သမိုင်းထဲက အမေ့လျော့ခံ သီပေါမင်းသားတော်ကြီးနဲ့ ထူးဆန်းတဲ့ ကံကြမ္မာအလှည့်အပြောင်း

ကုန်းဘောင်ခေတ် နောက်ဆုံးဘုရင် သီပေါမင်းရဲ့ ကြင်ယာတော် မိဖုရားခေါင်စုဖုရားလတ်ဟာ သမီးတော်မိန်းကလေးတွေပဲ မွေးဖွားခဲ့တာမဟုတ်ပါဘူး။

သီပေါမင်းနန်းတက်ပြီး ၁နှစ်ကျော်အကြာမှာ သူ့ရဲ့ ကြင်ယာတော် စုဖုရားလတ်မိဖုရားကြီးဟာ ပထမဦးဆုံးသားတော်မွေးဖွားခဲ့ပါတယ်။သားတော်လေးကို “ရွှေကိုယ်တော်ကြီး” ဆိုတဲ့အသုံးအနှုန်း အခေါ်အဝေါ်ကို ခေါ်ဆိုရပါတယ်။

အခုလိုမျိုး ဖြစ်ရပ်ဟာ တော်တော်ဖြစ်ခဲတဲ့ ကိစ္စတရပ်လို့ ဆိုရင်ရပါတယ်။ အကြောင်းကတော့ ဒီ “ရွှေကိုယ်တော်ကြီး “ဆိုတဲ့အသုံးအနှုန်း ခေါ်ဝေါ်ဖို့ကို ဒီကလေးရဲ့ ဖခင်ဟာ လက်ရှိဘုရင်ဖြစ်ရပါမယ်၊ မိခင်ဟာလည်း မိဖုရားခေါင်ကြီး ဖြစ်ရပါမယ်၊ နောက်ပြီး ပထမဦးဆုံးမွေးဖွားတဲ့ သားတော်လည်းဖြစ်ရပါမယ်။

ဒီလိုအချက်တွေနဲ့တိုက်ဆိုင်ဖို့ဟာ ခက်ခဲတဲ့အတိုင်းပဲ ကုန်းဘောင်မင်း (၁၁)ဆက်လုံးမှာ မိဖုရားခေါင် စုဖုရားလတ်ရဲ့ သားတော်ကြီး တပါးသာ အထင်အရှားတွေ့ရပါတယ်။ ဒီလို အချက်တွေနဲ့ပြည့်စုံတဲ့ သားတော်ဖြစ်ခဲ့ပေမယ့် သားတော်လေး ၆လသားအရွယ်မှာ အစောင့်အကြပ်ထူထဲပြီး စည်းကမ်းတင်းကြပ်လှတဲ့ နန်းတော်ကြီးမှာ ကျောက်ရောဂါ ကူးစက်ခံခဲ့ရပါတယ်။

ဒီကျောက်ရောဂါဟာ မိဖုရားခေါင်ကြီး စုဖုရားလတ်ရဲ့ ချစ်လှစွာသော သားတော်မောင်ရဲ့ အသက်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ခုဖြစ်ရပ်ဟာ ကံတရားလှည့်ကွက်ပေလား၊ တပါးသူရဲ့ ပယောဂ ပါသလား ဆိုတာဟာလဲ ပဟေဠိ သဖွယ်ထူးဆန်းပါတယ်။

သူ့(စုဖုရားလတ်)ရဲ့ ဘွားတော်ဖြစ်တဲ့ နန်းမတော်မယ်နုမှာလည်း အလားတူ သားတော်တပါးဖွားမြင်ခဲ့ပြီး ၇ နှစ်သားအရွယ်မှာ ကျောက်ရောဂါနဲ့ပဲ ကွယ်လွန်ခဲ့ဘူးပါတယ်။ နောက်ပြီး သူ့(စုဖုရားလတ်) ရဲ့မယ်တော် ဆင်ဖြူမရှင် မိဖုရားကြီးဟာလည်း သားတော်တပါးဖွားမြင်ခဲ့ပြီး ၆နှစ်သားအရွယ်မှာ အဖျားရောဂါနဲ့ပဲ ကွယ်လွန်ခဲ့ရပြန်ပါတယ်။

