနှင့်လည်း အတော်ပင်နီးကပ်လာပေသည်။

သို့ရာတွင် အင်္ကျီနို့ ခေါ်သော အောက်နားက ပိတ်စပိုင်း ရှည်ရှည်ကလေး နှစ်ခု မပါလာသေးပေ။ စင်စစ်အားဖြင့် ထိုရင်ကွဲအင်္ကျီနှင့် ရှေ့ကွဲထဘီများသည် မန္တလေးခေတ်သို့ရောက်မှ ပို၍အချိုးကျလာပြီးလျှင် သပ်သပ်ရပ်ရပ်လည်း ရှိလာပေသည်။

ထိုမန္တလေးခေတ် အဝတ်အစားများသည် အမျိုးသား အဝတ်အစားအဖြစ်ဖြင့် ယနေ့တိုင် တည်မြဲနေသည်မှာလည်း ဂုဏ်ယူဖွယ်ပင် ဖြစ်သည်။ရတနာပုံ မန္တလေးခေတ်က ရွှေမန်းသူတို့၏ အဆင်အပြင်ကိုရတနာပုံနေပြည်တော် သတင်းစာဆရာကြီး ဘိုးဝဇီရက သူ၏ တောပုဘုရားပွဲဆောင်းပါး၌ ဤသို့စာပန်းချီ ရေးခြယ်ပြခဲ့ပေသည်။

“နွဲ့နောင်းညိုစင်၊ အပျိုခင်တို့၊ ဟိုခွင်တိုင်းဖြစ်၊ လှိုင်းရစ်ဆန်ပုံ၊ ကွမ်းတုံစက်ချိတ်၊ ကွက်မှိတ်ကွက်လွဲ၊ ဖက်ကဲရွှန်းလျှံ၊ လွန်းပျံတိုက်ဆင့်၊ ဝိုက်နှင့်ဘလာ၊ ပြုချက်မှာ၊ :သူ့ထက်ငါ၊ ညာမြေဘောင်၊ ရှာတွေဆောင်၊ သာလေအောင် ဝတ်ထဘီ၊ အင်္ကျီကငွေပွင့်ထိုး၊ ရွှေဆင့်ကြိုးနှစ်ထပ်လိမ်၊ နဂါးပတ်အိမ် သန္တာပေါက်၊ ဇာပြောက်က :အဆန်းဆန်း၊ အခန်းခန်းပျံ့ပြောကြွယ်၊

အံ့ဩဖွယ် ပဝါများမှာ၊ အသားကောင်း၊ အပါးကောင်း၊ အများဒေါင်း အဖိုးတန်၊ အမျိုးမှန် အဆင်ထပ်၊ ကြင်ခပ်နှင့်ရောင်ရှိန်ဖဲ၊ :ပြောင်ထန်ကဲ ကွမ်းတုံဆန်း၊ ပန်းတဲ့ကာရန်းတဲ့ကာ၊ သန်းလဲ့ပြာ မှုန်ညက်ကို၊ စုံမက်ဖွယ်ဆင်ခြုံ၊ နံ့သာ ငွေလွင်မှုံကို၊ ယဉ်ရုံသာ သူတို့၌၊ မူနဂိုရ်မျက်နှာထားနှင့်၊ :တစ်ဖက်သား မြင်သူတို့၊ ဘွင်ဆူလောက်စရာ၊ နော်ဇာနှင့် ရွှေလည်ထပ်၊ ခွေရှည်တပ် ကျောက်ကြိုး၊ နေခြည်ဟပ် ပြောက်ထိုးက၊ တောက်နိုးလုရည်ပေါ်သစ်၊ :ပြည်တော်ဖြစ် မန်းနွယ်၊ ဆန်းကြယ်သော စိန်မြခံ၊ ထိန်ပလျှံ ဆွဲပုတီးကလဲ၊ ဝှဲခြီးလို့မပြောနိုင်၊ အဆိုင်ဆိုင် ဝတ်စားလျက် ဟူ၍ဖြစ်ပေသည်။

ယောက်ျားများဘက်က အဝတ်အစားများမှာ ကုန်းဘောင်ခေတ် အလယ်ပိုင်းလောက်ထိ ရှေးအင်းဝခေတ် လက်ကျအတိုင်း ထုံးကြ၊ ဖွဲ့ကြ၊ ဝတ်ဆင်ကြသည်ကို ထိုခေတ်က ရေးခြယ်ခဲ့သည့် ဆေးရေးကားများ၌ အထင်အရှား တွေ့မြင်နိုင်ပေသည်။

