မြွေစိမ်းကိုက်ခံရလျှင် ရှေးပဝေသဏီထဲက တောင်ယာလုပ် သူတွေရဲ့နည်း
“မြွေစိမ်းအကိုက်ခံရပါက”
ဒီနည်းကဟိုးရှေးပဝေသဏီထဲက”တောင်ယာ”လုပ် သူတွေရဲ့ဆေးနည်းပါ။
တောထဲတောင်ထဲသွားရင် ပလိုင်းထဲမှာ”သင်္ဘောသီးအနု”(လက်တစ်ဆုပ်)သီး လေးတစ်လုံးကိုထည့်သွားလေ့ရှိပါတယ်။
တောင်ယာမှာအများဆုံးတွေ့ရတတ်တာ”မြွေစိမ်း”ပါ။ သစ်ပင်အပေါ်ခြုံပင်အပေါ်နဲ့မြေပြင်မှာနေရာ အနှံ့တွေ့ရသလို မကြာခနအကိုက်ခံရတာတွေရှိပါတယ်။
အကိုက်ခံရတာနဲ့ကိုက်ကိုက်ခြင်း သင်္ဘောသီးအညှာ ထိပ်ကိုဖြတ်ပြီးမြွေစိမ်းအကိုက်ခံရတဲ့နေရာအပေါ် က “ဖိကပ်”ပြီးစည်းထားလိုက်တာပါပဲ။
တစ်နာရီလောက် ထားပေးရင် အဆိပ်တွေပြေသွားစေပါတယ်။
နောက်ကျမှလုပ်လို့မရပါဘူး။
မြွေစိမ်းမြှီးခြောက်ကိုက်လို့ဆေးမမှီခဲ့ရင်ခြေထောက်တွေယောင်ကိုင်းပြီး အကိုက်ခံရတဲ့နေရာကအသားတွေပဲ့ကြွေတတ်ပါတယ်တဲ့။
အရေးပေါ်သုံးကုသနည်းပါ။ အဆိပ်ရှိသတ္တဝါတစ်ကောင်ကောင်အကိုက်ခံရရင်လည်းဒီနည်းနဲ့ ဦးစွာကုသပြီးဆေးရုံ ဆေးခန်းမှာစနစ်တကျကုသမှုခံယူကြပါဆိုတာ မှာထားပါရစေ။။
“ကျန်းမာချမ်းသာကြပါစေ”
Crd,
Zawgyi
Crd,