စုဖုရားလတ်မြေလူးခန်း

[၁၈၉၇ နှစ်တွင် မြန်မာ့သစ်တော အရေးပိုင်အဖြစ် အမှုထမ်းသူ “ဖီးလ်ဒင်းဟော” (H,. Fielding Hall) က “သီပေါ၏ မဟေသီ” (Thibaw’s Queen ) ခေါ် စာအုပ်ကို ရေးသား ထုတ်ဝေခဲ့၏။

ထိုအချိန်က သီပေါမင်းနှင့် စုဖုရားလတ်တို့ ပါတော်မူသည်မှာ ၁၂ နှစ်မျှ ရှိရာ၊ ရတနာဂီရိ၌ အရှင်နှစ်ပါး စလုံး သက်တော်ထင်ရှား ရှိနေကြ၏။ ဖီးလ်ဒင်းဟောက ထားဝယ်သူ တရုတ်ကပြား အပျိုတော်ကလေး၏ နန်းတွင်း ကိုယ်တွေ့ များကို မေးမြန်း ရေးသားခဲ့ခြင်း ဖြစ်သည်။ ဆရာ ပါရဂူ၏ ဘာသာပြန်ချက်မှ “နောက်ဆုံးအရုဏ်” အခန်းကို ဖော်ပြပါသည်။

နောက်ဆုံးအရုဏ်

“အဲဒီညက ကျွန်မတို့ ကြောက်ရွံ့ ထိတ်လန့်နေကြတဲ့ အတွက် တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ကြဘူး။ ဘာဖြစ်လို့လဲဆိုလျှင် အင်္ဂလိပ်တွေ ရောက်လာကြတော့ မယ်၊ ဘာတွေ ဖြစ်ဦးမယ် ဆိုတာ ဘယ်သူမျှ မပြောနိုင်ဘူး။ ဂနာမငြိမ် ဖြစ်နေကြတယ်။

ထိတ်လန့်စိုးရွံ့ နေကြတယ်။ ကောလာဟလ သတင်းတွေကလည်း အမျိုးမျိုးပဲ။ ကျွန်မတို့ ကတော့ ထိုင်စောင့်ရုံပဲ ရှိတော့တယ်။ ဘုရင်မင်းတရားကြီးနဲ့ မိဖုရားကြီးတို့ဟာ တစ်နေ့လုံး လိုလိုပဲ ထိုင်ပြီး တစ်ဦးကို တစ်ဦး ကြည့်နေကြတယ်။ စကားလည်း ကျွန် မပြောဘူး။ ဆိတ်ဆိတ်ပဲ နေကြတယ်။

“ညနေပိုင်းရောက်လာတော့ အင်္ဂလိပ်တွေ န နေ့ ရောက်လာတော့မယ်၊ နောက်နေ့ မနက်ခင်းမှာပဲ ရောက် လာတော့မယ် ဆိုတဲ့ သတင်းကို ကျွန်မတို့ ကြား} တယ်။ အဲဒီညက အံ့သြ တွေဝေနေတာနဲ့၊ ကြောက်ရွံ့ ထိတ် လန့်နေတာနဲ့ ကျွန်မ တစ်ညလုံး အိပ်မပျော်တော့ဘူး။

ဘာ တွေများ ဖြစ်ဦးမှာလဲ။ အဲဒီညတော့ မန္တလေးမြို့တွင်းမှာရော၊ နန်းတော်ထဲမှာရော တစ်ယောက်မျှ အိပ်လို့ မပျော်ပါဘူး။ တစ်မြို့လုံးမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်။ တစ်ခါ တလေလည်း အမြောက်ပစ်သံကို ကြားနေရတယ်။ တစ်ခါ တစ်ရံလည်း ဆူဆူညံညံနဲ့ အော်သံ ဟစ်သံတွေကို ကြားနေ ရတယ်။ ကောင်းကင်တစ်ခွင်မှာတော့ မီးအရှိန် မီးခိုးများ တက်နေတဲ့အတွက် ညစ်ပုပ်ပုပ် ဖြစ်နေတယ်။

