ကုန်းဘောင်ခေတ်သမိုင်း မှာ နန်းရမိဖုရားကြီးလေးပါးဟာ ကံအကောင်းဆုံး၊အဆင့်မြင့်ဆုံးသော မိဖုရားကြီးတွေဖြစ်ခဲ့ပေမယ့် ထိုအထဲမှ ကံမကောင်းအကြောင်းမလှရှာခဲ့သူ နန်းရမိဖုရားကြီး သုံးပါးမှာတော့ ကွပ်မျက်သုတ်သင်ခံရပြီး ဘဝနိဂုံး အဆုံးသတ်ခဲ့ကြရပါတယ်။
ထိုသို့ကံနည်းရှာခဲ့ရသူ မိဖုရားကြီးတွေကတော့ သာယာဝတီမင်း၏ အနောက်နန်းမိဖုရားကြီးမမြလေး၊ ဘကြီးတော်စစ်ကိုင်းမင်း၏ တောင်နန်းတော်မိဖုရားကြီးရှင်မင်းနုနဲ့ ယခုတင်ပြမည့် စဉ်ကူ့မင်း၏ မြောက်နန်းတော်မိဖုရားကြီးတို့ပဲ ဖြစ်ပါတယ်။
မြောက်နန်းတော်မိဖုရားကြီးရဲ့ ဖခင်ဟာစဉ့်ကူးမင်း၏ ဘိုးတော်အလောင်းမင်းတရားကြီး၏ စစ်သူရဲ၆ကျိတ်ထဲမှ “မဟာသီဟသူရ”ဘွဲ့ခံ “ငသာ”ဖြစ်ပြီး အလောင်းမင်းတရား၏ အားကိုးရာ လက်ရုံးတစ်ဆူလဲဖြစ်ခဲ့ပါတယ်။
မြောက်နန်းမိဖုရားကြီး၏ အရီးတော် ( မိခင်၏ ညီမရင်း) သည်ဆင်ဖြူရှင်မင်းလက်ထက်တွင် မိဖုရားခေါင်ကြီးဖြစ်ခဲ့ပြီး ထိုမိဖုရားခေါင်ကြီးမှ စဉ့်ကူးမင်း ကိုမွေးဖွားခဲ့၍ စဉ့်ကူးမင်းနှင့် မောင်နှမဝမ်းကွဲတော်စပ်ခဲ့ပါတယ်။
ဆင်ဖြူရှင်မင်းလက်ထက်တွင် တရုတ်တို့နှင့်စစ်မက် ၄ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး နောက်ဆုံးအကြိမ်တွင်မူ မြောက်နန်းမိဖုရားကြီး၏ ဖခင် စစ်သူကြီးမဟာသီဟသူရမှနေ၍ ဘုရင့်ခွင့်ပြုချက်မပါပဲ မိမိသဘောနှင့် စစ်ပြေငြိမ်းခဲ့ကာ လက်ဆောင်ပဏ္ဏာများလက်ခံခဲ့သည်။
ဤသတင်းကိုကြားသိရသည်နှင့် မဟာသီဟသူရ ၏ တစ်မိသားစုလုံး(မိဖုရားခေါင်ကြီးအစ်မတော်ရင်းအပါအဝင်)ပင် တနေကုန်နေပူထဲတွင် တရုတ်တို့ဘက်မှ ပေးဆောင်ခဲ့သော ပဏ္ဏာတို့အား ရွက်၍ အပြစ်ပေးခံခဲ့ရဘူးသည်။
ဆင်ဖြူရှင်မင်းကြီ လက်ထက်တွင် ဖခင်အလောင်းမင်းတရား၏ ညီနောင်များ အစဉ်အတိုင်းနန်းစံစေခြင်း အမိန့်ကိုဖျက်၍ သားတော် စဉ့်ကူးမင်းသားအား အိမ်ရှေ့အရာထားခဲ့သည်။
ထို့ကြောင့် ဆင်ဖြူရှင်မင်းနတ်ရွာစံခဲ့ပြီးနောက်တွင် သားတော်စဉ့်ကူးမင်းသားသည် ကုန်းဘောင်လေးဆက်မြောက်ဘုရင်အဖြစ် ၁၁၃၈ခုနှစ်တွင် နန်းတက်ခဲ့တော့သည်။ ထူးခြားချက်အနေနဲ့ ကုန်းဘောင်ဘုရင်၁၁ဆက်တွင် စဉ့်ကူးဘုရင်သည် ရုပ်ရည်အခန့်ညားဆုံးဟုလဲသိရသည်။
စဉ့်ကူးမင်းနန်းတက်ခဲ့ရာတွင် ဝန်ကြီး မဟာသီဟသူရ ၏ သမီးတော် အား “သီရိမဟာမင်္ဂလာဒေဝီ”ဘွဲ့နှင့် မြောက်နန်းတင်မြောက်ခဲ့သည်။
ထိုအချိန်က စဉ့်ကူးမင်းသည် မိမိ၏ထီးနန်းကို လုနိုင်ချေရှိသော ဦးရီးတော်မင်းသားကြီးများ အား အကျယ်ချုပ်သဏ္ဍာန် ထား၍ ဆင်းရဲစွာနေစေခဲ့ရာ ဝန်ကြီးမဟာသီဟသူရမှ ထိုကဲ့သို့မလုပ်ဆောင်စေလိုကြောင်းများတင်လျှောက်ခဲ့သည်။.