များသောအားဖြင့် ယောက်ျားများသည် အင်္ကျီမဝတ်ဘဲ ပုဆိုးတောင်ရှည် သို့မဟုတ် ဧကနံဝတ်လျက် တွေ့ရသည်။ ရတနာသုံးပါး စသည်များသို့ ဆည်းကပ်သည့်အခါများ၌သာ သိုရင်းပုံဖား လျားဝေသော အင်္ကျီရ္ရှည်ကြီးများ ဝတ်ဆင်ကြသည်ကို တွေ့ရပေသည်။

ထိုခေတ် ကနန်းတော်သားတို့အနက် ကွမ်းရည်တော်၊ လက်ဖက်ရည်တော်​၊ ဖိနပ်တော်​တို့မှာ ပုဆိုးခါးပုံထိုးဝတ်ဆင်၍ ခါးစိုက်ခေါ်သော ထိုင်မသိမ်းအင်္ကျီ​ကို ဝတ်ဆင်ပြီးလျှင် ခေါင်းပေါင်းဖြူ ဖော့လုံးဆင် ကနရန်းထုတ် တစ်စထောင်ပေါင်းကြသည်။

လွှတ်တော်ရုံးတော် အရာရှိတို့မှာ ခေါင်းပေါင်းနှစ်စ အညီထောင်၍ ထိုနှစ်စကို ခပ်ထပ်ထပ်ထားပြီးလျှင် ဆင်ကနရန်းမပါဘဲ တစ်မျိုးအားဖြင့် ရိုးရိုးပေါင်းကြသည်။ စာရေးစာချီတို့မှာ ခေါင်းပေါင်းဖြူပါလျှင် ပြီးရောဆိုသကဲ့သို့ ခပ်လိမ်လိမ်ကျစ်၍ နဖူးထက်၌ ရစ်ပြီးလျှင် တစ်စတိုရှည် ဖြစ်သလိုပေါင်းကြသည်။

ထိုခေတ်က ပဝါစကို လက်ဝဲမှချ၍ ပေါင်းလေ့ရှိသည်။ လက်ယာကထုတ်၍ပေါင်းလျှင် ဘုန်းကြီးလူထွက်ပေါင်းဟု ဆိုကြသည်။ ဤသည်ကိုကား မြန်မာဘုရင်တို့ နောက်ဆုံး စိုးစံသွားသည့် အချိန်ပိုင်းအထိ အနှစ် ၂ဝဝဝ ကျော်မျှသော ခေတ်ကာလအတွင်း၌ မြန်မာတို့ ဝတ်ပုံစားပုံတို့ပေတည်း။

မန္တလေးနောက်ပိုင်းခေတ်မှ ယခုမျက်မှော်ခေတ်အထိ ဖော်ပြခဲ့ပြီးသော မန္တလေးခေတ် အဝတ်အစားများသည် မန္တလေးခေတ် ပျက်သုဉ်းသွားသည်တိုင်အောင် အထက်ပိုင်း မြန်မာနိုင်ငံ၌ ရုတ်တရက် တိမ်ကောသွားခြင်းမရှိသေးဘဲ ၁၅ နှစ်၊ အနှစ် ၂ဝ ခန့်လောက်ထိ တည်မြဲနေသေးသည်ဟု ခန့်မှန်းရပေသည်။

သို့ရာတွင် ခေတ်သစ်ယဉ်ကျေးမှု တို့၏ တစ်စတစ်စ လွှမ်းမိုးခြင်းဒဏ်ကိုကား ကြာရှည်မခံနိုင်ဘဲ ခေတ်ကိုလိုက်၍ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲမှုများ ရှိလာပေးတော့သည်။

ပထမ အင်္ကျီများမှာ ထိုင်မသိမ်းပုံအတိုင်းပင်ဖြစ်၍ ကိုယ်ထည်နှင့်လက်မှာ ဖောင်းပွကြွရွခြင်းမရှိဘဲ အသားနှင့်ကပ်၍ ချပ်ချပ်ရပ်ရပ် ရှိလှပေသည်။

ဤကဲ့သို့သော အင်္ကျီမျိုးမှ ယခုခေတ်နှင့်စာလျှင် လုံခြုံသိပ်သည်းဟန်ရှိသော လက်ဝကျယ်၍ ကိုယ်ထည်ပွသည့် တရုတ်ပုံ ရင်စိရင်ဖုံးအင်္ကျီမျိုးသို့ ကူးပြောင်းလိုက်ကြရသည်။ သို့ရာတွင် ထဘီမှာ ရှေးမူအတိုင်းပင်ရှိသေး၍ မြေတွင် ဒရင့်တိုက်လျက် ရှိနေဆဲပင်ဖြစ်သည်။