ထူးဆန်းတဲ့ ကံတရားဟာ ဒီမိဖုရားကြီး သုံးပါးကိုပဲ အာဏာဒါးထက်ခွင့်ပေးခဲ့ပြီး သူတို့ရဲ့ အစွယ်အပွားတွေကို ရှင်သန်ခွင့်မပေးခဲ့တာကို ထူးဆန်းစွာ တွေ့ရပါတယ်။ ဒါကြောင့် ဒီတိုင်ဆိုင်မှုတွေဟာ တပါးသူရဲ့ပယောဂ ကင်းရဲ့လားဆိုတာ စဉ်းစားဖွယ် ပဟေဠိ ဆန်နေတာကိုတွေ့ရပါတယ်။

ဒီကလေးရဲ့ပုံကို သီပေါမင်းငယ်စဉ်ကပုံလို့ဆိုထားပေမယ့် ထိုအချိန်က သီပေါမင်းသားရဲ့မယ်တော်ဟာ ဘုရင့်အမျက်တော်ရှိနေစဉ်မို့ ဓာတ်ပုံရိုက်ဖို့အခွင့်ပေးဖို့မလွယ်ကူလှပါဘူး၊ ဒါကြောင့် အနီးစပ်ဆုံးသီပေါမင်းရဲ့ သားတော်ကြီး ရွှေကိုယ်တော်ကြီး ဖြစ်ဖို့အများဆုံးမို့ ထည့်သွင်းဖော်ပြလိုက်ပါတယ်။ (မင်းနန်သူ)

Crd

Zawgyi
ကုန္းေဘာင္ေခတ္ ေနာက္ဆုံးဘုရင္ သီေပါမင္းရဲ႕ ၾကင္ယာေတာ္ မိဖုရားေခါင္စုဖုရားလတ္ဟာ သမီးေတာ္မိန္းကေလးေတြပဲ ေမြးဖြားခဲ့တာမဟုတ္ပါဘူး။

သီေပါမင္းနန္းတက္ၿပီး ၁ႏွစ္ေက်ာ္အၾကာမွာ သူ႕ရဲ႕ ၾကင္ယာေတာ္ စုဖုရားလတ္မိဖုရားႀကီးဟာ ပထမဦးဆုံးသားေတာ္ေမြးဖြားခဲ့ပါတယ္။သားေတာ္ေလးကို ေ႐ႊကိုယ္ေတာ္ႀကီး ဆိုတဲ့အသုံးအႏႈန္း အေခၚအေဝၚကို ေခၚဆိုရပါတယ္။

အခုလိုမ်ိဳး ျဖစ္ရပ္ဟာ ေတာ္ေတာ္ျဖစ္ခဲတဲ့ ကိစၥတရပ္လို႔ ဆိုရင္ရပါတယ္။ အေၾကာင္းကေတာ့ ဒီ ေ႐ႊကိုယ္ေတာ္ႀကီး ဆိုတဲ့အသုံးအႏႈန္း ေခၚေဝၚဖို႔ကို ဒီကေလးရဲ႕ ဖခင္ဟာ လက္ရွိဘုရင္ျဖစ္ရပါမယ္၊ မိခင္ဟာလည္း မိဖုရားေခါင္ႀကီး ျဖစ္ရပါမယ္၊ ေနာက္ၿပီး ပထမဦးဆုံးေမြးဖြားတဲ့ သားေတာ္လည္းျဖစ္ရပါမယ္။