ထို့အတွက် ဝန်ကြီးမဟာသီဟသူရအား အရာချ၍ စစ်ကိုင်းဘက်ကမ်းသို့ပို့ဆောင်ခဲ့ပြီး သမီးတော်မြောက်နန်းမိဖုရားကြီးအား လည်း အရာချခဲ့၍ ဖခင်ရှိရာ စစ်ကိုင်းဘက်သို့ ပို့ဆောင်သည်။
မြောက်နန်းမိဖုရားကြီးအား အရာချပြီးသည်နှင့်တပြိုင်နက် အလယ်နန်း၊အနောက်နန်းမိဖုရားကြီးတို့၏ အစ်မတော်ရင်းအား မြောက်နန်းအရာတင်ခဲ့သည်။ ဤဒုတိယမြောက်နန်းမိဖုရားကြီးသည် ဖခင်ဆင်ဖြူရှင်မင်းလက်ထက်ကကိုယ်လုပ်တော်တစ်ပါးလည်းဖြစ်သည်။
ဤသတင်းကို စစ်ကိုင်းဘက်ရှိ မြောက်နန်းမိဖုရားဟောင်းမှ ကြားသိရာ စာလွှာရေး၍ လင်တော်မောင် စဉ့်ကူးဘုရင်အား အပြစ်တင်စာ ပို့ဆောင်ခဲ့သည်။ ထို့အတွက် စဉ့်ကူးဘုရင်မှ မိမိအားရန်တွေ့သူ စစ်ကိုင်းဘက်ရှိ နှမတော် မြောက်နန်းမိဖုရားဟောင်းအား ဖမ်းဆီးခေါ်ဆောင်စေ၍ ၁၁၃၉ခုနှစ်တွင်
ရေတွင်ချကာ ရက်စက်စွာ ကွပ်မျက်ပြစ်ခဲ့တော့သည်။
ဤသို့ဖြင့် ကံကုန်ခဲ့ရရှာသူ မြောက်နန်းမိဖုရားကြီးသည် မိဖုရားကြီးအဖြစ် ၁နှစ်ခန့်မျှသာစံစားခဲ့ရပြီး လင်တော်မောင်၏ အညိုးအတေးများကြောင့် ကြမ္မာဆိုးနဲ့ကြုံ၍ ဘဝဆုံးခဲ့ရရှာပါသည်။
မြောက်နန်းမိဖုရားကြီးအား ရေချကွပ်မျက်ပြီး ၄နှစ်အကြာတွင် စဉ့်ကူးမင်းသည်လည်း နန်းမှချခံခဲ့ရပြီး ရေတွင်ချ၍ ကွပ်မျက်ခံခဲ့ရသည်မှာ အငြိုးကြီးသူ စဉ့်ကူးမင်းအတွက် ဝဋ်လည်ခြင်းပေလောဆိုတာကတော့ ကံတရားသာ သိနိုင်ပေမည်။
ကိုးကား
ကုန်းဘောင်ရှာပုံတော်
ညိုမြ
မြန်မာမဟာမင်္ဂလာမင်းခမ်းတော်
ဦးရာကျော်
crd,မင်းနန်သူ
Historynotes
Zawgyi
ကုန္းေဘာင္ေခတ္သမိုင္း မွာ နန္းရမိဖုရားႀကီးေလးပါးဟာ ကံအေကာင္းဆုံး၊အဆင့္ျမင့္ဆုံးေသာ မိဖုရားႀကီးေတြျဖစ္ခဲ့ေပမယ့္ ထိုအထဲမွ ကံမေကာင္းအေၾကာင္းမလွရွာခဲ့သူ နန္းရမိဖုရားႀကီး သုံးပါးမွာေတာ့ ကြပ္မ်က္သုတ္သင္ခံရၿပီး ဘဝနိဂုံး အဆုံးသတ္ခဲ့ၾကရပါတယ္။
ထိုသို႔ကံနည္းရွာခဲ့ရသူ မိဖုရားႀကီးေတြကေတာ့ သာယာဝတီမင္း၏ အေနာက္နန္းမိဖုရားႀကီးမျမေလး၊ ဘႀကီးေတာ္စစ္ကိုင္းမင္း၏ ေတာင္နန္းေတာ္မိဖုရားႀကီးရွင္မင္းႏုနဲ႕ ယခုတင္ျပမည့္ စဥ္ကူ႕မင္း၏ ေျမာက္နန္းေတာ္မိဖုရားႀကီးတို႔ပဲ ျဖစ္ပါတယ္။
