ကွယ်လွန်သူ အဲလိဇဘက် ဘုရင်မကြီးနဲ့ ကျိန်စာသင့် ကမ္ဘာကျော် ကိုဟီးနူးစိန်ကြီး အကြောင်း

ကိုဟီးနူး စိန်ကြီးကို ၁၄၇၁-ခုနှစ်က အိန္ဒိယနိုင်ငံ Karnataka ကတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံးစိန်စာရင်းဝင်ဖြစ်ပြီး ပါရှန်း ဘာသာဖြင့် အလင်းတောင်ကြီး ဟူ၍ အဓိပ္ပါယ်ရ ပါတယ်။ ( ဟိန္ဒူကျမ်းဂန်များတွေမှာတော့ ရှေးနှစ်ပေါင်း ၅ဝဝဝ ခန့်က အိန္ဒိယနိုင်ငံ ῾ ဂေါဒဗရီ ᾽ မြစ် အနီးမှ ရရှိခဲ့တယ်လို့ ဆိုပါတယ်)။

အရွယ်အစားနှင့် အချိုးမျှတမှုကြောင့် အလှဆုံးစာရင်းဝင်စိန်ကြီးလည်း ဖြစ်ပါတယ်။ စတင်တွေ့ရှိချိန်က ၇၉၃ ကာရက် ရှိခဲ့တာကြောင့် ကမ္ဘာ့ အကြီးဆုံး စိန်ပွင့်ကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီစိန်ကိုရဖို့ ရှေးဟောင်း ဆစ်ခ်၊မဂို နဲ့ ပါရှန်းလူမျိုးတွေ ဟာ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပါတယ်။

မဂိုဘုရင် မိုဟာမက်ရှား ထံမရောက်မီ အချိန်အထိ စိန်ကြီးဟာ များပြားလှစွာသောဘုရင်တွေလက်ထဲကို ရောက်ခဲ့ပြီးပါပြီ။ မိုဟာမက်ရှားစစ်ရှုံးပြီးတဲ့နောက် ၁၇၃၉ ခုနှစ်တွင် ပါရှန်းဘုရင် နဒီရှားထံသို့ရောက်ရှိခဲ့ ပါတယ်။

ပါရှန်းဘုရင် နဒီရှားဟာအိန္ဒိယဒေလီ ကို သိမ်းပိုက် ပြီး တဲ့နောက် အလွန်တောက်ပတဲ့စိန်ကြီး ကိုပထမဆုံးမြင်လိုက်တဲ့အချိန်မှာ ပါရှန်းဘာသာနဲ့ အလင်းတောင်ကြီး (Kohinoor) လို့ အော်ဟစ်ခဲ့ရာ ကနေ စိန်ကြီးရဲ့နာမည်ဟာ ကိုဟီးနူးစိန်ရယ်လို့ဖြစ်လာ ခဲ့တာပါ။

နဒီရှားဟာ လူယုံတော်တွေရဲ့လုပ်ကြံရခြင်း ကိုခံခဲ့ရပြီးတဲ့နောက် စိန်ကြီးကို မြေးဖြစ်သူ Shah Rukh Mirza က သိမ်းပိုက်ခဲ့ပါတယ်။ ဘုရင်ဖြစ်လာတဲ့ Shah Rukh Mirza ဟာ ပြသနာမျိုးစုံကိုကြုံတွေ့ခဲ့ရပြီး သူ့ရဲ့အခက်အခဲတွေကို Durrani (နောင် အာဖကန် နစ္စတန်)ဘုရင် Ahmad Shah Durrani က ကူညီ ဖြေရှင်း ပေးခဲ့ပါတယ်။ ဒါကြောင့် ကျေးဇူးတင်တဲ့အနေ နဲ့ စိန်ကြီးကို Ahmad Shah Durrani ဆီ လက်ဆောင် ပေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ စိန်ကြီးကို Durrani ဘုရင်ဆီက နေ ပန်ဂျပ်ပြည်က ဆစ်ခ်အင်ပါယာခေါင်းဆောင် Ranjit Singh က ပြန်လည်သိမ်းပိုက်ခဲ့ပြန်ပါတယ်။ သူဟာ စိန်ကြီးကို အလွန်နှစ်သက်ခဲ့ပြီး အခြားစိန် အသေးနှစ်လုံးနဲ့အတူ သူ့ရဲ့လည်ပင်းမှာ အမြဲချိတ်ဆွဲ ထား ခဲ့ပါတယ်။ ၁၈၄၉ မှာတော့ ဗြိတိသျှတွေဟာ ပန်ဂျပ်ပြည်ကို သိမ်းပိုက်ခဲ့ပြီးနောက်မှာတော့ စိန်ကြီး ဟာလည်း အရှေ့အိန္ဒိယကုမ္ပဏီမှတစ်ဆင့် ဝိတိုရိယ ဘုရင်မကြီးရဲ့ သိမ်းယူခြင်းကို ခံလိုက်ရပါတော့တယ်။