ဆံထုံးမှာလည်း မနိမ့်လွန်း မမြင့်လွန်းတွင် ထောင့်ညီသောမဟာနဖူးနှင့် ပနံစားတုန်းပင် ဖြစ်သည်။ ထိုဆံထုံးနှင့် ထိုအင်္ကျီ၊ ထိုထဘီတို့မှာ ထိုခေတ်က အဆင်ပြေစွာ လိုက်လျောတုန်းပင်ရှိသေးသည်။

သို့ရာတွင် တစ်နေ့တခြား တိုးတက်ပြောင်းလဲ လျက်ရှိသောခေတ်ကြီးကိုကား ထိုရှေးဆန်လှသေးသော အဆင်အပြင်မျိုးသည် ကြာကြာမဖက်ပြိုင်နိုင်ရှာပေ။မကြာမီ လက်လျှော့သောအားဖြင့် ပြောင်တင်းတင်း နိုင်လှသော မဟာနဖူးကို ဆံယဉ်စကလေးများဖြင့် ဖုံးလွှမ်းလိုက်ပြီးသော် ဆံထုံးကိုလည်း အတော်အတန်မြင့်လာအောင် မြှင့်တင်လိုက် ကြရပေသည်။

ဝန်အင်္ကျီလက်ကဲ့သို့သော အဝကျယ်လှသည့် လက်ကိုလည်း အလောတော်အောင် ပြုပြင်လိုက်ပြီးနောက် ကသီကရီနိုင်လှသော ရှေးထဘီ နေရာကိုလည်း ခေတ်လုံကွင်းဖြင့် အစားထိုးလိုက်ရပေသည်။

ဤခေတ် အဝတ်အစားသည်ပင် နောက်တစ်နှစ်၌ ခေတ်မမီနိုင်လောက်အောင် လျင်မြန်လှသော လေယာဉ်ပျံခေတ်၊ မော်တော်ကားခေတ်ကြီး ဖြစ်နေသဖြင့် ယခင်ခေတ်ဟောင်းက အနှစ်တစ်ရာမှ တစ်ခါလောက်ပြုပြင်ပြောင်းလဲမှု ရှိခဲ့သော မြန်မာ့အဝတ်အစားများသည် ယခုခေတ်သစ်တွင် ၁ဝ နှစ်တစ်ကြိမ်လောက် ပြောင်းလဲပေးခဲ့ရခြင်းအားဖြင့် ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီ အချိန်ပိုင်း၌ ပါးနိုင်၊ ကျပ်နိုင်၊ တိုနိုင်မှ ခေတ်မီရမည်ကဲ့သို့ ဖြစ်ခဲ့ပေသည်။

စစ်ပြီး ဒီဘက်ခေတ်တွင်ကား ထုံးဖွဲ့မှုတွင် အမောက်၊ ဝတ်ဆင်မှုတွင် နိုင်လွန်ဟူ၍ ခေတ်စားလာပြန်သည်။ အင်္ကျီများမှာ ယခင်စစ်မဖြစ်မီခေတ်ကထက်ပင် ပါးကျပ်တိုလာရုံမျှမက နိုင်လွန်လက်ပြတ်အင်္ကျီများပင် ခေတ်စားလာခဲ့ပေသည်။ဖိနပ်ဖက်ကလည်း ကတ္တီပါပုံတော်ခေတ်မှ ခွာမြင့်သော ရှုတိုင်းယဉ်ဖိနပ်ဆန်းများ ခေတ်သို့ ကူးပြောင်းခဲ့ပေသည်။

ယောက်ျားများဘက်ကလည်း မြန်မာ့ဦးစွန်း သျှောင်များမှ ဗိုလ်ကေသို့၎င်း၊ ပုဆိုးတောင်ရှည်မှ လုံချည် လုံကွင်းအဖြစ်သို့၎င်း ပြောင်းလဲခဲ့၍ စစ်ပြီး ဒီဘက်ခေတ်တွင်ကား ဘောင်းဘီဝတ်မြန်မာ ယောက်ျားများပင် အတော်ပေါလာသည်ကို တွေ့ရပေသည်။

