ဘုံပြတ် ခေါ် မြင်းလှည်း လေးနဲ့ ယဉ်ယဉ်ကျေးကျေးထိုင် မမတို့ မော်ရွှေမြိုင် မမတို့ မော်ရွှေမြိုင်” ဒီသီချင်းကတော့ မော်လမြိုင် သားတိုင်း နီးပါးလောက် ကြားဖူးကြမယ်လို့ ထင်ပါတယ်။
မြင်းလှည်းများကို ဘုံပြတ်လို့ ခေါ်တွင်ဖြစ်ခဲ့တဲ့ သမိုင်းကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ထို့အတူ မြန်မာစာတတ် ပေတတ် လူမျိုးခြား ဘာသာခြား တစ်ဦးအကြောင်းကိုလည်း ချန်လှပ်ထားလို့ မရပါဘူး ။ထိုသူကား ဦအလီ(1837-1907)(ကျူလယာလူမျိုး) ပင်တည်း။
ဖခင်ဖြစ်သူမှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် အင်္ဂလိပ်တပ်များနှင့် ပါလာပြီး စစ်ပြီးသော်လည်း မပြန်တော့ပဲ မော်လမြိုင်တွင်အခြချ နေထိုင်သူတစ်ဦးဖြစ်သည်။
ဦးအလီ၏ အိမ်ကား ဦးဇိန ဘုရားလမ်း ရွှေပရိယတ္တိ စာသင်တိုက်၏ တောင်ဘက်ကပ်လျက်ရှိသည်။
ထိုစဉ်က ရွှေကျောင်းဆရာတော်မှာ လောကီ လောကုတ် ပညာများကို စွယ်စုံတတ်မြောက်သည့် ဆရာတော်ဖြစ်သလို ယနေ့ ထိတိုင် ထင်ပေါ်ကြော်ကြားသော ဘုန်းကြီးဘိုး လျှာပွတ်ဆေးကို ဖေါ်စပ်ခဲ့သည့် ဆရာတော်လည်းဖြစ်သည်။
ဦးအလီ စာသင်သည့် အရွယ်တွင်ဆရာတော်ထံ နေ့စဉ်ဆွပ်အုပ်ပို့ရင်း မြန်မာစာနှင့် ပါဠိစာပေကို သင်ယူသည်။ ထိုအပြင် ဆရာတော်ထံမှ သီချင်းကြီး သီချင်းခန့် ကဗျာ လင်္ကာများကိုပါ သင်ယူတတ်မြောက်သည်ဆရာတော်ထံ သွားလာရေးလွယ်ကူစေရန် ကျောင်းနှင့်အိမ်ကြား တံခါး ဖေါက်ထားရာ ယနေ့တိုင်တွေ့နိုင်သည်။
ရပ်ရွာတွင် အလှူအတန်းလုပ်သည့်အခါတိုင်း ရတုရကန် ဧချင်းများကို ဦးအလီထံ လာရောက် စပ်ခိုင်းရသည်အထိ မြန်မာစာ ထူးချွန်သူဖြစ်သည်။တခါတရံ သူကိုယ်တိုင် သွားရောက်ရွတ်ဆိုပေးရသည် အထိ သူမပါလျင် ပွဲမစည်ပေ။စာတတ်ပေတတ်ဖြစ်လာသော ဦးအလီသည် အလုပ်လျှောက်ရာ အရေးပိုင်ရုံးတွင် လက်ထောက် ဘီလစ်အဖြစ် အလုပ်ရသည်။လစာမှာ ၁၂ကျပ် ၈ပဲ ဖြစ်သည်။