အများနဲ့မတူ တမူထူးခြားတဲ့ ဒီစိန်ကြီးဟာ ကျိန်စာ သင့်တဲ့စိန်လို့လည်း ဆိုကြပါသေးတယ်။ ဒီစိန်ကြီးကို စစ်နိုင်သူက အဆင့်ဆင့် သိမ်းပိုက်ခဲ့ကြတာကြောင့် ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြတဲ့ ဟိန္ဒူ၊ မဂိုရ်၊ အာဖဂန်၊ ဆခ် ဘုရင် မင်းညီမင်းသားများ၊ မဟာရာဇာ စော်ဘွားများ၊ ပါးရှန်းဘုရင်များဟာ ထီးနန်းလက်လွတ် ဆုံးရှုံးရတာတွေ ကံဆိုးမိုးမှောင်ကျခဲ့တာတွေ ထူးဆန်းစွာ တိုက်ဆိုင်မှု ရှိခဲ့ကြတော့ ကိုဟီးနူးစိန်ဟာ ပိုင်ဆိုင် ထားတဲ့သူ (အမျိုးသားများ) ကို ခိုက်စေတယ်ဆိုတဲ့ ယုံကြည်မှုတွေ ပြင်းထန်ခဲ့ကြပါတယ်။

၎င်းစိန်ကို လက်ဝယ် ပိုင်ဆိုင်ထားသူ၊ ဝတ်ဆင်သူဟာ အမျိုးသမီး ဖြစ်ခဲ့ရင်တော့ ကျိန်စာဟာ အကျိုးသက်ရောက်မှု မရှိဘူး လို့လည်း ဆိုကြပါတယ်။ ၀ိတိုရိယဘုရင်မဟာ ဒီကိုဟီးနူးစိန် တပ်ဆင်ထားတဲ့ သရဖူကို ဆောင်းခဲ့တဲ့ ပထမဆုံးသော အမျိုးသမီး ဧကရာဇ် ဖြစ်ပါတယ်။

ဝိတိုရိယဘုရင်မကြီး ကွယ်လွန်ပြီး နောက် အဲလီဇဘက် ဘုရင်မကြီးဟာ ဒီသရဖူကို ဆက်ခံခဲ့ပါတယ်။ ကိုဟီးနူး စိန်ကြီးဟာ အရည်အသွေး အားဖြင့်ရော သမိုင်းဝင် ရတနာအဖြစ်ပါ တန်ဖိုးကြီးမား လှတာကြောင့် ဘယ်ရွေ့ ဘယ်မျှရယ်လို့ တန်ဖိုးဖြတ် မရတဲ့ ကမ္ဘာ့ အဖိုးထိုက်တန်ဆုံး စိန်ကြီးတစ်ပွင့်အဖြစ် သတ်မှတ်ထားကြရပါတယ်။

၁၈၆၂ ခုနှစ်မှာ ရတနာကုန်သည်ကြီး Borgio က ကာရက်ချိန် ၁၉၁ ရှိ ထိုစိန်တုံးကြီးကိုသွေးရာ ၁ဝ၅ ဒသမ ၆၀ ကာရက်သာ ကျန်ပါတော့တယ်။ အယ်လိဇဘတ်ဘုရင်မကြီး သေဆုံးပြီးနောက်မှာတော့ ဗြိတိန်နိုင်ငံ နန်းစဉ်ရတနာအဖြစ် လန်ဒန်မျှော်စင် (Tower of London)တွင် ပြသထားပါတယ်။