အင်္ကျီဘက်ကလည်း ဝတ်ရိုးဝတ်စဉ်ဖြစ်သော အပေါ်ဝတ်တိုက်ပုံ၊ အတွင်းခံရှပ်၊ ချွေးခံစွပ်ကျယ်များအပြင် စစ်ပြီးဤဘက်တွင်ကား အပြင်ထုတ်၍ ဝတ်ရသော ဟာဝေယန်ရှပ်များပင် ခေတ်အလိုက် ပြုပြင်ပြောင်းလဲမှုများ တစ်ခုပြီးတစ်ခု ပေါ်လာကြဦးမည်ဖြစ်ပေရာ စောင့်၍ကြည့်ရှုမှတ်သားရပေဦးမည်။​[၁]

ကိုးကား
↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂) အကျဥ်း

Crd,…ဝီကီပီးဒီးယား

Zawgyi
ကုန္းေဘာင္ေခတ္

ကုန္းေဘာင္ေခတ္ကို အေလာင္းမင္းတရားႀကီးလက္ထက္ သကၠရာဇ္ ၁၁၁၃ (ေအ၊ဒီ၊ ၁၇၅၂) ခုႏွစ္မွ သီေပါမင္း ကုလားျပည္သို႔ ပါေတာ္မူသည့္ ၁၂၄၇ (ေအ၊ဒီ၊၁၈၈၅) ခုႏွစ္ အထိ ပိုင္းျခားရေပသည္။

ထိုကုန္းေဘာင္ေခတ္ အတြင္းမွာလည္း ေ႐ႊဘိုေခတ္၊ စစ္ကိုင္းေခတ္၊ အင္းဝေခတ္၊ အမရပူရေခတ္၊ မႏၱေလးေခတ္ဟူ၍ ေခတ္ငယ္ကေလးမ်ား ပါဝင္ၾကေပေသး၏။ သို႔ရာတြင္ ဝတ္ဆင္ထုံးဖြဲ႕မႈအရာ၌ ထိုေခတ္ကေလးမ်ားကိုလိုက္၍ ေျပာပေလာက္ေအာင္ ကြဲျပားမႈမ်ား မရွိခဲ့ၾကေပ။

စင္စစ္အားျဖင့္ ပထမအင္းဝေခတ္ လက္က်န္ျဖစ္ေသာ ရင္ကြဲအကၤ်ီႏွင့္ ေရွ႕ကြဲထဘီမူမ်ားအေပၚတြင္ အေျခတည္ေသာ ျမန္မာ့ဝတ္ဆင္နည္းမ်ားသာ ျဖစ္ၾက၍ ေခတ္အလိုက္ ျပဳျပင္မြမ္းမံမႈမ်ားသာ အနည္းငယ္စီ ရွိခဲ့ၾကေပသည္။

ပုဂံအာနႏၵာ အုတ္ေက်ာင္းအတြင္းမွ ေတြ႕ရေသာ ေဆးေရးကားမ်ားမွာ သက္တမ္းအားျဖင့္ အင္းဝႏွင့္ အမရပူရ စပ္ကူးမတ္ကူးအခ်ိန္ျဖစ္ေသာ ျမန္မာသကၠရာဇ္ ၁၁၃၇ ခုႏွစ္အၾကားတြင္ ေရးျခယ္ခဲ့ေသာ ေဆးေရးကားမ်ား ျဖစ္ၾက၍ ေရွးအင္းဝေခတ္ကိုလည္း လွမ္းေမွ်ာ္နိုင္ေပသည္။

ထိုေဆးေရးကားမ်ားတြင္ ေတြ႕ရွိရသည့္ ကုန္းေဘာင္ေခတ္ အမ်ိဳးသမီးမ်ားမွာ ဆံထုံးကို ပုဂံေခတ္ နမူနာအတိုင္း ေနာက္တြဲထုံးၿပီးလွ်င္ ပန္းကုံးမ်ားျဖင့္ ရစ္ပတ္ထားတတ္ၾကေပသည္။

အခ်ိဳ႕ဆံထုံးမ်ားမွာ တစ္ပတ္လွ်ိုဆံထုံးမ်ားႏွင့္ သဏၭာန္တူေပသည္။ အေပၚဝတ္အကၤ်ီမွာ ထိုင္မသိမ္းကဲ့သို႔ လက္က်ပ္ႏွင့္ ျဖစ္ၿပီးလွ်င္ တံပတ္ သို႔မဟုတ္ ပုဝါျဖင့္ ရစ္ပတ္ထားသည္။