(ရွှေတစ်ကျပ်သား ၂၀-၂၅ ကျပ်ခေတ်)1840 နောက်ပိုင်းတွင် မော်လမြိုင် တရားရုံးများ၌ ရှေ့နေများစတင်ပေါ်ပေါက်လာသည်။ထိုစဉ်က ရှေ့နေ များသည် အင်္ဂလန်မှလာသော ဝတ်လုံများဖြစ်သည်။ အမှုကို အင်္ဂလိပ်လိုစစ်ရသည်အတွက် အမှုသည် များမှာ ရှေ့နေခရော စကားပြန်ခပါ ပေးရသည်။အချိန်လည်း ကြန်ကြာကြရသည်။
မြန်မာ-မွန်-အင်္ဂလိပ်-ကုလား စကားတတ်သော ဦးအလီသည် ရှေ့နေ အလုပ်ကိုလျှောက်ထားရာ အရေးပိုင်က တစ်နှစ်အစမ်းခန့် သည်။ စကားပြန်မပါပဲ အမူလျှောက်ထားနိုင်သဖြင့် အမူသည်များလည်းကုန်ကျစရိတ် သက်သာလာကာ အမူစစ်ရာတွင်လည်းမြန်ဆန်လာသည်။
ဦးအလီသည် 1870 တွင် အထက်တန်းရှေ့နေအဖြစ် ခန့်အပ်ခြင်းခံရသည်။ ဦးအလီထင်ပေါ် ကျော်ကြားလာသည့်အတွက် ဦအလီ၏ အိမ်တွင် ရပ်ဝေးရပ်နီးမှ အမူသည်များ အဝင် အထွက်များ လာသည်။ သိုသော် ကျိုက်မရော နှင့် မုဒုံမှ အမူသည်များ လွယ်လွယ်ကူကူ မလာနိုင်ချေ။လှည်းဖြင့်လာလျင် လမ်းတွင်ညအိပ်ရသည်။
ထိုစဉ်က မော်လမြိုင်တွင် မော်တော်ကား မရှိပေ။ 1914 ခန့် အထိ မော်လမြိုင်တွင် ကိုယ်ပိုင်မော်တော်ကား ford အမျိုးစား ၁၀ စီးခန့်သာ ရှိသည်။ဦးအလီသည် ဘီးလေးဘီး နှင့် မြင်းနှစ်ကောင်တပ် မြင်းရထားကြီးနှစ်စီးကို တီထွင်ပြုလုပ်ပြီး မော်လမြိုင်-ကျိုက်မရော၊ မော်လမြိုင်-မုဒုံ အသွားအပြန် ကို ပြေးဆွဲသည်။ ထိုမြင်းလှည်း နှစ်စီး၏ အမည်ကိုလည်း ဘုံပြန် နှင့် ဘုံဆောင် ဟူ၍ မြန်မာ ဆန်ဆန် အမည်ပေးသည်။
အရှည် ၁၅ ပေခန့် ရှိပြီး လူ ၂၀ ခန့် ချောင်ချောင် စီးနိုင်သည်။နံနက် ၅ နာရီတွင် အိမ်ရှေ့ မှ မြင်းရထာကြီးတစီး စထွက်သည်။ မော်လမြိုင်မြို့မှ ၇ မိုင်ဝေးသော ခရွန်းရွာတွင် ခေတ္တနားသည်။
မြင်းအသစ် နှစ်ကောင်လဲ၍ ဆက်လက်ခရီးဆက်ရာ မော်လမြိုင်မှ ၁၂ မိုင်ဝေးသော ကျောက်တစ်လုံးရွာတွင် ခေတ္တနားသည်။ တဖန် မြင်းအသစ်နှစ်ကောင်လဲ၍ ခရီးဆက်ပြန်ရာ မုဒုံတွင် ခရီးဆုံးလေသည်။ မော်လမြိုင်မှ မုဒုံသို့ အသွား မြင်းခြောက်ကောင် အပြန် မြင်းခြောက်ကောင် ပေါင်း မြင်း ၁၂ ကောင် အသုံးပြုသည်။
