ဇွန်ဘီ (ခေါ်) “Nematomorpha” ကပ်ပါးကောင်..
Nematomorpha မနေ့တနေ့က ဖေ့ဘုတ်ပေါ် video အပိုင်းလေးတခု တွေ့လိုက်ရတယ်.. ကြိုးရှည်ရှည်လို အရာလေးက လှုပ်ရှားနေပြီး နွယ်ရှင် ဆိုတဲ့ ဗီဒီယိုတွေ။
ဘာရေးထားလဲ ဆိုတော့ “ကြုံတောင့်ကြုံခဲ နွယ်ရှင်လေးပါ မြင်တွေ့ရအောင် တင်ပေးလိုက်တယ်” ဆိုတာလေး အယုံလွယ်သူတွေကို မသိတဲ့သူအပေါ် မသိတဲ့သူက ပြန်ပြီး အသိမှားတွေ ရိုက်သွင်းတာ မြင်လိုက်ရတော့ အတော်လေးစိတ်ပျက်မိတယ်.. တကယ်တော့ နွယ်ရှင် မဟုတ်ပဲ ကပ်ပါးကောင်တမျိုးသာ ဖြစ်တယ်။
သူ့ကို နယ်မာတိုမိုဖာ လို့ခေါ်တယ်။ ဒီ Nematomorpha လေးတွေဟာ ပျမ်းမျှအားဖြင့် 20 စင်တီမီတာ ကနေ 40 စင်တီမီတာ ခွဲထိ ရှည်ပါတယ်.. သူကို တနည်းအားဖြင့် Horsehair Worms (သို့) ဂေါ်ဒီးယန်း ကောင်တွေလို့လဲ ခေါ်သေးတယ်။
သေချာကြည့်ရင် ထိပ်ပိုင်းမှာ အမဲရောင်သမ်းနေတဲ့ ဦးခေါင်လေးကို မြင်ရမှာပါ။ အရွယ်ရောက်ပြီးသား ဒီကောင်လေးတွေကို များသောအားဖြင့် ရေကန်တွေ စမ်းချောင်းငယ်တွေ စတဲ့ စိုစွတ်တဲ့နေရာဒေသတွေမှာ တွေ့ရတတ်တယ်။

ဒီ Nematomorpha ဆိုတဲ့ ကောင်တွေ ဘယ်လို ရှင်သန် ပေါက်ဖွား လဲဆိုတော့ ဥ သန္ဓေ ပိုးလောင်းအဆင့်မှာရှိနေသေးတဲ့ ပိုးဟပ်တွေ ၊ ပုရစ်တွေ၊ နှံကောင်တွေ၊ ဓားခုတ်ကောင် (သို့) ရှိခိုးကောင်တွေ အပေါ် ချွန်ထက်တဲ့သူတို့ရဲ့ဦးခေါင်းကို အသုံးပြုကာ လက်ခံကောင်ရဲ့ ကိုယ်တွင်းကို ဝင်ရောက်သွားတာဖြစ်ပါတယ်။
လက်ခံကောင်တွေဟာ ပိုးလောင်းဘဝ အဆင့်ကနေ ကူးပြောင်းပြီး အင်းဆက်တွေဖြစ်လာခဲ့ချိန်မှာတော့ ကပ်ပါးကောင်ဟာ သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ရောက်ရှိနေခဲ့ပါပြီ။
ဒီ လက်ခံကောင် အင်းဆက်တွေ ရှာဖွေစားသောက်တဲ့ အစားအစာတွေကနေတဆင့် သူတို့ရဲ့ အဟာရကို ကပ်ပါးကောင်တွေက ရယူစားသုံးကြတယ်။ ဒီလိုနဲ့ ခန္ဓာကိုယ် ထဲက ကပ်ပါးကောင်ဟာ တဖြည်းဖြည်းကြီးထွားလာချိန်မှာတော့ လက်ခံကောင်ရဲ့ ခန္ဓာကိုယ်ထဲကနေ အပြင်ကို ထွက်ဖို့ စတင် ကြိုးစားလာပါတော့တယ်။