ေျမာက္နန္းေတာ္မိဖုရားႀကီးရဲ႕ ဖခင္ဟာစဥ့္ကူးမင္း၏ ဘိုးေတာ္အေလာင္းမင္းတရားႀကီး၏ စစ္သူရဲ၆က်ိတ္ထဲမွ “မဟာသီဟသူရ”ဘြဲ႕ခံ “ငသာ”ျဖစ္ၿပီး အေလာင္းမင္းတရား၏ အားကိုးရာ လက္႐ုံးတစ္ဆူလဲျဖစ္ခဲ့ပါတယ္။
ေျမာက္နန္းမိဖုရားႀကီး၏ အရီးေတာ္ ( မိခင္၏ ညီမရင္း) သည္ဆင္ျဖဴရွင္မင္းလက္ထက္တြင္ မိဖုရားေခါင္ႀကီးျဖစ္ခဲ့ၿပီး ထိုမိဖုရားေခါင္ႀကီးမွ စဥ့္ကူးမင္း ကိုေမြးဖြားခဲ့၍ စဥ့္ကူးမင္းႏွင့္ ေမာင္ႏွမဝမ္းကြဲေတာ္စပ္ခဲ့ပါတယ္။
ဆင္ျဖဴရွင္မင္းလက္ထက္တြင္ တ႐ုတ္တို႔ႏွင့္စစ္မက္ ၄ႀကိမ္အထိ ျဖစ္ပြားခဲ့ၿပီး ေနာက္ဆုံးအႀကိမ္တြင္မူ ေျမာက္နန္းမိဖုရားႀကီး၏ ဖခင္ စစ္သူႀကီးမဟာသီဟသူရမွေန၍ ဘုရင့္ခြင့္ျပဳခ်က္မပါပဲ မိမိသေဘာႏွင့္ စစ္ေျပၿငိမ္းခဲ့ကာ လက္ေဆာင္ပဏၰာမ်ားလက္ခံခဲ့သည္။
ဤသတင္းကိုၾကားသိရသည္ႏွင့္ မဟာသီဟသူရ ၏ တစ္မိသားစုလုံး(မိဖုရားေခါင္ႀကီးအစ္မေတာ္ရင္းအပါအဝင္)ပင္ တေနကုန္ေနပူထဲတြင္ တ႐ုတ္တို႔ဘက္မွ ေပးေဆာင္ခဲ့ေသာ ပဏၰာတို႔အား ႐ြက္၍ အျပစ္ေပးခံခဲ့ရဘူးသည္။
ဆင္ျဖဴရွင္မင္းႀကီ လက္ထက္တြင္ ဖခင္အေလာင္းမင္းတရား၏ ညီေနာင္မ်ား အစဥ္အတိုင္းနန္းစံေစျခင္း အမိန့္ကိုဖ်က္၍ သားေတာ္ စဥ့္ကူးမင္းသားအား အိမ္ေရွ႕အရာထားခဲ့သည္။
ထို႔ေၾကာင့္ ဆင္ျဖဴရွင္မင္းနတ္႐ြာစံခဲ့ၿပီးေနာက္တြင္ သားေတာ္စဥ့္ကူးမင္းသားသည္ ကုန္းေဘာင္ေလးဆက္ေျမာက္ဘုရင္အျဖစ္ ၁၁၃၈ခုႏွစ္တြင္ နန္းတက္ခဲ့ေတာ့သည္။ ထူးျခားခ်က္အေနနဲ႕ ကုန္းေဘာင္ဘုရင္၁၁ဆက္တြင္ စဥ့္ကူးဘုရင္သည္ ႐ုပ္ရည္အခန့္ညားဆုံးဟုလဲသိရသည္။
စဥ့္ကူးမင္းနန္းတက္ခဲ့ရာတြင္ ဝန္ႀကီး မဟာသီဟသူရ ၏ သမီးေတာ္ အား “သီရိမဟာမဂၤလာေဒဝီ”ဘြဲ႕ႏွင့္ ေျမာက္နန္းတင္ေျမာက္ခဲ့သည္။
ထိုအခ်ိန္က စဥ့္ကူးမင္းသည္ မိမိ၏ထီးနန္းကို လုနိုင္ေခ်ရွိေသာ ဦးရီးေတာ္မင္းသားႀကီးမ်ား အား အက်ယ္ခ်ဳပ္သ႑ာန္ ထား၍ ဆင္းရဲစြာေနေစခဲ့ရာ ဝန္ႀကီးမဟာသီဟသူရမွ ထိုကဲ့သို႔မလုပ္ေဆာင္ေစလိုေၾကာင္းမ်ားတင္ေလွ်ာက္ခဲ့သည္။.