ကေခ်သည္ပုံမွာ အကၤ်ီပင္မပါဘဲ ေရွ႕ကြဲထဘီကို အထက္ဆင့္ရွည္စြာ တပ္ၿပီးလွ်င္ ရင္ရွား၍ ခါးဆီတြင္ အနည္းငယ္ေခါက္တင္ၿပီး တစ္ခ်က္ဆြဲလိမ္၍ ဝတ္ဆင္ရ ေသာ ခါးတင္ထိုး ဝတ္နည္းမ်ိဳး ေတြ႕ရွိရေပသည္။

ဘႀကီးေတာ္ေခတ္ႏွင့္ သက္ဆိုင္ေသာ ေဆးေရးပန္ခ်ီကားမ်ား၌ကား ရင္စီးပုဝါ အသုံးျပဳထားသည္ကို ေတြ႕ရွိနိုင္ေပသည္။ ယင္းမွာ နန္းတြင္းသူတို႔ ဝတ္ဆင္နည္းမ်ိဳး ျဖစ္၍ ခါးခ်ပ္ ဝတ္ဆင္နည္းဟု ေခၚၾကသည္။

ရခိုင္ရာဇဝင္လကၤာ၌ပါရွိေသာ ပ်ဴဘြဲ႕လကၤာ၌ –

ညံ့ႏုေက်ာလြတ္၊ ခါးခ်ပ္ဝတ္လ်က္၊ ရစ္ပတ္ခါးႀကိဳး၊ မပတ္ပိုးတည့္ ဟူ၍စပ္ဆိုထားသည္ႏွင့္အညီ ျဖစ္ေပသည္။ အကၤ်ီရင္ကြဲမ်ားမွာ ဘႀကီးေတာ္ေခတ္တြင္ ေရးျခယ္ေသာ ပန္းခ်ီကားမ်ား၌ ပို၍ထင္ရွားလာေပသည္။ မႏၱေလးေခတ္တြင္ ေတြ႕ရလတၱံ့ေသာ ထိုင္မသိမ္းပုံမ်ိဳးႏွင့္လည္း အေတာ္ပင္နီးကပ္လာေပသည္။

သို႔ရာတြင္ အကၤ်ီနို႔ ေခၚေသာ ေအာက္နားက ပိတ္စပိုင္း ရွည္ရွည္ကေလး ႏွစ္ခု မပါလာေသးေပ။ စင္စစ္အားျဖင့္ ထိုရင္ကြဲအကၤ်ီႏွင့္ ေရွ႕ကြဲထဘီမ်ားသည္ မႏၱေလးေခတ္သို႔ေရာက္မွ ပို၍အခ်ိဳးက်လာၿပီးလွ်င္ သပ္သပ္ရပ္ရပ္လည္း ရွိလာေပသည္။

ထိုမႏၱေလးေခတ္ အဝတ္အစားမ်ားသည္ အမ်ိဳးသား အဝတ္အစားအျဖစ္ျဖင့္ ယေန႕တိုင္ တည္ၿမဲေနသည္မွာလည္း ဂုဏ္ယူဖြယ္ပင္ ျဖစ္သည္။ရတနာပုံ မႏၱေလးေခတ္က ေ႐ႊမန္းသူတို႔၏ အဆင္အျပင္ကိုရတနာပုံေနျပည္ေတာ္ သတင္းစာဆရာႀကီး ဘိုးဝဇီရက သူ၏ ေတာပုဘုရားပြဲေဆာင္းပါး၌ ဤသို႔စာပန္းခ်ီ ေရးျခယ္ျပခဲ့ေပသည္။

“ႏြဲ႕ေနာင္းညိုစင္၊ အပ်ိဳခင္တို႔၊ ဟိုခြင္တိုင္းျဖစ္၊ လွိုင္းရစ္ဆန္ပုံ၊ ကြမ္းတုံစက္ခ်ိတ္၊ ကြက္မွိတ္ကြက္လြဲ၊ ဖက္ကဲ႐ႊန္းလွ်ံ၊ လြန္းပ်ံတိုက္ဆင့္၊ ဝိုက္ႏွင့္ဘလာ၊ ျပဳခ်က္မွာ၊ :သူ႕ထက္ငါ၊ ညာေျမေဘာင္၊ ရွာေတြေဆာင္၊ သာေလေအာင္ ဝတ္ထဘီ၊ အကၤ်ီကေငြပြင့္ထိုး၊ ေ႐ႊဆင့္ႀကိဳးႏွစ္ထပ္လိမ္၊ နဂါးပတ္အိမ္ သႏၱာေပါက္၊ ဇာေျပာက္က :အဆန္းဆန္း၊ အခန္းခန္းပ်ံ့ေျပာႂကြယ္၊