အိန္ဒိယလွတ်လပ်ရေး ရပြီးတဲ့အခါမှာတော့ စိန်ကြီးကို ပြန်ပေးဖို့ ဗြိတိန်ဘုရင်မကြီးထံတောင်းဆိုခဲ့ပေမယ့် ပြန်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ၁၉၅၃ခုနှစ်မှာ နောက် တစ်ကြိမ်ထပ်တောင်းပါတယ်။ ဒါပေမယ့် ထပ်ငြင်းဆန် ခဲ့ပါတယ်။ အကြိမ်ပေါင်းများစွာတောင်းဆိုခဲ့သော်ငြား ငြင်းပယ်ခြင်းကိုသာခံခဲ့ရပါတယ်။

ဗြိတိသျှတို့ဟာ လက်အောက်ခံနိုင်ငံတွေက လုယူသိမ်းပိုက်ခဲ့တဲ့ မည်သည့်ရတနာကိုမှ ပြန်လည်ပေးအပ်ခြင်းမရှိခဲ့ပါဘူး။ ကျိန်စာသင့် ကိုဟီးနူး စိန်ကြီးကို ပိုင်ဆိုင်ထားတဲ့ ဗြိတိန် ဘုရင်မကြီးဟာ ၉-၉-၂၀၂၂ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁၂ နာရီကျော်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

crd,

Zawgyi
ကိုဟီးႏူး စိန္ႀကီးကို ၁၄၇၁-ခုႏွစ္က အိႏၵိယနိုင္ငံ Karnataka ကေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ကမၻာ့အႀကီးဆုံးစိန္စာရင္းဝင္ျဖစ္ၿပီး ပါရွန္း ဘာသာျဖင့္ အလင္းေတာင္ႀကီး ဟူ၍ အဓိပ္ပါယ်ရ ပါတယ္။ ( ဟိႏၵဴက်မ္းဂန္မ်ားေတြမွာေတာ့ ေရွးႏွစ္ေပါင္း ၅ဝဝဝ ခန႔္က အိႏၵိယနိုင္ငံ ေဂါဒဗရီ ျမစ္ အနီးမွ ရရွိခဲ့တယ္လို႔ ဆိုပါတယ္)။

အ႐ြယ္အစားႏွင့္ အခ်ိဳးမွ်တမႈေၾကာင့္ အလွဆုံးစာရင္းဝင္စိန္ႀကီးလည္း ျဖစ္ပါတယ္။ စတင္ေတြ႕ရွိခ်ိန္က ၇၉၃ ကာရက္ ရွိခဲ့တာေၾကာင့္ ကမၻာ့ အႀကီးဆုံး စိန္ပြင့္ႀကီးအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ဒီစိန္ကိုရဖို႔ ေရွးေဟာင္း ဆစ္ခ္၊မဂို နဲ႕ ပါရွန္းလူမ်ိဳးေတြ ဟာ ႏွစ္ေပါင္းမ်ားစြာ တိုက္ခိုက္ခဲ့ၾကပါတယ္။

မဂိုဘုရင္ မိုဟာမက္ရွား ထံမေရာက္မီ အခ်ိန္အထိ စိန္ႀကီးဟာ မ်ားျပားလွစြာေသာဘုရင္ေတြလက္ထဲကို ေရာက္ခဲ့ၿပီးပါၿပီ။ မိုဟာမက္ရွားစစ္ရႈံးၿပီးတဲ့ေနာက္ ၁၇၃၉ ခုႏွစ္တြင္ ပါရွန္းဘုရင္ နဒီရွားထံသို႔ေရာက္ရွိခဲ့ ပါတယ္။