“ပူပန်ကြောင့်ကြနေတဲ့အတွက် ကျွန်မဟာ လျောင်း နေပေမဲ့ အိပ်မပျော်ပါဘူး။ တစ်မျှော်တစ်ခေါ်ကြီး စဉ်းစား နေမိတယ်။ ကျွန်မရဲ့အခန်းဖော်ဖြစ်တဲ့ အပျိုတော်က လာပြီး မိဖုရားကြီးအပါး သွားခစားဖို့ ကျွန်မကို ခေါ်တော့ ကျွန်မ အတော်ပဲ ဝမ်းသာသွားတယ်။ ဒါနဲ့ ကျွန်မလည်း အဝတ် အစား လဲပြီး လိုက်သွားတယ်။

မိဖုရားကြီးဟာ အဆောင် တော် တစ်ခုထဲမှာ ထိုင်ပြီး ဥယျာဉ်တော်ဘက်ကို ငေးမျှော် ရှုစားနေတယ်။ သူ ရှုစားနေတဲ့ ဥယျာဉ်တော်တစ်ဝိုက်မှာ တော့ အလင်းရောင် ရောက်မလာသေးဘူး။ အမှောင်လွှမ်း နေတုန်းပဲ ရှိသေးတယ်။ အဲဒီအချိန်မှာ ဘုရင်မင်းတရားကြီး ကတော့ မိဖုရားကြီးနှင့်အတူ ရှိမနေဘူး။ မိဖုရားကြီးအပါး မှာ မိဖုရား မယ်တော်ကြီး စံနေတော်မူတာပဲ တွေ့ ရတယ်။

“နွေရာသီနန်းတော်မှာ ကျင်းပခဲ့တဲ့ ညီလာခံသဘင် က စပြီး မိဖုရားကြီးဟာ သူ မယ်တော်ကြီးကို စကားမပြော ဘူး။ ဒါပေမဲ့ အခု အရေးကြုံလာတဲ့ အခါကျတော့ သားအမိ နှစ်ဦးဟာ ပြန်တည့်သွားကြတယ်။

သူတို့နှစ်ဦးဟာ ကျွန်မ တို့ရဲ့ ရှေ့မှာ ထိုင်ပြီး ဥယျာဉ်တော်ဘက်ကို လှမ်းမျှော်ကြည့် နေကြတယ်။ သူတို့ရဲ့ မျက်လုံးအိမ်တွေထဲမှာလည်း မျက် ရည်အပြည့်နဲ့။ တစ်ဦးနဲ့ တစ်ဦးလည်း ဖက်ထားကြတယ်။ ကြိုးကြားကြိုးကြား စကားလည်း ပြောနေကြတယ်။ “သူတို့ ဘာတွေပြောကြသလဲ၊ ညည်း ကြားရဲ့လား၊

အပျိုတော်တွေ တစ်ဦးနဲ့တစ်ဦး မေးမြန်း စုံစမ်းနေကြတယ်။

ဒါပေမဲ့ တစ်ယောက်မျှ မကြားဘူး။ အဲဒါနဲ့ အပျိုတော်တွေက ကျွန်မကို အနားတိုးပြီး နားထောင်ခိုင်းကြတယ်။“ကျွန်မက ကလေးပဲ ရှိသေးတယ် မဟုတ်လား။ ဒါကြောင့် မှောင်ထဲမှာ အသာကလေး တွားသွားပြီး သား အမိ နှစ်ယောက် ဘာတွေ ပြောနေတယ်ဆိုတာ နားထောင် ကြည့်တယ်။

“ခုနစ်နှစ် ခုနစ်မိုးကလည်း ခုနစ်ရက်လောက်ပဲ ရှိတယ်။ ခုနစ်နှစ် ခုနစ်မိုးကလည်း ခုနစ်ရက်လောက်ပဲ ရှိတယ်”“အဲဒီ စကားကိုပဲ သားအမိနှစ်ယောက် တစ်ဦးကို တစ်ဦး ထပ်တလဲလဲ ပြောနေကြတယ်။ “ခုနစ်နှစ် ခုနစ်မိုး ကလည်း ခုနစ်ရက်လောက်ပဲ ကြာတယ်”“အဲဒီလိုနဲ့ မိဖုရားကြီးနဲ့ မိဖုရားမယ်တော်ကြီးတို့ ဟာ နောက်ဆုံးပိတ်အရုဏ်ကို စောင့်နေနေကြတယ်။