အံ့ဩဖြယ္ ပဝါမ်ားမွာ၊ အသားေကာင္း၊ အပါးေကာင္း၊ အမ်ားေဒါင္း အဖိုးတန္၊ အမ်ိဳးမွန္ အဆင္ထပ္၊ ၾကင္ခပ္ႏွင့္ေရာင္ရွိန္ဖဲ၊ :ေျပာင္ထန္ကဲ ကြမ္းတုံဆန္း၊ ပန္းတဲ့ကာရန္းတဲ့ကာ၊ သန္းလဲ့ျပာ မႈန္ညက္ကို၊ စုံမက္ဖြယ္ဆင္ၿခဳံ၊ နံ႕သာ ေငြလြင္မႈံကို၊ ယဥ္႐ုံသာ သူတို႔၌၊ မူနဂိုရ္မ်က္ႏွာထားႏွင့္၊ :တစ္ဖက္သား ျမင္သူတို႔၊ ဘြင္ဆူေလာက္စရာ၊ ေနာ္ဇာႏွင့္ ေ႐ႊလည္ထပ္၊ ေခြရွည္တပ္ ေက်ာက္ႀကိဳး၊ ေနျခည္ဟပ္ ေျပာက္ထိုးက၊ ေတာက္နိုးလုရည္ေပၚသစ္၊ :ျပည္ေတာ္ျဖစ္ မန္းႏြယ္၊ ဆန္းၾကယ္ေသာ စိန္ျမခံ၊ ထိန္ပလွ်ံ ဆြဲပုတီးကလဲ၊ ဝွဲၿခီးလို႔မေျပာနိုင္၊ အဆိုင္ဆိုင္ ဝတ္စားလ်က္ ဟူ၍ျဖစ္ေပသည္။

ေယာက္်ားမ်ားဘက္က အဝတ္အစားမ်ားမွာ ကုန္းေဘာင္ေခတ္ အလယ္ပိုင္းေလာက္ထိ ေရွးအင္းဝေခတ္ လက္က်အတိုင္း ထုံးၾက၊ ဖြဲ႕ၾက၊ ဝတ္ဆင္ၾကသည္ကို ထိုေခတ္က ေရးျခယ္ခဲ့သည့္ ေဆးေရးကားမ်ား၌ အထင္အရွား ေတြ႕ျမင္နိုင္ေပသည္။

မ်ားေသာအားျဖင့္ ေယာက္်ားမ်ားသည္ အကၤ်ီမဝတ္ဘဲ ပုဆိုးေတာင္ရွည္ သို႔မဟုတ္ ဧကနံဝတ္လ်က္ ေတြ႕ရသည္။ ရတနာသုံးပါး စသည္မ်ားသို႔ ဆည္းကပ္သည့္အခါမ်ား၌သာ သိုရင္းပုံဖား လ်ားေဝေသာ အင်္ကျီရ္ရှည်ကြီးများ ဝတ္ဆင္ၾကသည္ကို ေတြ႕ရေပသည္။

ထိုေခတ္ ကနန္းေတာ္သားတို႔အနက္ ကြမ္းရည္ေတာ္၊ လက္ဖက္ရည္ေတာ္၊ ဖိနပ္ေတာ္တို႔မွာ ပုဆိုးခါးပုံထိုးဝတ္ဆင္၍ ခါးစိုက္ေခၚေသာ ထိုင္မသိမ္းအကၤ်ီကို ဝတ္ဆင္ၿပီးလွ်င္ ေခါင္းေပါင္းျဖဴ ေဖာ့လုံးဆင္ ကနရန္းထုတ္ တစ္စေထာင္ေပါင္းၾကသည္။

လႊတ္ေတာ္႐ုံးေတာ္ အရာရွိတို႔မွာ ေခါင္းေပါင္းႏွစ္စ အညီေထာင္၍ ထိုႏွစ္စကို ခပ္ထပ္ထပ္ထားၿပီးလွ်င္ ဆင္ကနရန္းမပါဘဲ တစ္မ်ိဳးအားျဖင့္ ရိုးရိုးေပါင္းၾကသည္။ စာေရးစာခ်ီတို႔မွာ ေခါင္းေပါင္းျဖဴပါလွ်င္ ၿပီးေရာဆိုသကဲ့သို႔ ခပ္လိမ္လိမ္က်စ္၍ နဖူးထက္၌ ရစ္ၿပီးလွ်င္ တစ္စတိုရွည္ ျဖစ္သလိုေပါင္းၾကသည္။