ပါရွန္းဘုရင္ နဒီရွားဟာအိႏၵိယေဒလီ ကို သိမ္းပိုက္ ၿပီး တဲ့ေနာက္ အလြန္ေတာက္ပတဲ့စိန္ႀကီး ကိုပထမဆုံးျမင္လိုက္တဲ့အခ်ိန္မွာ ပါရွန္းဘာသာနဲ႕ အလင္းေတာင္ႀကီး (Kohinoor) လို႔ ေအာ္ဟစ္ခဲ့ရာ ကေန စိန္ႀကီးရဲ႕နာမည္ဟာ ကိုဟီးႏူးစိန္ရယ္လို႔ျဖစ္လာ ခဲ့တာပါ။

နဒီရွားဟာ လူယုံေတာ္ေတြရဲ႕လုပ္ႀကံရျခင္း ကိုခံခဲ့ရၿပီးတဲ့ေနာက္ စိန္ႀကီးကို ေျမးျဖစ္သူ Shah Rukh Mirza က သိမ္းပိုက္ခဲ့ပါတယ္။ ဘုရင္ျဖစ္လာတဲ့ Shah Rukh Mirza ဟာ ျပသနာမ်ိဳးစုံကိုႀကဳံေတြ႕ခဲ့ရၿပီး သူ႕ရဲ႕အခက္အခဲေတြကို Durrani (ေနာင္ အာဖကန္ နစၥတန္)ဘုရင္ Ahmad Shah Durrani က ကူညီ ေျဖရွင္း ေပးခဲ့ပါတယ္။ ဒါေၾကာင့္ ေက်းဇူးတင္တဲ့အေန နဲ႕ စိန္ႀကီးကို Ahmad Shah Durrani ဆီ လက္ေဆာင္ ေပးခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ စိန္ႀကီးကို Durrani ဘုရင္ဆီက ေန ပန္ဂ်ပ္ျပည္က ဆစ္ခ္အင္ပါယာေခါင္းေဆာင္ Ranjit Singh က ျပန္လည္သိမ္းပိုက္ခဲ့ျပန္ပါတယ္။ သူဟာ စိန္ႀကီးကို အလြန္ႏွစ္သက္ခဲ့ၿပီး အျခားစိန္ အေသးႏွစ္လုံးနဲ႕အတူ သူ႕ရဲ႕လည္ပင္းမွာ အၿမဲခ်ိတ္ဆြဲ ထား ခဲ့ပါတယ္။ ၁၈၄၉ မွာေတာ့ ၿဗိတိသွ်ေတြဟာ ပန္ဂ်ပ္ျပည္ကို သိမ္းပိုက္ခဲ့ၿပီးေနာက္မွာေတာ့ စိန္ႀကီး ဟာလည္း အေရွ႕အိႏၵိယကုမၸဏီမွတစ္ဆင့္ ဝိတိုရိယ ဘုရင္မႀကီးရဲ႕ သိမ္းယူျခင္းကို ခံလိုက္ရပါေတာ့တယ္။

အမ်ားနဲ႕မတူ တမူထူးျခားတဲ့ ဒီစိန္ႀကီးဟာ က်ိန္စာ သင့္တဲ့စိန္လို႔လည္း ဆိုၾကပါေသးတယ္။ ဒီစိန္ႀကီးကို စစ္နိုင္သူက အဆင့္ဆင့္ သိမ္းပိုက္ခဲ့ၾကတာေၾကာင့္ ေခတ္အဆက္ဆက္ ပိုင္ဆိုင္ခဲ့ၾကတဲ့ ဟိႏၵဴ၊ မဂိုရ္၊ အာဖဂန္၊ ဆခ္ ဘုရင္ မင္းညီမင္းသားမ်ား၊ မဟာရာဇာ ေစာ္ဘြားမ်ား၊ ပါးရွန္းဘုရင္မ်ားဟာ ထီးနန္းလက္လြတ္ ဆုံးရႈံးရတာေတြ ကံဆိုးမိုးေမွာင္က်ခဲ့တာေတြ ထူးဆန္းစြာ တိုက္ဆိုင္မႈ ရွိခဲ့ၾကေတာ့ ကိုဟီးႏူးစိန္ဟာ ပိုင္ဆိုင္ ထားတဲ့သူ (အမ်ိဳးသားမ်ား) ကို ခိုက္ေစတယ္ဆိုတဲ့ ယုံၾကည္မႈေတြ ျပင္းထန္ခဲ့ၾကပါတယ္။