ဟို အလှမ်းဝေးလှတဲ့ ရှမ်းတောင်တန်းကြီးများရဲ့ နောက်ဘက် က နံနက် နေအရုဏ်ဟာ ပြတ်ပြတ်သားသား ကြည်ကြည် လင်လင် ပေါ်ထွက်လာတယ်။ ဘော်ငွေရောင်က ရွှေဝါ ရောင် အဖြစ် ပြောင်းလဲသွားတယ်။ ရွှေဝါရောင်က ပန်း ရောင်၊ ကြက်သွေးရောင်အဖြစ် ပြောင်းလဲသွားတယ်။

“ကျွန်မတို့ စောင့်ကြည့်နေဆဲမှာပဲ အရုဏ်ရောင် ဟာ ဥယျာဉ်တော်တွေထဲမှာ တဖြည်းဖြည်း တောက်ပ တောက်ပ လာတယ်။
“နောက်ဆုံးကျတော့ ရှည်လျား ဖြာထွက်လာတဲ့ နေရောင်ခြည်ဟာ ကောင်းကင်တစ်ခွင်မှာ ပျံ့နှံ ့သွားပြီး နန်းပြာသာဒ်ဆောင်ပေါ် ကျလာတယ်။

နန်းပြာသာဒ်ကြီးကို မီးလျှံကြီးဖြစ်သွားအောင် အရောင် ဖျန်းပက်လိုက်တယ်။ ရောင်ခြည်များဟာ အနိမ့်ပိုင်းကို ကျသထက် ကျဆင်းလာ လိုက်တာ ကမ္ဘာလောကကြီး တစ်ခုလုံး အလင်းရောင် ပြည့် သွားတဲ့ အထိပါပဲ။

“ဥယျာဉ်တော်ထဲမှာ ကျေးငှက်များဟာ သစ်ပင် တစ်ပင်နဲ့တစ်ပင် ကူးလူးပျံသန်းပြီး ရွှင်မြူးစွာ တွန်ကျူးနေ ကြတယ်။ ငါးကလေးတွေကလည်း ရေကန်ထဲမှာ ခုန်ပျံနေ ကြတယ်။ ပန်းပွင့်တွေကလည်း ကားကားစွင့်စွင့် ပွင့်လာကြ တယ်။ ကျွန်မတို့ တစ်တွေဟာ ထိုင်ပြီး အရုဏ်တက်တဲ့ ရှုခင်းကို ကြည့်ရှုနေကြတယ်။ ကျွန်မတို့ရဲ့ ခုနစ်နှစ် ခုနစ်မိုး ဟာဖြင့် ခုနစ်ရက်လောက်ပဲ ကြာတယ် ထင်လိုက်ရတယ်။

“မိဖုရားကြီးက ကျွန်မတို့ကို အင်္ဂလိပ်စစ်သားများ ရောက်မလာခင် ခပ်မြန်မြန် နန်းတော်က ထွက်ခွာသွားကြဖို့ မိန့်တော်မူတယ်။ “အင်္ဂလိပ်စစ်သားတွေ ရောက်လာတဲ့အခါ ဘာဖြစ်မယ် ဆိုတာ ဘယ်သူမျှ မပြောနိုင်ဘူး။ မဖုရားရဲ့ အပျိုတော်တွေထဲက ဘယ်အပျိုတော်ပဲ ဖြစ်ဖြစ် ဘေး အ အန္တ ရာယ် တစ်စုံတစ်ရာ ဖြစ်ခဲ့လို့ရှိရင် မဖုရား စိတ်ဆင်းရဲရ လိမ့်မယ်။ မယ်မင်းတို့ ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ကြပေ တော့။

ခိုကိုးစရာရှိတဲ့ အပျိုတော်တွေက ကိုယ့်ခိုကိုးစရာရှိတဲ့ ဆီကို သွားကြတော့။ ဒီနန်းတော်ထဲမှာ မဖုရား မယ်မင်းတို့ ကို အကာအကွယ် မပေးနိုင်တော့ဘူး။ တခြား ဘယ်နေရာပဲ ဖြစ်ဖြစ် ဒီနန်းတော်ထက်တော့ ကောင်းလိမ့်ဦးမယ်။ ခိုကိုး စရာ လုံးလုံး မရှိတဲ့ လူတွေကတော့ မဖုရားနဲ့အတူ နေနိုင် တယ်။ မဖုရားကတော့ မောင်တော် အရှင်မင်းတရားကြီးနဲ့ အတူ စံနေရမှာပဲ”လို့ အဲဒီလို့ မိဖုရားကြီးက အမိန့်ရှိတယ်။

