ဒူးရင်းခြံထဲ ကြီးလာသူ ပြောပြတဲ့ ဒူးရင်းသီးရွေးနည်း ၉ချက်ကို ဒူးရင်းကြိုက်တဲ့ ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
ဒူးရင်းသီးရွေးနည်း
၁။ အညှာဖျားကိုကြည့်။ အဆစ်ထိပ်ညီနေရင် ကြွေသီး။ အညှာထိပ် မညီမညာဆိုရင် ထိုးသီး။ (ကြွေသီးက ပိုကောင်း)
၂။ အခွံနဲ့ဆူးကိုကြည့်။ အရောင် ဝင်းတောက်/စိမ်းညို့နေမှရင့်။ ဆူးကြဲ ညီညာလှပနေမှ ကောင်း။
၃။ အလေးချိန်။ လေးတဲ့အသီး အစေ့ကြီး အသားပါး။ ပေ့ါတဲ့အသီး အစေ့သေး အသားထူ။
၄။ အနံ့။ မွှေးနေမှကောင်း။ မမွှေးရင်နု/မမှည့်။
၅။ မှည့်/မမှည့်။ လက်သဲနဲ့ ဆူးဖျားလေးကို ဖိခြစ်ကြည့်။ အုံသံကလေးပါမှ မှည့်။ အသံမညံ နေရင်စိမ်း။
၆။ အသီးအောက်ပိုင်း အခွံတွေ ညိုနေရင်/ပုတ်နေရင် ဘယ်တော့မှ မယူနဲ့။
ဒူးရင်းသီး ကောင်းမကောင်း ဘယ်လိုရွေးမလဲ ? ဒူးရင်းဝယ်တဲ့အခါ အချက်(၃)ချက်ကို ကြည့်ပြီးရွေးဝယ်ပါ။
(၁) ဒူးရင်းသီးရဲ့ဆူးတွေဟာတိုနေရပါမယ်။
(၂) ဒူးရင်းသီးရဲ့ ဆူးလိုင်းတွေဟာ ကျဲနေရပါမယ်။
(၃) ဒူးရင်းသီးရဲ့ အညှာဟာ ဖြောင့်တန်းနေရပါမယ်။
ဒီအချက်(၃)ချက်နဲ့ ကိုက်ညီတဲ့ ဒူးရင်းသီးတွေဟာ အနံ့၊ အရသာတွေနဲ့ ပြည့်စုံတဲ့ ဒူးရင်းသီးကောင်းတစ်လုံးရဲ့ လျှို့ဝှက်ချက်တွေပါပဲ။
ဒူးရင်းသီးမှည့် မမှည့်ဆိုတာ အချက်(၂)ချက်နဲ့ သိနိုင်ပါတယ်။
(၁) ဒူးရင်းသီးကိုနမ်းကြည့်ပြီး မှည့်မမှည့် သိနိုင်ပါတယ်။။ လှိုင်လှိုင်မွှေးနေပြီဆိုရင် အသင့်စားလို့ရနေပြီဆိုတာ သိနိုင်ပါတယ်။
(၂) ဒူးရင်းသီးကို လှုပ်ခါကြည့်ရင်လည်း မှဲ့ မမှဲ့သိနိုင်ပါတယ်။ မှဲ့နေပြီဖြစ်တဲ့ ဒူးရင်းသီးဟာအတွင်းကအဆံဟာ မသိမသာလေး ချောင်နေတာကို သိထားရပါမယ်
Crd,
Zawgyi
ဒူးရင္းၿခံထဲ ႀကီးလာသူ ေျပာျပတဲ့ ဒူးရင္းသီးေ႐ြးနည္း ၉ခ်က္ကို ဒူးရင္းႀကိဳက္တဲ့ ပရိတ္သတ္ႀကီးအတြက္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
ဒူးရင္းသီးေ႐ြးနည္း
၁။ အညွာဖ်ားကိုၾကည့္။ အဆစ္ထိပ္ညီေနရင္ ေႂကြသီး။ အညွာထိပ္ မညီမညာဆိုရင္ ထိုးသီး။ (ေႂကြသီးက ပိုေကာင္း)
၂။ အခြံနဲ႕ဆူးကိုၾကည့္။ အေရာင္ ဝင္းေတာက္/စိမ္းညို႔ေနမွရင့္။ ဆူးႀကဲ ညီညာလွပေနမွ ေကာင္း။
၃။ အေလးခ်ိန္။ ေလးတဲ့အသီး အေစ့ႀကီး အသားပါး။ ေပ့ါတဲ့အသီး အေစ့ေသး အသားထူ။
၄။ အနံ႕။ ေမႊးေနမွေကာင္း။ မေမႊးရင္ႏု/မမွည့္။
၅။ မွည့္/မမွည့္။ လက္သဲနဲ႕ ဆူးဖ်ားေလးကို ဖိျခစ္ၾကည့္။ အုံသံကေလးပါမွ မွည့္။ အသံမညံ ေနရင္စိမ္း။
၆။ အသီးေအာက္ပိုင္း အခြံေတြ ညိုေနရင္/ပုတ္ေနရင္ ဘယ္ေတာ့မွ မယူနဲ႕။
ဒူးရင္းသီး ေကာင္းမေကာင္း ဘယ္လိုေ႐ြးမလဲ ? ဒူးရင္းဝယ္တဲ့အခါ အခ်က္(၃)ခ်က္ကို ၾကည့္ၿပီးေ႐ြးဝယ္ပါ။
(၁) ဒူးရင္းသီးရဲ႕ဆူးေတြဟာတိုေနရပါမယ္။
(၂) ဒူးရင္းသီးရဲ႕ ဆူးလိုင္းေတြဟာ က်ဲေနရပါမယ္။
(၃) ဒူးရင္းသီးရဲ႕ အညွာဟာ ေျဖာင့္တန္းေနရပါမယ္။
ဒီအခ်က္(၃)ခ်က္နဲ႕ ကိုက္ညီတဲ့ ဒူးရင္းသီးေတြဟာ အနံ႕၊ အရသာေတြနဲ႕ ျပည့္စုံတဲ့ ဒူးရင္းသီးေကာင္းတစ္လုံးရဲ႕ လွ်ို႔ဝွက္ခ်က္ေတြပါပဲ။
ဒူးရင္းသီးမွည့္ မမွည့္ဆိုတာ အခ်က္(၂)ခ်က္နဲ႕ သိနိုင္ပါတယ္။
(၁) ဒူးရင္းသီးကိုနမ္းၾကည့္ၿပီး မွည့္မမွည့္ သိနိုင္ပါတယ္။။ လွိုင္လွိုင္ေမႊးေနၿပီဆိုရင္ အသင့္စားလို႔ရေနၿပီဆိုတာ သိနိုင္ပါတယ္။
(၂) ဒူးရင္းသီးကို လႈပ္ခါၾကည့္ရင္လည္း မွဲ႕ မမွဲ႕သိနိုင္ပါတယ္။ မွဲ႕ေနၿပီျဖစ္တဲ့ ဒူးရင္းသီးဟာအတြင္းကအဆံဟာ မသိမသာေလး ေခ်ာင္ေနတာကို သိထားရပါမယ္
Crd,