မြင်းလှည်းခမှာ လူတစ်ယောက်လျှင် အသွား ၁ ကျပ် အပြန် ၁ ကျပ် ယူသည်။(မြန်မာနိင်ငံရဲ့ ပထမဆုံးသော ခရီးသည်တင် မြင်းလှည်းလိုင်းလို့ ပြောရမလားပဲ။ ကျွန်တော်ခပ်ငယ်ငယ် လွန်ခဲ့သော အနှစ် ၃၀ လောက်က မော်လမြိုင်တွင် ထိုကဲ့သို့ သော ယာဉ်တစ်စီး ဟိန္ဒူ လူမျိုးများ အသုဘချရာတွင် မသာယာဉ်အဖြစ် အသုံးပြုသည်ကို မြင်ဖူးသည်)ဦးအလီ အသက်ကြီးလာသော် နှလုံးရောဂါ စွဲကပ်လာပြီး ဘုံပြန် နှင့် ဘုံဆောင်ကို လှည်မကြည့်နိုင်တော့ချေ။
လှည်းကြီးနှစ်စီးကို မွေးစားသား ၂ ဦးအားပေးလိုက်ရသည်။ သား ၂ ဦးလည်း ရထားကြီး ၂ စီးကို ထိန်းသိမ်းနိုင်စွမ်း မရှိသဖြင့် ဦးအလီ၏ သဘောတူညီချက်ရယူကာမြင်းလှည်းနှစ်စီးကို အလယ်မှ တိတိဖြတ်ပြီး ဘီး ၂ ဘီး မြင်း ၁ ကောင် မြင်းလှည်းငယ် ၄ စီးဖန်တီးကာ မော်လမြိုင်မြို့အတွင်း ပြေးဆွဲလေသည်။
မြင်းလှည်းငယ် ၄ စီး အမည်ပေးရာတွင် ဦးအလီက မူလ ဘုံဆောင် နှင့် ဘုံပြန် တို့ ၏ အပြတ်များ ဖြစ်သောကြောင့် မူလအမည် “ဘုံ” လည်းပါရအောင် ရထားပြတ်မှ “ပြတ်” လည်းပါအောင် “ဘုံပြတ် ” ဟုသာ ခေါ်ကြပေတော့ဟု အမည် ပေးရာမှ မော်လမြိုင်တွင် မြင်းလှည်းများကို “ဘုံပြတ် ” ဟု ခေါ်ဝေါ်ခဲ့ကြလေသည်။
ဦးအလီသည် မွတ်ဆလင် ဘာသာဝင် ဖြစ်သော်လည်းမိမိဆရာ ရွှေကျောင်းဆရာတော် ထံ နေ့စဉ် ဆွမ်းအုပ်ပို့ သည်။ ရွှေကျောင်းဆရာတော် ပျံလွန်သောအခါ ဦးအလီ ကမကထလုပ်ပြီး လောင် တိုက်နှင့် ပြသာဒ် တို့ ကို ဆောက်လုပ်လှူဒါန်းသည်။
ဘုန်းကြီးပျံ ပွဲ တွင် ဇာတ်ပွဲ ၇ ရက် ခံပေးသည်။ဤတွင် မွတ်ဆလင် ဘာသာဝင်တို့ က ဦးအလီအား ဝိုင်းဝန်းကဲ့ရဲ့ကာ ဝိုင်းပယ်လိုက်ကြလေတော့သည်။ဦးအလီက တရားရုံးအနီးတွင် ကိုယ်ပိုင်သစ်သားဗလီ ဆောက်ကာ မှန်မှန်တက်သည်။ဦးအလီ သည် အသက် ၇၀ အရွယ် 1907 တွင် ကွယ်လွန်ခဲ့လေသည်။
စာကိုး – (ဆရာအံ့ကျော်၏ မော်လမြိုင် ရွှေတောင်ကျောင်းတိုက် သမိုင်းမှ)