“ကျွန်မတို့ဟာ မိဖုရားကြီးကို ခွဲသွားချင်တဲ့စိတ် မရှိကြဘူး သခင်။ မိဖုရားကြီးနဲ့ အတူနေဖို့ စိတ်မကူးတဲ့ လူတွေကတော့ စောစောကတည်းက ထွက်သွားကုန်ကြ ပါပြီ။ ဒါပေမဲ့ အခု မိဖုရားကြီးနဲ့ အတူပဲ ရှိနေသေးတဲ့ ကျွန်မတို့တစ်တွေကတော့ မိဖုရားကြီးနဲ့အတူ ဆက်နေကြ တုန်းပါပဲ။ ဒါကြောင့်မို့ ကျွန်မတို့ သူနဲ့ပဲ အတူနေပါရစေလို့ တိုးလျှိုး တောင်းပန်ကြတယ်။

“ဒါပေမဲ့ မိဖုရားကြီးက သဘောမတူဘူး။ ကျွန်မတို့ သွားရမယ်၊ ကျွန်မတို့ထဲက ဘယ်သူတွေ ဘယ်ဝါတွေဟာ ဖြင့် သွားရမယ်လို့ နာမည်ကိုပြောပြပြီး မိန့်တော်မူတယ်။ မဟုတ် သူက ကျွန်မတို့ နာမည်တွေကို အားလုံးသိနေတယ် လား။ စစ်တပ်တွေ ဆိပ်ကမ်းရောက်ပြီလို့ ကြားရတာနဲ့ တစ်ပြိုင်နက် ကျွန်မတို့ ထွက်ခွာသွားရမယ်လို့ အမိန့် တယ်။

“မိဖုရားကြီး အမိန့်ပေးလိုက်တဲ့အခါ ဘယ်သူမျှ ပြန်လှန် မလျှောက်တင်ဝံ့တော့ဘူး။ ဘယ်သူမျှ သူ့ အမိန့်ကို မလိုက်နာဘဲ မနေဝံ့တော့ဘူး။ ဒါကြောင့်မို့ ကျွန်မလည်း ဘာမျှ ပြန်လှန် မလျှောက်တင်တော့ဘူး။ ဒါပေမဲ့ ဝမ်းနည်း ကြေကွဲလွန်းလှတဲ့အတွက် ကျွန်မလည်ချောင်းဟာ တစ်ဆို့ ဆိုကြီး ဖြစ်နေတယ်။ ကျွန်မ သူ့ ကို သိပ်ချစ်ခင်မြတ်နိုးတယ် သခင်။

“နံနက်စာ ထမင်းစားပြီး နေ့လယ်မွန်းမတည့်မီ တစ်နာရီလောက် အလိုမှာ အိန္ဒိယအစိုးရသင်္ဘောတွေ မန္တ လေး ရောက်လာပြီ ဆိုတဲ့ သတင်းဟာ နန်းတော်ရင်ပြင် တစ်ခုလုံး ပျံ့နှံ့သွားတယ်။ မင်းချင်းတစ်ယောက်က မိဖုရား ကြီးဆီ အဲဒီသတင်း ဆောင်ကြဉ်းလာတယ်။

အဲဒီ သတင်း ကို ကြားသိရတာနဲ့ တစ်ပြိုင်နက် မိဖုရားကြီးဟာ ထိုင်နေရာ က ထ လိုက်တယ်။ ပြီး စနုဆောင်တွေနဲ့ နန်းဆောင်တွေက ဖြတ်ပြီး နန်းမြင့်အောက်မှာရှိတဲ့ မြေကွက်လပ်ကို ကြွသွား တယ်။ နန်းမြင့်ဟာ ကျွန်မအဖေ ဆောက်လုပ်ထားတဲ့ အဆောက်အအုံဖြစ်တယ်။ နန်းမြင့်ပေါ်မှာ မျှော်စင်ရှိတယ်။