ဒီလိုအခ်က္ေတြနဲ႕တိုက္ဆိုင္ဖို႔ဟာ ခက္ခဲတဲ့အတိုင္းပဲ ကုန္းေဘာင္မင္း (၁၁)ဆက္လုံးမွာ မိဖုရားေခါင္ စုဖုရားလတ္ရဲ႕ သားေတာ္ႀကီး တပါးသာ အထင္အရွားေတြ႕ရပါတယ္။ ဒီလို အခ်က္ေတြနဲ႕ျပည့္စုံတဲ့ သားေတာ္ျဖစ္ခဲ့ေပမယ့္ သားေတာ္ေလး ၆လသားအ႐ြယ္မွာ အေစာင့္အၾကပ္ထူထဲၿပီး စည္းကမ္းတင္းၾကပ္လွတဲ့ နန္းေတာ္ႀကီးမွာ ေက်ာက္ေရာဂါ ကူးစက္ခံခဲ့ရပါတယ္။

ဒီေက်ာက္ေရာဂါဟာ မိဖုရားေခါင္ႀကီး စုဖုရားလတ္ရဲ႕ ခ်စ္လွစြာေသာ သားေတာ္ေမာင္ရဲ႕ အသက္ကို ေခၚေဆာင္သြားခဲ့ပါတယ္။ ခုျဖစ္ရပ္ဟာ ကံတရားလွည့္ကြက္ေပလား၊ တပါးသူရဲ႕ ပေယာဂ ပါသလား ဆိုတာဟာလဲ ပေဟဠိ သဖြယ္ထူးဆန္းပါတယ္။

သူ႕(စုဖုရားလတ္)ရဲ႕ ဘြားေတာ္ျဖစ္တဲ့ နန္းမေတာ္မယ္ႏုမွာလည္း အလားတူ သားေတာ္တပါးဖြားျမင္ခဲ့ၿပီး ၇ ႏွစ္သားအ႐ြယ္မွာ ေက်ာက္ေရာဂါနဲ႕ပဲ ကြယ္လြန္ခဲ့ဘူးပါတယ္။ ေနာက္ၿပီး သူ႕(စုဖုရားလတ္) ရဲ႕မယ္ေတာ္ ဆင္ျဖဴမရွင္ မိဖုရားႀကီးဟာလည္း သားေတာ္တပါးဖြားျမင္ခဲ့ၿပီး ၆ႏွစ္သားအ႐ြယ္မွာ အဖ်ားေရာဂါနဲ႕ပဲ ကြယ္လြန္ခဲ့ရျပန္ပါတယ္။

ထူးဆန္းတဲ့ ကံတရားဟာ ဒီမိဖုရားႀကီး သုံးပါးကိုပဲ အာဏာဒါးထက္ခြင့္ေပးခဲ့ၿပီး သူတို႔ရဲ႕ အစြယ္အပြားေတြကို ရွင္သန္ခြင့္မေပးခဲ့တာကို ထူးဆန္းစြာ ေတြ႕ရပါတယ္။ ဒါေၾကာင့္ ဒီတိုင္ဆိုင္မႈေတြဟာ တပါးသူရဲ႕ပေယာဂ ကင္းရဲ႕လားဆိုတာ စဥ္းစားဖြယ္ ပေဟဠိ ဆန္ေနတာကိုေတြ႕ရပါတယ္။

ဒီကေလးရဲ႕ပုံကို သီေပါမင္းငယ္စဥ္ကပုံလို႔ဆိုထားေပမယ့္ ထိုအခ်ိန္က သီေပါမင္းသားရဲ႕မယ္ေတာ္ဟာ ဘုရင့္အမ်က္ေတာ္ရွိေနစဥ္မို႔ ဓာတ္ပုံရိုက္ဖို႔အခြင့္ေပးဖို႔မလြယ္ကူလွပါဘူး၊ ဒါေၾကာင့္ အနီးစပ္ဆုံးသီေပါမင္းရဲ႕ သားေတာ္ႀကီး ေ႐ႊကိုယ္ေတာ္ႀကီး ျဖစ္ဖို႔အမ်ားဆုံးမို႔ ထည့္သြင္းေဖာ္ျပလိုက္ပါတယ္။ (မင္းနန္သူ)

Crd