Credit – မူရင်းရေးသားသူအားလေးစားစွာဖြင့်
Zawgyi
ဘုံျပတ္ ေခၚ ျမင္းလွည္း ေလးနဲ႕ ယဥ္ယဥ္ေက်းေက်းထိုင္ မမတို႔ ေမာ္ေ႐ႊၿမိဳင္ မမတို႔ ေမာ္ေ႐ႊၿမိဳင္ ဒီသီခ်င္းကေတာ့ ေမာ္လၿမိဳင္ သားတိုင္း နီးပါးေလာက္ ၾကားဖူးၾကမယ္လို႔ ထင္ပါတယ္။
ျမင္းလွည္းမ်ားကို ဘုံျပတ္လို႔ ေခၚတြင္ျဖစ္ခဲ့တဲ့ သမိုင္းကလည္း စိတ္ဝင္စားဖို႔ ေကာင္းပါတယ္၊ထို႔အတူ ျမန္မာစာတတ္ ေပတတ္ လူမ်ိဳးျခား ဘာသာျခား တစ္ဦးအေၾကာင္းကိုလည္း ခ်န္လွပ္ထားလို႔ မရပါဘူး ။ထိုသူကား ဦအလီ(1837-1907)(က်ဴလယာလူမ်ိဳး) ပင္တည္း။
ဖခင္ျဖစ္သူမွာ အဂၤလိပ္-ျမန္မာ ပထမစစ္ပြဲတြင္ အဂၤလိပ္တပ္မ်ားႏွင့္ ပါလာၿပီး စစ္ၿပီးေသာ္လည္း မျပန္ေတာ့ပဲ ေမာ္လၿမိဳင္တြင္အျခခ် ေနထိုင္သူတစ္ဦးျဖစ္သည္။
ဦးအလီ၏ အိမ္ကား ဦးဇိန ဘုရားလမ္း ေ႐ႊပရိယတၱိ စာသင္တိုက္၏ ေတာင္ဘက္ကပ္လ်က္ရွိသည္။
ထိုစဥ္က ေ႐ႊေက်ာင္းဆရာေတာ္မွာ ေလာကီ ေလာကုတ္ ပညာမ်ားကို စြယ္စုံတတ္ေျမာက္သည့္ ဆရာေတာ္ျဖစ္သလို ယေန႕ ထိတိုင္ ထင္ေပၚေၾကာ္ၾကားေသာ ဘုန္းႀကီးဘိုး လွ်ာပြတ္ေဆးကို ေဖၚစပ္ခဲ့သည့္ ဆရာေတာ္လည္းျဖစ္သည္။
ဦးအလီ စာသင္သည့္ အ႐ြယ္တြင္ဆရာေတာ္ထံ ေန႕စဥ္ဆြပ္အုပ္ပို႔ရင္း ျမန္မာစာႏွင့္ ပါဠိစာေပကို သင္ယူသည္။ ထိုအျပင္ ဆရာေတာ္ထံမွ သီခ်င္းႀကီး သီခ်င္းခန႔္ ကဗ်ာ လကၤာမ်ားကိုပါ သင္ယူတတ္ေျမာက္သည္ဆရာေတာ္ထံ သြားလာေရးလြယ္ကူေစရန္ ေက်ာင္းႏွင့္အိမ္ၾကား တံခါး ေဖါက္ထားရာ ယေန႕တိုင္ေတြ႕နိုင္သည္။
ရပ္႐ြာတြင္ အလႉအတန္းလုပ္သည့္အခါတိုင္း ရတုရကန္ ဧခ်င္းမ်ားကို ဦးအလီထံ လာေရာက္ စပ္ခိုင္းရသည္အထိ ျမန္မာစာ ထူးခြၽန္သူျဖစ္သည္။တခါတရံ သူကိုယ္တိုင္ သြားေရာက္႐ြတ္ဆိုေပးရသည္ အထိ သူမပါလ်င္ ပြဲမစည္ေပ။စာတတ္ေပတတ္ျဖစ္လာေသာ ဦးအလီသည္ အလုပ္ေလွ်ာက္ရာ အေရးပိုင္႐ုံးတြင္ လက္ေထာက္ ဘီလစ္အျဖစ္ အလုပ္ရသည္။လစာမွာ ၁၂က်ပ္ ၈ပဲ ျဖစ္သည္။