“အစောင့်တစ်ယောက်ဟာ နန်းမြင့်ထိပ်ပေါ် တက် ပြီး တစ်နေ့လုံး တစ်ညလုံး စောင့်ကြည့်နေရတယ်။ နန်းမြင့် ပေါ်ကနေ ကြည့်ရင် အရပ်လေးမျက်နှာ တစ်ခွင်ကို မြင်ရ တယ် မဟုတ်လား။ နန်းမြို့ရိုးတွေပေါ်က ဆီးပြီးကြည့်ရင် မန္တ လေးမြို့တွင်းကို မြင်ရတယ်။ မန္တလေးမြို့ ကို ရံနေတဲ့ မန္တ လေးမြို့ ရိုးပေါ်က ဆီးပြီး ကြည့်လိုက်ရင် ခရီး အတော် လှမ်းတဲ့ အရပ်ဒေသအထိ လှမ်းမြင်ရတယ်။

“အရှေ့ဘက်မှာဆိုရင် ရှမ်းပြည်တောင်တန်းများရဲ့ တောင်ခြေဒေသဆီ အထိ လှမ်းမြင်ရတယ်။ မြောက်ဘက်နဲ့ တောင်ဘက်မှာ ဆိုရင်လည်း ခရမ်းရောင်ထနေတဲ့ ဒေသ တစ်ခွင်ကို တစ်မျှော်တစ်ခေါ်ကြီး လှမ်းမြင်ရတယ်။ လူဦးရေ ထူထပ်ပေါများတဲ့ မန္တ လေးမြို့ပေါ်က ဆီးပြီး အနောက်ဘက် ကို ကြည့်လိုက်ရင်လည်း မန္တလေးမြို့ နဲ့ မှိုင်းညို့ညို့ စစ်ကိုင်း တောင် အကြားမှာ စီးနေတဲ့ နှစ်မိုင်ကျော်ခန့် ကျယ်ပြန့်တဲ့ ဧရာဝတီမြစ်ကြီးကို တွေ့ မြင်ရတယ်။

“မိဖုရားကြီး နန်းမြင့်အောက်က ကွက်လပ်နေရာကို ကြွသွားတော့ ကျွန်မတို့လည်း နောက်တော်ပါးက လိုက် သွားကြတယ်။ ကျွန်မတို့ နန်းမြင့်ပေါ် လှမ်းကြည့်လိုက်တဲ့ အခါ အနောက်ဘက်ကို လှမ်းမျှော်ကြည့်နေတဲ့ အစောင့်ကို တွေ့ ရတယ်။ အစောင့်ဟာ ကင်းစောင့်နေတဲ့ပုံမျိုး လှမ်းမျှော် ကြည့်နေတယ်။

“မိဖုရားကြီးက မရွှေနှင်းကို အစောင့်ဆီ လှမ်းခေါ် ခိုင်းလိုက်တယ်။ မရွှေနှင်းက အစောင့်ကို လှမ်းခေါ်လိုက် တယ်။ အစောင့်က အောက်ကို ငုံ့ကြည့်တယ်။ မိဖုရားကြီးက အစောင့်ကို “ဘာမြင်ရသလဲလို့ လှမ်းမေးကြည့်စမ်း”လို့ အပျို တော်ကို အမိန့်ပေးပြန်တယ်။

မိဖုရားကြီးရဲ့ အမိန့်အရ အပျိုတော်က အစောင့်ကို လှမ်းမေးလိုက်ပြန်တယ်။ အစောင့်က ၀ ရန်သူသင်္ဘောတွေ ဆိပ်ကမ်းဆီ ခုတ်မောင်းလာတာကို တွေ့မြင်ရတယ် ဆိုတဲ့ အကြောင်းကို ပြန်ပြောတယ်။ သင်္ဘောစင်းရေ အများကြီး တွေ့ ရကြောင်း၊ စက်ကုန်ဖွင့်ပြီး အလျင်အမြန် ခုတ်မောင်းလာတာကို တွေ ့ရကြောင်းကို လည်း အစောင့်က ပြောပြတယ်။