ထိုေခတ္က ပဝါစကို လက္ဝဲမွခ်၍ ေပါင္းေလ့ရွိသည္။ လက္ယာကထုတ္၍ေပါင္းလွ်င္ ဘုန္းႀကီးလူထြက္ေပါင္းဟု ဆိုၾကသည္။ ဤသည္ကိုကား ျမန္မာဘုရင္တို႔ ေနာက္ဆုံး စိုးစံသြားသည့္ အခ်ိန္ပိုင္းအထိ အႏွစ္ ၂ဝဝဝ ေက်ာ္မွ်ေသာ ေခတ္ကာလအတြင္း၌ ျမန္မာတို႔ ဝတ္ပုံစားပုံတို႔ေပတည္း။

မႏၱေလးေနာက္ပိုင္းေခတ္မွ ယခုမ်က္ေမွာ္ေခတ္အထိ ေဖာ္ျပခဲ့ၿပီးေသာ မႏၱေလးေခတ္ အဝတ္အစားမ်ားသည္ မႏၱေလးေခတ္ ပ်က္သုဥ္းသြားသည္တိုင္ေအာင္ အထက္ပိုင္း ျမန္မာနိုင္ငံ၌ ႐ုတ္တရက္ တိမ္ေကာသြားျခင္းမရွိေသးဘဲ ၁၅ ႏွစ္၊ အႏွစ္ ၂ဝ ခန႔္ေလာက္ထိ တည္ၿမဲေနေသးသည္ဟု ခန႔္မွန္းရေပသည္။

သို႔ရာတြင္ ေခတ္သစ္ယဥ္ေက်းမႈ တို႔၏ တစ္စတစ္စ လႊမ္းမိုးျခင္းဒဏ္ကိုကား ၾကာရွည္မခံနိုင္ဘဲ ေခတ္ကိုလိုက္၍ တျဖည္းျဖည္း ျပဳျပင္ေျပာင္းလဲမႈမ်ား ရွိလာေပးေတာ့သည္။

ပထမ အကၤ်ီမ်ားမွာ ထိုင္မသိမ္းပုံအတိုင္းပင္ျဖစ္၍ ကိုယ္ထည္ႏွင့္လက္မွာ ေဖာင္းပြႂကြ႐ြျခင္းမရွိဘဲ အသားႏွင့္ကပ္၍ ခ်ပ္ခ်ပ္ရပ္ရပ္ ရွိလွေပသည္။

ဤကဲ့သို႔ေသာ အကၤ်ီမ်ိဳးမွ ယခုေခတ္ႏွင့္စာလွ်င္ လုံၿခဳံသိပ္သည္းဟန္ရွိေသာ လက္ဝက်ယ္၍ ကိုယ္ထည္ပြသည့္ တ႐ုတ္ပုံ ရင္စိရင္ဖုံးအကၤ်ီမ်ိဳးသို႔ ကူးေျပာင္းလိုက္ၾကရသည္။ သို႔ရာတြင္ ထဘီမွာ ေရွးမူအတိုင္းပင္ရွိေသး၍ ေျမတြင္ ဒရင့္တိုက္လ်က္ ရွိေနဆဲပင္ျဖစ္သည္။

ဆံထုံးမွာလည္း မနိမ့္လြန္း မျမင့္လြန္းတြင္ ေထာင့္ညီေသာမဟာနဖူးႏွင့္ ပနံစားတုန္းပင္ ျဖစ္သည္။ ထိုဆံထုံးႏွင့္ ထိုအကၤ်ီ၊ ထိုထဘီတို႔မွာ ထိုေခတ္က အဆင္ေျပစြာ လိုက္ေလ်ာတုန္းပင္ရွိေသးသည္။

သို႔ရာတြင္ တစ္ေန႕တျခား တိုးတက္ေျပာင္းလဲ လ်က္ရွိေသာေခတ္ႀကီးကိုကား ထိုေရွးဆန္လွေသးေသာ အဆင္အျပင္မ်ိဳးသည္ ၾကာၾကာမဖက္ၿပိဳင္နိုင္ရွာေပ။မၾကာမီ လက္ေလွ်ာ့ေသာအားျဖင့္ ေျပာင္တင္းတင္း နိုင္လွေသာ မဟာနဖူးကို ဆံယဥ္စကေလးမ်ားျဖင့္ ဖုံးလႊမ္းလိုက္ၿပီးေသာ္ ဆံထုံးကိုလည္း အေတာ္အတန္ျမင့္လာေအာင္ ျမႇင့္တင္လိုက္ ၾကရေပသည္။