(ေ႐ႊတစ္က်ပ္သား ၂၀-၂၅ က်ပ္ေခတ္)1840 ေနာက္ပိုင္းတြင္ ေမာ္လၿမိဳင္ တရား႐ုံးမ်ား၌ ေရွ႕ေနမ်ားစတင္ေပၚေပါက္လာသည္။ထိုစဥ္က ေရွ႕ေန မ်ားသည္ အဂၤလန္မွလာေသာ ဝတ္လုံမ်ားျဖစ္သည္။ အမႈကို အဂၤလိပ္လိုစစ္ရသည္အတြက္ အမႈသည္ မ်ားမွာ ေရွ႕ေနခေရာ စကားျပန္ခပါ ေပးရသည္။အခ်ိန္လည္း ၾကန္ၾကာၾကရသည္။
ျမန္မာ-မြန္-အဂၤလိပ္-ကုလား စကားတတ္ေသာ ဦးအလီသည္ ေရွ႕ေန အလုပ္ကိုေလွ်ာက္ထားရာ အေရးပိုင္က တစ္ႏွစ္အစမ္းခန႔္ သည္။ စကားျပန္မပါပဲ အမူေလွ်ာက္ထားနိုင္သျဖင့္ အမူသည္မ်ားလည္းကုန္က်စရိတ္ သက္သာလာကာ အမူစစ္ရာတြင္လည္းျမန္ဆန္လာသည္။
ဦးအလီသည္ 1870 တြင္ အထက္တန္းေရွ႕ေနအျဖစ္ ခန႔္အပ္ျခင္းခံရသည္။ ဦးအလီထင္ေပၚ ေက်ာ္ၾကားလာသည့္အတြက္ ဦအလီ၏ အိမ္တြင္ ရပ္ေဝးရပ္နီးမွ အမူသည္မ်ား အဝင္ အထြက္မ်ား လာသည္။ သိုေသာ္ က်ိဳက္မေရာ ႏွင့္ မုဒုံမွ အမူသည္မ်ား လြယ္လြယ္ကူကူ မလာနိုင္ေခ်။လွည္းျဖင့္လာလ်င္ လမ္းတြင္ညအိပ္ရသည္။
ထိုစဥ္က ေမာ္လၿမိဳင္တြင္ ေမာ္ေတာ္ကား မရွိေပ။ 1914 ခန႔္ အထိ ေမာ္လၿမိဳင္တြင္ ကိုယ္ပိုင္ေမာ္ေတာ္ကား ford အမ်ိဳးစား ၁၀ စီးခန႔္သာ ရွိသည္။ဦးအလီသည္ ဘီးေလးဘီး ႏွင့္ ျမင္းႏွစ္ေကာင္တပ္ ျမင္းရထားႀကီးႏွစ္စီးကို တီထြင္ျပဳလုပ္ၿပီး ေမာ္လၿမိဳင္-က်ိဳက္မေရာ၊ ေမာ္လၿမိဳင္-မုဒုံ အသြားအျပန္ ကို ေျပးဆြဲသည္။ ထိုျမင္းလွည္း ႏွစ္စီး၏ အမည္ကိုလည္း ဘုံျပန္ ႏွင့္ ဘုံေဆာင္ ဟူ၍ ျမန္မာ ဆန္ဆန္ အမည္ေပးသည္။
အရွည္ ၁၅ ေပခန႔္ ရွိၿပီး လူ ၂၀ ခန႔္ ေခ်ာင္ေခ်ာင္ စီးနိုင္သည္။နံနက္ ၅ နာရီတြင္ အိမ္ေရွ႕ မွ ျမင္းရထာႀကီးတစီး စထြက္သည္။ ေမာ္လၿမိဳင္ၿမိဳ႕မွ ၇ မိုင္ေဝးေသာ ခ႐ြန္း႐ြာတြင္ ေခတၱနားသည္။
ျမင္းအသစ္ ႏွစ္ေကာင္လဲ၍ ဆက္လက္ခရီးဆက္ရာ ေမာ္လၿမိဳင္မွ ၁၂ မိုင္ေဝးေသာ ေက်ာက္တစ္လုံး႐ြာတြင္ ေခတၱနားသည္။ တဖန္ ျမင္းအသစ္ႏွစ္ေကာင္လဲ၍ ခရီးဆက္ျပန္ရာ မုဒုံတြင္ ခရီးဆုံးေလသည္။ ေမာ္လၿမိဳင္မွ မုဒုံသို႔ အသြား ျမင္းေျခာက္ေကာင္ အျပန္ ျမင္းေျခာက္ေကာင္ ေပါင္း ျမင္း ၁၂ ေကာင္ အသုံးျပဳသည္။