“မိဖုရားကြီးဟာ ခဏ စောင့်ဆိုင်းနေပြီး အစောင့် မြင်တွေ့ သမျှကို မကြာခဏ အောက်ဘက် လှမ်းအကြောင်း ကြားရမယ်လို့ အမိန့်ပေးလိုက်ပြန်တယ်။

“အစောင့်က ချက်ချင်းဆိုသလိုပဲ သင်္ဘောတွေ ဆိပ် ကမ်းကို ဆိုက်ကြပြီဆိုတဲ့ အကြောင်းနဲ့ မြို့နေသူ လူထုက အင်္ဂလိပ်သင်္ဘောတွေကို ဝိုင်းအုံကြည့်ရှုနေကြတယ် ဆိုတဲ့ အကြောင်းကို ပြောပြန်တယ်။ သင်္ဘောက အမြောက်နဲ့ ပစ်သလားလို့ မိဖုရားကြီးက မေးတဲ့အတွက် အစောင့်က “မပစ်ပါ”လို့ ပြန်လည်ပြောပြတယ်။

“အဲဒီသတင်းဟာ ရုတ်ခြည်းပဲ နန်းရင်ပြင်တစ်ခုလုံး ပျံ့သွားတယ်။ အဲဒါကြောင့် အတွင်းဝန်များနဲ့ တခြား မင်းချင်းများဟာ သတင်းနားထောင်ရန်အတွက် နန်းမြင့် အောက်ကို စုဝေး ရောက်ရှိလာကြတယ်။

“နန်းမြင့်အောက်မှာ လူစုလူဝေးကြီး ဖြစ်နေတယ်။ ဒါပေမဲ့ မိဖုရားကြီးရဲ့ အနီးမှာရှိတဲ့ ကွက်လပ်နေရာကိုတော့ သူ့ ကို ခစားနေတဲ့ ကျွန်မတို့မှတစ်ပါး တခြား ဘယ်သူမျှ မလာရဲဘူး။ ဘုရင်မင်းတရားကြီး ဘယ်ဆီ ရောက်တယ် ဆိုတာတော့ ကျွန်မ မသိဘူး။ အဲဒီမနက်က ကျွန်မ ဘုရင် မင်းတရားကြီးကို မတွေ့ ဘူး။

“အကြာကြီး စောင့်နေရပြန်တယ်။ ပြီးတော့ မိဖုရား ကြီးက ဘာမြင်ရသေးသလဲလို့ တစ်ခါ ထပ်မေးလိုက်ပြန် တယ်။

“အစောင့်က စစ်သားတွေ ဆိပ်ကမ်းပေါ် ဆင်းနေ ကြပြီ ဆိုတဲ့အကြောင်း၊ မြင်းတွေ၊ အမြောက်တွေနဲ့ စစ်သား တွေ အမြောက်အမြား ဆိပ်ကမ်းကို ဆင်းလာကြပြီ ဆိုတဲ့ အကြောင်း၊ စစ်သားတွေဟာ နန်းတော်ဝ တံခါးဝကို တန်း ပြီး ရောက်လာတဲ့ လမ်းမကြီးပေါ်မှာ စတင်ချီတက်လာပြီ ဆိုတဲ့ အကြောင်းတို့ကို ပြောပြတယ်။

“အင်္ဂလိပ်တွေ လမ်းမတွေက ဖြတ်ပြီး ရွှေနန်းတော် ဆီကို ချီတက်လာကြပြီဆိုတဲ့ အကြောင်းကို ကြားရတာနဲ့ တစ်ပြိုင်နက် မိဖုရားကြီးဟာ တစ်ခါဖြင့် အားလုံး ဆုံးပြီဆိုတဲ့ ညို မြ အကြောင်းကို သိရှိ ရိပ်မိလာတယ်၊ အဲဒီအချိန် မတိုင်မီအထိ မိဖုရားကြီးဟာ မျှော်လင့်ချက် ထားသင့်သလောက် ထား သေးတာနဲ့ တူပါတယ်၊ ဖြစ်နိုင်သလောက် ဖြစ်နိုင်စရာ အလားအလာ ရှိသေးတယ်လို တွက်ထားတာနဲ့ တူပါတယ်။

