ကုန်းဘောင်မင်းဆက်ဖြစ်ပေါ်ပုံ။ညိုမြရဲ့ ကုန်းဘောင်ရှာပုံတော်စာအုပ်ကိုအကြိမ်ကြိမ်ဖတ်ပြီးစွဲလမ်းနှစ်သက်ခဲ့ရတယ်။အခုကိုယ်ပိုင်စာအုပ်အနေနဲ့ရလာတော့တခါပြန်ဖတ်မိပြန်တယ်။
ကုန်းဘောင်မင်းဆက် (၁)အလောင်းမင်းတရားကြီး
(၁၇၅၂ -၁၇၆၀)
မြန်မာပြည်မှာ တတိယ မြန်မာနိုင်ငံတော်ကိုထူထောင်ခဲ့တဲ့အလောင်းဘုရားဟာ ၁၇၅၂ ခုနှစ်မှာကုန်းဘောင်မင်းဆက်ကို
ထူထောင်ခဲ့တယ်။မင်းဆက် (၁၁)ဆက်ပဲအုပ်ချုပ်နိုင်ခဲ့တယ်။
မင်းဆက်ပြတ်ရုံမက သူ့ကျွန်ဘဝပါရောက်ခဲ့ရတယ်။ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာသိချင်လာတယ်။
ကုန်းဘောင်မင်းဆက်လို့ဘာဖြစ်လို့ခေါ်ရပါသလဲ?
ရတနာသိင်္ခ
ရန်ကြီးအောင်
ကုန်းဘောင်သရယ်လို့
ငါးမည်ရပြည်ရွှေဘို
ဘေးရန်ကဖြို
ရန်ဖြိုတဲ့နာသိင်္ခရယ်
ဘိုးတော်ဒေသ။
မြန်မာမင်းတို့သည်ထီးနန်းအဆက်ဆက်နှင့်စိုးစံခဲ့ရာထိုအဆက် အနွယ်မင်းဆက်ကိုဟံသာဝတီမင်းတို့ကဖျက်၍မင်းဆက်ပြတ်ရလေသည်။ဟံသာဝတီမင်းတို့သည်ရေနှင့်တူသည်။
ထိုရေကိုဖြတ်သန်းလွှမ်းမိုး၍အလောင်း မင်းတရားကြီး၏ ဘုန်းတော်ဖြင့်မြန်မာမင်းဆက်ကိုပြန်ဆက်ရသည်ဖြစ်ရာအလောင်းမင်းတရားသည်ကုန်းဘောင်နှင့်တူလေသည်။ကုန်းဘောင် ဟုသမုတ်သော်ဘုန်းတော်ကြီး၍သက်တော်ရှည်မည်။
သားတော်အစဉ်၊မြေးတော်အဆက် ဧကရာဇ်ကြီးဖြစ်ရမည်။
နောင်သော်အရှင့်မျိုးဆက်သည်ကုန်းဘောင်မင်းဆက်ဟုဇမ္ဗူဒီပါလကျာ်မြေပြင်မှာ နေအသွင်၊ လအသွင်ထင်ရှားပေလိမ့်မည်။
ဟုသုခမိန်ပညာရှင်များ၏အတိတ်၊နိမိတ်များနှင့်အတူ၁၇၅၂ ခုနှစ်မှာအလောင်းဘုရား ဦးအောင်ဇေယျသည်မွန်များနှင့်ရန်အပေါင်းကို တိုက်ခိုက်ချေမှုန်းပြီးတတိယမြန်မာနိုင်ငံတော် ကြီးကို”ကုန်းဘောင်မင်းဆက်”ဖြင့်တည် ထောင်တော်မူလေသည်။
နောက်ဆုံးတိုက်ပွဲ
ဟံသာဝတီ မြို့တော်ကိုသိမ်းပိုက်ပြီးနောက်အလောင်းမင်းတရားကြီးသည်ရတနာသိင်္ခသို့ပြန်လည်ချီတော်မူသည်။မြန်မာတို့၏ ရန်သူဖြစ်သည့်မွန်စစ်သူကြီးတလပန်းကိုတနင်္သာရီတိုင်ဘုရင်ခံကကာကွယ်ပေးတာကြောင့်ယိုးဒယားနှင့်မြန်မာတပ်များထိပ်တိုက်တိုးရတော့သည်။
