ဂျပန်ရောက်နေတဲ့ ဦးလေးတယောက်က ပြောတယ်..
ဂျပန်တွေက တာရှည်ခံဆေးတွေသုံးပြီး လုပ်ထားတဲ့ ဖျော်ရည်စိမ် ပုလင်းတွေ မသောက်ဘူး.. ဓာတုလွတ် အသီးဖျော်ရည် ကိုယ်တိုင်စိမ်စားတယ်..
ရေခဲသေတ္တာထဲထည့်ထားရင် လ တော်တော်ကြာကြာ အထားခံတယ် ပြောလို့ စမ်းလုပ်ကြည့်လိုက်တာ ရှယ်ဘဲ..
လုပ်နည်းလေးက အလွယ်လေးပါရှင့်..
နာနတ်သီးကို ကိုယ့်စိတ်ကြိုက်အနေတော် အတုံးလေးတွေလှီး ဆားနဲ့ပွတ် ရေဆေးချတယ်..
နောက်တစ်ထပ် သံပရာသီးလေးနဲ့ထပ်ပြီးပွတ်တယ်.. ပြီးမှ ကျမကတော့ ရေနဲ့ မပြောင်တပြောင်လေး ဆေးချလိုက်ပါတယ်..
ဖျော်ရည်အရသာမှာ အချဉ်ဓာတ်လေးပါပြီး ချိုချဉ်လေး ဖြစ်ချင်လို့ပါ..
ရေဆေးပြီးရင် နာနတ်သီးကို ဖန်ပုလင်းထဲ ထည့်၊ သကြားကို အနေတော်လေး အရည်ကျို အအေးခံပြီး နာနတ်သီးမြုပ်တဲ့ထိ လောင်းထည့် အဖုံးပိတ်ကာ ရေခဲသေတ္တာထဲထည့် ထားလိုက်ရုံပါဘဲ..
၃,၄ ရက်လောက်နေတော့ အရည်ထဲမှာ နာနတ်သီး သံပရာသီး အရသာလေးနဲ့ ချိုချဉ်လေး ဖြစ်သွားပါတယ်..
နာနတ်သီးအဖတ်လေးကလည်း ကျွတ်ကျွတ်လေးနဲ့ ရှယ်ပါဘဲ.. ထမင်းစားပြီးတိုင်း အချိုတည်းလို့ရတယ်.. အကုန်ကျလဲ သက်သာ နာနတ်သီးတုံးခါနီးရင် အများကြီး လုပ်ထားဖြစ်တယ်..
သကြားက အရည်ကျဲလေးကို ကိုယ်ကြိုက်တဲ့ အချိုအနေထားလေးဘဲ ကျိုပါတယ်.. ဆီချိုဖြစ်မှာကြောက်လို့.
Crd,(Nyein Nyein Ei)
Zawgyi
ဂ်ပန္ေရာက္ေနတဲ့ ဦးေလးတေယာက္က ေျပာတယ္..
ဂ်ပန္ေတြက တာရွည္ခံေဆးေတြသုံးၿပီး လုပ္ထားတဲ့ ေဖ်ာ္ရည္စိမ္ ပုလင္းေတြ မေသာက္ဘူး.. ဓာတုလြတ္ အသီးေဖ်ာ္ရည္ ကိုယ္တိုင္စိမ္စားတယ္..
ေရခဲေသတၱာထဲထည့္ထားရင္ လ ေတာ္ေတာ္ၾကာၾကာ အထားခံတယ္ ေျပာလို႔ စမ္းလုပ္ၾကည့္လိုက္တာ ရွယ္ဘဲ..
လုပ္နည္းေလးက အလြယ္ေလးပါရွင့္..
နာနတ္သီးကို ကိုယ့္စိတ္ႀကိဳက္အေနေတာ္ အတုံးေလးေတြလွီး ဆားနဲ႕ပြတ္ ေရေဆးခ်တယ္..
ေနာက္တစ္ထပ္ သံပရာသီးေလးနဲ႕ထပ္ၿပီးပြတ္တယ္.. ၿပီးမွ က်မကေတာ့ ေရနဲ႕ မေျပာင္တေျပာင္ေလး ေဆးခ်လိဳက္ပါတယ္..
ေဖ်ာ္ရည္အရသာမွာ အခ်ဥ္ဓာတ္ေလးပါၿပီး ခ်ိဳခ်ဥ္ေလး ျဖစ္ခ်င္လို႔ပါ..
ေရေဆးၿပီးရင္ နာနတ္သီးကို ဖန္ပုလင္းထဲ ထည့္၊ သၾကားကို အေနေတာ္ေလး အရည္က်ိဳ အေအးခံၿပီး နာနတ္သီးျမဳပ္တဲ့ထိ ေလာင္းထည့္ အဖုံးပိတ္ကာ ေရခဲေသတၱာထဲထည့္ ထားလိုက္႐ုံပါဘဲ..
၃,၄ ရက္ေလာက္ေနေတာ့ အရည္ထဲမွာ နာနတ္သီး သံပရာသီး အရသာေလးနဲ႕ ခ်ိဳခ်ဥ္ေလး ျဖစ္သြားပါတယ္..
နာနတ္သီးအဖတ္ေလးကလည္း ကြၽတ္ကြၽတ္ေလးနဲ႕ ရွယ္ပါဘဲ.. ထမင္းစားၿပီးတိုင္း အခ်ိဳတည္းလို႔ရတယ္.. အကုန္က်လဲ သက္သာ နာနတ္သီးတုံးခါနီးရင္ အမ်ားႀကီး လုပ္ထားျဖစ္တယ္..
သၾကားက အရည္က်ဲေလးကို ကိုယ္ႀကိဳက္တဲ့ အခ်ိဳအေနထားေလးဘဲ က်ိဳပါတယ္.. ဆီခ်ိဳျဖစ္မွာေၾကာက္လို႔.
Crd,(Nyein Nyein Ei)