၎စိန္ကို လက္ဝယ္ ပိုင္ဆိုင္ထားသူ၊ ဝတ္ဆင္သူဟာ အမ်ိဳးသမီး ျဖစ္ခဲ့ရင္ေတာ့ က်ိန္စာဟာ အက်ိဳးသက္ေရာက္မႈ မရွိဘူး လို႔လည္း ဆိုၾကပါတယ္။ ၀ိတိုရိယဘုရင်မဟာ ဒီကိုဟီးႏူးစိန္ တပ္ဆင္ထားတဲ့ သရဖူကို ေဆာင္းခဲ့တဲ့ ပထမဆုံးေသာ အမ်ိဳးသမီး ဧကရာဇ္ ျဖစ္ပါတယ္။

ဝိတိုရိယဘုရင္မႀကီး ကြယ္လြန္ၿပီး ေနာက္ အဲလီဇဘက္ ဘုရင္မႀကီးဟာ ဒီသရဖူကို ဆက္ခံခဲ့ပါတယ္။ ကိုဟီးႏူး စိန္ႀကီးဟာ အရည္အေသြး အားျဖင့္ေရာ သမိုင္းဝင္ ရတနာအျဖစ္ပါ တန္ဖိုးႀကီးမား လွတာေၾကာင့္ ဘယ္ေ႐ြ႕ ဘယ္မွ်ရယ္လို႔ တန္ဖိုးျဖတ္ မရတဲ့ ကမၻာ့ အဖိုးထိုက္တန္ဆုံး စိန္ႀကီးတစ္ပြင့္အျဖစ္ သတ္မွတ္ထားၾကရပါတယ္။

၁၈၆၂ ခုႏွစ္မွာ ရတနာကုန္သည္ႀကီး Borgio က ကာရက္ခ်ိန္ ၁၉၁ ရွိ ထိုစိန္တုံးႀကီးကိုေသြးရာ ၁ဝ၅ ဒသမ ၆၀ ကာရက္သာ က်န္ပါေတာ့တယ္။ အယ္လိဇဘတ္ဘုရင္မႀကီး ေသဆုံးၿပီးေနာက္မွာေတာ့ ၿဗိတိန္နိုင္ငံ နန္းစဥ္ရတနာအျဖစ္ လန္ဒန္ေမွ်ာ္စင္ (Tower of London)တြင္ ျပသထားပါတယ္။

အိႏၵိယလြတ္လပ္ေရး ရၿပီးတဲ့အခါမွာေတာ့ စိန္ႀကီးကို ျပန္ေပးဖို႔ ၿဗိတိန္ဘုရင္မႀကီးထံေတာင္းဆိုခဲ့ေပမယ့္ ျပန္ေပးဖို႔ ျငင္းဆန္ခဲ့ပါတယ္။ ၁၉၅၃ခုႏွစ္မွာ ေနာက္ တစ္ႀကိမ္ထပ္ေတာင္းပါတယ္။ ဒါေပမယ့္ ထပ္ျငင္းဆန္ ခဲ့ပါတယ္။ အႀကိမ္ေပါင္းမ်ားစြာေတာင္းဆိုခဲ့ေသာ္ျငား ျငင္းပယ္ျခင္းကိုသာခံခဲ့ရပါတယ္။

ၿဗိတိသွ်တို႔ဟာ လက္ေအာက္ခံနိုင္ငံေတြက လုယူသိမ္းပိုက္ခဲ့တဲ့ မည္သည့္ရတနာကိုမွ ျပန္လည္ေပးအပ္ျခင္းမရွိခဲ့ပါဘူး။ က်ိန္စာသင့္ ကိုဟီးႏူး စိန္ႀကီးကို ပိုင္ဆိုင္ထားတဲ့ ၿဗိတိန္ ဘုရင္မႀကီးဟာ ၉-၉-၂၀၂၂ ရက္ေန႕ ျမန္မာစံေတာ္ခ်ိန္ မနက္ ၁၂ နာရီေက်ာ္မွာ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။

crd,