မြန်မာတပ်များကိုဦးဆောင်သူကအလောင်းမင်းတရားကြီး၏ ဒုတိယသားတော်ဗိုလ်မှုးမင်းသားမောင်ရွ(နောင် မြေဒူးမင်းဆင်ဖြူရှင်မင်းတရားကြီး)နှင့်ဗိုလ်မှုးမင်းခေါင်နော်ရထာ(ဦးတွန်)တို့ဖြစ်ကြသည်။တိုက်ရည်ခိုက်ရည်စွမ်းဆောင်မှုရှိလှသည့်မြန်မာတပ်ကိုယိုးဒယားတပ်များကမခံနိုင်ပေ။
အလောင်းမင်းတရားကြီး၏အမိန့်ဖြင့်တနင်္သာရီတိုင်းနှင့်မြိတ်ကျွန်းစုများကိုသိမ်းပိုက်ပြီးနောက်ယိုးဒယားတို့၏မြို့တော်အယုဒ္ဓယသို့မြန်မာတပ်များချီတက်တိုက်ခိုက်တော့သည်။
အလောင်းမင်းတရားကိုယ်တော်တိုင်ရောက်ရှိလာပြီးကွပ်ကဲတိုက်ခိုက်တော်မူ၏။ယိုးဒယားတို့လည်းမြို့အတွင်းကြံကြံခံ၍နေ၏။မြန်မာတပ်များကအမြောက်ကြီးများနှင့်နေ့ရောညပါပစ်ခတ်နေသည်။အမြောက်ကျည်တစ်ခုကယိုးဒယားနန်းပြဿဒ်ကြီးကိုထိမှန်ပြီးကျိုးကျပျက်စီးသွားခဲ့သည်။
ယိုးဒယားများတုန်လှုပ်ခြောက်ခြားနေကြစဉ်မြန်မာတပ်များသည်ချက်ချင်းတပ်ရုပ်ပြီးမြောက်အရပ်သို့အရေးတကြီးဆုတ်ခွာသွားကြသည်။စင်စစ်အလောင်းမင်းတရားကြီးနာမကျန်းဖြစ်၍
မြန်မာတပ်များဆုတ်ခွာသွားကြောင်းယိုးဒယားများကမသိကြပေ။
နောက်မှသိ၍လိုက်လံတိုက်ခိုက်သော်လည်းမမှီတော့ပေ။မုတ္တမ နယ်မြေကင်း ရွာမှာအလောင်းမင်းတရားကြီးနတ်ရွာစံလေသည်။ထိုအရပ်မှာ(၃)ရက်ရပ်နား၍စစ်သည်ဗိုလ်ပါစုံညီစွာဖြင့်အလောင်းတော်ကိုမီးသဂြိုလ်သည်။
ရှင်ဘုရင်ဖြစ်ဖို့မွေးဖွားလာတာဖြစ်ပေမယ့်ခံစားစံစားရတာတွေဟာတစ်ပါးနှင့်တစ်ပါးမတူပါဘူး။ဇာတ်သိမ်းခန်းလည်းကွာခြားပါတယ်။ဘုရင်တစ်ပါးရဲ့ကံကြမ္မာဟာသူတို့ရဲ့မိဘုရား၊သားတော်၊သမီးတော်များအပေါ်မှာပါလွှမ်းမိုးနေပါတယ်။
၁။ အလောင်းမင်းတရားကြီး
သောကြာသား၊ငယ်မည် မောင်အောင်ဇေယျ၊
အိမ်နိမ့်စံ ၃၈နှစ်၊နန်းစံ ၈ နှစ်။
ရတနာသိင်္ခပြည်ရွှေဘို
နတ်ရွာစံသည့်နေ့ ၁၇၆၀ ပြည့်နှစ်
ကဆုန်လကွယ် ၁၂ရက်။
မိဘုရားခေါင်ကြီး မဟာမင်္ဂလာရတနာဓိပတိသီရိရာဇာစန္ဒာဒေဝီ သည်သားတော်ဆင်ဖြူရှင်မင်းတရားကြီးလက်ထက်မှာ
၁၇၇၀ခုနှစ်ဝါခေါင်လကွယ်၅ရက်နေ့တွင်နတ်ရွာစံတော်မူသည်။
Refrence ဆရာ ညိုမြ၏
ကုန်းဘောင်ရှာပုံတော်
Crd,