ထို႔အတြက္ ဝန္ႀကီးမဟာသီဟသူရအား အရာခ်၍ စစ္ကိုင္းဘက္ကမ္းသို႔ပို႔ေဆာင္ခဲ့ၿပီး သမီးေတာ္ေျမာက္နန္းမိဖုရားႀကီးအား လည္း အရာခ်ခဲ့၍ ဖခင္ရွိရာ စစ္ကိုင္းဘက္သို႔ ပို႔ေဆာင္သည္။
ေျမာက္နန္းမိဖုရားႀကီးအား အရာခ်ၿပီးသည္ႏွင့္တၿပိဳင္နက္ အလယ္နန္း၊အေနာက္နန္းမိဖုရားႀကီးတို႔၏ အစ္မေတာ္ရင္းအား ေျမာက္နန္းအရာတင္ခဲ့သည္။ ဤဒုတိယေျမာက္နန္းမိဖုရားႀကီးသည္ ဖခင္ဆင္ျဖဴရွင္မင္းလက္ထက္ကကိုယ္လုပ္ေတာ္တစ္ပါးလည္းျဖစ္သည္။
ဤသတင္းကို စစ္ကိုင္းဘက္ရွိ ေျမာက္နန္းမိဖုရားေဟာင္းမွ ၾကားသိရာ စာလႊာေရး၍ လင္ေတာ္ေမာင္ စဥ့္ကူးဘုရင္အား အျပစ္တင္စာ ပို႔ေဆာင္ခဲ့သည္။ ထို႔အတြက္ စဥ့္ကူးဘုရင္မွ မိမိအားရန္ေတြ႕သူ စစ္ကိုင္းဘက္ရွိ ႏွမေတာ္ ေျမာက္နန္းမိဖုရားေဟာင္းအား ဖမ္းဆီးေခၚေဆာင္ေစ၍ ၁၁၃၉ခုႏွစ္တြင္
ေရတြင္ခ်ကာ ရက္စက္စြာ ကြပ္မ်က္ျပစ္ခဲ့ေတာ့သည္။
ဤသို႔ျဖင့္ ကံကုန္ခဲ့ရရွာသူ ေျမာက္နန္းမိဖုရားႀကီးသည္ မိဖုရားႀကီးအျဖစ္ ၁ႏွစ္ခန့္မွ်သာစံစားခဲ့ရၿပီး လင္ေတာ္ေမာင္၏ အညိုးအေတးမ်ားေၾကာင့္ ၾကမၼာဆိုးနဲ႕ႀကဳံ၍ ဘဝဆုံးခဲ့ရရွာပါသည္။
ေျမာက္နန္းမိဖုရားႀကီးအား ေရခ်ကြပ္မ်က္ၿပီး ၄ႏွစ္အၾကာတြင္ စဥ့္ကူးမင္းသည္လည္း နန္းမွခ်ခံခဲ့ရၿပီး ေရတြင္ခ်၍ ကြပ္မ်က္ခံခဲ့ရသည္မွာ အၿငိဳးႀကီးသူ စဥ့္ကူးမင္းအတြက္ ဝဋ္လည္ျခင္းေပေလာဆိုတာကေတာ့ ကံတရားသာ သိနိုင္ေပမည္။
ကိုးကား
ကုန္းေဘာင္ရွာပုံေတာ္
ညိုျမ
ျမန္မာမဟာမဂၤလာမင္းခမ္းေတာ္
ဦးရာေက်ာ္
crd,မင္းနန္သူ
Historynotes