ဒီကပ်ပါကောင်တွေ ဘယ်လိုကြိုးစားလဲဆိုတော့ လက်ခံကောင်ဟာ ကုန်းပေါ်မှာပဲ အမြဲနေတာဖြစ်တဲ့အတွက် သူတို့က ဒီအတိုင် ထွက်မို့ မလွယ်ပါဘူး။ အရင်ဆုံးသူတို့ဟာ လက်ခံကောင်ကို ရေရှိတဲ့နေရာကို သွားခိုင်းပါတယ်။ ကပ်ပါးကောင်ဟာ လက်ခံကောင်တွေရဲ့ ခန္ဓာကိုယ် ဦးနှောက်က ဓာတုဟော်မုန်းပစ္စည်းတွေကို မြှင့်တင်ပေးခြင်းဖြင့် ချုပ်ကိုင် ထိန်းချုပ်ပြီး ရေရှိတဲ့နေရာကို သွားစေတာပဲဖြစ်ပါတယ်။
ကိုယ်ပိုင်ထိန်းချုပ်မှုမဲ့သွားတဲ့ လက်ခံကောင်တွေဟာ ရေရှိရာကို သွားရပြီး ရေထဲရောက်ချိန်မှာတော့ ကပ်ပါးကောင်ဟာ ထိုးထွက်လာပါတော့တယ်။ ဒီအခါမှာတော့ အရွယ်ရောက်ပြီး လွတ်လပ်တဲ့ ကပ်ပါးကောင်တကောင်ဖြစ်လာပါတော့တယ်။
Knowledge sharing. Thanks, my dear reader. (မိုးတိမ်)
crd,
Zawgyi
ဇြန္ဘီ (ေခၚ) Nematomorpha ကပ္ပါးေကာင္..
Nematomorpha မေန႕တေန႕က ေဖ့ဘုတ္ေပၚ video အပိုင္းေလးတခု ေတြ႕လိုက္ရတယ္.. ႀကိဳးရွည္ရွည္လို အရာေလးက လႈပ္ရွားေနၿပီး ႏြယ္ရွင္ ဆိုတဲ့ ဗီဒီယိုေတြ။
ဘာေရးထားလဲ ဆိုေတာ့ ႀကဳံေတာင့္ႀကဳံခဲ ႏြယ္ရွင္ေလးပါ ျမင္ေတြ႕ရေအာင္ တင္ေပးလိုက္တယ္ ဆိုတာေလး အယုံလြယ္သူေတြကို မသိတဲ့သူအေပၚ မသိတဲ့သူက ျပန္ၿပီး အသိမွားေတြ ရိုက္သြင္းတာ ျမင္လိုက္ရေတာ့ အေတာ္ေလးစိတ္ပ်က္မိတယ္.. တကယ္ေတာ့ ႏြယ္ရွင္ မဟုတ္ပဲ ကပ္ပါးေကာင္တမ်ိဳးသာ ျဖစ္တယ္။
သူ႕ကို နယ္မာတိုမိုဖာ လို႔ေခၚတယ္။ ဒီ Nematomorpha ေလးေတြဟာ ပ်မ္းမွ်အားျဖင့္ 20 စင္တီမီတာ ကေန 40 စင္တီမီတာ ခြဲထိ ရွည္ပါတယ္.. သူကို တနည္းအားျဖင့္ Horsehair Worms (သို႔) ေဂၚဒီးယန္း ေကာင္ေတြလို႔လဲ ေခၚေသးတယ္။