ဒါပေမဲ့ အခုတော့ အားလုံး ဆုံးပြီ။ လုံးဝ မျှော်လင့်ချက် မရှိတော့ဘူး။ မန္တ လေး ရွှေမြို့ တော်ကြီးလည်း ကျသွားပြီ။ ဘုရင်မင်းတရားကြီးနဲ့ မိဖုရားကြီးရဲ့ ကံကြမ္မာလည်း ရွှေမြို့ တော်ကြီးနဲ့ ထပ်တူထပ်မျှ ဖြစ်နေပြီ။ အင်္ဂလိပ်စစ်တပ်တွေ နန်းတော်တွင်း ရောက်လာတဲ့အခါ ဘာတွေ ဖြစ်ဦးမယ် ဆိုတာ ဘယ်သူ ပြောနိုင်မလဲ။

“မိဖုရားကြီးဟာ ရုတ်တရက် သူ့ ကိုယ်သူ ကျောက် ပြားပေါ် မှောက်လျက် လှဲချလိုက်တယ်။ သူ့ ဆံပင်တွေက သူ့ မျက်နှာတစ်ဝိုက်မှာ ပြန့်ကြဲနေကြတယ်။ ရှိုက်ကြီးတငင် နဲ့လည်း ငိုကြွေးနေရှာတယ်။

“အဲဒါကို မြင်တွေ့ ရတော့ လူတွေအားလုံး တခြား ထွက်သွားကြတယ်။ နန်းမြင့်အောက်က ကွက်လပ်ထဲမှာ မိဖုရားကြီးနဲ့ ကျွန်မတို့မှတစ်ပါး အခြား ဘယ်သူမျှ မရှိတော့ ဘူး။

“မိဖုရားကြီးဟာ ဒူးထောက်ပြီး ထ လိုက်တယ်။ ပြီးတော့ သူ့ ရင်ဘတ်ကို သူ့ လက်နဲ့ ထုတယ်။ ဘုရင်မင်း တရားကြီးနဲ့ တိုင်းပြည်နိုင်ငံအပေါ် ကံဆိုးမိုးမှောင်ကျအောင် လုပ်မိလေခြင်း ဆိုပြီး ဟစ်အော် ငိုကြွေးရှာတယ်။

““ငါ့မောင်တော်ဖြစ်တဲ့ ဘုရင်မင်းတရားကြီးနဲ့ ငါ့တိုင်းသူ ပြည်သားတွေ ကံဆိုးမိုးမှောင်ကျအောင် လုပ်တာ တခြားလူ မဟုတ်ဘူး။ ငါ…ငါ” ဆိုပြီး ငိုကြွေးရှာတယ်။“ပြီးတော့ တစ်ဖန် ကျောက်ပြားပေါ် မှောက်လျက် လှဲချလိုက်ပြန်တယ်။ သမံတ လင်းကိုလည်း လက်နဲ့ ထုနေ တယ်။ သူ့ တစ်ကိုယ်လုံးကတော့ ရှိုက်ကြီးတငင် ဖြစ်နေတဲ့ အတွက် လှုပ်ခါနေတယ်။

“ကျွန်မတို့လည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ် ကုန်ကြတယ်၊ ဘာလုပ်ရမှန်း မသိတော့ဘူး။ မိဖုရားကြီး အဲဒီလို အခြေအနေမျိုး ဖြစ်နေတာကို တွေ့ ရတော့ ကျွန်မတို့ အသည်းနှလုံးတွေလည်း ကွဲအက်ကုန်ကြတယ်။

“ဒါပေမဲ့ ကျွန်မတို့ ဘာလုပ်နိုင်မှာလဲ၊ ကွက်လပ်မှာ ခင်းထားတဲ့ ကျောက်ပြားပေါ်မှာ မိဖုရားကြီး မှောက်ပြီး ငိုနေတာဟာ ထမင်းတစ်အိုး မကျက်တကျက်လောက်ပဲ ကြာမယ်။ ဒါပေမဲ့ တစ်နှစ်လောက် ကြာသွားတယ်လို့ အောက် မေ့ရတယ်။