ျမင္းလွည္းခမွာ လူတစ္ေယာက္လွ်င္ အသြား ၁ က်ပ္ အျပန္ ၁ က်ပ္ ယူသည္။(ျမန္မာနိင္ငံရဲ႕ ပထမဆုံးေသာ ခရီးသည္တင္ ျမင္းလွည္းလိုင္းလို႔ ေျပာရမလားပဲ။ ကြၽန္ေတာ္ခပ္ငယ္ငယ္ လြန္ခဲ့ေသာ အႏွစ္ ၃၀ ေလာက္က ေမာ္လၿမိဳင္တြင္ ထိုကဲ့သို႔ ေသာ ယာဥ္တစ္စီး ဟိႏၵဴ လူမ်ိဳးမ်ား အသုဘခ်ရာတြင္ မသာယာဥ္အျဖစ္ အသုံးျပဳသည္ကို ျမင္ဖူးသည္)ဦးအလီ အသက္ႀကီးလာေသာ္ ႏွလုံးေရာဂါ စြဲကပ္လာၿပီး ဘုံျပန္ ႏွင့္ ဘုံေဆာင္ကို လွည္မၾကည့္နိုင္ေတာ့ေခ်။
လွည္းႀကီးႏွစ္စီးကို ေမြးစားသား ၂ ဦးအားေပးလိုက္ရသည္။ သား ၂ ဦးလည္း ရထားႀကီး ၂ စီးကို ထိန္းသိမ္းနိုင္စြမ္း မရွိသျဖင့္ ဦးအလီ၏ သေဘာတူညီခ်က္ရယူကာျမင္းလွည္းႏွစ္စီးကို အလယ္မွ တိတိျဖတ္ၿပီး ဘီး ၂ ဘီး ျမင္း ၁ ေကာင္ ျမင္းလွည္းငယ္ ၄ စီးဖန္တီးကာ ေမာ္လၿမိဳင္ၿမိဳ႕အတြင္း ေျပးဆြဲေလသည္။
ျမင္းလွည္းငယ္ ၄ စီး အမည္ေပးရာတြင္ ဦးအလီက မူလ ဘုံေဆာင္ ႏွင့္ ဘုံျပန္ တို႔ ၏ အျပတ္မ်ား ျဖစ္ေသာေၾကာင့္ မူလအမည္ ဘုံ လည္းပါရေအာင္ ရထားျပတ္မွ ျပတ္ လည္းပါေအာင္ ဘုံျပတ္ ဟုသာ ေခၚၾကေပေတာ့ဟု အမည္ ေပးရာမွ ေမာ္လၿမိဳင္တြင္ ျမင္းလွည္းမ်ားကို ဘုံျပတ္ ဟု ေခၚေဝၚခဲ့ၾကေလသည္။
ဦးအလီသည္ မြတ္ဆလင္ ဘာသာဝင္ ျဖစ္ေသာ္လည္းမိမိဆရာ ေ႐ႊေက်ာင္းဆရာေတာ္ ထံ ေန႕စဥ္ ဆြမ္းအုပ္ပို႔ သည္။ ေ႐ႊေက်ာင္းဆရာေတာ္ ပ်ံလြန္ေသာအခါ ဦးအလီ ကမကထလုပ္ၿပီး ေလာင္ တိုက္ႏွင့္ ျပသာဒ္ တို႔ ကို ေဆာက္လုပ္လႉဒါန္းသည္။
ဘုန္းႀကီးပ်ံ ပြဲ တြင္ ဇာတ္ပြဲ ၇ ရက္ ခံေပးသည္။ဤတြင္ မြတ္ဆလင္ ဘာသာဝင္တို႔ က ဦးအလီအား ဝိုင္းဝန္းကဲ့ရဲ႕ကာ ဝိုင္းပယ္လိုက္ၾကေလေတာ့သည္။ဦးအလီက တရား႐ုံးအနီးတြင္ ကိုယ္ပိုင္သစ္သားဗလီ ေဆာက္ကာ မွန္မွန္တက္သည္။ဦးအလီ သည္ အသက္ ၇၀ အ႐ြယ္ 1907 တြင္ ကြယ္လြန္ခဲ့ေလသည္။
စာကိုး (ဆရာအံ့ေက်ာ္၏ ေမာ္လၿမိဳင္ ေ႐ႊေတာင္ေက်ာင္းတိုက္ သမိုင္းမွ)
Credit မူရင္းေရးသားသူအားေလးစားစြာျဖင့္