ေသခ်ာၾကည့္ရင္ ထိပ္ပိုင္းမွာ အမဲေရာင္သမ္းေနတဲ့ ဦးေခါင္ေလးကို ျမင္ရမွာပါ။ အ႐ြယ္ေရာက္ၿပီးသား ဒီေကာင္ေလးေတြကို မ်ားေသာအားျဖင့္ ေရကန္ေတြ စမ္းေခ်ာင္းငယ္ေတြ စတဲ့ စိုစြတ္တဲ့ေနရာေဒသေတြမွာ ေတြ႕ရတတ္တယ္။

ဒီ Nematomorpha ဆိုတဲ့ ေကာင္ေတြ ဘယ္လို ရွင္သန္ ေပါက္ဖြား လဲဆိုေတာ့ ဥ သႏၶေ ပိုးေလာင္းအဆင့္မွာရွိေနေသးတဲ့ ပိုးဟပ္ေတြ ၊ ပုရစ္ေတြ၊ ႏွံေကာင္ေတြ၊ ဓားခုတ္ေကာင္ (သို႔) ရွိခိုးေကာင္ေတြ အေပၚ ခြၽန္ထက္တဲ့သူတို႔ရဲ႕ဦးေခါင္းကို အသုံးျပဳကာ လက္ခံေကာင္ရဲ႕ ကိုယ္တြင္းကို ဝင္ေရာက္သြားတာျဖစ္ပါတယ္။
လက္ခံေကာင္ေတြဟာ ပိုးေလာင္းဘဝ အဆင့္ကေန ကူးေျပာင္းၿပီး အင္းဆက္ေတြျဖစ္လာခဲ့ခ်ိန္မွာေတာ့ ကပ္ပါးေကာင္ဟာ သူတို႔ရဲ႕ခႏၶာကိုယ္ထဲမွာ ေရာက္ရွိေနခဲ့ပါၿပီ။
ဒီ လက္ခံေကာင္ အင္းဆက္ေတြ ရွာေဖြစားေသာက္တဲ့ အစားအစာေတြကေနတဆင့္ သူတို႔ရဲ႕ အဟာရကို ကပ္ပါးေကာင္ေတြက ရယူစားသုံးၾကတယ္။ ဒီလိုနဲ႕ ခႏၶာကိုယ္ ထဲက ကပ္ပါးေကာင္ဟာ တျဖည္းျဖည္းႀကီးထြားလာခ်ိန္မွာေတာ့ လက္ခံေကာင္ရဲ႕ ခႏၶာကိုယ္ထဲကေန အျပင္ကို ထြက္ဖို႔ စတင္ ႀကိဳးစားလာပါေတာ့တယ္။
ဒီကပ္ပါေကာင္ေတြ ဘယ္လိုႀကိဳးစားလဲဆိုေတာ့ လက္ခံေကာင္ဟာ ကုန္းေပၚမွာပဲ အၿမဲေနတာျဖစ္တဲ့အတြက္ သူတို႔က ဒီအတိုင္ ထြက္မို႔ မလြယ္ပါဘူး။ အရင္ဆုံးသူတို႔ဟာ လက္ခံေကာင္ကို ေရရွိတဲ့ေနရာကို သြားခိုင္းပါတယ္။ ကပ္ပါးေကာင္ဟာ လက္ခံေကာင္ေတြရဲ႕ ခႏၶာကိုယ္ ဦးႏွောက္က ဓာတုေဟာ္မုန္းပစၥည္းေတြကို ျမႇင့္တင္ေပးျခင္းျဖင့္ ခ်ဳပ္ကိုင္ ထိန္းခ်ဳပ္ၿပီး ေရရွိတဲ့ေနရာကို သြားေစတာပဲျဖစ္ပါတယ္။
ကိုယ္ပိုင္ထိန္းခ်ဳပ္မႈမဲ့သြားတဲ့ လက္ခံေကာင္ေတြဟာ ေရရွိရာကို သြားရၿပီး ေရထဲေရာက္ခ်ိန္မွာေတာ့ ကပ္ပါးေကာင္ဟာ ထိုးထြက္လာပါေတာ့တယ္။ ဒီအခါမွာေတာ့ အ႐ြယ္ေရာက္ၿပီး လြတ္လပ္တဲ့ ကပ္ပါးေကာင္တေကာင္ျဖစ္လာပါေတာ့တယ္။
Knowledge sharing. Thanks, my dear reader. (မိုးတိမ္)
crd,