“နောက်ဆုံး တွေ့ လိုက်ရတဲ့ မိဖုရားကြီးကို ကျွန်မ သတိရနေတယ်။ ကျောက်ပြားပေါ်မှာ မှောက်လျက်လှဲပြီး ကျဆုံးသွားပြီ ဖြစ်တဲ့ သူ တိုင်းနိုင်ငံနဲ့ လူညွန့်တုံးသွားပြီ ဖြစ်တဲ့ သူ ့မောင်တော် မင်းတရားကြီးအတွက် ရှိုက်ကြီး တငင် ငိုကြွေးနေရှာတဲ့ မိဖုရားကြီးဟာ ကျွန်မ မျက်စိထဲက ပျောက်ကွယ် မသွားတော့ဘူး သခင်။

“ပြီးတော့ မိဖုရားကြီးဟာ မှောက်လှဲနေရာက ထ လိုက်တယ်၊ အပျိုတော်တစ်ယောက်က သူ့ ဆံပင်ကို ထုံးပေး တယ်၊ ဖရိုဖရဲဖြစ်နေတဲ့ သူ့ အဝတ်အစားကိုလည်း နေသား တကျ ဖြစ်အောင် ပြန်ပြုပြင်ပေးတယ်။ ဖုန်မှုန့်တွေကို ခါပေး လိုက်တယ်။ မိဖုရားကြီးဟာ လှမ်းကြွတော့မယ် လုပ်လိုက် တယ်။

“ဒါပေမဲ့ လှမ်းကြွတော့မယ် လုပ်လိုက်စဉ်မှာပဲ သတိတစ်ခု ရလာတယ်၊ သူ ကျွန်မတို့ကို သတိရလာတယ်၊ သူ အပျိုတော်တွေကို သတိရလာတယ်။

“မိဖုရားကြီးက ကျွန်မတို့ဘက် လှည့်ပြီး မိန့်တော် မူတယ်။ “အင်္ဂလိပ်တွေ နန်းတော်ထဲ ရောက်လာတော့မယ်၊ မယ်မင်းတို့ ကံဆိုးမိုးမှောင်ကျနေတဲ့ ဒီနန်းတော်က ထွက် ပြေးဖို့ အချိန်ရှိသေးတယ်၊ မယ်မင်းတို့ ထွက်သွားကြဖို့ မဖုရား အမိန့်ပေးပြီးပြီ၊ ခပ်မြန်မြန် ခပ်သုတ်သုတ်သာ ထွက် သွားကြပေတော့။ မဖုရားရဲ့ ရံရွေတော်တွေ အစော်ကား ခံရတဲ့အတွက် မဖုရားရဲ့ ဒုက္ခ ထပ်မပွားရပါစေနဲ့ မယ်မင်းတို့ ”

“မိဖုရားကြီးဟာ အဲဒီလို အမိန့်ရှိပြီး လက်ရယမ်း ပြတယ်၊ ပြီးတော့ သူနဲ့အတူ ကျန်ခဲ့တဲ့ အပျိုတော် အနည်း ငယ်နဲ့အတူ ကြွသွားတော်မူတယ်။

“ကျွန်မတို့ သူ့ကို တိုက်နန်းတော် ကျော်လွန်သွား တဲ့အထိ၊ ရေပန်းဖွားများ ကျနေတဲ့ ရေတံခွန် ကျော်လွန်သွား တဲ့အထိ၊ နန်းတော်တွင်းက အဆောင်တော်ထဲ ၀င်ရောက် ပျောက်ကွယ်သွားတဲ့ အထိ ရပ်ကြည့်နေကြတယ်။

“မိဖုရားကြီးဟာ မျက်ရည်တွေ ဆေးကြောပစ်ဖို့အတွက်၊ ရတနာတန်ဆာတွေ ဆင်မြန်းဖို့အတွက် ကြွသွား တယ်။ ဒါမှ စစ်နိုင်သူများရဲ့ ရှေ့မှောက်မှာ မိဖုရားကြီးအဖြစ် နဲ့ ထည်ဝါစွာ စံနေနိုင်မယ်။

“မိဖုရားကြီးဟာ ကျွန်မတို့ရဲ့ မျက်စိအောက်က ကွယ်ပျောက်သွားပြီ၊ ကျွန်မတို့ အကြာကြီး ငိုင်တိငိုင်တိုင် ဖြစ်နေကြသေးတယ်၊ ပြီးမှ ကျွန်မတို့လည်း လူစုခွဲလိုက်ကြ တယ်” …။ ။

ညိုမြ ( ကုန်းဘောင်ရှာပုံတော်)