ဝန္အကၤ်ီလက္ကဲ့သို႔ေသာ အဝက်ယ္လွသည့္ လက္ကိုလည္း အေလာေတာ္ေအာင္ ျပဳျပင္လိုက္ၿပီးေနာက္ ကသီကရီနိုင္လွေသာ ေရွးထဘီ ေနရာကိုလည္း ေခတ္လုံကြင္းျဖင့္ အစားထိုးလိုက္ရေပသည္။

ဤေခတ္ အဝတ္အစားသည္ပင္ ေနာက္တစ္ႏွစ္၌ ေခတ္မမီနိုင္ေလာက္ေအာင္ လ်င္ျမန္လွေသာ ေလယာဥ္ပ်ံေခတ္၊ ေမာ္ေတာ္ကားေခတ္ႀကီး ျဖစ္ေနသျဖင့္ ယခင္ေခတ္ေဟာင္းက အႏွစ္တစ္ရာမွ တစ္ခါေလာက္ျပဳျပင္ေျပာင္းလဲမႈ ရွိခဲ့ေသာ ျမန္မာ့အဝတ္အစားမ်ားသည္ ယခုေခတ္သစ္တြင္ ၁ဝ ႏွစ္တစ္ႀကိမ္ေလာက္ ေျပာင္းလဲေပးခဲ့ရျခင္းအားျဖင့္ ဒုတိယကမၻာစစ္ႀကီးမျဖစ္မီ အခ်ိန္ပိုင္း၌ ပါးနိုင္၊ က်ပ္နိုင္၊ တိုနိုင္မွ ေခတ္မီရမည္ကဲ့သို႔ ျဖစ္ခဲ့ေပသည္။

စစ္ၿပီး ဒီဘက္ေခတ္တြင္ကား ထုံးဖြဲ႕မႈတြင္ အေမာက္၊ ဝတ္ဆင္မႈတြင္ နိုင္လြန္ဟူ၍ ေခတ္စားလာျပန္သည္။ အကၤ်ီမ်ားမွာ ယခင္စစ္မျဖစ္မီေခတ္ကထက္ပင္ ပါးက်ပ္တိုလာ႐ုံမွ်မက နိုင္လြန္လက္ျပတ္အကၤ်ီမ်ားပင္ ေခတ္စားလာခဲ့ေပသည္။ဖိနပ္ဖက္ကလည္း ကတၱီပါပုံေတာ္ေခတ္မွ ခြာျမင့္ေသာ ရႈတိုင္းယဥ္ဖိနပ္ဆန္းမ်ား ေခတ္သို႔ ကူးေျပာင္းခဲ့ေပသည္။

ေယာက္်ားမ်ားဘက္ကလည္း ျမန္မာ့ဦးစြန္း ေသွ်ာင္မ်ားမွ ဗိုလ္ေကသို႔၎၊ ပုဆိုးေတာင္ရွည္မွ လုံခ်ည္ လုံကြင္းအျဖစ္သို႔၎ ေျပာင္းလဲခဲ့၍ စစ္ၿပီး ဒီဘက္ေခတ္တြင္ကား ေဘာင္းဘီဝတ္ျမန္မာ ေယာက္်ားမ်ားပင္ အေတာ္ေပါလာသည္ကို ေတြ႕ရေပသည္။

အကၤ်ီဘက္ကလည္း ဝတ္ရိုးဝတ္စဥ္ျဖစ္ေသာ အေပၚဝတ္တိုက္ပုံ၊ အတြင္းခံရွပ္၊ ေခြၽးခံစြပ္က်ယ္မ်ားအျပင္ စစ္ၿပီးဤဘက္တြင္ကား အျပင္ထုတ္၍ ဝတ္ရေသာ ဟာေဝယန္ရွပ္မ်ားပင္ ေခတ္အလိုက္ ျပဳျပင္ေျပာင္းလဲမႈမ်ား တစ္ခုၿပီးတစ္ခု ေပၚလာၾကဦးမည္ျဖစ္ေပရာ ေစာင့္၍ၾကည့္ရႈမွတ္သားရေပဦးမည္။[၁]

ကိုးကား
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၂) အက်ဥ္း

Crd,…ဝီကီပီးဒီးယား